စင်းလုံးငှား ပျံသန်းခြင်း
Vol. 47 Ch. 698
ဖုန်းယွီသည် သူမည်မျှ ချမ်းသာကြောင်း ပြသရန် အသေးစိတ် အချက်အလက်ကအစ ဂရုစိုက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် မဟာသူဌေးကြီး တစ်ဦးသည် အခြားသူများနှင့် တွဲ၍ မည်သည့်အခါမှ လေယဉ်စီးမည် မဟုတ်ချေ။
အမေရိကန် သူဌေးကြီး အများအပြားတွင် ကိုယ်ပိုင် ဂျက်လေယာဉ်များ ရှိပေသည်။ သို့ရာတွင် တရုတ်နိုင်ငံတွင်မူ ထိုသို့ မရှိချေ။ ဖူမိသားစုနှင့် လီမိသားစုတွင်လည်း ကိုယ်ပိုင် ဂျက်လေယာဉ်များ ရှိပေသည်။ သို့ရာတွင် ၎င်းတို့၏ လေယာဉ်များသည် ခရီးဝေးသို့ ပျံသန်းရန် မသင့်လျော်ချေ။
ထို့ကြောင့် ဖုန်းယွီအနေဖြင့် လေယာဉ် စင်းလုံးငှားရန်သာ ဆုံးဖြတ်လိုက်သည်။
*******
“မင်းဘာတွေ တွေးနေတာလဲ.. မင်း အမေရိကန်ကို သွားချင်ရုံလေးပဲကို.. မင်းမှာ ငွေတွေ ဘယ်လိုသုံးရမှန်း မသိလောက်တဲ့အထိ များနေပြီလား..”
ဟိုဟိုင်ထောင် ငြီးတွားလိုက်သည်။
“မင်း ငါ့ကို ကူညီမှာလား မကူညီဘူးလားပဲပြော.. ဒီကိစ္စ အရမ်းအရေးကြီးတယ်.. ငါ အမေရိကန်မှာ အရေးကြီးတဲ့ ဖောက်သည်တစ်ယောက်နဲ့ တွေ့ရမှာ.. ငါ့ဘဏ္ဍာရေးအင်အား အရမ်းအရေးကြီးတယ်..”
“ဒါဆိုလဲ သွားပြီး စင်းလုံးငှားလိုက်လေ.. မင်း ဘာလို့ ငါ့လာတွေ့နေလဲ.. လျော့ဈေးရချင်နေတာလား..”
ဟိုဟိုင်ထောင် ဖုန်းယွီအား ပြောစရာမဲ့စွာ ကြည့်နေလိုက်သည်။ အမေရိကန်သို့ လူဘယ်နှစ်ယောက် ခေါ်သွားမည်နည်း။ အမှန်တကယ် လေယာဉ် စင်းလုံး ငှားမည်လော။
“မင်း ဘာသိလို့လဲ.. ငါလိုချင်တာက အကြီးကျယ်ဆုံး ပထမတန်းစား လေယာဉ် တစ်စီးလိုချင်တာ.. အဲ့အပေါ်က လေယာဉ်မောင်တွေ အားလုံးနဲ့လဲ အရင်တွေ့ထားဖို့ လိုတယ်..”
ဟိုဟိုင်ထောင် ဖုန်းယွီကို သတိထားကြည့်လိုက်သည်။
“မင်း မကောင်းတာတွေ လုပ်ဖို့ စိတ်ကူးနေတာလား.. မင်းက သူတို့နဲ့တွေ့ပြီး ဘာတွေ ညွှန်ကြားချက် ပေးအုံးမလို့လဲ..”
“ဒါက စီးပွားရေးကိစ္စကွ.. အကုန်လုံး ပြောပြလို့ မရဘူး..”
ဖုန်းယွီ စကားလုံး ကြမ်းကြမ်းများ သုံးလိုက်သည်။ သူ့အနေဖြင့် ဇာတ်အဖွဲ့ တစ်ခုကိုပင် ပြပွဲတစ်ခုအဖြစ် အကူအညီပေးရန် စေခိုင်းချင်နေပေသည်။
“မင်းမှာ အကြောင်းပြချက်တွေ အမြဲပြည့်နေတာပဲ.. ငမေးပါအုံးမယ်..”
“ဘာမှ မေးမနေနဲ့.. ဒီကိစ္စ ငါ့အတွက် အရမ်း အရေးကြီးတယ်..”
ဟိုဟိုင်ထောင် ဖုန်းယွီအား ဒေါသတကြီးကြည့်ရင်း..
“မင်း ပြောသမျှ အမှိုက်တွေပဲဆိုတာ ငါသိသားပဲ..”
“မနက်ဖြန် ပျံသန်ဖို့ အမြန်ဆုံးချိန်းပြီး စောင့်နေနော်..”
ဟိုဟိုင်ထောင် ပေကျင်း လေကြောင်းပို့ဆောင်ရေး ခေါင်းဆောင် တစ်ဦးထံ ဆက်သွယ်ကာ ဖုန်းယွီ၏ တောင်းဆိုမှုကို ပြောပြလိုက်သည်။ ဖုန်းယွီသည် ပေကျင်းမှ မယူးယောက်သို့ ပထမတန်းစား လေယာဉ်ကို စင်းလုံး ငှားလိုပေသည်။ မနက်ဖြန် မနက် ထွက်ခွာချင်ပေသည်။
လေယာဉ် စင်းလုံးငှားမည်လော။
ပေကျင်း လေကြောင်းပို့ဆောင်ရေး၏ ခေါင်းဆောင် အံ့အားသင့်သွားသည်။ တရုတ်နိုင်ငံ၏ ထိပ်တန်း အရာရှိ များသည်လည်း တရားဝင်တာဝန်ထမ်းဆောင်ချိန်များတွင် ကိုယ်ပိုင် လေယာဉ်များ ရှိပေသည်။ အချို့သော ခရီးသွား အဖွဲ့အစည်းများသည် ၎င်းတို့၏ ဖောက်သည်များအတွက် စီးပွားရေး ထိုင်ခုံများ ကြိုတင် စာရင်းသွင်း ထားကြသည်။ သို့ရာတွင် စီးပွားရေး ခရီးစဉ်အတွက် လေယာဉ် စင်းလုံးငှားသူကို တစ်ခါမှ မကြားဖူးသေးချေ။ ထို့အပြင် ထိုင်ခုံများစွာပါဝင်သည့် ပထမတန်းစား လေယာဉ်ကို တောင်းဆိုနေခြင်းပင်။
“အဘိုးကြီး ဟိုင် လေယာဉ်စီးလုံးငှားမယ်ဆိုရင် လေယာဉ်ပေါ်က ထိုင်ခုံတိုင်းအတွက် လက်မှတ်ခ ဈေးပေးရမှာ.. အဲ့လိုဆိုရင် ဈေးနှုန်းက ရူးသွားလိမ့်မယ်..”
ဟိုဟိုင်ထောင်သည် ဖုန်းယွီကို တစ်ချက်ကြည့်ကာ..
“မင်း ပေကျင်းကနေ နယူးယောက်ကို လက်မှတ်တွေ တော်တော် ရောင်းကောင်းနေလို့လားဟ.. သူ့ကုမ္ပဏီ ဝန်ထမ်းတွေ အလုပ်ကိစ္စအတွက် လေကြောင်းလိုင်း သုံးစရာရှိလို့ကွ..”
လေကြောင်းလိုင်း ကုမ္ပဏီသည် ယခုအခါ ပုဂ္ဂလိက ကုမ္ပဏီများအဖြစ် လည်ပတ်လျှက် ရှိပေသည်။ လေယာဉ် လက်မှတ်များ အမြဲမပြည့်သည့်အတွက် စောင်ရည် လျော့ပြီးသားပင်။ ဟိုဟိုင်ထောင်သည် ဖုန်းယွီအား ငွေဖြုန်းနေသည်ဟု ပြောနေသော်လည်း လျော့ဈေးအနေအထား တစ်ခုအထိ ရရန် ကြိုးစားပေးနေပေသည်။
“ကောင်းပြီလေ.. ငါမင်းကို (၁၅)ရာခိုင်နှုန်း လျော့ပေးလိုက်မယ်.. ဒါနဲ့ ဘယ်ကုမ္ပဏီက လေယာဉ် စီးလုံးငှားရတာလဲ..”
“ဖုန်းယွီ ကုမ္ပဏီ..”
“ဖုန်းယွီ.. ဘယ်ဖုန်းယွီလဲ..”
“မင်းတို့ ဆိုဗီယက်ကနေ လေယာဉ်ပျံတွေ ဘယ်သူဝယ်ပေးထားတာလဲ..”
ဟိုဟိုင်ထောင် ဤသည်ကို သတိရနေပေသည်။
“ထိုင်ဟွာ ကုန်သွယ်ရေးက ဖုန်းယွီလား..”
“သူကလွဲပြီး ဘယ်သူလို့ မင်းထင်လို့လဲ.. ငါတော့ မင်းကို ဖုန်းခေါ်ပေးထားပြီးပြီ.. ဆွေးနွေးစရာရှိတာ မင်းတို့ အချင်းချင်း ဆက်ဆွေးနွေးလိုက်တော့…”
********
“မစ္စတာဖုန်း.. မင်းဘာပြောလိုက်တယ်.. နယူးယောက်အထိ လေယာဉ် စင်းလုံး ငှားပြီးပြီလား..”
ဗစ်တာ အံ့ဩသွားသည်။ ဖုန်းယွီ မည်မျှ ချမ်းသာနေသနည်း။ နိုင်ငံခြားသွားရန် လေယာဉ်စင်းလုံးငှာစရာ လိုအပ်သည်လော။
“ငါတို့ လေကြောင်း လုံခြုံရေးမှာ သီးသန့် လေယာဉ်တစ်စီး ဝယ်ဖို့လုပ်နေပြီဆိုတော့ ဘာပဲပြောပြော ခရီးသွားတိုင်း ငှားစီးရတဲ့ စရိတ် မကုန်တော့ဘူးပေါ့… “
ဖုန်းယွီ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေလိုက်သည်။
လေယာဉ်စီးလုံးငှားက အများကြီး မကုန်ကျဘူးလော။ တရုတ်နိုင်ငံတွင် နေထိုင်စရိတ်သည် အမေရိကန်ထက် နိမ့်ကျသည် ဆိုသော်လည်း လေယာဉ်လက်မှတ်များမှာ အမေရိကန်နှင့် နှိုင်းယှဉ်ပါက ပိုဈေးကြီးပေသည်။ ဤသည်မှာ ခရီးဝေးပျံသန်းမှု ဖြစ်ကာ လွန်ကဲနေဆဲပင်။
*********
“မစ္စတာဖုန်း.. ဒီအထူးဝင်ပေါက်ကို သုံးပါ..”
လေယာဉ်မယ် တစ်ယောက်သည် ၎င်းတို့အား လေဆိပ်ရှိ အထူးဝင်ပေါက်တစ်ခုသို့ ပို့ဆောင်ပေးသည်။
ဖုန်းယွီနှင့် ဗစ်တာတို့ လေယာဉ်အတွင်း မရောက်မီ လုံခြုံရေး စစ်ဆေးရန် သက်တော်စောင့်များ တန်းစီကာ လေယာဉ်ပေါ် တက်သွားကြသည်။ ထို့နောက် လူတစ်စုသည် လေယာဉ်ပေါ် တက်လာပြီး လေယာဉ် နောက်ပိုင်းတွင် ထိုင်နေကြသည်။
“မစ္စတာ ဗစ်တာ.. လေယာဉ်ပေါ်မှာ ကော်ဖီ.. ဆေးပြင်းလိပ်.. ဝိုင်.. စီးကရက် အကုန်ရှိတယ်.. မင်းတစ်ခုခု လိုရင် အမှုထမ်းတွေကို အသိပေးလိုက်ယုံပဲ..”
“အင်းပါ.. ကျုပ် ပြောမှာပါ..”
ဗစ်တာ ခေါင်းညိတ်လိုက်သည်။
“မစ္စတာဖုန်း.. အားလုံး လေယာဉ်ပေါ် တက်ပြီးပြီ.. အချိန်မရွေး ထွက်လို့ ရပါပြီ..”
လေယာဉ်မှူး ဝတ်စုံ ဖြင့် အမျိုးသား တစ်ယောက် လမ်းလျှောက်လာပြီး သတင်းပို့လိုက်သည်။
“သွားကြတာပေါ့…”
ဖုန်းယွီ ခေါင်းညိတ်ပြလိုက်သည်။ သူသည် ဤလုပ်ငန်းရှိ ဝန်ထမ်းအားလုံးနှင့် ရင်းနှီးနေဟန် ဆောင်နေခြင်းပင်။
လေယာဉ်တက်ပြီးချိန်တွင်လည်း လေယာဉ်မယ်မှ..
“မစ္စတာဖုန်း ထုံးစံအတိုင်းပဲလား..”
ဖုန်းယွီ ခေါင်းညိတ်ပြလိုက်သည်။ ဖုန်းယွီအတွက် လက်ဖက်ရည် တစ်ခွက် ဖျော်ပေးပြီးနောက် ဗစ်တာဘက်သို့ လှည့်ကာ..
“ဆရာ ဘာများ အလိုရှိပါသလဲ..”
“ကော်ဖီ…”
ဤသည်က ဗစ်တာအတွက် မျက်စိပွင့်စရာ ဖြစ်လာသည်။ အစစ်အမှန် သူဌေးကြီးပင်။ ဖုန်းယွီ ခရီးသွားသည့်အခါ လေယာဉ် စင်းလုံး၍ငှား စီးနေကျ ဖြစ်ပေလိမ့်မည်။ လေယာဉ်မယ်ကိုပင် သူအလိုရှိရာ လှမ်းပြောနေစရာ မလိုချေ။ ထို့အပြင် ဖုန်းယွီသည် အချိန်တိုအတွင်း လူများစွာအတွက် နိုင်ငံကူးလက်မှတ် ရယူနိုင်ခဲ့သည်။ ဤသည်က ဖုန်းယွီ၏ ဩဇာညောင်းမှုကို ပြသနေပေသည်။
ဗစ်တာသည် တရုတ်တွင် အမေရိကန်ဖြစ်ကြောင်း နှစ်ပေါင်းများစွာ ဂုဏ်ယူခဲ့ရသည်။ သူ့တိုင်းပြည်သည် အင်အားကြီးကာ ချမ်းသာပေသည်။ သို့ရာတွင် ယနေ့မှစ၍ နောက်ပိုင်းတွင် တရုတ်နိုင်ငံ၌ မာနကြီး၍ မနေရဲတော့ချေ။ တရုတ်နိုင်ငံသည် လျှို့ဝှက်ဆန်းကြယ်သော နိုင်ငံတစ်ခု ဖြစ်သည်။ တရုတ်ပြည်တွင် အလွန်ချမ်းသာပြီး ဩဇာရှိသည်ဆိုသည်မှာ မည်သူနည်း။
“မစ္စတာ ဗစ်တာ.. ပျင်းနေပြီလား..”
ဖုန်းယွီ မေးလိုက်သည်။
“ပိုကာ …..”
ဗစ်တာ ပြောရင်းမှ တုံ့ဆိုင်းသွားသည်။ သို့ရာတွင် လေယာဉ်ပျံသန်းချိန် (၁၀)နာရီကျော်အတွင်း ဘာမှ လုပ်စရာ မရှိချေ။
“Blackjack စည်းကမ်းတွေကတော့ အတူတူပဲ ဖြစ်လောက်မှာပါ…”
ဖုန်းယွီ ရယ်မောရင်း လက်ဝှေ့ယမ်းပြလိုက်သည်။ လောင်းကစားကိုယ်စားလှယ် ဝတ်စုံဖြင့် အမျိုးသားတစ်ယောက် လျှောက်လာသည်။ ထိုအမျိုးသား၏ ဝတ်စုံတွင် ထူးခြားချက်မှာ အိတ်ကပ် မပါချေ။
ဗစ်တာ မျက်မှောင်ကြုတ်လိုက်သည်။ ခရီးသွားနေစဉ် မည်သူသည် လောင်းကစား ကိုယ်စားလှယ် ခေါ်လာမည်နည်း။ ထိုဖုန်းယွီသည် လောင်းကစားရခြင်းကို ကြိုနှစ်သက်သည်လော။
“မစ္စတာ ဗစ်တာ.. ကျုပ်တို့တွေ Blackjack လောင်းကြေးမပါပဲ ဆော့ရင် ပျင်းစရာကောင်းလိမ့်မယ်..”
ဖုန်းယွီ ပြုံးရင်းဖြင့်ပင် ဗစ်တာအား ကြည့်လိုက်သည်။
ဗစ်တာသည် လက်စ်ဗီးဂက်စ်(လောင်းကစားမြို့တော်) သို့ အကြိမ်အနည်းငယ် ရောက်ဖူးကာ လောင်းကစားခြင်းကို နှစ်သက်ပေသည်။ သို့ရာတွင် သူ့လောင်းကြေးမှာ ဖုန်းယွီနှင့် နှိုင်းယှဉ်ပါက ဘာမှမဟုတ်ကြောင်း သိနေပေသည်။
“မစ္စတာဖုန်း ကျုပ်မှာ ငွေများများ မရှိဘူး..”
“ပြဿနာမရှိပါဘူး.. ကျုပ်တို့တွေ တစ်ပွဲကို ကန်ဒေါ်လာ (၄၀၀)လောက်ပဲ ထားတာပေါ့.. ခင်ဗျားလူတွေလဲ စိတ်ဝင်စားရင် ဝင်နွှဲခိုင်းလိုက်လေ…”
ဖုန်းယွီ ပြောလိုက်သည်။ Blackjack ၏ ငွေလောင်းရနှုန်းမှာ (၁.၂၅)ဆ၊ (၁.၅)ဆနှင့် (၂)ဆ ရှိသဖြင့် လောင်းကြေး တစ်ကြိမ်လျှင် ကန်ဒေါ်လာ (၄၀၀)ဟု အကြံပေးလိုက်သည်။ ကန်ဒေါ်လာ (၄၀၀)ဖြင့်ဆိုလျှင် တွက်ချက်ရ လွယ်ကူစေလိမ့်မည်။
ကန်ဒေါ်လာ(၄၀၀)လော။ ဤသည်က ပမာဏ မများသဖြင့် ဗစ်တာ တတ်နိုင်သောကြောင့် သိပ်စဉ်းစားမနေချေ။ သူခေါင်းညိတ်ပြလိုက်သော်လည်း သူ့လက်ထောက်ကိုမူ ဝင်ပါရန် မပြောခဲ့ချေ။ ဖုန်းယွီသည် ယဉ်ကျေးမှုအရ ပြောခြင်းသာ ဖြစ်သည်ဟု သူခံစားနေရသဖြင့် သူ့လက်ထောက်အား ဝင်ဆော့ရန် ပြောခြင်းမှာ အဓိပ္ပါယ်မရှိချေ။
“ကောင်းပြီလေ.. အပျော် ကစားကြတာပေါ့..”
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)