← Chapters

ကံကောင်းနေသော ဗစ်တာ

Vol. 47 Ch. 699

ကံကောင်းနေသော ဗစ်တာ

Vol. 47 Ch. 699

ဖုန်းယွီ စားပွဲပေါ်သို့ အသာပင်ချောက်လိုက်ပြီး ပွဲစရန် အချက်ပြလိုက်သည်။

လောင်းကစား ကိုယ်စားလှယ်သည် ကတ်အသစ်များကို ဖွင့်ကာ ဂျိုကာများ ထုတ်လိုက်သည်။ ထို့နောက် ဖုန်းယွီနှင့် ဗစ်တာတို့ စစ်ဆေးရန် ကတ်များကို စားပွဲပေါ်၌ ဖြန့်လိုက်သည်။ ဗစ်တာ တစ်ချက်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ဖုန်းယွီကမူ ကတ်များကိုပင် မကြည့်ခဲ့ချေ။

လောင်းကစား ကိုယ်စားလှယ်သည် ကတ်များကို ခေတ္တ ကုလားဗန်ထိုးကာ ဝေပေးလိုက်သည်။

ဖုန်းယွီရရှိသည့် ပထမကတ်မှာ ဟတ်(၁) ဖြစ်ပြီး ဒုတိယကတ်မှာ ဒေါင့်ကင်း ဖြစ်သည်။ သူသည် ပထမဆုံးပွဲတွင် အလိုအလျောက် နိုင်လိုက်သည်။ ဗစ်တာမှာ (၁၃)ပေါက်သာ ရှိသည်။ စည်းကမ်းအရ ဖုန်းယွီ (၂)ဆ အနိုင်ရ လိုက်သည်။

ဖုန်းယွီ ရယ်ရင်း ..

“ဒီနေ့ ကံကောင်းလိုက်တာ..”

ဗစ်တာ ကန်ဒေါ်လာ(၈၀၀)ထုတ်၍ ဖုန်းယွီအား ပေးလိုက်ရသည်။ ထို့နောက် ဆက်ကစားရန် အချက်ပြလိုက်သည်။

ဒုတိယအလှည့်တွင် ဖုန်းယွီသည် ကွင်းနှင့် (၁၀)ရ၍ လက်ပြကာ ရပ်ထားမည်ဖြစ်ကြောင်း အချက်ပြလိုက်သည်။

ဗစ်တာ မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီသည် (၂၀)ရနေလောက်ပြီ။ မည်သည့်အတွက် ကံအလွန်ကောင်းနေသနည်း။ သူ့ကတ်များကို ကြည့်လိုက်ရာ ဂျက်ပူး ဖြစ်နေသည်။ သူသည်လည်း (၂၀)ရပေသည်။

ယခုမူ ဗစ်တာတွင် ရွေးစရာ ရှိနေပေသည်။ ပထမနည်းမှာ ဤအတိုင်းရပ်ထားခြင်း ဖြစ်သော်လည်း သရေကျလျှင် ဒိုင်မှ အနိုင်ရသူအား ကျေငြာပေလိမ့်မည်။ ဒုတိယ ရွေးချယ်မှုမှာ (၁)တစ်ကတ် အရယူရန်ပင်။ ဤသည်က ဖြစ်နိုင် ချေနည်းလွန်းလှသည်။

သို့ရာတွင် ဗစ်တာ၌ တတိယ ရွေးချယ်စရာ ရှိနေသေးသည်။ ကတ်တူ နှစ်ကတ် ရရှိထားသဖြင့် ခွဲထုတ်နိုင်ပေသည်။ သို့ရာတွင် သူ့လောင်းကြေး တိုးလာပေလိမ့်မည်။

ဗစ်တာသည် ကတ်များခွဲ၍ နောက်ထပ် ကန်ဒေါ်လာ (၄၀၀)လောင်းလိုက်သည်။

ထပ်မံ ကတ်ဆွဲပြီးနောက် ဂျက်ပူး ထပ်ရပြန်သည်။ သူအံ့ဩသွားတော့သည်။ သူသည် ဂျက်(၄)ကတ်စလုံး ရထားခဲ့ပေပြီ။ ဗစ်တာ စိတ်ရှုတ်သွားတော့သည်။ သူသည် ကတ်များကို ဆက်၍ ခွဲနိုင်ခြင်း သို့တည်းမဟုတ် ရှုံးနိမ့် ကြောင်း ဝန်ခံခြင်းသာပင်။

“အင်း.. မစ္စတာ ဗစ်တာ မင်းတကယ်ကို ကံကောင်းတာပဲ .. ဒါမျိုး အရှမ်းရှားတယ်နော်…”

ဖုန်းယွီ ရည်ရွယ်ချက်ရှိရှိ ပြောလိုက်သည်။

ကံကောင်းသည်လော။ ဗစ်တာ သူ့ကိုယ်သူ တွေးလိုက်မိသည်။ မှန်ပေ၏။ ဂျက်(၄)ကတ်စလုံး ရထားသဖြင့် ဤနေ့ ကံကောင်းသောနေ့ပင်။ ထပ်ခွဲပါက (၁)ရနိုင်ပေသည်။

ဗစ်တာသည် ကတ်များ ခွဲထုတ်ရန် ရွေးလိုက်ပြီး လောင်းကြေး နောက်ထပ် ကန်ဒေါ်လာ (၈၀၀) တိုးမြှင့်လိုက်သည်။ ယခု သူသည် (၄)လက် ကစားနေရပေပြီ။

ဒိုင်မှ ကတ်များကို စတင်ကိုင်လိုက်သည်။ ဗစ်တာ ပထမလက်အတွက် ရသည့်ကတ်သည် (၄)ကတ်ဖြစ်ပြီး ၊ ဒုတိယ လက်မှာ (၈)ကတ် ဖြစ်သည်။ တတိယလက်အတွက် (၆)ကတ်ဖြစ်ကာ စတုတ္ထလက်မှာ (၂)ကတ်ဖြစ်သည်။

(၄)ကတ်ပေါင်း (၂၁) မပြည့်သဖြင့် ဗစ်တာသည် ဆက်ရိုက်ရပေလိမ့်မည်။

ဗစ်တာ စားပွဲခုံအား ခေါက်ကာ..

“ဆက်သွားမယ်..”

ပထမလက်သည် (၇)ကတ် ရသဖြင့် (၂၁) ဖြစ်သွားသည်။ ဗစ်တာ စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါးပင်။ သို့ရတွင် စည်းမျဉ်းအရ လောင်းကြေးငွေ၏ (၁.၂၅)ဆသာ ရပေလိမ့်မည်။

ဒုတိယလက်သည် (၃)ကတ်ရသဖြင့် ထပ်မံ၍ (၂၁) ဖြစ်သွားပြန်သည်။

“ဒီနေ့ တကယ်ကြီး ကံကောင်းနေတာလား..”

တတိယလက်တွင် (၅)ကတ်ရသဖြင့် (၂၁) ထပ်ဖြစ်ပန်သည်။

စတုတ္ထလက်အတွက် (၉)ကတ်ရ၍ (၂၁)သာပင်။

ဗစ်တာ၏ (၄)လက်စလုံးမှာ (၂၁)ဖြစ်နေသည့်အတွက် လေးလက်စလုံးအတွက် နိုင်ကြေး (၁.၂၅)ဆ ရလိုက်သည်။ ဖုန်းယွီ ကန်ဒေါ်လာ (၂၀၀၀)ရှုံးသွားသည်။

“ဟားဟား.. ဒီနေ့ တကယ်ကံကောင်းနေပုံပဲ..”

အမှန်တကယ်တွင် ဗစ်တာ အလွန်ရယ်ချင်နေသော်လည်း ချက်ချင်း ရပ်လိုက်သည်။ ထိုတရုတ် စီးပွားရေးသမားကို ဒေါသဖြစ်မည်ကို ကြောက်မိနေသည်။

ဖုန်းယွီ ပေါ့ပေါ့ပါးပါး ဖြင့်ပင်..

“အဲ့လို ကတ်တွေနဲ့ ကန်ဒေါ်လာ(၂၀၀၀) မင်းဆီ ရှုံးရတာ ဒါပထမဆုံးပဲ..”

ဗစ်တာသည် ငွေများကို ပျော်ရွှင်စွာ သိမ်းရင်း မျက်နှာပေါ်မှ အပြုံးကို ဖုံးကွယ်ရန် ကြိုးစားနေပေသည်။

ခေတ္တအကြာတွင် ဒိုင်သည် ဖဲထုတ်အသစ်တစ်ခု ထုတ်လိုက်စဉ် ဖုန်းယွီ၏ သုတေသီ တစ်ယောက် လျောက်လှမ်း လာရင်း..

“ကျုပ်လဲ ဝင်ကစားချင်တယ်.. ကျုပ်မှာ ယွမ် ထောင်ဂဏန်း ရှိပါတယ်..”

ဖုန်းယွီ ခေါင်းညိတ်ကာ..

“လူများများ ဝင်ကစားလို့ နိုင်ရင် ပျော်စရာ ကောင်းလိမ့်မယ်..”

ဖုန်းယွီ ကျန်လူများကိုပါ လှမ်းပြောလိုက်သည်။

ဗစ်တာလည်း ခေတ္တတုံ့ဆိုင်းကာ လက်ထောက်ကိုပါ ဝင်ဆော့ရန် လက်ပြလိုက်သည်။ ယခု ကစားပွဲအတွင်း လူ (၆)ယောက် ရှိနေပေသည်။

ဗစ်တာသည် ပြီးခဲ့သည့် ကစားပွဲတွင် (၂၁)ရထားသူ ဖြစ်သဖြင့် စည်းမျဉ်းအတိုင်း ဒိုင်ဖြစ်ရပေမည်။

နောက်တစ်ပွဲတွင်လည်း ဗစ်တာသည် ဘဏ်ပေါက်၍ အနိုင်ရလိုက်ပြန်သည်။ လူအားလုံး သူ့ကို (၂)ဆ ပေးရပေမည်။

ဗစ်တာ အားတက်သရော ရယ်လိုက်သည်။

သုတေသတီက ဖုန်းယွီအားကြည့်ကာ..

“သူဌေး.. ကျွန်တော် လစာကြိုယူလို့ရမလား..”

ဖုန်းယွီ သူ့အိတ်အတွင်းမှ ကန်ဒေါ်လာ (၁၀၀၀၀)အား ထိုသုတေသီအား ပေးလိုက်သည်။

“တိုတင်လစာတွေ ဘာတွေလုပ်မနေပါနဲ့… ဒီနေ့ဖဲဝိုင်းမှာ မင်းတို့ဆီက ငါနိုင်ရင်တောင် ဘယ်လောက်ရမှာ မို့လဲ..”

ဗစ်တာနှင့် သူ့လက်ထောက်တို့ ဆက်တိုက် အနိုင်ရသွားသည်။ ဗစ်တာသည် (၂၁) အကြိမ်ကြိမ်ရကာ တော်တော် နိုင်လိုက်သည်။

(၂)နာနီခန့်ကြာပြီးနောက် နေ့လည်ပိုင်းတွင် ဗစ်တာသည် ကန်ဒေါ်လာ (၇၀၀၀၀)၊ (၈၀၀၀၀)ခန့် နိုင်နေလေပြီ။

လေယာဉ်မယ် ရောက်လာကာ နေ့လည်စာ စားမစား မေးလိုက်သည်။ ဗစ်တာမှာမူ ဆာလောင်မှုကိုပင် မခံစားရချေ။ ပြိုင်ဆိုင်လိုမှု အလွန်ပြင်းထန်နေပြီး ထပ်မံ အနိုင်ရချင်နေပေသည်။

ဗစ်တာသည် (၂)နာရီအတွင်း သူ့(၂)လ၊ လစာငွေထက် ပိုရနေပြီ မဟုတ်ပေလော။

သို့ရာတွင် ဗစ်တာသည် ဖုန်းယွီနှင့် ကျန်လူများ ပင်မန်းနေသည်ကို မြင်၍ ဆက်ဆော့ရန် မပြောခဲ့ချေ။

လေယာဉ်မယ်မှ နေ့လည်စာ ကျွေးလိုက်သည်။ ယနေ့ နေ့လည်စာသည် အလွန်ကောင်းနေပေသည်။ ဟင်းပွဲ အားလုံးကို ကြယ်(၅)ပွင့် ဟိုတယ်မှ စားဖိုမှူးတစ်ယောက် ပြင်ဆင်ပေးထားသည်။ ဗစ်တာသည် ဖုန်းယွီနှင့် ခရီးသွားရသည်မှာ အလွန်ကံကောင်းသည်ဟု ခံစားနေရပေသည်။

ဤ ရက်အနည်းငယ်မှာ ဗစ်တာအတွက် ကံအကောင်းဆုံး နေ့များ ဖြစ်ပေသည်။ ယနေ့ နံနက်ပိုင်းတွင်ပင် ဖဲဝိုင်းမှ ငွေအမြောက်အများ အနိုင်ရလိုက်သည်။ မနက်ဖြန် ဖုန်းယွီနှင့် စာချုပ် ချုပ်ကာ အသုံးမကျသည့် ဖော်ဆပ်နည်းများ ထပ်မံ ရောင်းချနိုင်ပါက အမေရိကန်သို့ ပြန်လည်ပြောင်းရွေ့ရမည်ဖြစ်ကာ ရာထူးပင် တိုးပေလိမ့်အုံးမည်။

ဖုန်းယွီအား တွေ့ပြီးနောက် ဗစ်တာ၏ ကံကြမ္မာ ပြောင်းလဲသွားပုံပင်။ သူ့ကံကောင်းခြင်းများအား ထာဝရ ရှင်သန် နေရန် မျှော်လင့်နေမိသည်။

“မန်နေဂျာဖုန်းက ခင်ဗျားနိုင်သမျှ အကုန်သိမ်းထားလို့ရတယ်လို့ ပြောထားတယ်နော်.. ဒါတွေအားလုံး ကန်ဒေါလာဆိုတော့ လက်ရှိ ကန်(၁)ဒေါ်လာကို (၈)ယွမ်ဆိုတာ မင်းသိလား..”

ပါမောက္ခဝမ် မျက်နှာ အရောင်ပြောင်းလဲသွားသည်။ နိုင်ပွဲအားလုံး ထိန်းသိမ်းထားနိုင်သည်လော။ မည်သည့်အတွက် စောစောမပြောခဲ့ကြသနည်း။ ယခုလေးတင် ကန်ဒေါ်လာ (၃၀၀၀၀)ရှုံးထားပေသည်။ ယမ်ဖြင့် ဆိုလျှင် (၂)သိန်းကျော်နှင့် ညီမျှပေသည်။

“ပါမောက္ခဝမ်… ကျုပ်တို့ အောင်မြင်ရင် ကုန်မ္ပဏီကနေ ခင်ဗျားရဲ့ သုတေသနအတွက် ရန်ပုံငွေအကုန် ပံ့ပိုးပေးမယ့် အပြင် ခင်ဗျားသားကို နိုင်ငံခြားမှာ ပညာသင် စေလွှတ်ဖို့ ကူညီပေးမယ်..”

-------*****--------

ဘာသာပြန်သူ . (ငတက်ပြား)

All Chapters