ရပြီ
Vol. 47 Ch. 704
ပါမောက္ခဝမ်နှင့် ညှိနှိုင်းပြီးနောက် ဗစ်တာ စိတ်ပျော်သွားသည်။ ဖုန်းယွီ သုတေသန လုပ်လိုသည်များကို သူသိပါက ဈေးနှုန်းမြှင့်ရန် သူ့အတွက် လွယ်ကူမည် ဖြစ်သည်။ ထို့နောက် ချိုမီချယ်နှင့် ထပ်မံ တွေ့ဆုံကာ ဖုန်းယွီမှ ဒေါ်လာ (၅)သိန်း ပေးချင်ကြောင်း သတင်းရလိုက်သည်။
ဗစ်တာသည် လက်ကျန် ဒေါ်လာ(၁)သိန်းကို သိမ်းမထားချေ။ သူ့ကုမ္ပဏီမှ သိသွားပါက အလုပ်ထုတ် ခံရလိမ့်မည်။ ဤ ဒေါ်လာ(၁)သိန်းမှာ အရန်ငွေအဖြစ်ထားပြီး အသုံးမပြုဖြစ်ပါက ကုမ္ပဏီသို့ ပြန်လည် ပေးအပ်မည်ဖြစ်သည်။
ဗစ်တာသည် စည်းကမ်းများကို ကောင်းကောင်းနားလည်ကာ သူမပိုင်သည့် ငွေများ သိမ်းမထားသင့်ချေ။
*********
“မစ္စတာဖုန်း.. မင်းတို့တွေ စိတ်ကြိုက် ရွေးပြီးပြီလား..”
ဗစ်တာ ပြုံး၍ မေးလိုက်သည်။ အမှန်တကယ်တွင် ဖုန်းယွီသည် ဟန့်တားဆေး (၃)မျိုး လိုချင်ကြောင်း သိနေပေသည်။ ဟန့်တားဆေး (၃)မျိုးအတွက် သူသတ်မှတ်ထားသည့် ဈေးနှုန်းများ မြင့်မားပေသည်။
ဖုန်းယွီသည် လျိုမီချယ်အား ကြည့်ပြီးနောက် သုတေသန အချက်အလက် (၅)စုံရွေးထုတ်လိုက်သည်။ ထိုအထဲတွင် တားမြစ်ဆေး(၃)မျိုးပါတွင်ကြောင်း ပါမောက္ခဝမ်မှ ပြောထားပေသည်။
ဗစ်တာ ဝမ်းသာသွားသည်။ ငွေသုံးလိုက်ရခြင်းနှင့် ထိုက်တန်ပေသည်။
“မစ္စတာဖုန်း.. အဲ့ဒါ ဒေါ်လာ(၃)သန်း၊ ဒါက (၅)သန်း၊ ဒါက (၆)သန်းပါ..”
ဖုန်းယွီ လိုချင်သော တာမြစ်ဆေး (၃)မျိုးကို ကန်ဒေါ်လာ (၅)ကျော် မြှင့်တင်ထားသည်။ ပစ်ဇာသည် တားမြစ်ဆေးကို တီထွင်စဉ်က ကုန်ကျခဲ့သည့် သုတေသန ကုန်ကျစရိတ်များ ပြန်လည်ရရှိနေပြီ ဖြစ်ပေသည်။ အမှန်တကယ်တွင် အခြား သုတေသန ဓာတ်ခွဲခန်းတွင်လည်း တားမြစ်ဆေး (၂)ခုရှိပြီး တတိယမြောက် တားမြစ်ဆေးကိုမူ သူတို့တီထွင်ခဲ့ခြင်း မဟုတ်ချေ။ ၎င်းတို့တွင် အလွန်နက်ရှိုင်းသည့် သုတေသန ပြုမှုများသာ ရှိပေသည်။
ဖုန်းယွီသည် စာရင်းမှ နောက်ထပ် သုတေသန အချက်အလက် (၂)ခုကို အသာရွေး၍ ကျန်ဆေးဝါး သုတေသန အချက်အလက်များနှင့်အတူ ဗစ်တာထံသို့ တွန်းပို့ကာ..
“ဒါလေးတွေ ဈေးပြောပေးလေ..”
ဗစ်တာသည် ဖုန်းယွီ၏ ညှိနှိုင်းမှုပုံစံကို အတုယူ ပြုမူနေပေပြီ။ ပစ္စည်းဝယ်သူတိုင်း မည်သူမဆို အချိန်ယူ ရွေးကြမည်သာပင်။ ထို့အပြင် ဤသဘောတူချက်သည် သန်းပေါင်းများစွာ တန်ဖိုးရှိကာ ဆေးဘက်ဆိုင်ရာ သုတေသန အချက်အလက်များ ဖြစ်သည်။ သို့ရာတွင် ဖုန်းယွီမှာမူ ဈေးအတွင်း၌ အာလူးဝယ်သကဲ့သို့ ပြုမူ နေပေသည်။ သူသည် သုတေသန အချက်အလက်များကို ကျပန်း ရွေးချယ်နေပေသည်။
ဖုန်းယွီ ရွေးထားသည့် သုတေသန အချက်အလက်များကို ကြည့်ကာ ဗစ်တာ ဟန်လုပ်လိုက်သည်။ ဈေးနှုန်းများ ကြိုသိထားပြီး မဟုတ်ပေလော။
“အဲ့ သုတေသန အချက်အလက်တွေက ကျုပ်တို့အတွက် အရမ်းအရေးကြီးတယ်.. ဒီသုတေသနအတွက် ငွေနဲ့ အရင်းအမြစ် တော်တော် ကုန်ခဲ့တာ.. ဒီလိုဆိုရင် ဘယ့်နှယ့်လဲ.. ဈေးလျှော့ပေးလိုက်မယ်လေ.. ကန်ဒေါ်လာ သန်း(၃၀)ပဲ ယူမယ်..”
“ဖုန်းယွီ မည်သည့် စကားမှ မပြောမီ လျိုကီချယ်မှ..
“ကန်ဒေါ်လာ သန်း(၃၀) မဖြစ်နိုင်ဘူးလေ.. ဒီသုတေသနတွေ အသုံးဝင်နိုင်တယ်လို့ ငါပြောခဲ့ပေမယ့် သုတေသနရဲ့ ရလဒ်တွေက ကျရှုံးနိုင်ခြေများတယ်.. တစ်ခုခု တန်ဖိုးရှိတယ်ဆိုရင်တောင် တားမြစ်ဆေးတွေရဲ့ သုတေသန အချက်အလက်တွေပဲ ဖြစ်လိမ့်မယ်.. မင်းငါတို့ကို ဂျင်းထည့်နေတာလား..”
“မဟုတ်ပါဘူးဗျာ.. ကျုပ်ပြောထားတဲ့ ဈေးနှုန်းတွေက ကျိုးကြောင်းဆီလျော်ပါတယ်လေ.. တားမြစ်ဆေးတွေရဲ့ ကုန်ကျစရိတ်က အရမ်းမြင့်တဲ့အပြင် ကုန်ချောထုတ်ကုန်တွေပါ.. ဒါပေမယ့် ဒီ တစ်ဝက်တစ်ပျက် သုတေသန အချက်အလက်တွေကလဲ အရမ်းတန်ဖိုးရှိပါတယ်.. ဆေးဝါးတွေ တီထွင် ဖန်တီးတဲ့နေရာမှာ အောင်မြင်ရင် ကန်ဒေါ်လာ သန်းရာချီပြီး ပြန်ရနိုင်တယ်လေ.. ဒါက လောင်းကစား တစ်ခုပဲ မဟုတ်ဘူးလား..”
ဖုန်းယွီဝင်၍..
“ဟား… ဟား.. ဟား.. ကျုပ်ကလဲ အလောင်းအစား လုပ်ရတာ ကြိုက်တယ်.. မင်းပြောတာ မှန်တယ်.. ဒါ အလောင်းအစား တစ်ခုပဲ.. ဒါပေမယ့်…. ကျုပ်အလောင်းအစား လုပ်ပြီဆို ကြေးကြီးကြီး လောင်းရတာ ပိုကြိုက်တယ်.. ဒေါ်လာ သန်း(၃၀)လား ရတယ်လေ.. ကျုပ်နိုင်ရင် သန်း(၃၀၀)ဖြစ်သွားနိုင်တယ်.. ဒါပေမယ့် အဲ့သန်း(၃၀၀) ကျုပ်ပြန်ရဖို့က ဘယ်လောက်တောင် ကြာမလဲဆိုတာ ဘယ်သူသိမှာလဲ.. အဲ့လို အလောင်းအစားမျိုး တော့ မကြိုက်ဘူး..”
“ဒီ သုတေသန အချက်အလက်တွေက ကန်ဒေါ်လာ သန်း(၃၀) မတန်ဘူး..”
လျိုမီချယ် ဆက်ပြောလိုက်သည်။
လျိုမီချယ်နှင့် ဗစ်တာတို့ စတင်ငြင်းခုံကြတော့သည်။ ထိုအငြင်းအခုံးကို နှစ်ဖက်စလုံး တိုင်ပင်ထားခြင်းပင်။ ဗစ်တာသည့် ရှုတ်ပွက ထိတ်လန့်နေသည့် လျိုမီချယ်ကို မြင်ကာ သူ့စိတ်ထဲမှ လက်မထောင်လိုက်သည်။ လျိုမီချယ် ၏ သရုပ်ဆောင်မှုသည် အော်စကာပင် ရထိုက်လောက်ပေသည်။
“ဘာဖြစ်လို့ ဒီအချက်အလက်တွေက သန်း(၃၀)အတန်ရမှာလဲ.. တခြားကုမ္ပဏီမှာ သန်း(၃၀)သွားပေးရင်တောင် ဒီဟာတွေရဲ့ တစ်ဝက်လောက် မရနိုင်ဘူး.. ပစ်ဇာသည် ကမ္ဘာပေါ်မှ ထိပ်တန်း သုတေသီတွေရဲ့ အိမ်ဆိုလဲ ဟုတ်တယ်..”
ဗစ်တာ ဂုဏ်ယူစွာ ပြောလိုက်သည်။
ရုတ်တရက် ဖုန်းယွီ ရှေ့သို့ လှမ်းထွက်လိုက်ပြီး.. စာရွက်စာတမ်းများကို (၂)ပုံခွဲကာ တစ်ပုံကို ညွှန်ပြပြီး..
“(၁၅)သန်း.. အခုချက်ချင်း စာချုပ် ချုပ်မယ်..”
အာ… ပမာဏကို မည်သည့်အတွက် တစ်ဝက် ပိုင်းလိုက်သနည်း။ အချက်အလက်များ နည်းလွန်းသည်ဟု ပြောဆိုခဲ့သည် မဟုတ်ပေလော။ ယခုမူ အချက်အလက်၏ ထက်ဝက်သာ လိုချင်နေသည်လော။
ထိုသုတေသန အချက်အလက် အစုံအတွက် (၁၅)သန်း ဆိုသည်မှာ အကျိုးအမြတ် အများကြီး ကျန်နေသေးသည်။ သို့ရာတွင် ဗစ်တာသည် ဂျော့ဂျ်အား သုတေသနကို (၂၁)သန်းကျော်နှင့် ရောင်းပေးမည်ဟု ကတိပေးထားပေသည်။ ယခုမူ (၁၅)သန်း ဖြစ်သွားပေပြီ။ ကုမ္ပဏီမှ ကန်ဒေါ်လာ(၁)သန်း တောင်းခံသေးသည်. ဂျော့ဂျ်ကို ပြန်ဖြေရန် သူ့တွင် အဖြေမတွေ့တော့ချေ။
ဂျော့ဂျ် အမှန်တကယ် ဒေါသထွက်၍ အာဖရိကသို့ အမှန်တကယ် ပို့လိုက်ပါက သူ့အတွက် ရှင်သန်နိုင်မည် မဟုတ် တော့ချေ။
“မစ္စတာဖုန်း.. ကျုပ် မင်းအတွက် သုတေသနတွေကို ထက်ဝက်ခွဲပြီး လိုချင်ရင်တောင် ဈေးနှုန်းကတော့ ထက်ဝက်နဲ့ မရနိုင်ဘူးလေ..”
ဗစ်တာ အစောတလျင် ရှင်းပြလိုက်သည်။
“မစ္စတာ ဗစ်တာ.. ငါ့သူဌေးက ချမ်းသာပေမယ့် မင်းသူ့ကို အရူးလို ဆက်ဆံလို့မရဘူး.. မင်းတို့တွေ ဒီသဘောတူ ချက်မှာ မရိုးသားကြဘူး.. ကျုပ်တို့နဲ့ ညှိနှိုင်းဖို့ တစ်ခြား တစ်ယောက်ယောက်နဲ့ တွေ့မှ ဖြစ်မယ်ထင်တယ်.. အဲ့လိုမှ မဟုတ်ရင် ကျုပ်တို့တွေ အမဲလိုက်ခွေနဲ့ သွားတွေမှ ဖြစ်တော့မယ်.. အမဲလိုက်ခွေးကမှ ငါ့သူဌေးပေးရတဲ့ ဈေးနဲ့ တန်အောင် ရိုးသားပြလိမ့်မယ် ထင်တယ်..”
လျိုမီချယ် ခြိမ်းခြောက်လိုက်သည်။
ရုတ်တရက် ဗစ်တာ အင်္ဂလိပ်ဘာသာဖြင့်..
“ကျုပ်တို့ တော်လောက်ပြီ.. ဒီအချက်အလက်အတွက် (၂၂)သန်းထားလိုက်..”
ဖုန်းယွီ သူတို့ပြောနေသည်ကို နားမလည်ဟန်ဆောင်ကာ အေးအေးဆေးဆေးသာ ထိုင်နေလိုက်သည်။ သို့ရာတွင် စိတ်အတွင်း၌မူ ပျော်ရွှင် မြူးတူးနေပေပြီ။ ဒေါ်လာ(၂၂)သန်းဖြင့် ထိုတားမြစ်ဆေးအတွက် ဖော်မြူလာ ရနိုင်ပေသည်။ သူသည် ဖော်မြူလာကို အဆင့်မြှင့်တင်ရန်သာ လိုပြီး ၎င်းတို့ ဈေးကွက်တွင် ရောင်းချနိုင်ပေသည်။ နောင်တွင် အမြတ်ငွေ ဘီလီယံပေါင်းများစွာ ရရှိလာပေလိမ့်မည်။
လျိုမီချယ်သည် ဖုန်းယွီအနားတိုးလာပြီး ဈေးနှုန်းကို (၄)(၅)သန်းလျော့ပေးသင့်ကြောင်း တိုးတိုးလေး ပြောလိုက်သည်။ ဖုန်းယွီအား ထိုသုတေသန အချက်အလက်အားလုံး လိုချင်သလားဟု မေးလိုက်သည်။
ဖုန်းယွီလည်း ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ.. ဒေါ်လာ (၂၂)သန်း.. အဲ့ဒါ ငါ့သူဌေး ကမ်းလှမ်းတဲ့ နောက်ဆုံးဈေးပဲ.. သဘောတူရင် စာချုပ် ချုပ်ပြီး အချက်အလက် အပြည့်အစုံ ငါတို့ကို ပေးရမယ်.. မဟုတ်ရင်တော့ ဆွေးနွေးပွဲ ကိစ္စပြတ်ပြီ..”
ဗစ်တာ ဆုံးဖြတ်ချက် မချနိုင်သေးဟန်ဆောင်ကာ ဖုန်းခေါ်လိုက်သည်။ ဖုန်းခေါ် စကားပြောပြီးနောက် ကုမ္ပဏီမှ ဈေးနှုန်းအား သဘောတူကာ စာချုပ် ချုပ်ဆိုင်နိုင်ပြီဖြစ်ကြောင်း ပြောလိုက်သည်။
နှစ်ဖက်စလုံး စိတ်ပြောင်းသွားမည် စိုးရိမ်ကာ စာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးခဲ့ကြသည်။ စာချုပ် လက်မှတ်ရေးထိုးပြီးသောအခါ ဖုန်းယွီ စိတ်သက်သာရာရသွားသည်။
နောက်ဆုံး၌ သူသည် တားမြစ်ဆေးများ ထုတ်လုပ်သည့် နည်းပညာ ရရှိခဲ့ပေပြီ။
ပစ်ဇာအား ငွေလွှဲရန်အတွက် ဖုန်းယွီ သူ့လူများကို အမြတ်ခေါ်လိုက်သည်။ ဗစ်တာသည် ငွေလွှဲပို့ပြီး ဖြစ်ကြောင်း သိလိုက်ရသည်နှင့် သုတေသန အချက်အလက် အပြည့်အစုံကို ဖုန်းယွီအား ပေးအပ်ရန် သူ့လူများကို မျက်ရိပ်ပြလိုက်သည်။ ဖုန်းယွီ၏ ဆေးသုတေသနအဖွဲ့သည် အချက်အလက် မှန်ကန်ခြင်း ရှိမရှီ စစ်ဆေးလိုက်ကြသည်။ အတည်ပြုပြီးသည်နှင့် ၎င်းတို့သည် ဖုန်းယွီ၏ စင်းလုံးငှား လေယာဉ်သို့ အချက်အလက် အသေးစိတ်ကို အမြန်ဆုံး ပေးပို့လိုက်ကြသည်။
ထိုလေယာဉ်သည် တရုတ်နိုင်ငံ နယ်မြေအဖြစ် သတ်မှတ်ခံထားရပြီး ထိုနေရာတွင် လုံခြုံပေသည်။ တရုတ်၏ ခွင့်ပြုချက်မရဘဲ အမေရိကန် လေယာဉ်များပင် ဝင်၍မရချေ။
လေယာဉ်ပေါ် ပြန်ရောက်သည့်အခါ ဖုန်းယွီသည် အားလုံးကို ချီးကျူးလိုက်သည်။ တားဖြစ်ဆေးများအတွက် ဖော်မြူလာနှင့်အတူ သူသည် သုတေသီများကို Sildenafil (ကာမဆေး) သုတေသနပြု တီထွင်ခိုင်း၍ ရပေပြီ။ ထိုဆေးကို အမေရိကန်များထက်ပင် အမြန်ဆုံး တီထွင်နိုင်ပေလိမ့်မည်။
အဆက်အသွယ်များကို အသုံးပြုကာ ဆေးခန်းစမ်းသပ်မှုများအတွက် စည်းမျဉ်းများ ပြောင်းလဲနိုင်ပြီး အတည်ပြုချက်ကိုလည်း အလွယ်တကူ ရယူနိုင်ပေလိမ့်မည်။ ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီသည် ကိုယ်တွင်း ဆိုင်ရာ ဆေးများကို တီထွင်ထုတ်လုပ်သည့် ကမ္ဘာ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာပေလိမ့်မည်။
-------*****--------
ဘာသာပြန်သူ . (ငတက်ပြား)