ကောင်းမိသားစု ကပ်ဆိုက်ပြီ
Vol. 29 Ch. 421
စီအီးအိုဝမ် ထွက်လာသောအခါ စကားနည်းနည်းသာ ပြောခဲ့သည် "အားလုံးပဲ စိတ်မပူဘဲ ကောင်းရုန်ကိုသာ ထောက်ခံကြပါ။ Wanda ကလည်း အိမ်ခြံမြေလောကထဲကို အခြေချဖို့ စီစဉ်ထားပါတယ်"
ထိုစကားလုံးနည်းနည်းလေးနဲ့ အားလုံး ပွက်လောရိုက်သွားခဲ့ကြသည်။
Wanda ရဲ့ စီအီးအိုဝမ်က ကောင်းရုန်ကို ထောက်ပံ့ပေးနေပါသည်။
စီအီးအိုဝမ်နဲ့ စီအီးအိုမာတို့က လယ်ဗယ်ချင်း တူညီကြသည်။
စီအီးအိုမာနဲ့ စီအီးအိိုဝမ်တို့သာ ယှဉ်ပြိုင်တိုက်ခိုက်ကြလျှင် တရုတ်နိုင်ငံမှာ မကြုံစဖူး တိုက်ပွဲကြီးတစ်ခု ဖြစ်လာနိုင်ပါသည်။
နှစ်ဖက်စလုံးလည်း စီးပွားရေးအရှုံးများ အကြီးအကျယ် ပေါ်လာနိုင်သည်။
စီအီးအိုဝမ်ထွက်လာတာကိုမြင်သောခါ ကုမ္ပဏီ ၂၀ ကျော်က ကောင်းရုန်ကို ထောက်ခံလိုက်ကြပါသည်။
"စီအီးအိုကောင်းက အိမ်ခြံမြေလောကရဲ့ ဝါရင့်တစ်ယောက်ပဲ ဥစ္စာ။ စီအီးအိုကောင်းကို ထောက်ခံလို့ မမှားနိုင်ပါဘူး"
"ဟုတ်တယ် စီအီးအိုကောင်း။ နောက်ပိုင်း တစ်ခုခု ပြောစရာရှိရင် ကျွန်တော့်ကိုသာ ပြောပါ။ ထောက်ပံ့ပေးပါ့မယ်"
"နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အခြေအနေပဲကို။ စီအီးအိုလင်းထက် စီအီးအိုကောင်းကို ထောက်ခံတာက ပိုကောင်းမယ်လို့ ခံစားမိတယ်။ စီအီးအိုလင်းမှာအတွေ့အကြုံလည်းမရှိဘူး။ Alibaba ကလည်း အိမ်ခြံမြေလောကနဲ့ မသက်ဆိုင်ဘူး။ တစ်ဖက်မှာတော့ Wanda က အတွေ့အကြုံ အများကြီး ရှိတယ်။ သူတို့ တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ယှဉ်နိုင်ဖွယ် မရှိပါဘူး"
ကောင်းရုန်က လက်ဆန့်တန်းပြီး ပြုံးလိုက်ပါသည်။ "ဟားဟားဟား စီအီးအိုဝမ်ကိုယ်တိုင် ထောက်ခံပေးထားမှတော့ အိမ်ခြံမြေလောကမှာ ဘယ်သူက ကောင်းမိသားစုကို တိုက်ခိုက်နိုင်မှာလဲ။ လင်းဖန် မင်းလုပ်နိုင်မယ် ထင်လို့လား"
ကောင်းရုန်က လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။
ဒီလို လျှို့ဝှက်ဆွေးနွေးပွဲများအတွင်းသို့ မီဒီယာ မဝင်နိုင်ပါ။ ထို့ကြောင့် ကောင်းရုန်က ရဲရဲတင်းတင်း ပြောရဲခြင်း ဖြစ်ပါသည်။
သူ့ကို ယှဉ်ပြိုင်တိုက်ခိုက်ချင်သည်ဟု လင်းဖန် ကြေညာလိုက်ကတည်းက ကောင်းရုန်ရင်ထဲက တိုက်ခိုက်လိုစိတ်ကို ဖိနှိပ်မရတော့ပါ။
လင်းဖန်က သူ့ကို တိုက်ခိုက်နိုင်တယ်များ ထင်နေလား။
ကောင်းရုန်က လင်းဖန်ကို ပေါ်တင် စိန်ခေါ်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ပါ။
သို့သော်လည်း ဒီလိုအရာမျိုးက စီးပွားရေးလောကမှာ သာမန်ပဲ ဖြစ်သည်။
အကျိုးခံစားခွင့်ပေးနိုင်သူတွေသာ အတူတူ ပေါင်းစည်းနိုင်လိမ့်မည်။ အကျိုးခံစားခွင့် မပေးနိုင်ပါက လှည့်တောင် ကြည့်ကြမှာ မဟုတ်ပေ။
လင်းဖန်က ကောင်းရုန်ကို ကြည့်လိုက်၏။ "မကြိုးစားကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ"
ထိုအချိန်တွင် ကောင်မလေးတစ်ယောက် ရောက်လာခဲ့ပါသည်။
ပတ်ဝန်းကျင်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
အားလုံး ထိုကောင်မလေးကို ကြည့်လိုက်ကြပါသည်။
ထိုကောင်မလေးက စကတ်တိုတိုဝတ်ထားပြီး သူမရဲ့ ခြေတံသွယ်သွယ်လေးများ ပေါ်လွင်နေသည်။ လူအုပ်ထဲမှ ဖြတ်လျှောက်လာပြီး လေပြည်လေညှင်းလေးက သူမရဲ့ နက်မှောင်သည့် ဆံနွယ်ရှည်များကို တိုးဝှေ့သွားခဲ့သည်။
သူမရဲ့ ပုံပန်းသဏ္ဌာန်က အလွန် ကြည့်ကောင်းပါသည်။ အရင်တုန်းကလောက်တော့ ချစ်ဖို့ကောင်းပြီး တက်ကြွမှု မရှိပါ။
ဆံပင်စုစည်းထားပြီး လက်ထဲမှာ ရိုးရိုးရှင်းရှင်း စာရွက်စာတမ်းတစ်ခုကို ကိုင်လျက် စတိတ်စင် အလယ်တွင် ရပ်လိုက်သည်။
ဘယ်သူမှ သူမကို အထင်မသေးရဲကြပေ။
စီအီးအိုမာနဲ့ စီအီးအိုဝမ်တို့တောင် အမြန် မတ်တပ်ရပ်လိုက်ကြသည်။
ဒီကောင်မလေးရှေ့မှာ စီအီးအိုမာနဲ့ စီအီးအိုဝမ်တို့ ထိုင်မနေရဲကြပေ။
သူတို့အတွက် မိန်းကလေးတွေက ဂျူနီယာတွေသာ ဖြစ်သည်။ သို့သောာ် စီးပွားလောကမှာတော့ စီနီယာ ဖြစ်သည်။
ကမ္ဘာ့အချမ်းသာဆုံးလူရဲ့ သမီး စုရှောင်းယွီ ရောက်လာပါပြီ။
စီးပွားရေးလောကမှာ သူမရဲ့ အောင်မြင်မှုတွေက လူပေါင်းများစွာကို ကြောက်ရွံ့သွားစေသည်။
လူတိုင်းက စီးပွားရေးပါရမီရှင်ဟု သတ်မှတ်ထားသ်ည့ ဟော်ရှင်းယုတောင် စုရှောင်းယွီရဲ့ ရှေ့မှာ အရှုံးကိုသာ လက်ခံနိုင်ခဲ့သည်။
စုရှောင်းယွီ စီးပွားရေးလောကထဲမှ အနားယူခဲ့တာ ကြာပါပြီ။ သို့သော်လည်း ဟော်မိသားစုကို ပြိုလဲသွားစေခဲ့ကာ ဟော်ရှင်းယုကို အရှုံးပေးအောင် လုပ်နိုင်ခဲ့သည်။
ဘယ်သူမှ သူမအကြောင်း ထပ်မပြောရဲတော့ပေ။
စုရှောင်းယွီတောင် ဒီကိုရောက်လာခဲ့သည်။ သူမရဲ့ ရပ်တည်မှုက အရေးကြီး၏။
စုရှောင်းယွီ ဘာပြောမလဲ အားလုံးမျှော်လင့်နေကြသည်။ စီအီးအိုမာလို စကားရှည်ရှည်ပြောမလား၊ စီအီးအိုဝမ်လို လိုရင်းပြောမလား သို့မဟုတ် ကောင်းရုန်လို မောက်မောက်မာမာ ပြောမလား မသိနိုင်ပါ။
စီအီးအိုမာနဲ့ စီအီးအိုဝမ်တို့တောင် စိတ်ဝင်စားနေကြပါသည်။
စုရှောင်းယွီရဲ့ စကားလုံးတွေက သူတို့လို စီးပွားရေး အကျော်အမော်ကြီးတွေအတွက် ကျမ်းစာတွေနဲ့ သဏ္ဌာန်တူသည်။
ဘယ်သူက မနာခံရဲဘဲ နေမှာလဲ။
သူမရဲ့ သဘောထားက အားလုံးကို အဆုံးအဖြတ် ပေးလိမ့်မည်။
စုရှောင်းယွီရောက်လာတော့ အားလုံး သူမကိုသာ အာရုံစိုက်နေခဲ့ကြသည်။
သူမရဲ့ အစွမ်းအစ တစ်ခုတည်းကြောင့် မဟုတ်ဘဲ သူမရဲ့ ပုံပန်းသဏ္ဌာန်ကြောင့်လည်း ပါပါသည်။
သူမရဲ့ အစွမ်းအစတွေက သူမအဖေထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးသည်။
အစကတော့ စုရှောင်းယွီ တစ်ခုခု ပြောလိမ့်မည်ဟု အားလုံး ထင်ထားခဲ့ကြသည်။
သို့သော်လည်း သူမ ဘာမှ မပြောခဲ့ပေ။
စင်ပေါ်တက်လာပြီး ဘေးပတ်လည်ကို ကြည့်ကာ တစ်ယောက်ယောက်ကို ရှာလိုက်သည်။
သူမ လင်းဖန်ကို ရှာနေခြင်း ဖြစ်ပါသည်။
လင်းဖန်ကို မြင်တော့ သူ့ဘေးကို စုရှောင်းယွီ ပျော်ပျော်ရွှင်ရွှင် လျှောက်သွားခဲ့ပြီး ရှေ့ကို အနည်းငယ် ကိုင်းညွှတ်လိုက်ပါသည်။
"ဆရာ ငါ သကြားလုံးစားချင်လို့~" စုရှောင်းယွီ မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။
"ဒါ နောက်ဆုံး ကျန်တဲ့ သကြားလုံးပဲ" လင်းဖန် ပြုံးလိုက်လေသည်။
"ဟီးဟီး ကျေးဇူးပါ ဆရာ။ အာဘွား~" စုရှောင်းယွီ ပြုံးလိုက်ပြီး ချစ်စရာ မျက်နှာလေး လုပ်ပြလိုက်သည်။ သကြားလုံးကို ယူပြီး လင်းဖန်ဘေးမှာ ဝင်ထိုင်လိုက်ပါသည်။
Apple Notebook တစ်လုံးကိုတောင် ယူပြီး ထိုင်လိုက်သည်။
သကြားလုံးစားရင်း စုရှောင်းယွီ လက်ပ်တော့ ဖွင့်လိုက်ပါသည်။
ထို့နောက် တုန်လှုပ်စရာ စကားတစ်ခွန်းကို ပြောခဲ့သည်။
"ဆရာက ကောင်းမိသားစုကို ချေမှုန်းချင်တယ်လား။ အင်း... ငါ့ခန့်မှန်းချက်အရဆိုရင်တော့ ၃ ရက်လောက် လိုမယ်။ စီအီးအိုဝမ်ရဲ့ အကူအညီနဲ့ဆို လဝက်လောက် ကြာလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ဆရာ၊ လဝက်အတွင်း ကောင်းမိသားစုကို ဒေဝါလီ ခံသွားရအောင် လုပ်ပေးမယ်~" စုရှောင်းယွီက လင်းဖန်ကို အပြစ်ကင်းစင်သော မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ သူမ မျက်လုံးထဲမှာ ဒီကိစ္စက အလွန်ရိုးရှင်းသည့် ကိစ္စဖြစ်နေသည့်အလား။
စုရှောင်းယွီရဲ့စကားကိုကြားသောအခါ အားလုံး ကြက်သီးမွေးညှင်းများ ထသွားရသည်။
အထူးသဖြင့် ဟော်ရှင်းယု တံတွေးမျိုချလိုက်မိသည်။
စုရှောင်းယွီရဲ့ ခွန်အားကို သူမအရင်က ကိုယ်တိုင် ကြုံတွေ့ဖူးပါသည်။၊
သူမ ပြောလိုက်တဲ့ စကားတိုင်းက ဖြစ်လာလိမ့်မည်။
စုရှောင်းယွီ နောက်နေတာ မဟုတ်ပါ။ သူမ အမိန့်ပေးလိုက်တာနဲ့ ကောင်းမိသားစုအပေါ် တိုက်ခိုက်မှု စတင်ပါလိမ့်မည်။
စီအီးအိုမာ "..."
စီအီးအိုမာတောင် ကောင်းမိသားစု ၁၅ ရက်အတွင်း ဒေဝါလီခံသွားစေရမည်ဟု မပြောရဲပါ။
တရားဝင် စီးပွားရေးနည်းလမ်းတွေနဲ့ ယှဉ်ပြိုင်ဖို့ဆို နှစ်ဝက် သို့မဟုတ် တစ်နှစ်လောက် ကြာနိုင်ပါသည်။
စုရှောင်းယွီက လဝက်ပဲလိုတယ်တဲ့လား။
အားလုံးရဲ့ မျက်နှာထားများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။
စီအီးအိုဝမ်ရဲ့ မျက်နှာထားတောင် ပြောင်းလဲသွားရသည်။
သို့သော်လည်း ကောင်းရုန်က လုံးဝ မကြောက်ပါ။
စုရှောင်းယွီအကြောင်း သူ သိတာ ကြာပါပြီ။ သူသာ မပြင်ဆင်ထားရင် ဒီကို လာစရာ အကြောင်း မရှိပါ။
ကောင်းရုန်က ပြောလိုက်၏။ "စုရှောင်းယွီ၊ မင်းရဲ့ အစွမ်းအစကို တကယ် လေးစားပါတယ်။ မင်းက ငါတို့ကောင်းမိသားစုကို ကူညီပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ မကူညီပေးချင်ဘူးဆိုရင်လည်း ဘာဖြစ်လဲ"
"ကောင်းမိသားစုရဲ့ နောက်ကွယ်က ဘော့စ် အစစ်က ဘယ်သူလဲ မင်း သိတယ် မဟုတ်လား"
ဖန်သားပြင်ကြီး ပွင့်လာခဲ့သည်။
ဖန်သားပြင်ပြီးပေါ်မှာ လူတစ်ယောက်ပုံပေါ်လာပါသည်။
ဒီတစ်ခေါက် စုရှောင်းယွီရဲ့ မျက်လုံးလှလှလေးတွေတောင် တည်တံ့သွားရသည်။
ဒီလူကို သူမသိပါသည်။
သူက Microsoft ရဲ့ စီအီးအိုနဲ့ ဆော့ဖ်ဝဲဒီဇိုင်နာ ခေါင်းဆောင် ဘီလ်ဂိတ် ဖြစ်ပါသည်။
ကမ္ဘာပေါ်မှာ ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်လည်း ဖြစ်သည်။
စုရှောင်းယွီကိုမြင်တော့ ဘီလ်ဂိတ်က ပြုံးပြီး အင်္ဂလိပ်လို ပြောလိုက်ပါသည်။ "ရှောင်းယွီ ငါပြောတာ နားထောင်ပြီး ကောင်းမိသားစုရဲ့ တိုက်ပွဲမှာ ဝင်မပါပါနဲ့။ ကောင်းမိသားစုကို ငါ ကျေးဇူးဆပ်စရာ ရှိတယ်။ နင် ခေါင်းမာပြီး ဆက်ပါနေမယ်ဆို ငါလည်း ဝင်ပါရလိမ့်မယ်။ အဲ့အချိန်ကျရင် စီးပွားရေးတိုက်ပွဲ ကြီးကြီးမားမား တစ်ခု ဖြစ်လာနိုင်တယ်။ ငါတို့ကုမ္ပဏီနှစ်ခုစလုံးအတွက် ကောင်းမှာ မဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် ဖန်သားပြင်ကြီး ပိတ်သွားခဲ့သည်။
စုရှောင်းယွီရဲ့ မျက်လုံးလှလှလေးများ အရောင်မှေးမှိန်သွားရသည်။
ဒါက ကောင်းရုန်ရဲ့ ဝှက်ဖဲအစစ် ဖြစ်သည်။
စုရှောင်းယွီနဲ့ လယ်ဗယ်ချင်းတူသည့် လူကို ထုတ်ဖော်ပြသသွားသည်။
ဘီလ်ဂိတ်ပါ ပါဝင်လာပါက တိုက်ပွဲ ကြီးမားသွားနိုင်သည်။
သူတို့ တိုက်ပွဲဖြစ်လျှင် ဘီလ်ဂိတ်ကိုပါ တိုက်ခိုက်ရတော့မည်။
စီအီးအိုမာလည်း စီအီးအိုဝမ်ကို တိုက်ခိုက်ရလိမ့်မည်။
အကြီးမားဆုံး တိုက်ပွဲကြီး တစ်ခု ဖြစ်လာနိုင်ပါသည်။
စုရှောင်းယွီ ခေါင်းငုံ့သွားတာကိုမြင်သောအခါ ကောင်းရုန် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရယ်မောလိုက်သည်။
"လာစမ်းပါ ငါမပြောခဲ့ဘူးးလား။ ငါ အခု ဒီမှာ ရှိနေတယ်လေ။ အစွမ်းအစ ရှိရင် ငါ့ကို အလဲထိုးစမ်းပါ"
"ငါ့ကို အလဲမထိုးနိုင်ရင် မင်းတို့ကို အလဲထိုးမှာနော်။ အိမ်ခြံမြေလောကထဲမှ ဘယ်သူမှ ငါ့ကို မယှဉ်နိုင်ဘူး။ နင်ကောပဲ စုရှောင်းယွီ"
ချက်ချင်းဆိုသလိုပဲ လင်းဖန်ရဲ့ နောက်ခံအင်အားတွေ အကုန်လုံးရဲ့ အာနိသင် ပျောက်ဆုံးသွားပါသည်။
လင်းဖန်လည်း အရေးနိမ့်သည့် အခြေအနေကို ရောက်သွားသည်။
သူ ခေါင်းမော့လိုက်၏။ အရင်တုန်းက သူ အန္တရာယ်ကြုံလာတိုင်း သူ့ပြဿနာကို ကူညီပေးဖို့ သူများကို သွားရှာရသည်။
ဒီတစ်ခေါက်တော့ သူ့အပေါ်မှာပဲ မူတည်နေပါပြီ။