ကလဲ့စားချေရမယ်
Vol. 29 Ch. 422
ကောင်းရုန်တစ်ယောက် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြုံးနေခဲ့သည်။ လက်ကို ဆန့်တန်းရင်းနဲ့ စင်ပေါ်မှာ ရပ်နေခဲ့ပါသည်။
အားလုံးရဲ့ အကြည့်ကို ခံယူရင်း ရပ်တည်နေခဲ့သည်။
ဒီနေရာမှာ ကောင်းရုန်ဆိုတဲ့သူသာ အနိုင်ရရှိသူ ဖြစ်သည်။
လင်းဖန်ရဲ့ နောက်ခံအင်အား ကောင်းလည်း ဘာလုပ်ရမှာလဲ။ လင်းဖန်နောက်ကွယ်မှာ ဘော့စ်မာနဲ့ စုရှောင်းယွီတို့ ရှိနေသော်လည်း သူတို့ ဘာလုပ်ပေးနိုင်လဲ။
ဒါက စီးပွားရေးတိုက်ပွဲ တစ်ခု ဖြစ်သည်။
သူ့နောက်ကွယ်မှာလည်း တစ်စုံတစ်ယောက် ရှိနေပြီးသားပင်။
ကောင်းရုန်ရယ်မောလိုက်ပါသည်။ "လင်းဖန် ငါ့ကို အလဲထိုးမယ်ဆိုတာ ဒါလားကွ"
"မင်းကို အထင်ကြီးတာ နည်းနည်း လွန်သွားတယ်။ ဒီနေ့ ငါအခုဒီမှာရပ်နေတယ်။ မင်းဘာလုပ်နိုင်လဲ။ ကောင်းရုန်ဆိုတဲ့ ငါလုပ်ခဲ့တဲ့အရာတိုင်းအတွက် မင်းဘာလုပ်နိုင်လဲ"
"မင်း စီးပွားရေးတိုက်ပွဲ တစ်ခု စချင်လား။ ငါ့ကို စိန်ခေါ်ရဲတဲ့ လူတိုင်းကို ကြိုဆိုတယ်ကွာ"
"အိမ်ခြံမြေလောကမှာ ငါ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ လင်းဖန်ဆိုတဲ့ မင်းလည်း ထိုနည်းလည်းကောင်းပဲ။ ဘာမှ အသုံးမဝင်ဘူးကွ"
ကောင်းရုန် လင်းဖန်ကို ကြည့်လိုက်သည်။ လင်းဖန်ကို သူ အနိုင်ရရှိသွားပါပြီ။
ပျော်ရွှင်တောက်ပစွာဖြင့် သူ ပြုံးလိုက်သည်။
ကောင်းရုန်ဆိုတာ ဘယ်လိုမျိုးလဲ။ ညစာစားပွဲမစခင်မှာပဲ လင်းဖန်နောက်ခံအင်အား ဘယ်လောက်ရှိလဲ သူ ကြိုသိပြီးသား ဖြစ်ပါသည်။
ဒါပေမယ့် ဘာဖြစ်လဲ။
လင်းဖန်က အောင်မြင်တဲ့လူတစ်ယောက်ဟုသာ ဆိုနိုင်ရုံ ရှိသည်။
Alibaba က ငွေပေးချေမှုနည်းပညာကို ဖန်တီးနေစဉ် Tencent ကလည်း Wechat ငွေပေးချေမှုနည်းပညာကို ဖန်တီးနေသည်။
သို့သော် Alibaba မှာတောင် ရွေးချယ်ခွင့် မရှိတော့ချေ။
အိမ်ခြံမြေလောကထဲမှာလည်း ထိုနည်းလည်းကောင်းပဲဖြစ်သည်။ ကောင်းရုန်မိသားစုမှာ အရင်းအနှီး နက်နက်ရှိုင်းရှိုင်း ရှိပြီး ထိပ်တန်းအကျော်အမော်ကြီး ၂ ယောက်ရဲ့ ထောက်ခံမှုကိုလည်း ရထားသည်။ အပြင်လောကမှာလည်း အဆက်အသွယ်များစွာ ရှိပါသည်။
သူ့ကို ရှင်းဖို့ လင်းဖန်က ဘာအသုံးချနိုင်မှာလဲ။
လင်းဖန် သူ့ကို ဘာလုပ်နိုင်မလဲ ကြည့်ချင်ပါသေးသည်။
နောက်ဆုံးတော့ လင်းဖန်ကို နာကျင်သွားအောင် လုပ်နိုင်ခဲ့ပါပြီ။
လင်းဖန်ရဲ့ အစီအစဉ်တွေ ပြိုလဲသွားရပြီ။ သူ့ကို ဘယ်သူမှ မတားဆီးနိုင်ပါ။
ပြည်တွင်းအိမ်ခြံမြေလောကရဲ့ အထွတ်အထိပ်ကို ရောက်သွားရင် စုရှောင်းယွီကိုကော ဘာကြောက်စရာလိုဦးမှာလဲ။
ဘယ်သူမှ စကားမပြောခဲ့ကြပေ။
စီးပွားရေးအကျော်အမော်များစွာက ကောင်းရုန်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ကောင်းရုန် လေလုံးထွားနေတာလား။ အမှန်ပင်။ သူက အစွန်းရောက်အောင် လေလုံးထွားနေခဲ့ပါသည်။
သို့သော်လည်း ငတုံးတစ်ယောက်မှ မပါပေ။ ကောင်းရုန်ကို မတိုက်ခိုက်ရဲကြရုံသာ ဖြစ်သည်။
ကောင်းရုန်ကို စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်လိုမျိုး စူပါဘော့စ်ကြီးတွေက ထောက်ပံ့ပေးထားသည်။
တစ်နည်းအားဖြင့် အခု ရှိနေသည့် စီးပွားရေး အကျော်အမော်များကို ကောင်းရုန် ချေမှုန်းပစ်ချင်ပါက လွယ်ကူပါသည်။
ကောင်းရုန်မထိရဲတဲ့ ထိပ်တန်း စီးပွားရေးအကျော်အမော်တချို့ကလွဲလို့ တခြား ကုမ္ပဏီ အများစုက ကောင်းရုန်ကို ပြဿနာ မရှာရဲကြပေ။
"ကြည့်ရသလောက်တော့ ကောင်းရုန်က တကယ်ပြင်ဆင်ထားတာပဲ။ အိမ်ခြံမြေလောကထဲမှာ သူနဲ့ ယှဉ်နိုင်တဲ့လူ များများစားစား မရှိဘူး"
"ကောင်းကော်ပိုရေးရှင်းက အချိန်အကြာကြီး ဖွံ့ဖြိုးတိုးတက်နေခဲ့တာ။ စျေးကွက်တန်ဖိုးလည်း တက်နေတယ်။ အနာဂတ်မှာ ကောင်းမိသားစု ဘယ်လိုဖြစ်လာမလဲဆိုတာ ပြောရခက်တယ်"
"အဲ့တာဆိုရင် နောက်ဆို ကောင်းမိသားစုကို လင်းဖန် ယှဉ်နိုင်တော့မှာ မဟုတ်ဘူး။ ကောင်းမိသားစုက အရမ်း ကြောက်ဖို့ကောင်းလွန်းတယ်။ ဒီတစ်ခေါက်တော့ လင်းဖန် ကံမကောင်းတာပဲ။ တစ်ဖက်လူကို အနိုင်ယူလိုက်နိုင်ပြီလို့ လင်းဖန်က ထင်နေတာကိုး။ ကောင်းရုန်က တန်ပြန်တိုက်ခိုက်ဖို့ အပြည့်အဝ ပြင်ဆင်ထားပြီးသားဆိုတာ မသိခဲ့ဘူး။ ကြည့်ရတာ မျက်နှာပျက်ရတဲ့လူက လင်းဖန်ပဲ ဖြစ်မယ်ထင်တယ်"
"လင်းဖန် မျက်နှာအများကြီး ပျက်သွားပြီ။ ဒီလိုမျိုး ကောင်းရုန်ရဲ့ အရှက်ခွဲတာကိုသာ ခံရရင် ငါအရမ်းဒေါသထွက်မိမှာ။ ဒီအခြေအနေတိုင်းဆို လင်းဖန် ဘာမှ မလုပ်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် Alibaba ကလည်း Wanda နဲ့ အလွယ်တကူ တိုက်ပွဲ မဆင်နွှဲရဲဘူး။ အဆုံးအရှုံးတွေဖြစ်လာရင် လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌဖြစ်နေရင်တောင် တာဝန်ယူနိုင်မှာ မဟုတ်ဘူး"
"လင်းဖန် နောက်ကွယ်က စုရှောင်းယွီကလည်း ကမ္ဘာအချမ်းသာဆုံးလူရဲ့ သမီးပါ။ သူ့ကို အရမ်းလေးစားတယ်။ ဒါပေမယ့် သူက စီးပွားရေးလောကထဲက အနားယူထားတာကြာပြီ မဟုတ်ဘူးလား။ ပြီးတော့ သူ တကယ် လှုပ်ရှားချင်တယ်ဆိုရင် ကျိန်းသေပေါက် စီးပွားရေးလှိုင်းကြီး တစ်ခု ဖြစ်လာလိမ့်မယ်။ ဒါ ဘယ်သူမှ ခံနိုင်ရည်ရှိတဲ့ လှိုင်းမျိုး မဟုတ်ဘူး။ အဲ့အချိန်ကျရင် စီးပွားရေးဆုံးရှုံးမှု အကြီးအကျယ် ဖြစ်သွားလိမ့်မယ်။ စုရှောင်းယွီတောင် ဒီလို ဆင်ခြေမဲ့တဲ့ဆုံး ဖြတ်ချက်မျိုးကို လုပ်ရဲမှာ မဟုတ်ပါဘူး"
စီးပွားရေးပညာရှင်များစွာ ခေါင်းခါလိုက်မိကြပါသည်။
လင်းဖန်က ကောင်းရုန်ရဲ့ အရှိန်အဟုန်ကို မတားဆီးနိုင်လောက်တော့ပေ။
လင်းဖန်ရဲ့ နောက်ခံအင်အားက နက်ရှိုင်းသော်လည်း တရုတ်နိုင်ငံ အိမ်ခြံမြေလောကမှာတော့ ခိုကိုးရာမဲ့ပါသည်။
လင်းဖန်ရဲ့ ကုမ္ပဏီတွေက အိမ်ခြံမြေလောကနဲ့ မည်သည့်သက်ဆိုင်မှုမှ မရှိပေ။
လင်းဖန်သာ အိမ်ခြံမြေလောကထဲ ဝင်ရောက်ချင်ပါက အလွန် အခြေအနေ ဆိုးသွားနိုင်ပါသည်။
ဒီနေ့ရဲ့ ပြဿနာကို တစ်ဝက်တစ်ပြတ်နဲ့သာ ထားခဲ့ရတော့မည်။ ကောင်းရုန်ကို ဘယ်သူမှ မတားဆီးနိုင်တော့ပါ။
သူက ကောင်းကော်ပိုရေးရှင်းရဲ့ ဆက်ခံသူ ကောင်းရုန်ပဲ ဖြစ်သည်။
ဒီနေ့ လုပ်ငန်းတွေ့ဆုံပွဲပြီးသောအခါ ကောင်းရုန်ရဲ့ ကြောက်စရာ အစွမ်းအစကို အားလုံး သိသွားကြလိမ့်မည်။
လင်းဖန်က ဒီလုပ်ငန်းတွေ့ဆုံပွဲကြီးမှာ ကောင်းရုန်ကို အလဲထိုးချင်ခဲ့သည်။ သို့သော်လည်း အလဲမထိုးနိုင်ခဲ့ပါ။ ကောင်းရုန်ရဲ့ အစွမ်းအစကို အားလုံးမြင်ခဲ့ကြသည်။
ဘာမှန်းမသိလိုက်ဘဲ စီအီးအိုမာက လင်းဖန်ဘေးကို ရောက်လာသည်။ လင်းဖန်ရဲ့ ပခုံးကိုပုတ်ပေးပြီး သက်ပြင်းချကာ ခေါင်းခါလိုက်ပါသည်။
ဒီအပြုအမူရဲ့ အဓိပ္ပာယ်က ထင်ရှားသည်။ လင်းဖန်ကို ကောင်းရုန်နဲ့ ပြဿနာ ထပ်မတက်စေဖို့ ပြောလိုက်ခြင်း ဖြစ်ပါသည်။
စီအီးအိုမာတောင် ရွေးချယ်စရာ မရှိတော့ပါ။
စီအီးအိုမာက Alibaba မှာ ယှဉ်နိုင်ဖွယ် မရှိတဲ့ အဆင့်အတန်း ရှိသော်လည်း ရှယ်ယာဝင်အစည်းအဝေးပွဲကို ကျော်ကာ Wanda နဲ့ တိုက်ပွဲ ကြီးကြီးမားမား ဆင်နွှဲဖို့က မဖြစ်နိုင်ပေ။ ဒီလိုသာဖြစ်လာခဲ့ရင် Alibaba ရဲ့ ရှယ်ယာဝင် အစည်းအဝေးပွဲက လက်ခံကြမှာ မဟုတ်ပါ။
ပြဿနာတွေ ဒီအတိုင်းအတာအထိ ကြီးမားလာပါက အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ဘယ်သူမှ မပြောနိုင်ပေ။
စီအီးအိုမာတောင် လက်လျှော့လိုက်သည်။
စီအီးအိုမာရဲ့မျက်နှာကိုမြင်တော့ လင်းဖန် ပြုံးလိုက်ပါသည်။ စီအီးအိုမာကို အပြစ်မတင်ပါ။ ဘာပဲဖြစ်ဖြစ် ကောင်းရုန်ရဲ့ နောက်ကွယ်က လူတွေကလည်း သန်မာလွန်းတာကိုး။
စီအီးအိုမာလည်း လက်လျှော့ဖို့သာ တတ်နိုင်ပါသည်။
အားလုံး အဆုံးသတ်သွားခဲ့သည်။
ဒီနေ့ လုပ်ငန်းတွေ့ဆုံပွဲက လင်းဖန်ရဲ့ အပြတ်အသတ်ရှုံးနိမ့်မှုဟု ဆိုနိုင်သည်။
အမှန်ပင်။ လင်းဖန်လည်း သူ့အစွမ်းအစကို ထုတ်ပြခဲ့သည်။ သို့သော် ကောင်းရုန်ကို သူ့တိုက်ခိုက်မှုက လုံးဝ ကျရှုံးခဲ့ပါသည်။
စုမူချင်းလည်း လင်းဖန်ဘေးကို လျှောက်လာခဲ့ပြီး သူ့ကို စိတ်မကောင်းစွာ ကြည့်လိုက်ပါသည်။
ကောင်းရုန်ကို ဘီလ်ဂိတ်ကတောင် ထောက်ခံပေးလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
ဘီလ်ဂိတ်က ကမ္ဘာပေါ်ရှိ ထိပ်တန်းလူတွေအနက် တစ်ဦး ဖြစ်သည်။
ဖန်သားပြင်ပေါ်မှာ သူ ပေါ်လာတုန်းက ဒီနေ့တိုက်ပွဲ သာမန် မဟုတ်တော့မှန်း ပြသလိုက်ခြင်းပပင်။
ဘီလ်ဂိတ်ကို တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသောသူက စုရှောင်းယွီပဲ ဖြစ်သည်။
သို့သော်လည်း စုရှောင်းယွီသာ တိုက်ခိုက်မည်ဆို သန်းရာချီပြီး ဆုံးရှုံးလိမ့်မည်။
ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေရင်တောင် ဒီလို အရှုံးမျိုးကိုတော့ လက်မခံနိုင်ပါ။
ထိုအခါ ထပ်ဆင့်ကဲ သက်ရောက်မှုတွေက အားလုံး ခံနိုင်ရည်ရှိမယ့် အရာမျိုး မဟုတ်ပေ။
ထိုအချိန်တွင် ရှားဝမ်ချွေ့က လင်းဖန်ဘေးကို လျှောက်လာခဲ့ပြီး လင်းဖန်လက်ကို ကိုင်လိုက်ပါသည်။
"မြောင်မြောင်" ရှားဝမ်ချွေ့က သူမ၏ မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ဘာမှ မဖြစ်ပါဘူး။ အလွန်ဆုံး ငါတို့ ကျန်းမြို့ကနေ ထွက်သွားရရုံပဲ ရှိတယ်။ ကိစ္စမရှိဘူး။ ကောင်းမိသားစုက အိမ်ခြံမြေလုပ်ငန်းလုပ်တာ။ ငါတို့က ရုပ်သံဒရမ်မာ ရိုက်ကူးတာက သူတို့နဲ့ ဘာမှ မသက်ဆိုင်ပါဘူး~"
လင်းဖန် သူ့ကို နှစ်သိမ့်နေတဲ့ ရှားဝမ်ချွေ့ကိုကြည့်ကာ ရင်ထဲ နွေးထွေးသွားပါသည်။
ဒီလိုကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရခြင်းက ဘဝမှာ ပျော်စရာ အကောင်းဆုံးအရာ ဖြစ်လောက်သည်။
လင်းဖန်လည်း ရှားဝမ်ချွေ့ရဲ့ လက်သွယ်သွယ်လေးကို ကိုင်ကာ သူမ၏ နဖူးကို နမ်းရှိုက်လိုက်ပါသည်။
ဒီလို မိန်းမလှလေး ရှိနေမှတော့ သူ ဘာလိုဦးမှာလဲ။
အရင်တုန်းကဆို လင်းဖန် ဒီလောက်နဲ့ ရပ်တန့်လိုက်မည်ဖြစ်သည်။
သို့သော် ဒီနေ့တော့ သူ နောက်ဆုတ်လို့ မရတော့ပါ။
သူ နောက်ဆုတ်သွားပါက အရှုံးပေးလိုက်သလို ဖြစ်သွားလိမ့်မည်။
ယခင်တုန်းက ကောင်းရုန် ရှားဝမ်ချွေ့ကို ပစ်မှတ်ထားပြီး အရှက်ခွဲခဲ့သည်။
ရှားဝမ်ချွေ့က သူ့ကောင်မလေး၊ သူ့ကောင်မလေး အနိုင်ကျင့်ခံခဲ့ရသည်...
သူ ကလဲ့စားပြန်ချေမှ ဖြစ်ပါမည်။