← Chapters

ကောင်းကော်ပိုရေးရှင်း၊ ပျက်စီးဖို့သာ စောင့်နေလိုက်

Vol. 29 Ch. 424

ကောင်းကော်ပိုရေးရှင်း၊ ပျက်စီးဖို့သာ စောင့်နေလိုက်

Vol. 29 Ch. 424

လင်းဖန် ပြုံးပြီး စင်ပေါ်တက်သွားခဲ့သည်။

လင်းဖန် အားလုံးကိုကြည့်ပြီး သူပြောလိုက်ပါသည်။ "အားလုံးပဲ ဒီနေ့ ဒီလို ပဋိပက္ခလေး ဖြစ်ပျက်ခဲ့လို့ ကိုယ့်ကိုယ်ကို အရှက်ရမိပါတယ်"

"ကျားရှင်းဖျော်ဖြေရေး အနာဂတ်မှာ အိမ်ခြံမြေလောကထဲကို ဝင်ရောက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ဒါပေမယ့် ဒါက ကျားရှင်းဖျော်ဖြေရေး ရွေးချယ်ထားတဲ့ နယ်ပယ်တွေထဲက တစ်ခုပဲ ရှိပါသေးတယ်။ တကယ်တော့ ကျားရှင်းဖျော်ဖြေရေးက ဂိမ်းလောကထဲလည်း ဝင်ဦးမှာပါ"

"အားလုံး သိကြတဲ့အတိုင်း ကျားရှင်းဖျော်ဖြေရေးမှာ IP တွေ အများကြီး ရှိတယ်။ ဥပမာ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' Season 1 နဲ့ Season 2 တို့လိုပေါ့။ ပြီးတော့ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ' ဂိမ်းကလည်း အရမ်း အောင်မြင်မှု ရရှိခဲ့တယ်။ အဲ့တာကြောင့် ကျားရှင်းဖျော်ဖြေရေးက အဲ့ဒီဂိမ်းကုမ္ပဏီကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျွန်တော်တို့နဲ့ အတူတူ ဂိမ်းကို တွဲဖက် ဖန်တီးချင်ရင် ကျားရှင်းဖျော်ဖြေရေးကို ဆက်သွယ်လိုက်ပါခင်ဗျာ။ ကျားရှင်းဖျော်ဖြေရေးက ဂိမ်းထုတ်လုပ်တဲ့ ဂိမ်းကုမ္ပဏီကြီးတစ်ခုကို ဝယ်ယူသွားမှာပါ"

"တစ်ခု ကျန်ပါသေးတယ်။ မူချင်း။ ဖန်သားပြင်ပေါ်မှာ PowerPoint ဖွင့်ပြလိုက်ပါ" လင်းဖန် ပြောလိုက်သည်။ စုမူချင်း ဖွင့်ပြလိုက်ပြီးနောက် လင်းဖန် ဆက်ပြောသည်။

"ကျားရှင်းဖျော်ဖြေရေး နောက်ထပ် ဆောင်ရွက်သွားမှာက ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်ဖို့ပါပဲ"

"လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက ကျားရှင်းဖျော်ဖြေရေး သိပ္ပံပညာရှင်တွေ အများကြီးကို ရှာဖွေပြီး သိပ္ပံသုတေသန အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းခဲ့တယ်။ လွန်ခဲ့တဲ့ ၃ လတုန်းက သိပ္ပံသုတေသနအဖွဲ့အစည်းက မောင်းသူမဲ့နည်းပညာတစ်ခုကို ဖန်တီးခဲ့ပါတယ်။ အခုတော့ အဲ့ဒီ မောင်းသူမဲ့နည်းပညာက အပြည့်အဝ ပြီးပြည့်စုံသွားပြီး အဆင့်မြင့်သွားခဲ့ပါပြီ။ ပြီးတော့ စမ်းသပ်ပြီးသားပါ။ အားလုံး နောက်ဗီဒီယိုကို ကြည့်ကြည့်လိုက်ကြပါ"

"တကယ်တော့ ဒီနည်းပညာက နိုင်ငံတော်ရဲ့ မူပိုင်ခွင့်ထောက်ခံချက်ကိုတောင် ရထားပြီးပါပြီ။ တစ်နည်းအားဖြင့် ကျားရှင်းဖျော်ဖြေရေးမှာ အဆင့်မြင့် မောင်းသူမဲ့နည်းပညာတစ်ခု ရှိတယ်။ Bugatti ကော်ပိုရေးရှင်းမှာလည်း စမ်းသပ်ချက်တွေ အများကြီး ပြုလုပ်ခဲ့ပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လအတွင်း ဆက်တိုက် စမ်းသပ်နေခဲ့ကြတာပါ။ ရလဒ်ကောင်းတွေပဲ ရခဲ့ပြီး အမှားအယွင်း မရှိခဲ့ပါဘူး။ မောင်းသူမဲ့နည်းပညာကြောင့် ကားအက်စီးဒင့်တွေ၊ ယာဉ်ကြောပိတ်ဆို့မှုတွေ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ နည်းပညာရဲ့ သုံးသပ်နိုင်စွမ်းက လူသားတွေ မောင်းနှင်တာထက်တောင် ပိုပြီး တိကျပါသေးတယ်" လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။

အမှန်ပင်။။ ဒါတွေအားလုံးကို လင်းဖန် စုမူချင်းအား လုပ်ခိုင်းထားခြင်း ဖြစ်သည်။ သုတေသနအဖွဲ့အတွက်လည်း ထိပ်တန်း နိုင်ငံခြားအကျော်အမော်ကြီးများကို ရှာဖွေပြီး နည်းပညာအား စမ်းသပ်စေခဲ့သည်။

သူ ပြောလိုက်တဲ့ စကားတွေထဲမှာ အမှန်တရားကော အလိမ်အညာကော ပါဝင်နေပါသည်။ ဘာပဲဖြစ်ဖြစ် မောင်းသူမဲ့နည်းပညာကို လင်းဖန်အား စနစ်က ပေးထားခြင်း ဖြစ်သည်။ နောက်ဆုံးတော့ ဒါကို အသုံးပြုလို့ ရနေပါပြီ။

စနစ်က ပေးအပ်ထားသည့် နည်းပညာက အဆင့်အမြင့်ဆုံးဖြစ်ကာ ကျိန်းသေပေါက် ဘာအမှားအယွင်းမှ မဖြစ်နိုင်ပေ။

လင်းဖန် ဗီဒီယိုတစ်ပုဒ်ကို ဖွင့်ပြလိုက်သည်။ ဗီဒီယိုတွင် မောင်းသူမဲ့နည်းပညာဖြင့် ပြိုင်ကားတစ်စီးက ကားတွေ အများကြီးကြားထဲမှာ မောင်းပြနေသည်။

ထိုပြိုင်ကားက အလိုလျောက် အရှိန်မြှင့်၊ အရှိန်နှိမ့်နိုင်သည်။ လမ်းအခြေအနေပေါ် မူတည်ပြီး သုံးသပ်၊ သင်ယူလေ့လာပြီး အတိကျဆုံး အကဲဖြတ်မှုများကို ပြုလုပ်နိုင်စွမ်း ရှိသည်။

လမ်းတွင် အတားအဆီးများ သို့မဟုတ် ယာဉ်ကြောပိတ်ဆို့မှုများကို အလွယ်တကူ ရှောင်ရှားနိုင်သည်။

ဒီလို ပြီးပြည့်စုံတဲ့ နည်းပညာကို သုံးစွဲထားပါသည်။

လင်းဖန် ပြောပြီးနောက် စုမူချင်းကလွဲပြီး အားလုံး မှင်သက်သွားကြသည်။

စုရှောင်းယွီတောာင် မျက်လုံးပြူးသွားရသည်။

ဒါ... မောင်းသူမဲ့နည်းပညာပါလား။

ထို့အပြင် ဘယ်သူမှ မသိလိုက်ဘဲ နိုင်ငံတော် မူပိုင်ခွင့်ကိုပါ ရရှိခဲ့သည်။

တစ်နည်းအားဖြင့် ဒီမောင်းသူမဲ့နည်းပညာကို နိုင်ငံတော်က အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။

လောလောဆယ် နိုင်ငံတော်ထဲမှာ ကားအက်စီးဒင့်နဲ့ ယာဉ်ကြောပိတ်ဆို့မှုများ အလွန် များပါသည်။

မောင်းသူမဲ့နည်းပညာကိုသာ မိတ်ဆက်ပြီး ကားတွေအတွက် အသုံးပြုလိုက်ပါက ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းနိုင်လောက်ပါသည်။

ကားအက်စီးဒင့် ဖြစ်နိုင်ခြေလည်း သုညအထိ ကျဆင်းသွားလိမ့်မည်။

မောင်းသူမဲ့နည်းပညာကို အပြည့်အဝ အဆင့်မြှင့်တင်လိုက်လျှင် ကားအက်စီးဒင့်တွေကိုတောင် ရှောင်ရှားနိုင်လိမ့်မည်။

ဒီနည်းပညာကို ကမ္ဘာပေါ်က အကောင်းဆုံးတွေထဲက တစ်ခုဟုပင် ဆိုနိုင်သည်။

လက်ရှိတွင် တခြား ဘယ်နိုင်ငံကမှ အဆင့်မြင့် မောင်းသူမဲ့နည်းပညာကို မထုတ်လုပ်နိုင်သေးပါ။

ကျားရှင်းဖျော်ဖြေရေးက ဒီလိုသုတေသနရလဒ်တစ်ခုကို ရရှိခဲ့သည်။ ပြီးပြည့်စုံလွန်းသည်ဟု ဆိုနိုင်ပါသည်။

စုရှောင်းယွီလည်း မျက်လုံးကျယ်သွားပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဝိုး မောင်းသူမဲ့နည်းပညာက အဆင့်မြင့် အဆင့်တောင် ရောက်သွားပြီလား။ ဆရာက တော်လိုက်တာ။ ငါ့ကို လျှို့ဝှက်ထားရက်တယ် အီးဟီးဟီး"

စီအီးအိုမာလည်း အသက်ရှူသံတွေ မြန်ဆန်လာခဲ့ပါသည်။ "အဆင့်မြင့် မောင်းသူမဲ့နည်းပညာက တရုတ်နိုင်ငံနဲ့ ကမ္ဘာကြီးကိုတောင် ပြောင်းလဲပစ်နိုင်တယ် ရထားလုံးတွေကနေ မီးရထား ပြောင်းလဲသွားသလိုမျိုး၊ ပြီးတော့ ကားတွေ လေယာဉ်တွေ ပြောင်းလဲလာသလိုမျိုးပဲ။ လင်းဖန်က တကယ်ကြီး... ခေတ်ပြောင်းနိုင်တဲ့ အောင်မြင်မှုမျိုး ရရှိခဲ့တာပဲ"

Wanda ၏ စီအီးအိုဝမ်လည်း လင်းဖန်ကို မယုံနိုင်စွာ ကြည့်လိုက်ပါသည်။ "ဒီနည်းပညာသာ တကယ့်အဆင့်မြင့်ဆိုရင် အားလုံးအတွက် အကျိုးရှိနိုင်တယ်။ ပြီးတော့ စီးပွားရေး အကျိုးအမြတ်တွေလည်း အများကြီးရှိမယ်။ လောလောဆယ် ပြည်တွင်းပြည်ပ စျေးကွက်တွေမှာ ဒီနည်းပညာနဲ့ ပတ်သက်ပြီး လုံးဝ ဗလာကျင်းပဲ ရှိတယ်။ ငါတို့ ငွေ ဘယ်လောက်တောင် ရနိုင်မလဲ မသိဘူး..."

"ဒီနည်းပညာက ဘီလီယံ ဆယ်ချီ ရာချီပြီး တန်ဖိုးရှိမယ်ထင်တယ်။ ငွေနဲ့ တိုင်းတာဖို့တောင် မဖြစ်နိုင်ဘူးလို့ ခံစားရတယ်။ ငွေတွေ အများကြီး ရလာတော့မယ်။ စီးပွားရေး အခွင့်အလမ်းတွေလည်း အများကြီး ပွင့်လန်းလာတော့မယ်" စီအီးအိုဝမ်က ပြောလိုက်ပါသည်။

ဒီနည်းပညာကိုသာ တကယ် လက်တွေ့ အသုံးချနိုင်ပါက စီးပွားရေး အကျိုးအမြတ်တွေမှာ တိုင်းတာလို့ မရနိုင်အောင် ရရှိလာပါလိမ့်မည်။

စီအီးအိုဝမ် စိတ်ဝင်စားသွားပါပြီ။

Wanda လည်း ရှယ်ယာတစ်စုလောက် ရနိုင်လျှင် အနာဂတ်တွင် ငွေတွေ အဆုံးမရှိအောင် ရလာနိုင်သည်။

အမှန်ပင်။ အလွန်တော့ ခက်ခဲပါလိမ့်မည်။ ဒီနည်းပညာကို တကယ်အသုံးချမယ်ဆို လင်းဖန်နဲ့ အလုပ် အတူတူလုပ်ခွင့်ရဖို့ လူပေါင်းများစွာ ယှဉ်ပြိုင်ကြလိမ့်မည်။

လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်သည်။ "အားလုံးပဲ ဒီနည်းပညာက အဆင့်မြင့်ပြီးသား အဆင့်ကို ရောက်နေပါပြီ။ ဒါပေမယ့် အသုံးပြုဖို့ကတော့ အချိန်အကြာကြီး လိုအပ်ပါဦးမယ်။ အခု လောလောဆယ် နိုင်ငံတော်ထဲမှာ ဒီလိုကုမ္ပဏီမှ မရှိတာ။ အဲ့တာကြောင့် ကျားရှင်းဖျော်ဖြေရေးက ဒီလိုကုမ္ပဏီမျိုးကို စတင်တည်ထောင်မယ့်သူပဲ။ ဒါပေမယ့် ဒီနည်းပညာကို လက်တွေ့ ကျင့်သုံးချင်တယ်ဆိုရင် ငွေတွေ အများကြီး လိုအပ်လိမ့်မယ်။ ဘီလီယံဆယ်ချီပြီးတော့တောင် ဖြစ်နိုင်တယ်။ ကျွန်တော်တို့ ဖြည်ဖြည်းချင်း ကြိုးစားထိန်းညှိသွားမှာပါ။။ ဒါပေမယ့် အောင်မြင်မယ်ဆိုရင် တစ်ကမ္ဘာလုံးကို ဦးဆောင်နိုင်ပြီ။ စီးပွားရေးအကျိုးအမြတ်တွေအကြောင်း အားလုံး သိကြမှာပါ"

"အဲ့တာကြောင့် ဒီနေ့ လုပ်ငန်းတွေ့ဆုံပွဲပြီးသွားတဲ့အခါကျရင် စိတ်ဝင်စားတဲ့ ကုမ္ပဏီတိုင်းက ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ လာဝင်ထားလို့ ရပါတယ်။ တစ်ချိန်တည်းမှာပဲ အကြီးဆုံးရှယ်ယာဝင်ဖြစ်တဲ့ ကျားရှင်းဖျော်ဖြေရေးက ငွေအများဆုံး ထည့်သွင်းသွားမှာပါ။ နောက်ပိုင်းကျမှ အသေးစိတ် ဆက်ပြောကြတာပေါ့။ ဒါပေမယ့် ဒီနေ့ကနေ စတင်ပြီး ဒီအစီအစဉ်ကို တရားဝင် စတင်လိုက်ပါပြီ" လင်းဖန် ပြုံးကာ ပြောလိုက်လေသည်။

ထိုအချိန်တွင် ကောင်းရုန် ထွက်သွားပြီ ဖြစ်ကာ လင်းဖန်ရဲ့ စကားတွေကို မကြားခဲ့ပါ။

လင်းဖန် မောင်းသူမဲ့နည်းပညာကိုထုတ်ပြတော့ အားကျပြီး စိတ်ဝင်စားသွားတဲ့လူတွေ ဘယ်လောက်တောင်ရှိလဲ ကောင်းရုန် သိမသွားခဲ့ပါ။

ရွှေတွင်းကြီးတစ်ခုကို တွေ့လိုက်ရသလိုပင်။ ဝင်ရောက်နိုင်တာနဲ့ ငွေတွေ အများကြီး ရကြပါလိမ့်မည်။

Wanda ၏ စီအီးအိုဝမ်တောင် မက်မောသွားရသည်။

ပြောစရာမလိုအောင် Alibaba ၏ စီအီးအိုမာလည်း ပြုံးလိုက်သည်။

ယခု ရှိနေကြတဲ့ စီးပွားရေး အကျော်အမော်ကြီးများအားလုံးက အမြင်ကောင်းကြပါသည်။ ဒီစီးပွားရေး အခွင့်အလမ်းကို အားလုံး မြင်ကြသည်။

ဖြစ်နိုင်ရင် ထိုအကျော်အမော်ကြီးများက လင်းဖန်ကို ဝန်းရံပြီးကြလောက်ပါပြီ။

ဘီလ်ဂိတ်တောင် မျက်လုံးတွေ ဝိုင်းစက်သွားရသည်။

ဒီနည်းပညာကို အသုံးပြုနိုင်ပါက သူ ငွေတွေ ဘယ်လောက်ရနိုင်မလဲ။

စီးပွားရေးအကျော်အမော်ကြီးများအားလုံး စိတ်ဝင်စားသွားသည်။

ဘီလ်ဂိတ်မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။ "ဘော့စ်လင်း၊ လုပ်ငန်း အတူတူ ပူးပေါင်းဖို့အတွက် ဆွေးနွေးဖို့ အချိန်ရှိမလား"

လင်းဖန်က ပြုံးကာ ပြောလိုက်သည်။ "ခုနက ခင်ဗျား ပြောတာ အဲ့လို မဟုတ်ပါဘူး။ ကောင်းမိသားစုကို ထောက်ခံပြီး ကျွန်တော်တို့ကို တိုက်ခိုက်မယ်ဆို။ တကယ်တော့ ဒီနည်းပညာကို နိုင်ငံခြားကုမ္ပဏီတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်လို့ ရတယ်။ အစွမ်းအစရှိတဲ့ နိုင်ငံခြားကုမ္ပဏီတွေလည်း အများကြီးရှိမယ်ထင်တယ်"

ဘီလ်ဂိတ် တုန်လှုပ်သွားလေသည်။ "မဟုတ်ဘူး မဟုတ်ဘူး။ ဘော့စ်လင်း ကျုပ် ဘယ်တုန်းက အဲ့လိုပြောလို့လဲ။ ကောင်းရုန်ကို ကျုပ် သင်ခန်းစာ ပေးလိုက်ပါ့မယ်။ ဘော့စ်လင်းကိုများ သူက တိုက်ခိုက်ရဲသေးတယ်"

ဘီလ်ဂိတ်၏ စကားကို ကြားသောအခါ လင်းဖန် ပြုံးလိုက်ပါသည်။

စီးပွားရေးလောကတွင် အရေးအကြီးဆုံးအရာက အကျိုးအမြတ်ပဲ ဖြစ်သည်။

ထာဝရမိတ်ဆွေ ထာဝရရန်သူဆိုတာ မရှိပေ။

လင်းဖန်က မောင်းသူမဲ့နည်းပညာတစ်ခုကိုသာ ထုတ်ပြရသေးသည်။ ယခု ရှိနေသည့် စီးပွားရေး အကျော်အမော် အားလုံးနီးပါးကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဘီလ်ဂိတ်တောင် ခြွင်းချက် မရှိပေ။

ဒါဆို.... ကောင်းကော်ပိုရေးရှင်း ကျိန်းသေ ပျက်စီးသွားပါတော့မည်။

All Chapters