← Chapters

စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်တို့ရဲ့ ပူးပေါင်းမှု

Vol. 29 Ch. 425

စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်တို့ရဲ့ ပူးပေါင်းမှု

Vol. 29 Ch. 425

ဘီလ်ဂိတ်ရဲ့ သဘောထား ပြောင်းလဲသွားတာကိုမြင်သောအခါ စီးပွားရေးအကျော်အမော်များစွာ တုန်လှုပ်သွားခဲ့ကြသည်။

သူက ဘီလ်ဂိတ် ဖြစ်သည်။

ဘီလ်ဂိတ်တောင် လင်းဖန်ကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါသည်။

လင်းဖန် မောင်းသူမဲ့နည်းပညာကို ထုတ်ပြလိုက်တာနဲ့ ယခု ရှိနေသည့် လူတိုင်းကို သိမ်းသွင်းပြီးသား ဖြစ်သွားသည်။

မောင်းသူမဲ့နည်းပညာက တစ်ကမ္ဘာလုံးမှာ မကြုံစဖူး နည်းပညာ တစ်ခု ဖြစ်သည်။

အဆင့်မြင့် မောင်းသူမဲ့နည်းပညာ ဖြစ်ပါက တစ်ကမ္ဘာလုံးမှာ အသုံးချလိုက်လျှင် ကမ္ဘာကြီးရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပြီး တစ်ကမ္ဘာလုံးကိုတောင် ပြောင်းလဲသွားစေလိမ့်မည်။

ရရှိနိုင်တဲ့ စီးပွားရေး အကျိုးအမြတ်တွေက တခြား ဘာနဲ့မှ မယှဉ်နိုင်ပါ။

ဘီလ်ဂိတ်က Microsoft ၏ ဖောင်ဒါ ဖြစ်သည်။ ဒီနယ်ပယ်မှာ ပြီးပြည့်စုံမှုရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီးသားလူ ဖြစ်သည်။

Microsoft နဲ့ ဘီလ်ဂိတ်တို့ရဲ့ အကူအညီကိုသာ ရခဲ့ပါက မောင်းသူမဲ့နည်းပညာကို ဆက်လက် အဆင့်မြှင့်တင်ဖို့ ကျိန်းသေပေါက် အများကြီး ပိုရိုးရှင်းသွားပါလိမ့်မည်။

ထိုအချိန်ကျရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ စီးပွားရေး အကျိုးအမြတ်တွေ ဘယ်လောက် ရလာလိုက်မလဲ။

ကားကုမ္ပဏီများစွာနဲ့လည်း ပူးပေါင်းရနိုင်သည်။

ထိုကားကုမ္ပဏီတွေအားလုံးမှာ အဆင့်မြင့် မောင်းသူမဲ့နည်းပညာ ရှိနေပါက သူတို့ကားတွေကို လူဘယ်နှယောက်တောင် ဝယ်ချင်လာကြမလဲ။

ကျားရှင်းဖျော်ဖြေရေးက အနုပညာလောက အထွတ်အထိပ်ကို ရောက်ရှိနေရုံတင်မကဘဲ နည်းပညာကိုလည်း လမ်းညွှန်ပေးနေပါသည်။

နည်းပညာအရဆိုရင် ကျားရှင်းဖျော်ဖြေရေး အောင်မြင်လာလောက်သည်။

ထို့အပြင် ဒီမောင်းသူမဲ့နည်းပညာက နိုင်ငံတော်မူပိုင်ခွင့်တစ်ခုတောင် ရထားပြီးပါပြီ။

နိုင်ငံတော်မူပိုင်ခွင့်ကို ရရှိလိုက်ခြင်းက နိုင်ငံတော်၏ ထောက်ခံချက်ကို ရရှိလိုက်တာနဲ့ အတူတူပဲ ဖြစ်သည်။

ဒါဆို.... လုပ်ဖို့ ကျန်တာက ဒီလိုနည်းပညာကို ကောင်းကောင်း အသုံးချဖို့သာ ဖြစ်သည်။ ပြဿနာ တစ်ခုခု ရှိလာပါက အဆင့်မြှင့်တင်ရမည်။

ကုမ္ပဏီကို တည်ထောက်ပြီးနောက် ရှေ့ပြေး နမူနာ တစ်ခု ဖန်တီးပြီး ရင်းနှီးမြှုပ်နှံနိုင်သည်။ အောင်မြင်သွားပါက အမြောက်အများ အသုံးပြုနိုင်ပါလိမ့်မည်။

ထို့ကြောင့် ဒါကလည်း ဘီလ်ဂိတ် စိတ်ဝင်စားသွားရတဲ့ အကြောင်းအရင်း ဖြစ်ပါသည်။

လင်းဖန်ရဲ့ မျက်နှာထား ပျော့ပြောင်းသွားတာကို မြင်ပြီး ဘီလ်ဂိတ် ပြုံးလိုက်သည်။

"ဘော့စ်လင်းက သဘောကောင်းမှန်း သိပြီးသားပါ။ စိတ်မပူပါနဲ့ ဘော့စ်လင်း။ ကျုပ်တို့ကုမ္ပဏီနှစ်ခုက အနာဂတ်မှာ အကောင်းဆုံး စီးပွားရေးပါတနာတွေ ဖြစ်လာကြမှာပါ။ ကုမ္ပဏီတည်ထောင်ပြီးသွားရင် ရက်ပိုင်းလောက် တရုတ်ကို လာပြီး ဘော့စ်လင်းနဲ့ လူချင်းတွေ့ဆုံပြီးတော့ မောင်းသူမဲ့နည်းပညာကို စစ်ဆေးကြည့်ဦးမယ်။ ဘော့စ်လင်း သဘောတူဖို့ မျှော်လင့်ပါတယ်"

လင်းဖန်က ပြုံးသာ ပြုံးပြီး ဘာမှ ပြန်မပြောခဲ့ပေ။

ဘာပဲဖြစ်ဖြစ် ဒီနည်းပညာ အဆင့်မြင့်သွားပြီး အသုံးပြုနိုင်ပြီဆိုတာနဲ့ ထုတ်ပေးနိုင်တဲ့ စီးပွားရေး အကျိုးအမြတ်များက ဘာနဲ့မှ နှိုင်းယှဉ်လို့ မရနိုင်ပေ။

ဘီလ်ဂိတ်က စုရှောင်းယွီကိုလည်းကြည့်ကာ တောင်းတောင်းပန်ပန်ဖြင့် ပြောလိုက်ပါသည်။ “မိန်းကလေးစု ခုနက ကျုပ်အမှားပါ။ စိတ်မဆိုးပါနဲ့။ နောက်ပိုင်း ဘော့စ်လင်းဘက်မှာပဲ ရပ်တည်ပေးဖို့ Microsoft က ဆုံးဖြတ်လိုက်ပါပြီ"

ဘီလ်ဂိတ် ပြောလိုက်တာက ကောင်းမိသားစုကို အသူရာချောက်နက်ထဲ တွန်းချလိုက်သလိုပင်။

ဘီလ်ဂိတ်ကိုတောင် လင်းဖန် သိမ်းသွင်းနိုင်ခဲ့ပါသည်။ ကောင်းမိသားစုရဲ့ ကံကြမ္မာကို ကြိုတွေးလို့တောင် ရနေလေပြီ။

စုရှောင်းယွီက မျက်လုံးလှလှလေးများကို ပင့်ပြီး ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Microsoft က ဆရာနဲ့ အတူတူ အလုပ်လုပ်နိုင်လောက်မှာ မဟုတ်ဘူး။ သူနဲ့ အလုပ် လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းက Microsoft ရဲ့ ရိုးသားမှန်ကန်မှုအပေါ်မှာပဲ မူတည်တယ်"

ဘီလ်ဂိတ်က ခေါင်းငြိမ့်လိုက်သည်။ "စိတ်မပူပါနဲ့ ဘော့စ်လင်း။ Microsoft က ကျိန်းသေပေါက် ခင်ဗျားနဲ့ အတူတူ အလုပ်တွဲလုပ်ရဖို့ ရိုးသားမှန်ကန်မှုကို အကောင်းဆုံး ထုတ်ပြသွားမှာပါ"

စီအီးအိုဝမ်က ဖုန်းချပြီးနောက် လင်းဖန်ဘေးကို လျှောက်လာပြီး ပြုံးလိုက်ပါသည်။

"ဘော့စ်လင်း ကျုပ်တို့ Wanda မှာလည်း အရမ်း အားကောင်းတဲ့ စီးပွားရေး ဖောင်ဒေးရှင်းတစ်ခု ရှိပါတယ်။ ဒီမောင်းသူမဲ့နည်းပညာကလည်း ပရောဂျက် အကြီးစားကြီး တစ်ခုပဲ။ ဘော့စ်လင်း ကျုပ်တို့ Wanda နဲ့ ပူးပေါင်းဖို့ စဉ်းစားပေးပါလား။ ကျုပ်တို့ရဲ့ စေတနာကို ပြသဖို့ Wanda က ပြိုင်ပွဲမှာ ဝင်ပါဖို့အတွက် အသင့်တော်ဆုံး စျေးနှုန်း ကမ်းလှမ်းပေးမှာပါ။ ဘော့စ်လင်း ကျုပ်တို့ Wanda ကို အခွင့်အရေးတစ်ခုလောက် ပေးဖို့ မျှော်လင့်မိပါတယ်" စီအီးအိုဝမ် ပြောလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် စီအီးအိုဝမ်က Wanda ၏ ဘော့စ် ဖြစ်သည်။ သူကလည်း ပါးနပ်တဲ့ စီးပွားရေးသမားတစ်ယောက်ပင်။

ကောင်းမိသားစုကို ကူညီလိုက်ခြင်းက အိမ်ခြံမြေလောကထဲမှာ အခွင့်အလမ်းတချို့ ရလာနိုင်ပြီး ငွေတချို့ ပိုရနိုင်လိမ့်မည်။ ဒါ့ကြောင့်လည်း ကောင်းမိသားစုကို ကူညီဖို့ စီအီးအိုဝမ် လက်ခံခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် စီးပွားရေးနဲ့ ပတ်သက်လာရင် အကျိုးအမြတ်ရှိမှသာ တစ်သက်တာမိတ်ဆွေဖြစ်နိုင်မှန်း ထိပ်တန်းစီးပွားရေးအကျော်အမော်ကြီးများအားလုံး သိထားပြီးသား ဖြစ်သည်။

အဆင့်မြင့်မောင်သူမဲ့နည်းပညာက ခေတ်တစ်ခေတ်ကို ပြောင်းလဲဖို့အထိ လုံလောက်သည်။ အိမ်ခြံမြေလောကမှာ Wanda က ကောင်းမိသားစုနဲ့ လုံးဝ စည်းနှောင်ထားဖို့ မလိုအပ်ပါ။

လင်းဖန်လည်း အိမ်ခြံမြေလုပ်ငန်း လုပ်နိုင်သည်။ အိမ်ခြံမြေလုပ်ငန်း လုပ်နိုင်အောင် လင်းဖန်ကို Wanda က ကူညီပေးနိုင်သည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်ရဲ့ နောက်ခံအင်အားက ကြောက်ဖို့ကောင်းလောက်အောင် ကြီးမားလွန်းပါသည်။

စုရှောင်းယွီ၊ ဘော့စ်မာ၊ ယခုတော့ ဘီလ်ဂိတ်ပါ ပါလာခဲ့ပြီ။ ဘယ်သူ ခံနိုင်ရည်ရှိမှာလဲ။

ကံကောင်းစွာဖြင့် ဂျော့ဘ်တော့ မရှိပေ။ ဂျော့ဘ်ပါ လာလာပါက ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားလိမ့်မည်။

လင်းဖန်ရဲ့ နောက်ခံအင်အား တစ်ခုတည်းနဲ့ စီအီးအိုဝမ် သူနဲ့ အလုပ်လုပ်ချင်သွားခဲ့ပါသည်။

လင်းဖန်နဲ့ ပူးပေါင်းလိုက်ပါက Wanda အထွတ်အထိပ်ကို ရောက်နိုင်လိမ့်မည်။ ထို့အပြင် ကုမ္ပဏီအကြီးစားများစွာက လင်းဖန်နဲ့ ပူးပေါင်းဖို့ ရောက်လာမည်ဟု စီအီးအိုဝမ်က ခန့်မှန်းထားပြီးသား ဖြစ်သည်။

နိုင်ငံတော်ကတောင် ဒီနည်းပညာကို ထောက်ခံပေးလိမ့်မည်။ အဆင့်မြင့်နည်းပညာအဖြစ် သုံးနိုင်ပါက ကမ္ဘာတစ်ဝှမ်းလုံးကလူတွေလည်း ထောက်ခံပေးလိမ့်မည်။

လင်းဖန်က Wanda ၏ စီအီးအိုကိုကြည့်ပြီး ပြုံးလိုက်သည်။ "စီအီးအိုဝမ်။ ခုနက ကျွန်တော်တို့ ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ အစီအစဉ် မရှိဘူးဆို"

စီအီးအိုဝမ်က ရှက်ရွံ့စွာ ပြုံးလိုက်သည်။ "အဲ ဒီတိုင်းနောက်တာပါ။ ဘော့စ်လင်းနဲ့ မပူးပေါင်းစရာ အကြောင်း ရှိပါ့မလား။ ကျုပ်ကိုယ်ကျုပ် အပြစ်ပေးသင့်တယ်။ ဘော့စ်လင်း နှစ်ယောက်စလုံးက စီးပွားရေးသမားတွေပဲ။ အဲ့တာကြောင့် တဲ့တိုးပဲ ပြောပါ့မယ်"

"Wanda ရဲ့ စေတနာကို ပြသဖို့အတွက် စီအီးအိုလင်း အိမ်ခြံမြေလုပ်ငန်းထဲ ဝင်ရောက်ဖို့ Wanda က ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးပါ့မယ်။ တစ်ချိန်တည်းမှာပဲ အိမ်ခြံမြေလုပ်ငန်းလုပ်ဖို့ Wanda ရဲ့ အရင်းအမြစ်တွေကို စီအီးအိုလင်း သုံးလို့ ရတယ်။ စီအီးအိုလင်း အိမ်ခြံမြေလောကမှာ ဘယ်လောက်ပဲ အလိုရှိပါစေ စီအီးအိုလင်း ပြောလိုက်တာနဲ့ Wanda က ကျိန်းသေ သဘောတူမယ်ဆိုတာ ကျုပ် အာမခံနိုင်ပါတယ်" စီအီးအိုဝမ်က ပြောလိုက်ပါသည်။

၂ ဘီလီယံကို လင်းဖန်ရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံပေးလိုက်သည်။

ဒါက အတော်လေး များပြားသည့် ငွေပမာဏ ဖြစ်ပါသည်။

ငွေကြေး ၂ ဘီလီယံနဲ့ လင်းဖန်အပေါ် Wanda ရဲ့ စေတနာကို ပြသဖို့ လုံလောက်သွားပါပြီ။

"ဘော့စ်လင်း။ ဒါ အစပဲ ရှိသေးတယ်။ နည်းပညာပိုင်းမှာ Wanda ကို အခွင့်အရေး ပေးပါ။ ဒီလို ပရောဂျက်မျိုးက ငွေတွေ အများကြီး လိုအပ်မှန်း စီအီးအိုမာကော ကျွန်တော်ကော သိကြတယ်။ Wanda လည်း အဲ့ဒီငွေတွေအတွက် တစ်စိတ်တစ်ပိုင်းက အားဖြည့်ပေးနိုင်ပါတယ်" စီအီးအိုဝမ်က နွေးထွေးသောအပြုံးဖြင့် ပြောလိုက်ပါသည်။

စီအီးအိုဝမ်က ၂ ဘီလီယံ ပေးမည် ဆိုတာကို လင်းဖန်ကြားလိုက်တာ့ ပြုံးလိုက်သည်။

ကျားရှင်းဖျော်ဖြေရေးသာ နည်းပညာကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ချင်ပါက ငွေတွေ အများကြီး လိုအပ်ပါလိမ့်မည်။ ထို့အပြင် နည်းပညာကုမ္ပဏီနဲ့ ဖျော်ဖြေရေးကုမ္ပဏီက မသက်ဆိုင်ကြပေ။ ထို့ကြောင့် တည်နေရာသစ်တစ်ခုကို ရွေးချယ်ပြီး ကုမ္ပဏီအား ပြန်လည် ဒီဇိုင်းဆွဲ ပြုပြင်ရမည်။

ပြီးသွားပါက လူတွေ ခန့်အပ်ဖို့ လိုသေးသည်။ ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ဖို့က အလွန်ခက်ခဲပြီး ဒါတွေ အကုန်လုပ်ဖို့က ငွေတွေ အများကြီး လိုအပ်ပါသည်။

ငွေမရှိပါက ရှေ့ဆက်တိုးဖို့ ခက်လိမ့်မည်။

လင်းဖန်က စုမိသားစုကို ကူညီဖို့အတွက် ရှိသမျှ ထုတ်ပေးခဲ့သည်။ ယခု သူ့မှာ လက်ကျန် များများစားစား မရှိပေ။

စီအီးအိုဝမ်ရဲ့ ၂ ဘီလီယံက လင်းဖန် အရေးပေါ် လိုအပ်နေတာနဲ့ အတော်ပဲ ဖြစ်သွားသည်။

ယခု စီအီးအိုဝမ်ကော ဘီလ်ဂိတ်ကော လင်းဖန်ကို ထောက်ခံမည်ဖြစ်ကြောင်း ကြေညာလိုက်ပါပြီ။

ထို့နောက် အိမ်ခြံမြေလောကထဲတွင် ကောင်းကော်ပိုရေးရှင်းကို ဖျက်ဆီးဖို့ လင်းဖန် အစွမ်းကုန်သုံးနိုင်ပါပြီ။

All Chapters