← Chapters

ကောင်းမိသားစုကို ဖျက်ဆီးခြင်း

Vol. 29 Ch. 426

ကောင်းမိသားစုကို ဖျက်ဆီးခြင်း

Vol. 29 Ch. 426

လင်းဖန်လည်း စီအီးအိုဝမ်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ပြုံးလိုက်ပါသည်။ "စီအီးအိုဝမ် ကျွန်တော် လက်ခံပေးပါ့မယ်။ စီအီးအိုဝမ်ရဲ့ စိတ်အားထက်သန်မှုကို ကျွန်တော် နားလည်သွားပါပြီ။ ကျွန်တော် ဒီ ၂ ဘီလီယံကို လက်ခံပါတယ်။ အိမ်ခြံမြေလောကထဲမှာ စီအီးအိုဝမ်နဲ့ ကျိန်းသေပေါက် ပူးပေါင်းမှာပါ"

လင်းဖန် ငွေကို လက်ခံလိုက်တာကို မြင်တော့ စီအီးအိုဝမ် ပျော်ရွှင်သွားပါသည်။

သူ ငွေကို လက်ခံလိုက်တာနဲ့ ဘာမဆို လုပ်ဖို့ လွယ်ကူသွားပါပြီ။

Wanda ကလည်း လင်းဖန်နဲ့အတူတူ လုပ်ငန်း ပူးပေါင်းဖို့ အစီအစဉ်ရှိသည်။ ဒီမောင်းသူမဲ့နည်းပညာကို ရရှိလိုက်တာနဲ့ နောက်ပိုင်း သူ ငွေတွေ ဘယ်လောက်တောင် ရလာမလဲဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။

စီအီးအိုဝမ်ရဲ့ အကျင့်စရိုက်အကြောင်း လင်းဖန် အကြမ်းဖျင်း သိထားပါသည်။ စီးပွားရေးလုပ်တာနဲ့ ပတ်သက်လာရင် ဘယ်တော့မှ မသဲမကွဲ မလုပ်တတ်ပါ။

စီအီးအိုဝမ်ကိုကြည့်ကာ လင်းဖန် ပြုံးလိုက်၏။ "ဒါဆို ကောင်းမိသားစုအကြောင်း ပြောရအောင်။ ကောင်းမိသားစုက အရမ်း စွမ်းအားကြီးတယ်။ အိမ်ခြံမြေလောကထဲမှာ သူတို့ရဲ့ သက်ရောက်မှု ကြီးတယ် ဆိုတာကို ငြင်းပယ်လို့ မရနိုင်ဘူး"

စီအီးအိုဝမ်ချက်ချင်းပဲပြောလိုက်ပါသည်။ "ဘော့စ်လင်း ကျုပ်စေတနာကို ထုတ်ပြပြီးပြီပဲ။ ကောင်းမိသားစုအတွက်တော့ စိတ်ပူမနေနဲ့။ အိမ်ခြံမြေလောကထဲမှာ Wanda က အမြဲတမ်း မစ္စတာလင်း ဘေးမှာပဲ ရပ်တည်ပေးမှာပါ"

ထိုစကားကိုကြားလိုက်တော့ လင်းဖန် ပြုံးလိုက်ပါသည်။ စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်တို့ကို သူ သိမ်းသွင်းနိုင်ခဲ့ပါပြီ။

နောက်ထပ်လုပ်ဖို့လိုတာဆိုလို့ ကောင်းမိသားစုကို ပြန်ပေးဆပ်ရအောင် လုပ်ဖို့ ဖြစ်သည်။

စီအီးအိုဝမ်နဲ့ ဆက်ဆံရေး အတည်ပြုပြီးနောက် စီးပွားရေးအကျော်အမော်ကြီးတွေလည်း ဘက်ပြောင်းကုန်ကြပါသည်။

"ဘော့စ်လင်း ကျုပ်တို့ကုမ္ပဏီနဲ့ ပူးပေါင်းဖို့ပါ စဉ်းစားပေးလို့ရမလား။ ကျန်တာ ဘာမှ စိတ်မပူနဲ့။ ကျုပ်တို့ ကုမ္ပဏီက ငွေတွေ အများကြီး ရှိပြီးတော့ အထောက်အကူပြုနိုင်မှာပါ။ ဘော့စ်လင်း။ အချိန်တန်ရင် ကျုပ်တို့ကို ဆက်သွယ်ပေးပါ။ ဒါ ကျုပ်ရဲ့ လုပ်ငန်းကတ်ပဲ။ ခင်ဗျားနဲ့ အလုပ် အတူတူ တွဲလုပ်ရရင် ကျုပ်တို့ ကုမ္ပဏီ ဂုဏ်ယူမိမှာပါဗျာ" လူဝကြီးတစ်ယောက်က လုပ်ငန်းကတ်ကို လင်းဖန်အား ပေးလိုက်ပါသည်။

"ဘော့စ်လင်း ကျုပ်က Volkswagen ရဲ့ ဒုဥက္ကဌပါ။ ခင်ဗျားရဲ့ မောင်းသူမဲ့နည်းပညာကို ကျုပ် အရမ်း စိတ်ဝင်စားတယ်။ ခင်ဗျား ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ ကုမ္ပဏီက အခမဲ့စမ်းသပ်ပေးပါ့မယ်။ တစ်ခုခု အမှားအယွင်းဖြစ်သွားရင်လည်း ကျုပ်တို့ကပဲ တာဝန်ယူပေးပါ့မယ်။ ပြီးတော့ ကျုပ်တို့ရဲ့ စေတနာကို ပြသဖို့အတွက် သန်း ၈၀ ယွမ်ကို ပေးသွားမှာပါ"

"ဘော့စ်လင်း ကျုပ်တို့ ကုမ္ပဏီက သန်း ၉၀ ထုတ်ပေးနိုင်တယ်။ ကျုပ်တို့ သန်း ၉၀ ရင်းနှီးမြှုပ်နှံလို့ ရမလားဗျ"

"ဒီပရောဂျက်က တရုတ်နိုင်ငံရဲ့ အနာဂတ်ပဲ။ အနာဂတ်မှာ ကျုပ်တို့ ငွေတွေအများကြီး ရနိုင်တယ်။ ဘော့စ်လင်း။ ကျုပ်တို့ကုမ္ပဏီကလည်း ရင်းနှီးမြှုပ်နှံချင်ပါတယ်။ ငွေက အများကြီး မဟုတ်ပေမယ့် သန်း ၆၀ လောက်တော့ ရင်းနှီးပေးနိုင်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ ကြိုးစားမှာပါ။ ဘော့စ်လင်း ကျုပ်တို့ကုမ္ပဏီကို လက်ခံပေးဖို့လည်း စဉ်းစားပေးပါဦး"

အားလုံးရဲ့ စိတ်အားထက်သန်မှုကိုကြည့်ရင်း လင်းဖန် တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "ကျွန်တော်တို့ စဉ်းစားပေးလို့ ရပါတယ်။ ဒါပေမယ့် ကုမ္ပဏီတည်ထောင်ပြီးတဲ့အထိ အားလုံးစောင့်ရမယ်။ အားလုံး အလုပ် အတူတူ တွဲလုပ်ဖို့ စိတ်ကူးရှိတယ်ဆိုရင် ကျားရှင်းဖျော်ဖြေရေးကို ဆက်သွယ်ပေးကြပါ။ ကျားရှင်းဖျော်ဖြေရေးက ရည်မှန်းချက်ရှိတဲ့ လူတိုင်းကို လက်ခံတယ်။ အဲ့ဒီနောက် လုပ်ငန်းပူးပေါင်းမှုအတွက် အသေးစိတ် ဆွေးနွေးကြတာပေါ့"

အကျော်အမော်ကြီးများကို နှုတ်ဆက်ပြီးနောက် ဘော့စ်မာကို လင်းဖန် ကြည့်လိုက်သည်။

စီအီးအိုမာ တစ်ယောက်တည်းသာ ကျန်ပါတော့သည်။ စီအီးအိုမာက လင်းဖန်ကို ကြည့်ကာ လက်မထောင်ပြလိုက်ပါသည်။

"ဘော့စ်လင်းရဲ့ အဖွဲ့ ဒီလောက်ကောင်းတဲ့ နည်းပညာတွေ ဖန်တီးနိုင်မယ်လို့ တကယ် မထင်ထားဘူး။ Alibaba ကိုလည်း ပါဝင်ခွင့် ပေးရမယ်နော်။ ဘယ်လိုအကူအညီမျိုးပဲလိုလို Alibaba က ကူညီပေးနိုင်တယ်။ ပြီးတော့ ဒီနည်းပညာကို ဖွံ့ဖြိုးဖို့က အချိန်တွေ အများကြီးနဲ့ ငွေတွေ အများကြီး လိုတယ်။ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ ဟုတ်ပါတယ်။ မင်း မအောင်မြင်နိုင်တဲ့ အန္တရာယ်လည်း ရှိနေတယ်။ ဘာပဲဖြစ်ဖြစ် ငါ မင်းကို ယုံကြည်ထားပြီးသားပါ" စီအီးအိုမာက အံ့အားသင့်နေသော မျက်လုံးများဖြင့် ပြောလိုက်ပါသည်။

လင်းဖန်လို ပါရမီရှင်တစ်ယောက်က သူ့ကို စိတ်ပျက်စေမှာ မဟုတ်မှန်း ကြိုသိပြီးသား ဖြစ်သည်။

စီအီးအိိုမာ ပြောပြီးတာနဲ့ လင်းဖန်ကို ပခုံးပုတ်ကာ အပြုံးဖြင့် ပြန်သွားတော့သည်။

လင်းဖန်ဘေးမှာ ကောင်မလေး ၃ ယောက်သာ ကျန်ခဲဲ့သည်။ ရှားဝမ်ချွေ့၊ စုမူချင်း၊ စုရှောင်းယွီတို့ ဖြစ်ကြပါသည်။

စုရှောင်းယွီက သူမရဲ့ ကျယ်ဝန်းနေသော မျက်လုံးများကို တဖျပ်ဖျပ်ခတ်ပြီး သကြားလုံးကို ကိုင်ထားသည်။ လင်းဖန် ဘေးနား လျှောက်လာကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။

"ဆရာက တကယ်တော်တာပဲ။ ကောင်းမိသားစုကို တစ်ယောက်တည်း အနိုင်ယူသွားတာ။ အခု ကောင်းမိသားစု အခြေအနေ မကောင်းတော့ဘူး။ သူတို့ရဲ့ ကျောထောက်နောက်ခံ အားလုံးကို ဆရာက သိမ်းသွင်းလိုက်ပြီ"

လင်းဖန်လည်း ပြုံးကာ ပြန်ပြောလိုက်ပါသည်။ "ဒါအစပဲ ရှိသေးတယ်။ ကောင်းမိသားစုကို အမြစ်ဖြတ်ချင်တာဆိုရင် အချိန်လိုလိမ့်မယ်။ ဒုက္ခလည်း များလိမ့်မယ်။ ကောင်းကော်ပိုရေးရှင်းရဲ့ အနှစ်ချုပ် အင်အားက အရမ်း သန်မာနေတုန်းပဲ"

စုရှောင်းယွီက သူမရင်ဘတ်ကို ပုတ်လိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ငါ့တာဝန်သာ ထားလိုက်။ ဘာမှ ပြောင်းလဲမသွားဘူး။ ၃ ရက်အတွင်း ကောင်းမိသားစု လုံးဝ ဒေဝါလီခံသွားရမယ်။ အဲ့အချိန်ကျရင် ကျန်းမြို့တော်မှာ အိမ်ခြံမြေအများစုကို ဆရာပဲ ပိုင်ဆိုင်သွားလိမ့်မယ်။ ဒါပေမယ့် ငွေတွေ အများကြီးတော့ ကြိုပြင်ထားဖို့ လိုအပ်လိမ့်မယ်။ ဒါ အခြေအနေကို အခွင့်အကောင်းယူတာလို့ ခေါ်တယ်"

လင်းဖန် ခေတ္တ စဉ်းစားပြီး ပြောလိုက်ပါသည်။ "ဘယ်လောက် လိုတာလဲ"

စုရှောင်းယွီခေါင်းစောင်းလိုက်သည်။ "အင်း... အဲ့အချိန်ကျရင် ၁၀ ဘီလီယံကျော်လောက် ပြင်ဆင်ထားလိုက်~ နောက်ထပ် ၁၀ ဘီလီယံ ရှာပေးဖို့ ငါကူညီပေးမယ်။ အဲ့ကျရင် ကောင်းမိသားစုဆီက ပိုင်ဆိုင်မှု ဘီလီယံရာဂဏန်းကို ငါဝယ်နိုင်တယ်။ ကောင်းမိသားစု လက်မခံဘူးဆိုရင် ဒေဝါလီ ခံသွားရလိမ့်မယ်"

"ဟုတ်တာပေါ့။ သူတို့ လက်ခံလိုက်ရင်လည်း သူတို့ အကြွေးတွေ အများကြီးအတွက် အကူအညီ မဖြစ်ဘူး။ ဆရာက ကောင်းမိသားစုရဲ့ ပိုင်ဆိုင်မှုလုပ်ငန်းတွေအားလုံးကို သိမ်းပိုက်လိုက်လို့ ရပြီ။ အဲ့ဒီ ပိုင်ဆိုင်မှုလုပ်ငန်းတွေက နှစ်တိုင်း အကျိုးအမြတ် အများကြီး ယူဆောင်လာပေးလိမ့်မယ်" စုရှောင်းယွီ ပြုံးလျက် ပြောလိုက်ပါသည်။

"၁၀ ဘီလီယံကျော် ဟုတ်လား။ ငါ့ကို ငွေထုတ်စက်များ ထင်နေတာလား" လင်းဖန် စုရှောင်းယွီကို တုန်လှုပ်စွာ ကြည့်လိုက်ပါသည်။

အခုချိန်မှာ ၁၀ ဘီလီယံကျော်ကို ဘယ်ကရမှာလဲ။ အလွန်ခက်ခဲပါသည်။ သူ ကုမ္ပဏီတစ်ခုလည်း တည်ထောင်ဖို့ လိုသေးသည်။ ထို့အပြင် ကျားရှင်း ဖျော်ဖြေရေးကလည်း နေ့စဉ် လည်ပတ်နေဆဲ ဖြစ်၏။ ထို့ကြောင့် ငွေတွေ အများကြီး ကုန်ကျပါသည်။

လင်းဖန်က သူဌေးတစ်ယောက် ဖြစ်နေသော်လည်း အလွန် ဆင်းရဲသလို ခံစားနေရသည်။

ရှားဝမ်ချွေ့က မျက်တောင်ခတ်ပြီး သူမ၏ ဘဏ်ကတ်ကို ထုတ်ပေးလိုက်သည်။ "ရော့ ငါ့ဆီမှာ သန်း ၆၀၀၀ ကျော် ရှိတယ်~"

စုမူချင်းလည်း သူမ ဘဏ်ကတ်ကို ထုတ်လိုက်ပါသည်။ "အဲ... ဒီကတ်ထဲမှာတော့ ၂ သန်းကျော် ရှိသေးတယ်..."

လင်းဖန်က ရှားဝမ်ချွေ့ခေါင်းကို ပုတ်ပြီး ကောင်မလေးနှစ်ယောက် ဘဏ်ကတ်တွေ ထုတ်နေတာာကို တားဆီးလိုက်ပါသည်။

"ဟုတ်ပါပြီ ငါ နည်းလမ်းတစ်ခုလောက် စဉ်းစားပါရစေဦး~"

စုရှောင်းယွီ လင်းဖန်ကို ကြည့်လိုက်သည်။ "ဆရာ ငါ့ကို လာအကူအညီတောင်းလို့ရတယ်နော်။ ငါက ချမ်းသာတယ်။ ဘာဖြစ်လို့လဲ။ လူချောလေး တစ်ယောက်ကို ပိုက်ဆံချေးတာ ရှက်စရာ မဟုတ်ပါဘူး။ နောက်ပိုင်း နင်ပိုက်ဆံရလာရင် ပြန်ဆပ်လို့ ရတာပဲ"

လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်သည်။ သူ့ဘေးမှာ အလွန်ချမ်းသာတဲ့ ကောင်မလေးတစ်ယောက် ရှိနေပြီးသား ဖြစ်သည်။

သို့သော်လည်း ၁၀ ဘီလီယံဆိုတာ သာမန်လူတွေ ချက်ချင်း ထုတ်ပေးနိုင်သည့် ပမာဏမျိုး မဟုတ်ပေ။

ပိုက်ဆံချေးရတာ ခက်ပါသည်။ ဘယ်သူမှ လင်းဖန်ကို အလကားနေရင်း ၁၀ ဘီလီယံ ချေးမှာ မဟုတ်ပါ။

လင်းဖန်ခေါင်းခါလိုက်သည်။ "မဟုတ်တာ။ ငါက အဲ့လို ကုန်းဆင်းမယ့်လူမျိုးနဲ့တူနေလို့လား"

ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဟုတ်တယ်။ ငါ့ကို ၂ သန်း အကြွေးပြန်ဆပ်ရဦးမယ်"

လင်းဖန်က ရှားဝမ်ချွေ့ရဲ့ လက်ကို ကိုင်လိုက်ပါသည်။ "မဟုတ်ပါဘူး။ အဲတ့ာ ငါ့မိန်းမရဲ့ ပိုက်ဆံပဲကို။ ဘယ်တူပါ့မလဲ"

စုရှောင်းယွီ ပါးဖောင်းလိုက်သည်။ "ဟွန်း စိတ်တိုလိုက်တာ ငါ့ရှေ့မှာတောင် မရှောင်ကြတော့ဘူးလား"

လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။ "အခုမှ သတိရတယ်။ ငါ ဘဏ်သွားပြီး ချေးငွေယူလို့ ရတာပဲ။ ၁၀ ဘီလီယံကျော်လောက် ယူလို့ ရတယ်။ ဒါပေမယ့် ကောင်းမိသားစုကို အရင်ဆုံး နှိမ်နင်းမှ ဖြစ်မယ်"

စုရှောင်းယွီ မတ်တပ်ရပ်လိုက်သည်။ "ဟုတ်ပြီ ကောက်မိသားစုုကို ၃ ရက်အတွင်း ချေမှုန်းပြမယ်"

"ဟုတ်ပြီလေ။ လောလောဆယ်တော့ အဲ့အကြောင်း မပြောကြရအောင်။ အိမ်ပြန်ကြစို့။ နင်တို့အတွက် ဒီနေ့ည ငါချက်ကျွေးမယ်" လင်းဖန် ပြုံးလိုက်သည်။

စုရှောင်းယွီရဲ့ လက်ကို ကိုင်လိုက်ပြီး ကားထဲ ဝင်သွားကြပါသည်။

ရယ်မောပျော်ရွှင်ရင်းနဲ့ ရှားမိသားစုအိမ်တော်ကို ပြန်ရောက်လာခဲ့ကြပါသည်။

ထိုနေ့ည...

ကောင်းရုန်က ဗီလာကြီးထဲတွင် မတ်တပ်ရပ်နေပြီး ကျန်းမြို့တော်ရဲ့ ညရှုခင်းကို ခံစားနေပါသည်။ လက်ကို ဆန့်တန်းကာ လေပြည်လေညှင်းများကို ရှုရှိုက်လိုက်သည်။

"လင်းဖန်ကို တော်မယ် ထင်ထားတာ။ ဒီလောက် ပျော့ညံ့မယ်လို့ ထင်မထားဘူး"

"ဒီနေ့... ကောင်းမိသားစုကို လင်းဖန် ဘာလုပ်နိုင်မှာလဲ။ လင်းဖန် ငါ့မိသားစုကို ချေမှုန်းနိုင်မှာလား"

ထို့နောက် မက်ဆေ့တစ်စောင် ဝင်လာသဖြင့် ကောင်းရုန် ဖုန်းဖွင့်လိုက်သည်။

ဝုန်း။

ကောင်းရုန်၏ ခေါင်းပေါက်ကွဲထွက်သွားသည့်နှယ်။ သူ့လက်တွေလည်း တုန်ယင်လာသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...

ညစာစားပွဲက သူထွက်လာပြီး သိပ်မကြာလိုက်ပေ။ လင်းဖန်က စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်တို့ကို သိမ်းသွင်းလိုက်ပါပြီ။

ကောင်းရုန် မက်ဆေ့ကို ကြည့်လိုက်ပြီး ကြိမ်းဝါးလိုက်ပါတော့သည်။ "လင်းဖန် ခွေးမသား"

All Chapters