← Chapters

ငါ့မျက်လုံးထဲမှာ နင်ပဲရှိတယ်

Vol. 29 Ch. 427

ငါ့မျက်လုံးထဲမှာ နင်ပဲရှိတယ်

Vol. 29 Ch. 427

ကျန်းမြို့တော်၊ ရှားမိသားစုအိမ်တော်တွင်...

ကောင်မလေးများနဲ့ အတူ လင်းဖန်ပြန်လာတော့ ရှားမိသားစုထဲက လူတိုင်း မှင်သက်သွားကြသည်။

ဘာပဲဖြစ်ဖြစ် လက်ရှိလင်းဖန်က အရင်ကနဲ့ မတူတော့ပါ။

လင်းဖန်ရဲ့ သရုပ်မှန်နဲ့ နောက်ခံအင်အားကို အားလုံး သိသွားကြပြီ။ ရှားမိသားစုတစ်စုလုံးထက်တောင် ပိုပြီး စွမ်းအားကြီးပါသည်။

"ခဲအို လင်းဖန် ပြန်လာပြီ။ အစ်မကိုပါ ခေါ်လာတယ်။ ဘာလို့လဲ မသိဘူး ခဲအိုက အရမ်းချောတာပဲ"

"ခဲအိုက အရမ်းချောတယ်။ ဒီနေ့ည ပုလဲဟိုတယ်မှာ လုပ်ငန်းတွေ့ဆုံပွဲတစ်ခုအတွက် ဖိတ်ကြားခံရတယ်လို့ပါ ကြားတယ်နော်"

"ကောင်းမိသားစုနဲ့ အခြေအနေ ဘယ်လို ရှိမလဲ မသိဘူး။ ဟင်း သူတို့မိသားစု ဘယ်လောက်တော်တော် ခဲအိုကို မယှဉ်နိုင်ပါဘူး။ ခဲအိုက အခု အရမ်းတော်နေပြီ"

ကလေးမလေးများ စုစုရုံးရုံးလုပ်ကာ လင်းဖန်ကို မျက်လုံးကျယ်လေးများဖြင့် ကြည့်လိုက်ကြသည်။

ရှားကျန်းချန်လည်း ဒီမြင်ကွင်းကို စိုးရိမ်ပူပန်စွာ ကြည့်နေပါသည်။ လင်းဖန်၊ ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ မျက်နှာထားများက သိပ်ပြီး ပူပန်မှု မရှိကြောင်း တွေ့လိုက်ရမှ အနည်းငယ် စိတ်အေးသွားရသည်။

သို့သော်လည်း လင်းဖန်ကို ရှားကျန်းချန် ဘာမှ မပြောခဲ့ပါ။ သူ့ကို ဖိအား အများကြီး ပေးမိမှာ ကြောက်တာကြောင့် ဖြစ်ပါသည်။

အခန်းထဲရောက်တော့ လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။ "ပြီးတဲ့ခဲ့ရက်ပိုင်းတုန်းက သခင်ကြီးရဲ့ မွေးနေ့နော်။ ကျွန်တော် အားလုံးကို ညစာ ချက်မကျွေးခဲ့ရဘူး။ ဒီနေ့ အားလုံးအတွက် ညစာချက်ကျွေးပါ့မယ်"

လင်းဖန် ညစာချက်ကျွေးမှာကို မြင်သောအခါ ရှားလန်နဲ့ အမျိုးသမီးတချို့ ထွက်လာပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ချက်ပြုတ်ဖို့က ဒေါ်လေးတို့ အလုပ်ပါ။ နင်တို့ကို အပင်ပန်းခံခိုင်းလို့ ဖြစ်ပါ့မလား။ အခုလေးတင် ပင်ပန်းပြီး ပြန်လာကြတာကို။ နားပဲ နားကြပါ။ ကျန်တာ ဒေါ်လေးတို့ တာဝန်ယူလိုက်မယ်"

လင်းဖန် ဆက်ပြောလိုက်၏၊။ "ဒီနေ့ ကျွန်တော်က ဦးလေးနဲ့ ဒေါ်လေးတို့ကို အနားယူခွင့်ပေးတာပါ။ ကျွန်တော့်ကို ချက်ပြုတ်ခွင့်ပေး။ ဒီကာလအတွင်းမှာ ကျွန်တော် ရှားမိသားစုကို အန္တရာယ်ဖြစ်စေခဲ့တယ်။ အဲ့တာကြောင့် ကျွန်တော့်ကို ချက်ပြုတ်ခွင့်ပေးပါ"

ရှားဝမ်ချွေ့လည်း လင်းဖန်ဘေးကို လျှောက်လာပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ငါ ကူညီပေးမယ်~ ဒေါ်လေး လင်းဖန်က အချက်အပြုတ် အရမ်းကောင်းတာ။ ကြယ်ငါးပွင့် ဟိုတယ်က စားဖိုမှူးကြီးတွေထက်တောင် ပိုကောင်းသေးတယ်~ "

ထိုစကားကို ရှားလန်ကြားတော့ သိမ်မွေ့စွာ ခေါင်းခါလျက် ပြောလိုက်ပါသည်။ "ဒါဆို နင်တို့ နှစ်ယောက် အလုပ်များလိုက်ကြဦး။ အကူအညီ လိုရင်တော့ ပြောနော်။ ငါတို့က ငယ်သေးပါတယ်အေ။ ဝမ်ချွေ့က မီးဖိုချောင်ထဲ တစ်ခါမှ မဝင်ဖူးဘူးမလား။ လင်းဖန်လည်း အတူတူပဲ။ ဘယ်လောက် အရသာရှိတဲ့ စားတော်ပွဲမျိုး ချက်နိုင်မှာလဲ။ ကြယ်ငါးပွင့်ဟိုတယ်ရဲ့ စားဖိုမှူးနဲ့တဲ့ ယှဉ်နိုင်တယ်ဆိုပဲ။ ချစ်စိတ်မွှန်ရင် ဘယ်လိုကြည့်ကြည့် လှနေတာပဲ ဟုတ်တယ်မလား။ ဘာပဲဖြစ်ဖြစ်ပါ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါ့မယ်"

လင်းဖန် အရသာရှိတဲ့ စားတော်ပွဲမျိုးကို ချက်ပြုတ်နိုင်လိမ့်မည်ဟု ရှားလန် မယုံကြည်ပါ။ အဓိပ္ပာယ် မရှိတာ။ သူမ အမြင်မှာတော့ လင်းဖန်က အမြဲတမ်း အလုပ်ရှုပ်နေတာ ဖြစ်သည်။ ဘယ်လိုလုပ်ပြီး ကိုယ်တိုင် ချက်ပြုတ်ဖို့ အားလပ်မှာလဲ။ အလွန် ပင်ပန်းဖို့ ကောင်းပါလိမ့်မည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့သာ မီးဖိုချောင်ထဲ ကျန်ခဲ့ကြသည်။

တစ်ဖက်မှာတော့ စုရှောင်းယွီက ခေါင်းပြူပြီး လင်းဖန်ကို ကြည့်လိုက်၏။ သူမ တခစ်ခစ် ရယ်မောကာ ပြောလိုက်သည်။ "ဟီးဟီး ဆရာ။ ငါကော ဝင်ကူပေးရဦးမလား"

စုရှောင်းယွီကို လင်းဖန် ခေါင်းခေါက်လိုက်၏။ "နင့်အချက်အပြုတ်စွမ်းရည်နဲ့များ ဖယ်နေစမ်းပါ။ မီးဖိုချောင်ထဲ မီးလောင်အောင် မလုပ်နဲ့"

စုရှောင်းယွီက သူမခေါင်းကို ကိုင်လိုက်ပါသည်။ "နာတယ်။ မချက်ပြုတ်တတ်တာ အပြစ်လား။ ဒါဆိုလည်း နင်တို့နှစ်ယောက်ပဲ ချက်ပြုတ်ကြတော့။ ငါက အသင့်စားဖို့ပဲ စောင့်နေတော့မယ်~"

စုမူချင်းက အပြင်မှာ ထိုင်နေပါသည်။ ကွန်ပျူတာ ဖွင့်လိုက်ပြီး အလုပ်တချို့ လုပ်နေသည်။

သူမ အလုပ်ကို အလွန် လေးလေးနက်နက် လုပ်နေပါသည်။ ဒီလို တည်ငြိမ်နေတဲ့ အခြေအနေမျိုးမှာတောင် ကျားရှင်းဖျော်ဖြေရေးရဲ့ လုပ်ငန်းများကို လေးလေးနက်နက် တာဝန်ယူရသည်။ ဒါ သူမရဲ့ တာဝန်ပဲ ဖြစ်ပါသည်

စုရှောင်းယွီက ဘယ်လက်ထဲ သကြားလုံးကိုင်၊ ညာလက်ထဲ အာလူးကြော်ကိုင်ပြီး ဆိုဖာပေါ်မှာ လှဲလျောင်းလိုက်သည်။ သူမ ဒရမ်မာကြည့်နေပါသည်။

စုမူချင်းက စုရှောင်းယွီဘေးရှိ အာလူးကြော်များကို ကြည့်ကာ ပြောလိုက်သည်။ "အာလူးကြော်တွေ အများကြီး စားရင် နင် ဝလာလိမ့်မယ်။ နင် ဝလာရင် ဘော့စ် သဘောကျမှာ မဟုတ်ဘူးနော်"

စုမူချင်း ပြောတာကို ကြားသောအခါ စုရှောင်းယွီ တောက်ပစွာ ပြုံးလိုက်ပါသည်။ "မဝပါဘူး။ အာလူးကြော် များများစားပေးတာက ကျန်းမာရေးအတွက် ကောင်းတယ်လေ"

စုမူချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ "ဝလာရင် ဘယ်လိုလုပ်မလဲ"

စုရှောင်းယွီက ပါးဖောင်းကာ ပြောလိုက်သည်။ "ဟွန်း အဲ့တာတွေ နင်တို့ နားမလည်ပါဘူး။ ယောက်ျားလေးတွေက ပိန်လွန်းတဲ့တဲ့ မိန်းကလေးတွေကို မကြိုက်ကြဘူး။ ဒါပေမယ့် ဝသင့်တဲ့နေရာ ဝရင် ပြီးတာပဲ။ ဥပမာ ရင်ဘတ်ပေါ့။ ပိန်သင့်တဲ့နေရာ ပိန်ရင် ရတယ်။ တစ်ကိုယ်လုံး ပိန်နေတာက မကောင်းဘူး"

စုမူချင်း နားလည်သွားသည်။ သူမ ခါးဆန့်ကာ သူမ ရင်ဘတ်ကိုကြည့်လိုက်ပါသည်။

ထို့နောက် စုရှောင်းယွီလည်း လှမ်းကြည့်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ စုရှောင်းယွီ အာလူးကြော် စားချင်စိတ်ပျောက်သွားသည်။

သူက ဘာလို့ အရမ်းထွားနေတာလဲ။

သူမကတော့ အလွန် သေးငယ်နေပါသည်။

စုရှောင်းယွီက စုမူချင်းလက်ကိုသွားကိုင်ပြီး ပြောလိုက်ပါသည်။ "နင်အလုပ်လုပ်ခွင့်မရှိတော့ဘူး။ အဲ့နေရာ ထွားလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ သင်ပေး"

စုမူချင်း ရှက်သွေးဖြာသွားသည်။ "ငါလည်း မသိဘူးလေ... နွားနို့များများသောက်ရင်..."

ထိုစကားကိုကြားပြီးနောက် စုရှောင်းယွီ ချက်ချင်း မတ်တပ်ရပ်ပြီး နွားနို့ သွားရှာခဲ့ပါသည်။

နောက်ဆုံးတော့ သူမ ဆရာ ဘာလို့ သူမကို သဘောမကျတာလဲ နားလည်သွားခဲ့လေပြီ။ သူမရဲ့ ရင်ဘတ်သေးတာကြောင့် ဖြစ်ပါသည်။

သူမသာ နွားနို့ ပိုသောက်ပါက သူမလည်း ပိုထွားလာနိုင်သည်။

မီးဖိုချောင်ထဲတွင်...

လင်းဖန်က ဟင်းသီးဟင်းရွက်များ ခုတ်ထစ်နေ၏။ သူ့ဓားကိုင်စွမ်းရည်များက အလွန် စေ့စပ်မှု ရှိသည်။

မုန်လာဥ လှီးတာဖြစ်ဖြစ်၊ အာလူး လှီးတာဖြစ်ဖြစ်၊ အသားငါးလှီးတာဖြစ်ဖြစ် တိကျလွန်းပါသည်။ ဓားကိုင်စွမ်းရည် အတွေ့အကြုံ ၁၀ နှစ်လောက် မရှိပါက ဒီအဆင့်မျိုး ဘယ်သူမှ မရောက်နိုင်ပါ။

ထို့နောက် စားတော်ပွဲ ချက်ပြုတ်ချိန် ရောက်လာခဲ့ပါပြီ။

ပထမဆုံး ငါးပေါင်းကို ချက်လိုက်သည်။ ရှုပ်ထွေးသည့် လုပ်ငန်းဆောင်တာများစွာ ပြီးနောက် ထပ်ပြီးချက်ပြုတ်ခဲ့ပါသည်။

အငွေ့တွေထဲမှာ လင်းဖန် ရှားဝမ်ချွေ့ကို လှည့်ကြည့်လိုက်ပြီး သူမ ဟင်းသီးဟင်းရွက်တွေ ဆေးကြောနေတာကို မြင်လိုက်ရပါသည်။

ရှားဝမ်ချွေ့လည်း လင်းဖန်ကို သတိထားမိပါသည်။ ဘယ်ဘက်လက်မှာ သခွားသီးကိုကိုင်ထားပြီး ညာဘက်လက်မှာ အာလူးကို ကိုင်ထထားကာ ချစ်စရာ အမူအယာလေးလုပ်ပြလိုက်ပါသည်။ "မြောင် မြောင်။ ဟမ်း... ငါ့ကို လာဖက်~"

ရှားဝမ်ချွေ့ရဲ့ ပုံစံကို မြင်သောအခါ လင်းဖန် သူမဘေး လျှောက်သွားလိုက်ပြီး ခါးသွယ်သွယ်လေးကို ပွေ့ဖက်ကာ သူ့ရင်ခွင်ထဲ ထည့်လိုက်ပါသည်။

ရှားဝမ်ချွေ့က ချွေးတွေထွက်နေပါသည်။ ယခု အလုပ်လုပ်နေရတာ သူမအတွက် ပင်ပန်းရမှန်း သိသာသည်။ သူမ လင်းဖန်၏ ပခုံးပေါ်တွင် နူးနူးညံ့ညံ့ မှီလိုက်သည်။

ဒီကောင်မလေးရဲ့ ခါးက အလွန်နူးညံ့လွန်းသည်ဟု လင်းဖန် ခံစားလိုက်မိပါသည်။

ရှားဝမ်ချွေ့ကို ဖက်ထားရသည့် ခံစားချက်က အလွန်ကောင်းမွန်ပါသည်။ ဒီကောင်မလေးကို တစ်သက်လုံး ကာကွယ်ပေးသွားချင်မိသည်။

ရှားဝမ်ချွေ့လည်း လင်းဖန်ကို ပြန်ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ "လင်းဖန်။ ရှောင်းယွီလည်း နင့်ကို အရမ်းသဘောကျတယ်လို့ ခံစားမိတယ်။ သူ့ကိုပါ လက်ထပ်လိုက်ပါလား~"

စုရှောင်းယွီကလည်း အလွန်လှပပါသည်။ ရှားဝမ်ချွေ့ အတည်ပြောနေသည်ဟုတောင် လင်းဖန် ခံစားမိသည်။

သူ ရွေးချယ်မှု တစ်ခု လုပ်လိုက်တာနဲ့ တံခါးနောက်တစ်ချပ်ကို ဖွင့်နိုင်ပြီး ပျော်စရာဘဝမျိုး နေထိုင်သွားနိုင်ပါလိမ့်မည်။

သို့သော်လည်း ရှားဝမ်ချွေ့ကို လင်းဖန် နမ်းသာ နမ်းလိုက်ပါသည်။ "ရှားဝမ်ချွေ့ ငါအဲ့လိုစကားမျိုး ထပ်မကြားချင်တော့ဘူး"

"ငါနင်နဲ့ ဂျူနီယာအထက်တန်းမှာကတည်းက ဆုံလာခဲ့တာ။ အဲ့တုန်းကလည်း နင် အရမ်းလှတယ်။ ဂျူနီယာအထက်တန်းတုန်းက ငါတို့ ထိုင်ခုံဖော်တွေ အကြာကြီး ဖြစ်ခဲ့ကြတာနော်။ နောက်ဆုံး အထက်တန်း ရောက်ပြန်တော့လည်း ကျောင်းတူတူ လျှောက်ပြီး ၃ နှစ် ဆက်တိုက် ထိုင်ခုံဖော်ဖြစ်ခဲ့သေးတယ်။ ရှားဝမ်ချွေ့ ဒီနေ့ ငါ့မျက်လုံးထဲမှာ နင်ပဲရှိတယ်ဆိုတာ အတည်ပေါက် ပြောချင်တယ်"

သူ တစ်ယောက်ယောက်ကို သဘောကျမိလျှင် ထာဝရ ပျော်ရွှင်မှုကို ပေးစွမ်းရမည်။

အပြင်လောကမှာ ထူးချွန်တဲ့ကောင်မလေးများစွာ ရှိတာမှန်ပါသည်။ သို့သော်လည်း လင်းဖန်က ရှားဝမ်ချွေ့နဲ့ အရင်ဆုံခဲ့တာဖြစ်သည်။

လင်းဖန် ရှားဝမ်ချွေ့အား ပွေ့ဖက်လိုက်သည်။ "အခု နင်က ငါ့ကောင်မလေးဖြစ်သွားပြီ။ ငါက နင့်ကောင်လေး။ ဒါ ချစ်သူတစ်ယောက် ခံယူရမယ့် တာဝန်တစ်ခုပဲ။ ငါ့မျက်လုံးထဲမှာ နင်ပဲရှိရမယ်။ နင့်ကိုပဲ တစ်သက်လုံး ကြည့်သွားမှာ"

All Chapters