← Chapters

ကြောင်မလေး သဘောမတူရင် ပြဿနာတက်လိမ့်မယ်

Vol. 29 Ch. 428

ကြောင်မလေး သဘောမတူရင် ပြဿနာတက်လိမ့်မယ်

Vol. 29 Ch. 428

စားတော်ပွဲကို ပြင်ဆင်ပြီးနောက် အဘိုးကြီးတောင် ဝင်ထိုင်ခဲ့ပါသည်။

ဒီနေ့ လင်းဖန်က အိမ်ချက်ဟင်းလျာတချို့ကို ပြင်ဆင်ထားသည်။ ယူရှန်ဝက်သားမွှကြော်၊ ခရမ်းသီးမီးဖုတ်၊ ဝက်သားပေါင်း၊ ငါးပေါင်း၊ ငါးစွပ်ပြုတ်၊ ဝက်ချိုချဉ်ကြော်၊ ကြက်ဥကြော်၊ အမဲသားနဲ့ အာလူးချက်၊ အာလူးနဲ့ငရုတ်သီးစိမ်းကြော် စသည်တို့ ဖြစ်သည်။ အမှန်ပင်။ အသီးအရွက်သုပ်တချို့လည်း ပြင်ဆင်ပေးထားရပါသည်။

အသီးအရွက်သုပ်က စုမူချင်းနဲ့ ရှားဝမ်ချွေ့တို့ ဖြစ်သည်။ သူမတို့နှစ်ယောက် လတ်တလောမှာ အစားရှောင်နေသည်။ သို့သော်လည်း စုရှောင်းယွီက ဂရုမစိုက်ပေ။

ထို့နောက် ရှားမိသားစု စားကြည့်ကြသောအခါ မျက်နှာထားများ ပြောင်းလဲသွားကြသည်။

ရှားချမ့်ချမ့် မျက်လုံးများ အရောင်လက်သွား၏။ "အား ခဲအိုရဲ့ စားတော်ပွဲက ဘာလို့ ဒီလောက် အရသာရှိရတာလဲ။ အထူးသဖြင့် ဒီဝက်သားပေါင်း။ အရမ်းကောင်းတာပဲ။ ဒီလောက် အရသာရှိတဲ့ အသားမျိုး အရင်က တစ်ခါမှ မစားဖူးဘူး"

ရှားလန်လည်း တုန်လှုပ်သွားခဲ့ပါသည်။ "မဖြစ်နိုင်တာ... လင်းဖန်ရဲ့စားတော်ပွဲက တကယ်ကြီး အရသာ အရမ်းရှိတာပဲ။ အသားနဲ့ စွပ်ပြုတ်တို့က ပါးစပ်ထဲ ရောက်တာနဲ့ အရမ်းမွှေးသွားတာပဲ..."

စုကော်ချမ့်လည်း ခေါင်းငြိမ့်ပြလိုက်ပါသည်။ "ဒါ... ငါ ဒီလောက် အရသာရှိတဲ့ စားတော်ပွဲမျိုး တစ်ခါမှ မစားဖူးဘူး။ ယုရှန့်ဝက်သားမွှကြော်ကို စားရတာ စိတ်ကုန်နေပြီ။ ဒါပေမယ့် လင်းဖန်ရဲ့ ယုရှန့်ဝက်သားမွှကြော်က ဘာလို့ အရသာအရမ်းရှိနေတာလဲ"

ရှားကျန်းချန်လည်း အာလူး နောက်တစ်ကိုက် စားလိုက်သည်။ "အာလူးကလည်း အရမ်း နူးညံ့နေတာပဲ။ အရသာကလည်း ဘာနဲ့မှ မယှဉ်နိုင်ဘူး"

ရှားကျန်းချန်က ချီးကျူးပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "အရင်က စားသောက်ဆိုင် ဖွင့်ဖူးတယ်ဆိုတာ တကယ်ပဲကိုး။ သူ့အချက်အပြုတ် စွမ်းရည်က ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတစ်ယောက်ထက်တောင် သာလွန်နိုင်သေးတယ်။ ငါတို့ သားမက်ရဲ့ စားတော်ပွဲက အရမ်းအရသာရှိတာပဲ ဟားဟား"

ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ရှားကျန်းချန်ကို ကြည့်လိုက်ပါသည်။ "သမီးတို့ လက်တောင် မထပ်ရသေးဘူး"

ရှားကျန်းချန် ဝိုင်တစ်ခွက် ယူလိုက်သည်။ "သိပ်မလိုတော့ပါဘူး။ အလောကြီးစရာလည်း မလိုဘူး။ လင်းဖန် သောက်ကြရအောင်။ အရင်က ငါတို့ တရုတ်စစ်တုရင် ကစားဖို့ သဘောတူထားတယ်နော်။ မင်း ငါ့ကို နိုင်ရင် ရှားဝမ်ချွေ့နဲ့ ဒီနေ့ည အိပ်ခွင့်ရမယ်။ မနိုင်ရင်တော့ အိမ်ပြန်လိုက်တော့ ဟားဟားဟား"

ရှားကျန်းချန် သူ့ကို စိတ်ဝင်စားသွားမှန်း သိသာပါသည်။ စုရှောင်းယွီကို မေးကြည့်ပြီးနောက် စီအီးအိုဝမ်နဲ့ ဘီလ်ဂိတ်တို့ကို သိမ်းသွင်းနိုင်ခဲ့မှန်း သိလိုက်ရသည်။ ကောင်းမိသားစုကို သူ စိုးရိမ်စရာ မလိုတော့ပါ။

လင်းဖန် နောက်ကွယ်မှာ ဘော့စ်ကြီးတွေ အများကြီး ရှိပါသည်။ ဘယ်သူက သူ့ကို ယှဉ်နိုင်တော့မှာလဲ။ ကောင်းမိသားစုမှာ နောက်ခံအင်အား ဘယ်လောက်ပဲ ကောင်းနေပါစေ အကျော်အမော်တွေ အများကြီးရဲ့ တိုက်ခိုက်မှုကို ခံရပါက ကောင်းမိသားစု ကျိန်းသေ ဒေဝါလီခံသွားရပါလိမ့်မည်။

ထို့ကြောင့် လင်းဖန်ကို သူ့နှလုံးသား နက်နက်ရှိုင်းရှိုင်းထဲမှာ ရှားကျန်းချန် အသိအမှတ် ပြုလိုက်သည်။ လင်းဖန်နဲ့ အတူ ပေါင်းဖက်ရပါက ရှားဝမ်ချွေ့ ဒုက္ခရောက်မှာ မဟုတ်ပါ။

လင်းဖန်လည်း ဖန်ခွက်တစ်ခွက်ကို ကိုင်လိုက်ပြီး ရယ်မောလိုက်ပါသည်။ "ကောင်းပါပြီ ဦးလေး။ ဒါဆို ဒီနေ့ည ဝိုင်သောက်ပြီးတာနဲ့ စစ်တုရင် ကစားကြရအောင်"

ရှားကျန်းချန် မျက်မှောင်ကြုတ်သွားသည်။ "ဘာဦးလေးလဲကွ"

လင်းဖန် ရှားဝမ်ချွေ့ကိုကြည့်ပြီး သူမ လက်ကို စားပွဲအောက်မှာ ကိုင်ထားပါသည်။

ထို့နောက်ပြုံးကာ ရှားကျန်းချန်ကို ပြောလိုက်သည်။ "အဖေ"

"ဟာဟား အေးပါကွာ။ လင်းဖန် ငါ့သမီးကို မင်းလက်ထဲ အပ်ထားလိုက်တော့မယ်။ ဒါပေမယ့် ငါ့ကို စစ်တုရင်ကစားပွဲမှာ အရင်ကျော်နိုင်မှတော့ ဖြစ်မယ်" ရှားကျမ့်ကျန်း အပြုံးဖြင့် ပြောလိုက်သည်။

လင်းဖန်လည်း ဝိုင်တစ်ခွက် သောက်ကာ ရှားဝမ်ချွေ့ လက်ကို ကိုင်လိုက်ပါသည်။

သူ့လက်ထဲက အေးစက်မှုကို ခံစားမိပြီး လင်းဖန် ပျော်ရွှင်သွားခဲ့သည်။

ဒီလိုကောင်မလေးမျိုးကို ပိုင်ဆိုင်ထားရတာက သူ့ဘဝမှာ အပျော်ဆုံးအချိန် ဖြစ်နိုင်သည်။

ညစာစားပြီးနောက် လင်းဖန်နဲ့ ရှားကျန်းချန်တို့ စစ်တုရင်ခုံ ပြင်ဆင်လိုက်ကြသည်။

အခန်းထဲတွင် ကလေးများက ကစားနေကြသည်။ တချို့လူကြီးတွေကတော့ လင်းဖန်နဲ့ ရှားကျန်းချန်တို့ စစ်တုရင်ကစားတာကို စိတ်ဝင်တစား လာကြည့်နေကြပါသည်။

ရှားဝမ်ချွေ့က လင်းဖန်နဲ့ သူမ အဖေအတွက် လက်ဖက်ရည်ဖျော်လာခဲ့သည်။

သို့သော်လည်း အဘိုးကြီးကတော့ မပျော်မရွှင် ဖြစ်နေသည်။ သူ့အဖိုးတန် လက်ဖက်ရွက်တွေ ကုန်ပါပြီ။

စစ်တုရင် ပထမပွဲ စတင်ခဲ့သည်။

လင်းဖန်က သူ့လယ်ဗယ်မှာ ဝမ်ထျန်းယီထက်တောင် ကျော်လွန်နေပြီဖြစ်တာကြောင့် သူ့ယောက္ခမကို အနိုင်ယူဖို့ မခက်ခဲဘူးဟု တွေးခဲ့မိသည်။

နောက်ဆုံးမှာတော့ လင်းဖန် ပထမအချီမှာ အမှားလုပ်မိပြီး လုံးဝ ရှုံးနိမ့်သွားခဲ့ပါသည်။

ရှားဝမ်ချွေ့ "..."

စုရှောင်းယွီ "..."

စုမူချင်း "..."

လင်းဖန် စစ်တုရင် ဘယ်လောက်တော်မှန်း သူတို့ ၃ ယောက် အသိဆုံး ဖြစ်သည်။

ဖိုင်နယ်ပွဲတွင် ဝမ်ထျန်းယီက ၂ ပွဲဆက်တိုက် အနိုင်ရရှိပြီးနောက် လင်းဖန် တကျော့ပြန် တိုက်ခိုက်နိုင်ခဲ့သည်။

ထိုအချိန်ကစတင်ပြီး လင်းဖန်ရဲ့ စစ်တုရင်စွမ်းရည်က အတော်လေး တိုးတက်လာခဲ့တာ ဖြစ်သည်။

သို့သော်လည်း အခု ပထမပွဲမှာတင် လင်းဖန် ရှုံးသွားလိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပေ။

အပြတ်အသတ် ရှုံးသွားခြင်း ဖြစ်ပါသည်။

ရှားကျန်းချန်ကလည်း ပျော်ရွှင်တောက်ပနေခဲ့သည်။ "လင်းဖန် လာစမ်းပါ။ နောက်တစ်ပွဲ ကစားရအောင်။ ဒီတစ်ပွဲပါ ထပ်ရှုံးသွားရင်း ဒီနေ့ည ဝမ်ချွေ့နဲ့မအိပ်ရဘူး"

လင်းဖန်ရဲ့ ယှဉ်ပြိုင်ချင်စိတ်များ ပေါက်ထွက်လာခဲ့သည်။ လာစမ်းပါ။ ပြိုင်ကြရအောင်။

သူ့ယောက္ခမကို အနိုင်ယူနိုင်ပါက ဝမ်ချွေ့နဲ့ အိပ်နိုင်လိမ့်မည်။

ထိုအခါကျရင် တစ်ခုခုတောင်ဖြစ်လာနိုင်သည်။ ဘယ်လောက် ပျော်ဖို့ကောင်းလိုက်မလဲ။

အရင်တစ်ခေါက်က အောင်မြင်ခါနီးဖြစ်သော်လည်း စုရှောင်းယွီက ဝင်နှောင့်ယှက်ခဲ့ပါသည်။

ဒီနေ့ညတော့ သူ ဂရုမစိုက်တော့ပေ။ လင်းဖန် တကယ်တိုက်ခိုက်ပါတော့မည်။

အမှန်ပင်။ အရေးအကြီးဆုံးတာဝန်က ရှားကျန်းချန်ကို အရင်အနိုင်ယူဖို့ ဖြစ်သည်။

လင်းဖန် ချက်ချင်းပဲ လေးနက်သွားခဲ့သည်။

စစ်တုရင်ပထမပွဲတွင် ရှားကျန်းချန်ရဲ့ စစ်တုရင်စွမ်းရည်က အတော်လေး သန်မာမှန်း လင်းဖန် သိလိုက်ရပါသည်။ သူ ထင်ထားသလိုမျိုး အားနည်းမနေခဲ့ပေ။

ရှားကျန်းချန်ရဲ့ စစ်တုရင်စွမ်းရည်တွေက တကယ်ပဲ ပရော်ဖက်ရှင်နယ်ကစားသမားအဆင့် ရှိပါသည်။

ဒုတိယ စစ်တုရင်ကစားပွဲ စတင်သောအခါ လင်းဖန် လေးလေးနက်နက်ကစားခဲ့သည်။ ကျိန်းသေပေါက် သူ့ကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။

သို့သော်လည်း သူတို့ သရေပွဲဖြစ်သွားခဲ့ပါသည်။

သူ့ယောက္ခမကြီးရဲ့ စစ်တုရင်စွမ်းရည်တွေက တကယ် ကောင်းမွန်ပါသည်။

လောလောဆယ် လင်းဖန် ရင်တွေနာလာပါသည်။

သူ အတည်ပေါက် ကစားတာတောင် သရေပွဲနဲ့ အဆုံးသတ်သွားခဲ့သည်

ထိုအချိန်တွင် လင်းဖန် အသည်းကွဲသွားသည်။

ဒီစစ်တုရင်ကစားပွဲကို မနိုင်ခဲ့သဖြင့် ရှားဝမ်ချွေ့နဲ့ ဒီနေ့ည အတူတူ အိပ်လို့ မရတော့ပါ။

ရှားဝမ်ချွေ့ကို လင်းဖန် တိတ်ဆိတ်စွာ ကြည့်လိုက်ပါသည်။ သူ့မိန်းမများ သူ့ကို အခွင့်အရေးပေးဦးမလား မျှော်လင့်ချက်ဖြင့် ဖြစ်သည်။

နောက်ဆုံးမှာတော့ ရှားဝမ်ချွေ့က အပြစ်ကင်းစင်သည့် မျက်နှာလေးသာ လုပ်ပြလိုက်သည်။ သူမလည်း ဘာမှ မတတ်နိုင်ကြောင်း ပြောနေခြင်းသာ ဖြစ်၏။

တတိယပွဲတွင် ရှားကျန်းချန်ကို လင်းဖန် နောက်ဆုံးတော့ အနိုင်ယူနိုင်ခဲ့သည်။

စတုတ္ထပွဲမှာလည်း လင်းဖန် အနိုင်ရဆဲဖြစ်သည်။

ပဉ္စမပွဲမှာ လင်းဖန်နဲ့ ရှားကျန်းချန်တို့ သရေထပ်ကျခဲ့ကြသည်။

ရှားကျန်းချန်က လင်းဖန်ကို အံ့အားသင့်နေသည့် မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။ "မင်း စစ်တုရင် ကစားတာ ဒီလောက် တော်မယ် ထင်မထားဘူး။ မင်း စစ်တုရင်အဆင့်က ပရော်ဖက်ရှင်နယ်အဆင့်လောက် ရောက်နေပြီမဟုတ်လား"

ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ပါလား။

ပရော်ဖက်ရှင်နယ်ကစားသမားဟု ကြားလိုက်ရချိန်တွင် အားလုံး အသက်ရှူရပ်တန့်သွားခဲ့ကြသည်။

တရုတ်စစ်တုရင်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်ဆိုတာ ဘာကိုဆိုလိုမှန်း သူတို့ သိကြပါသည်။

သူသာ ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက် ဖြစ်လာပါက တခြား တရုတ်စစ်တုရင် တက်သစ်စ ကစားသမားတွေ ဘယ်လောက်ပဲ ကြိုးစားပါစေ သူ့ကို နိုင်တော့မှာ မဟုတ်ပါ။

ပရော်ဖက်ရှင်နယ် ကစားသမား တစ်ယောက်ရဲ့ စစ်တုရင်စွမ်းရည်များက သာမန် အပျော်တမ်း ကစားသမားများနဲ့ နှိုင်းယှဉ်လို့ မရပေ။

ရှားဝမ်ချွေ့ပြုံးကာ ပြောလိုက်ပါသည်။ "လင်းဖန်က အခုတရုတ်စစ်တုရင်မှာ နံပါတ် ၁ ကစားသမား ဖြစ်နေပြီ။ ဝမ်ထျန်းယီကို အနိုင်ယူပြီးသွားပြီ။ ဆုတွေနဲ့ ဂုဏ်ပြုလွှာတွေပါ ရခဲ့တယ်"

ရှားဝမ်ချွေ့၏ စကားကို ကြားသောအခါ ရှားကျန်းချန် စိတ်အားထက်သန်သွားခဲ့သည်။ "မင်းက ချန်ပီယံကိုး။ လင်းဖန်ရဲ့ စွမ်းရည်တွေ ဘာလို့ ဒီလောက်ကောင်းနေပါလိမ့်လို့ ငါစဉ်းစားနေတာ။ လာ လာ နောက်တစ်ပွဲ ကစားရအောင်။ လင်းဖန် ငါ့ကို အလျှော့မပေးနဲ့နော်။ မင်း ဒီပွဲကို နိုင်ရင် ဝမ်ချွေ့နဲ့ အိပ်ခွင့်ပေးမယ်"

ရှားဝမ်ချွေ့မျက်နှာက နီရဲနေပါသည်။ သို့သော် သူမ အဖေ ရှားကျန်းချန်ကတော့ မမြင်ပေ။

သူမတောင် အိပ်မလားမအိပ်ဘူးလား သဘောမတူရသေးပါ။

ကြောင်မလေး သဘောမတူပါက အလွန်ပြဿနာတက်နိုင်ပြီး အကိုက်ခံရနိုင်သည်။

All Chapters