← Chapters

ကောင်းမိသားစု ကမ္ဘာပျက်တဲ့နေ့

Vol. 29 Ch. 429

ကောင်းမိသားစု ကမ္ဘာပျက်တဲ့နေ့

Vol. 29 Ch. 429

"ဒင်... သခင်လေ Sign-in ဝင်ချင်ပါသလား" စနစ်အသံ ထွက်ပေါ်လာခဲ့သည်။

သူ့မှာ စနစ်ရှိသေးမှန်း လင်းဖန် သတိရသွားပါသည်။

ဘာပဲဖြစ်ဖြစ် စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် တစ်လကို တစ်ကြိမ်သာ သူ Sign-in ဝင်နိုင်ပါသည်။

သူ Sign-in ဝင်တိုင်း ကောင်းတာ တစ်ခုခု ရလိမ့်မည်။

သို့သော်လည်း ဒီတစ်ခေါက် ဘယ်လို ကောင်းတာတွေ ရလာမလဲဆိုတာကိုတော့ မသိနိုင်သေးပါ

"Sign-in ဝင်မယ်" လင်းဖန် ပြောလိုက်သည်။

"ဒင်... အောင်မြင်စွာ Sign-in ဝင်နိုင်ခဲ့တဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်"

"သခင်လေး အောင်မြင်စွာ Sign-in ဝင်ပြီး ကံဆိုးမိုးမှောင်ကတ်တစ်ခုကို ရရှိသွားပါပြီ။ ကံဆိုးမိုးမှောင်ကတ်ကို ဘယ်သူ့အတွက်မဆို အသုံးပြုနိုင်ပါတယ်။ အသုံးပြုခံရတဲ့လူက ကံဆိုးမှုတွေအားလုံးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ ကြာမြင့်ချိန် ၂၄ နာရီ"

စနစ်အသံထွက်လာတော့ လင်းဖန်၏ မျက်လုံးများ ဝိုင်းစက်သွားခဲ့၏။

အရင်တုန်းက သူ့ကို စနစ်က ငွေဖြင့်တိုင်းတာနိုင်သည့် ပစ္စည်းများသာ ပေးလေ့ ရှိသည်။ ယခုတော့ သူ့ကို စနစ်ပေးသည့် ပစ္စည်းများက လုံးဝ ခြားနားသွားပါပြီ။

ယခင်က ကောင်းမိသားစုနဲ့ တိုက်ပွဲစတင်ဖို့ သူ ပြင်ဆင်နေတာ ဖြစ်သည်။ စနစ်ကို အသုံးပြုပြီး သူတို့ကို ရှင်းလင်းဖို့ လင်းဖန် စဉ်းစားမိပါသည်။ သို့သော်လည်း စနစ်ကို အဆင့်မြှင့်တင်ပြီးနောက် Sign-in ဝင်နိုင်သည့် အချိန်များ ပြောင်းလဲသွားခဲ့ပါသည်။

ကံဆိုးမိုးမှောင်ကတ်ကို ရရှိသွားသောအခါ လင်းဖန် အတော်လေး နေလို့ ထိုင်လို့ ကောင်းသွားပါသည်။

ယခင်တုန်းက ကောင်းရုန် အတော်လေး မောက်မာခဲ့သည်။ ပြန်ပေးဆပ်ရမည့်အချိန်ရောက်ပါပြီ။

"ကျန်းမြို့တော်၊ ကောင်းကော်ပိုရေးရှင်းက ကောင်းရုန်အတွက် ကံဆိုးမိုးမှောင်ကတ်ကို သုံးလိုက်" လင်းဖန် ပြောလိုက်သည်။

"ဒင်... ကံဆိုးမိုးမှောင်ကတ် အာနိသင်ပြပါပြီ။ ကံဆိုးမိုးမှောင်ကတ်အား ကောင်းရုန်အတွက် အလိုလျောက် အသုံးပြုပြီးပါပြီ။ ချက်ချင်း အာနိသင်ပြပြီး ၂၄ နာရီ ကြာပါလိမ့်မည်။ ထိုလူက ကံဆိုးမိုးမှောင် သရဖူကို ဆောင်းထားပြီး ကံဆိုးမှုအားလုံးကို တွေ့ကြုံခံစားရပါလိမ့်မည်" စနစ်အသံ ထွက်ပေါ်လာခဲ့ပါသည်။

ကံဆိုးမိုးမှောင်ကတ်ကို အသုံးပြုပြီးနောက် အဝေးက ရှုခင်းများကို လင်းဖန် လှမ်းမျှော်ကြည့်လိုက်ပါသည်။

ကောင်းမိသားစု ၃ ရက်အတွင်း ဒေဝါလီခံသွားရမည်ဟု စုရှောင်းယွီပြောခဲ့သည်။ ဒီနေ့က စတင်မည့်နေ့ဖြစ်သည်။

အမှန်ပင်။ ၁၀ ဘီလီယံယွမ်တော့ သူ့မှာ မရှိသေးပါ။

ထို ၁၀ ဘီလီယံယွမ်ကို ဘဏ်မှ ချေးယူလို့ ရနိုင်သည်။

ဒီ ၁၀ ဘီလီယံနဲ့ စုရှောင်းယွီရဲ့ အစီအစဉ်များနဲ့သာဆို ကောင်းမိသားစု၏ ပိုင်ဆိုင်မှုအားလုံးကို လင်းဖန် သိမ်းပိုက်နိုင်ပါလိမ့်မည်။

ကောင်းမိသားစု ငြင်းဆန်ပါက သူတို့မိသားစု လုံးဝ ပြာကျသွားမည်။

လင်းဖန်ချက်ချင်းပဲ စုမူချင်းနဲ့အတူတူ ဘဏ်ကို သွားခဲ့သည်။

ဆောက်လုပ်ရေးဘဏ်က ဝန်ထမ်းတွေ လင်းဖန်ကိုမြင်တော့ ချက်ချင်း တလေးတစား ပြုံးပြလိုက်ကြပါသည်။

ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ရေးဘဏ်တွင် လင်းဖန်က အကောင်းဆုံး အနက်ရောင်ကတ်ကို ပိုင်ဆိုင်ထားတာ ဖြစ်သည်။ အလွန် အခွင့်ထူးရရှိမည့်လူ ဖြစ်သည်။

လင်းဖန်ရဲ့ အဆင့်အတန်းကြောင့် သူ့ကိုကြိုဆိုဖို့ အနည်းဆုံး ဥက္ကဌကို စေလွှတ်ရပါသည်။

"ဟယ်လို ဘော့စ်လင်း။ လက်ဖက်ရည်ထိုင်သောက်နှင့်ပါဦး။ ကျွန်မ ခုချက်ချင်းပဲ ဥက္ကဌကြီးကို သွားခေါ်ပေးပါ့မယ်~ နောက်ကို ဆောက်လုပ်ရေးဘဏ်ဆီ လာမယ်ဆိုရင် ကျွန်မတို့ကို ကြိုအကြောင်းကြားပေးနော်။ ရုတ်တရက် ရောက်လာတော့ ကျွန်မတို့ သေသေချာချာတောင် ဧည့်မခံနိုင်ဘူး။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့" ကတ်စတမ်မာ ဝန်ဆောင်မှု ဝန်ထမ်းမလေးက ချိုမြိန်စွာ ပြုံးပြလိုက်ပါသည်။ လင်းဖန်ကိုမြင်တော့ သူမမျက်လုံးများက လေးစားမှုများဖြင့် ပြည့်နှက်နေပါသည်။

အကြောင်းမှာ... လင်းဖန် အလွန်ချောလွန်းတာကြောင့် ဖြစ်ပါသည်။

လင်းဖန်ရဲ့ လက်ရှိအရှိန်အဝါအပြင် ရင့်ကျက်ပြီး တည်တံ့တောက်ပလွန်းသည်။ သူက မိန်းကလေးငယ်တိုင်းကို သေသွားလောက်စေသူ ဖြစ်သည်။ ဒီအရှိန်အဝါကြောင့်ပဲ လင်းဖန်ရဲ့ ဆွဲဆောင်မှုကို အများကြီး တိုးမြင့်သွားစေပါသည်။

"ဥက္ကဌကြီးကို သွားခေါ်ဖို့ မလိုပါဘူး။ ကျွန်တော့်ကို ချေးငွေယူဖို့ စာရွက်စာတမ်း ကူညီပြင်ဆင်ပေးလို့ ရမလား" လင်းဖန် မေးလိုက်သည်။

"ရတာပေါ့။ ကျွန်မတို့မှာ ဘော့စ်လင်းအတွက် ပရော်ဖက်ရှင်နယ် VIP လမ်းကြောင်း ရှိပြီးသားပါ။ ကျွန်မနဲ့ လိုက်ခဲ့ပါ" ကတ်စတမ်မာ ဝန်ဆောင်မှု ဝန်ထမ်းမလေးက လင်းဖန်ကို VIP ဝန်ဆောင်မှုခန်းသို့ ခေါ်သွားခဲ့ပါသည်။

လင်းဖန် ထိုင်လိုက်သောအခါ ပြတင်းပေါက်နားတွင် ထိုင်နေသည့် ပိုလှပသော ဘဏ်ဝန်ထမ်းမလေးကို မြင်လိုက်ရသည်။

"မင်္ဂလာပါ ဘော့စ်လင်း။ ချေးငွေ ဘယ်လောက် ယူချင်လို့လဲမသိဘူး" ဝန်ထမ်းမလေးက ပြုံးကာ မေးလိုက်သည်။

"၁၀ ဘီလီယံဆို အဆင်ပြေနိုင်မလား" လင်းဖန်က တစ်ခါမှ ချေးငွေ မယူဖူးသဖြင့် ဒီအကြောင်း သိပ်နားမလည်ပါ။ သူ့အမြင်မှာတော့ ၁၀ ဘီလီယံဆိုတာ အလွန် များပြားတဲ့ ပမာဏ တစ်ခု ဖြစ်ပါသည်။

"၁၀ ဘီလီယံ ဟုတ်လား။ ကောင်းပါပြီ။ အခုချက်ချင်း စီစဉ်ပေးပါ့မယ်။ ငွေသား ၁၀ ဘီလီယံကို လွှဲဖို့က နည်းနည်းတော့ အချိန်ယူရလိမ့်မယ်။ ရှင့်အကောင့်ထဲရောက်ဖို့ အနည်းဆုံး ၄၈ နာရီလောက် ကြာမယ်လို့ ခန့်မှန်းမိတယ်" ဝန်ထမ်းမလေးက ပြောလိုက်ပါသည်။

"ကိစ္စ မရှိပါဘူး။ အာမခံပစ္စည်း တစ်ခုခု လိုအပ်သေးလား" လင်းဖန် ပြုံးကာ မေးလိုက်သည်။

"ပုံမှန် လုပ်ငန်းစဉ်အတိုင်းဆိုရင်တော့ လိုအပ်ပါတယ်။ တန်ဖိုးချင်းညီတဲ့ ပစ္စည်းကို အာမခံအဖြစ် ထားလို့ ရပါတယ်" ဝန်ထမ်းမလေးက သိမ်မွေ့စွာ ပြောလိုက်ပါသည်။

"ဒါပေမယ့် စီအီးအိုကတော့ မတူဘူး။ ရှင်က Estee Lauder ရဲ့ ဥက္ကဌ၊ Alibaba ရဲ့ ဒုဥက္ကဌ၊ ဆောက်လုပ်ရေးဘဏ်ရဲ့ VIP ဖောက်သည်လည်း ဖြစ်တယ်။ ချေးငွေယူရခြင်း အကြောင်းအရင်းကိုတောင် ပြောဖို့ မလိုပါဘူး။ တရားမဝင်တာ မဟုတ်ရင် ချေးငွေယူလို့ ရပါတယ်" ဝန်ထမ်းမလေး ပြောလိုက်ပါသည်။

လင်းဖန်လည်း ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း။ ဒီတစ်ခေါက် ကျန်းမြို့တော်မှာ အိမ်ခြံမြေလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမလို့ပါ"

ဝန်ထမ်းမလေးက ပြုံးကာ ပြောလိုက်သည်။ "ကောင်းပါပြီ။ ဖောင်ဖြည့်ပြီး လက်မှတ်ထိုးဖို့ လိုမယ်။ ပြီးရင် ချေးငွေလုပ်ငန်းစဉ် ပြီးဆုံးပါပြီ"

လင်းဖန်စာချုပ်ချုပ်ပြီးနောက် ၁၀ ဘီလီယံ ချေးငွေကို တရားဝင် ရရှိသွားပါပြီ။

တကယ်တော့ လင်းဖန် ဒီ့ထက် ပိုချေးလို့ ရပါသည်။ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဘီလီယံရာနဲ့ ချီပြီး ချေးယူလို့ ရပါသည်။

သို့သော်လည်း ဒီလောက် အများကြီး ချေးငှားလိုက်ပါက အတိုးလည်း အများကြီး ပေးရနိုင်သည်။ လင်းဖန်အတွက် လိုလည်း မလိုအပ်သေးပါ။

စုရှောင်းယွီက ၁၀ ဘီလီယံဆို လုံလောက်ပြီဟု ပြောထားသဖြင့် ၁၀ ဘီလီယံဆို တော်လောက်ပါပြီ။

လင်းဖန်က သူမရဲ့ အစွမ်းအစကို ယုံကြည်ထားပြီးသား ဖြစ်သည်။

အခြားနေရာတစ်ခု၌...

ကောင်းရုန် ဒေါသပေါက်ကွဲနေပါသည်။

"ယီးပဲ။ သောက်စုရှောင်းယွီနဲ့ သောက်လင်းဖန်တို့က ငါတို့ ကောင်းမိသားစုကိုများ တိုက်ခိုက်ရဲတယ်ပေါ့..." ကောင်းရုန် ခေါင်းတွေ ထုံကျဉ်သွားသည်။ လွန်ခဲ့တဲ့ ၂ ရက်လုံးလုံး ကောင်းကော်ပိုရေးရှင်း အန္တရာယ်တောထဲ ကျရောက်ခဲ့ရသည်။

အဓိက ထောက်ပံ့သူပေါင်းများစွာ ထွက်ပြေးသွားကြပြီး ကုမ္ပဏီရဲ့ အထက်လူကြီးတွေတောင် အလုပ်ထွက်ကာ ပြေးကုန်ကြပါပြီ။ ကောင်းမိသားစုနဲ့ ဘယ်သူမှ မပတ်သက်ချင်ကြတော့ပေ။

ကောင်းမိသားစုနဲ့ အလုပ်လုပ်ခဲ့သည့် ထောက်ပံ့သူများ၊ ဆောက်လုပ်ရေးပစ္စည်း တာဝန်ယူထားသည့် ဝန်ထမ်းများ ထွက်ကုန်ကြပါပြီ။ ပါတနာ အမြောက်အများက ကောင်းမိသားစုကို ငွေတွေ ပြန်လာတောင်းနေကြလေပြီ။

ကောင်းကော်ပိုရေးရှင်း ကပ်ဆိုက်နေပြီဟု ဆိုနိုင်သည်။

၂ ရက်အတွင်း ကောင်းကော်ပိုရေးရှင်း၏ ရှယ်ယာတန်ဖိုး ၃၀ ရာခိုင်နှုန်းတောင် ကျဆင်းသွားခဲ့သည်။

၃၀ ရာခိုင်နှုန်းဆိုတာ ဘယ်လိုပမာဏမျိုးလဲ။ စီးပွားရေးပျက်ကပ်ဆိုက်မှ ဒီလောက်အကြီးအကျယ် ကျဆင်းမှုမျိုး ဖြစ်နိုင်မှာပဲ ဖြစ်သည်။

ကောင်းကော်ပိုရေးရှင်း၏ ရှယ်ယာများက အနိမ့်ဆုံး အမှတ်ကို ရောက်ရှိသွားလေပြီ။ အဓိက ရှယ်ယာဝင် အားလုံးနီးပါးလည်း ရှယ်ယာတွေ ပြန်လည် ရောင်းချနေပါပြီ။

ကောင်းမိသားစု ကုမ္ပဏီက ပျက်ကပ်ဆိုက်နေသဖြင့် စာချုပ်တွေလည်း အများကြီး ချိုးဖောက်မိကာ လျော်ကြေးတွေ အမြောက်အများ ပေးဆောင်ရမည်။

စုရှောင်းယွီရဲ့ ကောင်းမိသားစုအပေါ် ကြံစည်မှုက ပြစ်ချက်ကင်းသည်ဟု ဆိုနိုင်ပါသည်။

ကောင်းမိသားစု... လုံးဝ မွဲသွားခဲ့ပါသည်။

ကောင်းရုန်ရဲ့ အဖေ ကောင်းရှုထုံတောင် အလွန် ဒေါသထွက်နေသည်။

ကောင်းရှုထုံက ကောင်းရုန်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"မင်း ဘာတွေလုပ်လာတာလဲ။ စုရှောင်းယွီကိုတောင် သွားတိုက်ခိုက်ရဲတယ်ပေါ့။ သူ့နောက်မှာ ကမ္ဘာ့ အချမ်းသာဆုံးလူ ရှိနေတာကွ။ ကောင်းမိသားစုကို မင်း ပြဿနာတွေ တော်တော် ပေးတာပဲ။ အခု ထောက်ပံ့သူတွေက ထွက်ပြေးကုန်ပြီး စတော့စျေးကွက်တွေ ကျကုန်ပြီ။ ပါတနာတွေ အားလုံးကလည်း ရူးချင်စရာကောင်းအောင် ဖုန်းတွေဆက်နေကြတယ်။ ဘဏ်တွေကတောင် ငါတို့ကို ပိုက်ဆံမချေးကြတော့ဘူး။ နည်းလမ်း မြန်မြန် စဉ်းစားစမ်း"

ကောင်းရုန်က နာကျင်နေသော မျက်နှာဖြင့် ဖုန်းကိုင်လိုက်ပါသည်။ "ကျွန်တော်လည်း မဖြစ်စေချင်ပါဘူး။ အခုချက်ချင်း စီအီးအိုဝမ်ကို ဖုန်းဆက်လိုက်မယ်။ စီအီးအိုဝမ်ကတော့ ကျိန်းသေ ကူညီပေးမှာပါ"

ကောင်းရုန်က စီအီးအိုဝမ်ကို ဖုန်းဆက်လိုက်ပြီး ကျိုးနွံစွာ ပြောလိုက်ပါသည်။ "စီအီးအိုဝမ် ကျွန်တော် ကောင်းရုန်ပါ... အရင်က ကောင်းမိသားစု ဒုက္ခရောက်ရင် ကျွန်တော်တို့ ကောင်းကော်ပိုရေးရှင်းကို ကူညီပေးမယ်လို့ ပြောခဲ့ဖူးတယ်နော်"

စီအီးအိုဝမ်က အေးအေးဆေးဆေးပဲ ပြန်ဖြေလိုက်ပါသည်။ "အေး"

ကောင်းရုန် ရယ်လိုက်သည်။ "စီအီးအိုဝမ်။ အခု ကောင်းမိသားစု အကြွေးပြဿနာတက်နေလို့။ ငွေနည်းနည်းလောက် ချေးလို့ ရမလား။ ကောင်းမိသားစု ပြန်ထူထောင်နိုင်ရင် စေတနာကို မမေ့ပါဘူး"

All Chapters