← Chapters

အဆုံးသတ်

Vol. 29 Ch. 430

အဆုံးသတ်

Vol. 29 Ch. 430

ကောင်းရုန် ဆက်ပြောသည်။ "သိပ်မများပါဘူး။ ၁၂ ဘီလီယံလောက်ပဲ ချေးချင်တာပါ။ ဘယ်လိုသဘောရလဲ"

စီအီးအိုဝမ်က သရော်ပြုံးပြုံးကာ ပြောလိုက်သည်။ "မင်းကို လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ယွမ် ၂,၀၀၀ တော့ ချေးပေးလို့ ရတယ်။ ကျန်တာ ဘာမှ ပြောစရာ မလိုတော့ဘူး"

ကောင်းရုန် တုန်လှုပ်သွားသည်။ "ယွမ် ၂,၀၀၀ ဟုတ်လား။ စီအီးအိုဝမ် ခင်ဗျား ကျုပ်ကို လာနောက်နေတာလား"

စီအီးအိုဝမ်ရဲ့ အေးစက်စက်အသံ ထွက်ပေါ်လာခဲ့သည်။ "ငါ့ဆီက ၁၂ ဘီလီယံကို တစ်ခါတည်း လာတောင်းနေတာလေ။ Wanda က အဲ့လောက် သဘောကောင်းမယ်ထင်လို့လား။ အဲ့လိုမျိုး ၁၂ ဘီလီယံကို ဒီတိုင်းချေးလို့ရမလား။ အခု မင်းတို့ကောင်းမိသားစုကို မင်းတို့ပြန်ကြည့်လိုက်ကြဦး။ ငါ့ကို စကားပြောဖို့တောင် ထိုက်တန်တယ်ထင်လို့လား"

ကောင်းရုန် အမြန်ပြုံးကာ တောင်းတောင်းပန်ပန်ဖြင့် ပြန်ပြောလိုက်သည်။ "စီအီးအိုဝမ် ကျွန်တော် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ ကျွန်တော်တို့ ကောင်းမိသားစုက ခင်ဗျားကို ဘယ်တုန်းက စော်ကားဖူးလို့လဲ။ ကျေးဇူးပြုပြီး ကူညီပေးပါဦးဗျာ"

စီအီးအိုဝမ် သရော်လိုက်ပြန်သည်။ "မင်းတို့တွေက လင်းဖန်ကို စော်ကားခဲ့တာကိုး။ ငါဘာပြောဖို့လိုသေးလို့လဲ။ လင်းဖန်ရဲ့ နောက်ခံအင်အားကို မင်း မသိဘူးလား။ သူ့နောက်မှာ စုရှောင်းယွီ၊ ရှားမိသားစု၊ ဟော်မိသားစု၊ စုမိသားစုတွေ အကုန်လုံးရှိကြတယ်။ မင်းတို့ ကောင်းမိသားစုကို ဘယ်မိသားစုကြီးကမှ ကြောက်ကြမှာ မဟုတ်ဘူး။ မင်းတို့ကောင်တွေက ရှားမိသားစုကို စော်ကားတယ်။ ပြီးတော့ စုမိသားစု၊ ပြီးတော့ လင်းဖန်ကိုတောင် တိုက်ခိုက်ခဲ့သေးတယ်"

"စုရှောင်းယွီရဲ့ အစွမ်းအစကို ငါတောင် အထင်မသေးရဲဘူးကွ။ Wanda တောင် စုရှောင်းယွီကို မလွန်ဆန်ရဲဘူး။ ဘယ်လိုကုမ္ပဏီမျိုးကမှ စုရှောင်းယွီကို တကယ် မစော်ကားရဲဘူး။ စုရှောင်းယွီ လှုပ်ရှားလိုက်တာနဲ့ ဘယ်ကုမ္ပဏီမဆို ပွဲသိမ်းသွားလိမ့်မယ်။ မင်းတို့ကောင်းမိသားစုက ဒေဝါလီခံရတော့မှာကွ"

ထို့နောက် စီအီးအိုဝမ် ဖုန်းချလိုက်ပါသည်။

ကောင်းရုန် ရင်ထဲကြေကွဲသွားသည်။

စုရှောင်းယွီက မိန်းကလေးတစ်ယောက်ဖြစ်နေပါလျက်နဲ့ ဒီလောက် ရက်စက်လိမ့်မည်ဟု သူ မထင်ခဲ့မိပါ။

တစ်ချိန်တည်းမှာပဲ ကောင်းမိသားစုကို ဘက်ပေါင်းစုမှ ဖိအားပေးခဲ့သည်။ ၂ ရက်မြောက်သာ ရှိသေးသော်လည်း ကောင်းမိသားစု ဒေဝါလီခံရပါတော့မည်။

"သွားပြီ... လုံးဝ ပွဲသိမ်းသွားပြီ..." ကောင်းရုန် ဖုန်းကိုကိုင်လျက် ထိုင်ချလိုက်ပါသည်။

ထိုင်ခုံပေါ်မှာ သူ ထိုင်လိုက်စဉ်မှာပဲ ထိုင်ခုံကြီး ကျိုးကျသွားခဲ့သည်။

ကောင်းရုန် အော်သံ ထွက်ပေါ်လာပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွား၏။

ကြမ်းပြင်ပေါ် ပြုတ်ကျရင်း စားပွဲခုံကြီးကိုပါ ကောင်းရုန် မတော်တဆ လှန်ချလိုက်မိသည်

စားပွဲပေါ်က ဖန်ခွက်တွေ ပြုတ်ကျလာပြီး ရေပူတွေက ကောင်းရုန်လက်ပေါ် ကျသွားခဲ့သည်။ ဖန်ကွဲစတွေလည်း ကောင်းရုန်လက်ထဲ စိုက်ဝင်သွားခဲ့၏။

"အား အား"ကောင်းရုန် မျက်နှာ နာကျင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် ကောင်းရုန် ခေါင်းပေါ်က မီးဆိုင်းကြီး လှုပ်ရှားလာခဲ့သည်။

ကောင်းရုန် တုန်လှုပ်သွားပြီး မီးဆိုင်းကြီးကို လှိမ့်ကာ ရှောင်လိုက်သည်။ သူလှိမ့်လိုက်ကာမှ လှေကားပေါ်က ပြုတ်ကျသွားပါတော့သည်။

"စီအီးအိုကောင်း" ဒါကိုမြင်တော့ လုံခြုံရေးအစောင့်တွေ အမြန်သွားကူညီကြသည်။

"စီအီးအိုကောင်း ကျွန်တော်တို့ ကူညီပေးမယ်" လုံခြုံရေးအစောင့်က ပြောလိုက်သည်။

ကောင်းရုန် သူတို့ကို စိုက်ကြည့်လိုက်ပါသည်။ "ယီးပဲကွာ။ ငါ့ကို လာကူညီစရာ မလိုဘူး။ ယီးပဲ စုရှောင်းယွီ။ ယီးပဲ လင်းဖန်။ မင်းတို့ကို သေအောင် သတ်မယ်။ မင်းတို့ကောင်တွေကို ကျိန်းသေပေါက် သေအောင် သတ်မယ်"

လုံခြုံရေးအစောင့်တွေလည်း ဘာမှ မပြောရဲကြတော့ပေ။

ထို့နောက် ကောင်းရုန် လှေကားပေါ်က ဆင်းသွားခဲ့သည်။ ထို့နောက် လှေကားတွင် ခြေချော်ပြီး ကြမ်းပြင်ပေါ် လိမ့်ကျသွားပြန်သည်။

ဒီတစ်ခေါက် အရိုးကျိုးသံပါ ထွက်လာခဲ့သည်။

သူ အရိုးကျိုးသွားခဲ့ပါသည်။

ကောင်းရုန်ရဲ့ ခြေထောက် အရိုးကျိုးသွားခဲ့၏။

"စီအီးအိုကောင်း ဆေးရုံကား မြန်မြန်ခေါ်ပြီး စီအီးအိုကောင်းကို ဆေးရုံမြန်မြန်တင်ကြ" လုံခြုံရေးအစောင့်က သူ့ကို ရူးသွပ်စွာဖြင့် ဝန်းရံလိုက်ကြသည်။

တစ်ညတည်းနဲ့ သူ အများကြီး ကံဆိုးမိုးမှောင်ကျခဲ့သည်။

ကောင်းရုန် ခြေထောက်ကို ကျောက်ပတ်တီး စီးထားလိုက်ရသည်။

ကောင်းရုန်ရဲ့ အဖေ ကောင်းရှုထုံကတော့ ကောင်းရုန်ဘေးမှာ ဆေးလိပ်သောက်နေပါသည်။ ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။ ကုမ္ပဏီအခြေအနေကိုကြည့်ပြီး သူ့နှလုံးသားသေဆုံးကာ မျက်လုံးတွေလည်း နီရဲနေပါပြီ။

ဒီနေ့ ကောင်းကော်ပိုရေးရှင်းရှယ်ယာ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

၆၀ ရာခိုင်နှုန်းတောင်ဖြစ်သည်။

ကောင်းရုန် အမေက ဘေးမှာ ငိုနေပါသည်။

ကောင်းရုန်၏ မျက်လုံးတွေက သတ်ချင်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။ "အဖေ ကျုပ်တို့ ကောင်းမိသားစု ဒေဝါလီခံသွားလို့ မဖြစ်ဘူး။ ကျိန်းသေပေါက် မဖြစ်ဘူး။ ကျုပ်နဲ့ ရင်းနှီးတဲ့အစ်ကိုတစ်ယောက် ရှိတယ်။ သူက ကျန်းမြို့တော်မှာ အကြီးမားဆုံး ထောက်ပံ့သူပဲ။ သူ့ကို အကူအညီတောင်းလိုက်ရင် ကျိန်းသေပေါက် လက်ရှိ ကပ်ဘေးကို ကျော်လွှားနိုင်မှာပါ"

ကောင်းရှုထုံရဲ့ နီရဲနေတဲ့ မျက်လုံးများ အရောင်လက်သွားရသည်။ "တကယ်လား"

ကောင်းရုန် ခေါင်းငြိမ့်လိုက်၏။ ဒီလောကထဲမှာ သူ ကျင်လည်နေတာကြာပြီဖြစ်ပြီး အဆက်အသွယ်တချို့ ရှိပါသည်။ ချက်ချင်းပဲ ဖုန်းကိုင်ကာ ကျန်းရှစ်လျန်ကို ဖုန်းဆက်လိုက်သည်။

ကျန်းရှစ်လျန်က ကျန်းမြို့တော်တွင် အကြီးမားဆုံး ထောက်ပံ့သူ ဖြစ်သည်။

ဖုန်းဝင်သွားသောအခါ ကောင်းရုန် ပြုံးပြီး ပြောလိုက်ပါသည်။ "အစ်ကိုလျန် နေကောင်းရဲ့လား"

ကျန်းရှစ်လျန်က စီးကရက်သောက်ရင်း ပြန်ဖြေလိုက်ပါသည်။ "ငါ မအားဘူး။ ဘာကိစ္စလဲ"

ကောင်းရုန် ပြောလိုက်သည်။ "အစ်ကိုလျန်။ ကျွန်တော်တို့ ကောင်းကော်ပိုရေးရှင်းက ခင်ဗျားနဲ့ မြေတစ်ကွက် အတူတူ အလုပ်လုပ်ခဲ့ဖူးတယ်မဟုတ်ဘူးလား။ အဲ့ဒီမြေတစ်ကွက်ကို ကိုင်တွယ်ပေးလို့ ရမလား။ ပြီးတော့ ကျွန်တော့်ကို သန်း ၅၀၀ လောာက် ချေးပေးလို့ ရမလား။ ကျွန်တော် နာလန်ပြန်ထူနိုင်တာနဲ့ ကောင်းကော်ပိုရေးရှင်းရဲ့ ရှယ်ယာတွေ ပေးမှာပါ"

ထိုစကားကိုကြားတော့ ကျန်းရှစ်လျန် သွေးအေးစွာ ပြုံးလိုက်ပါသည်။

"ဖွီး။ မင်းအစ်ကိုက ဘယ်သူလဲ။ အရင်တုန်းက ငါတို့ အတူတူ အလုပ်လုပ်ခဲ့တုန်းက မင်း ကော်မစ်ရှင်ခ ဘယ်လောက်တောင် ယူခဲ့တာလဲ။ ငါ့ကို ငွေဘယ်လောက်ရှာပေးဖူးလို့လဲ။ အကျိုးအမြတ်တွေ အကုန်လုံးကို မင်းတို့ ကောင်းမိသားစုပဲ သိမ်းပိုက်သွားတာ။ အခုမှ လာဟန်ဆောင်ပြမနေနဲ့။ ငါပြောလိုက်မယ်။ စီအီးအိုစုက ငါတို့ရဲ့ ထောက်ပံ့သူတွေနဲ့ စကားပြောဖို့ လူလွှတ်ထားပြီးပြီ။ မင်တို့ ကောင်းမိသားစု ပြိုလဲသွားရင် စီအီးအိုစုက ထောက်ပံ့သူတွေနဲ့ ပြန်ညှိနှိုင်းပြီး အကျိုးအမြတ်တွေကို ပြန်ခွဲဝေပေးလိမ့်မယ်။ မင်းတို့ ကောင်းမိသားစုနဲ့ အလုပ်လုပ်တာထက် ကျိန်းသေပေါက် အများကြီး အကျိုးအမြတ် ပိုရှိမှာကွ"

"မင်းက ငွေချေးချင်တယ်ဟုတ်လား။ ဆုတောင်းလေ" ကျန်းရှစ်လျန် ဖုန်းချလိုက်ပါသည်။

ကောင်းရုန် ထပ်ပြီး ဖုန်းချခံလိုက်ရပြန်သည်။

သူ့အစ်ကိုကြီးဆိုတာလည်း သူ့ကို အဆက်အသွယ်ဖြတ်သွားခဲ့လေပြီ။

ဘယ်သူမှ သူ့ဖုန်းကို မကိုင်ချင်ကြသလို ပိုက်ဆံလည်း မချေးချင်ကြပေ။

ထို့အစား အကြွေးသာ ဇွတ်တောင်းနေသည့် အကြွေးရှင်တွေပဲ ရှိပါသည်။

"ကောင်းရုန် အရင်က ငါတို့ပရောဂျက်ရန်ပုံငွေတွေကော။ ငါတို့ ပြန်ရမှာလား မရဘူးလား"

"ကောင်းရုန် ငါ့ကို ငွေမြန်မြန်ပေးစမ်းကွ။ မဟုတ်ရင် မင်းကို ချက်ချင်း တရားစွဲမှာနော် မင်းဘယ်လောက်ပဲ ညစ်ပတ်ခဲ့ ညစ်ပတ်ခဲ့ အနည်းဆုံး ထောင်ထဲမှာ ၁၀ နှစ် နေရမယ်"

"ကောင်းရုန် ပိုက်ဆံမြန်မြန်ထုတ်ပေးစမ်း။ မဟုတ်ရင် မင်းဆေးရုံမှာ ငါတို့ လာပိတ်ထားမှာနော်"

ဖုန်းတွေ အများကြီး မက်ဆေ့တွေ အများကြီးက ကောင်းရုန်ကို အကြွေးတောင်းနေကြပါသည်။

ထိုအချိန်တွင် ကောင်မလေးတစ်ယောက်က လုံခြုံရေးအစောင့် ၁၀ ယောက်လောက် ခေါ်လာပြီး ဆေးရုံဝင်ပေါက်ကို ရောက်လာခဲ့သည်။

ထိုကောင်မလေးက စုရှောင်းယွီ ဖြစ်ပါသည်။

စုရှောင်းယွီက တံခါးကို တွန်းဖွင့်လိုက်ပြီး အထဲဝင်လာခဲ့သည်။ သူမ ချိုမြိန်စွာ ပြုံးလိုက်၏။ "ဟယ်လို စီအီးအိုကောင်း"

စုရှောင်းယွီကိုမြင်တော့ ကောင်းရုန် ဒေါသထွက်လွန်းသဖြင့် ပါးသွားချချင်သွားသည်။ သို့သော်လည်း သူ့ခြေထောက် ကျိုးနေ၏။ ပြေးသွားဖို့ နေနေသာသာ ကုတင်ပေါ်က ဆင်းဖို့တောင် ခက်ခဲနေပါသည်။

စုရှောင်းယွီက သူမရဲ့ မျက်လုံးလှလှလေးများကို ပင့်ကာ ပြောလိုက်သည်။ "ကောင်းမိသားစုကို ကယ်ဖို့ ကျွန်မ ရောက်လာတာ။ ကျွန်မကို မကြိုဆိုတော့ဘူးလား။ မကြိုဆိုရင် ပြန်တော့မယ်"

ကောင်းရှုထုံက သူ့လက်ထဲရှိ စီးကရက်ကို ချက်ချင်းခြေလိုက်ပြီး တွန့်ဆုတ်မှု မရှိဘဲ စုရှောင်းယွီရှေ့မှာ ဒူးထောက်လိုက်ပါသည်။ "စီအီးအိုစု ကျုပ်တို့ ကောင်းမိသားစုကို ကယ်ပါဦးဗျာ။ စီအီးအိုစုပဲ ကျုပ်တို့ ကောင်းမိသားစုကို ကယ်ပေးနိုင်မှာပါ..."

ဒီလိုတောင်းပန်ရတာက အလွန်ရှက်ဖို့ကောင်းသည်။

ကောင်းမိသားစု အကြွေးမဆပ်နိုင်ရင် အနည်းဆုံး ထောင် ၁၀ နှစ် ကျသွားကြလိမ့်မည်။

စုရှောင်းယွီက ထိုင်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်သည်။

"ကောင်းရှုထုံက နည်းနည်း ဉာဏ်ပိုကောင်းသားပဲ။ ကျွန်မ ရှင်တို့ကို လာမကယ်ရင် ကောင်းမိသားစု အကြွေးဆပ်နိုင်မှာ မဟုတ်ဘူး။ အဲ့တာဆို အကုန်လုံး ထောင်ကျသွားလိမ့်မယ်။ ပြီးတော့ ရှင်တို့ရဲ့ လျှို့ဝှက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ကျွန်မမှာ သက်သေရှိပြီးသား။ ရှင်တို့ တကယ် အထဲဝင်ရမယ်ဆို တစ်သက်တစ်ကျွန်း နေရလောက်တယ်"

"ရှင့်ကို စျေးပေးလိုက်မယ်။ ရှင်တို့ တင်နေတဲ့ အကြွေးက ၃၉.၉ ဘီလီယံလောက် ရှိတယ်။ ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံငွေက ၂ ဘီလီယံ။ ကောင်းမိသားစုရဲ့ မြေတွေ၊ ခြံတွေ၊ ဗီလာတွေ အကုန်လုံးကို ဝယ်ဖို့ ကျွန်မ ၃၈ ဘီလီယံ ပေးမယ်။ ဟုတ်ပါတယ်။ ရှင်တို့ ကောင်းမိသားစု နေတဲ့ ဗီလာကိုတော့ စိတ်မဝင်စားဘူး။ ရှင်တို့ ဆက်နေလို့ရတယ်။ သန်း ၁၀၀ လောက် ချန်ထားရင် ကောင်းကောင်းသုံးလို့မှာပါ"

စုရှောင်းယွီရဲ့ စျေးကို ကြားသောအခါ ကောင်းရှုထုံရဲ့ မျက်နှာ ဖြူဖပ်သွားသည်။

ကောင်းရုန်လည်း သွေးအန်လုနီးပါး ဖြစ်သွားသည်။

စုရှောင်းယွီကို ကောင်းရုန်ကြည့်လိုက်ပါသည်။ "နင် တော်တော်ရက်စက်ပါလား။ ငါတို့ကောင်းကော်ပိုရေးရှင်းက စျေးကွက်တန်ဖိုး ၆၀၀ ဘီလီယံတောင် ရှိတာ။ နင်က ၃၈ ဘီလီယံနဲ့ ဝယ်မယ်ပေါ့။ ငါတို့ အိမ်ခြံမြေတွေကို လေလံ တင်ရောင်းလို့ ရတယ်။ နင့်ကို မရောင်းဘူး။ တော်လိုက်တော့"

စုရှောင်းယွီက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်ပါသည်။ "ဒါဆိုလည်း နင်တို့ စမ်းကြည့်လိုက်လေ။ ကောင်းကော်ပိုရေးရှင်းရဲ့ အိမ်ခြံမြေတွေကို ဘယ်သူ ဝယ်မလဲ ကြည့်ရသေးတာပေါ့။ တခြား ဘာမှ မပြောနဲ့ဦး။ နင်တို့ လေလံတင်ဖို့ ဘဏ်ကတောင် ကူညီပေးမှာ မဟုတ်ဘူး။ ဘဏ်က လေလံတင်ချင်တယ်ဆိုရင် ငါနဲ့ အရင် ရှင်းရလိမ့်မယ်"

"ဒီနေ့ ငါဒီတံခါးကနေ ပြန်ထွက်သွားတဲ့အခါ ကောင်းမိသားစုနဲ့ အလုပ်လုပ်မယ့်သူ ဘယ်သူမှ မရှိတော့ဘူးလို့ အာမခံနိုင်တယ်။ နင်လည်း ထောင်ကျသွားမယ်။ သေသေချာချာ စဉ်းစားနော်"

စုရှောင်းယွီက ပုံမှန်ဆို အပြစ်ကင်းစင်ပြီး လှပတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပါသည်။ သို့သော် သူမရဲ့ စီးပွားရေး ပါရမီများကို ထုတ်ပြသည့်အခါ အားလုံး ဇောချွေးပြန်သွားကြရသည်။

ဒီနေ့... ကောင်းကော်ပိုရေးရှင်းက ကမ္ဘာပျက်ကပ်ဆိုက်နေပါပြီ။

သူတို့ အကြွေးမဆပ်နိုင်ပါက ကောင်းမိသားစုကို စောင့်ကြိုနေတာက အကျဉ်းထောင်သာ ဖြစ်သည်။

စုရှောင်းယွီရဲ့ တောင်းဆိုချက်ကို သဘောတူလိုက်ပြန်ရင်လည်း ကောင်းမိသားစု ဆင်းရဲသွားလိမ့်မည်။

ထို့အပြင် ကောင်းမိသားစုအတွက် စုရှောင်းယွီမှာ တခြား ဘာလှည့်ကွက်တွေ ရှိနေသေးသလဲဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ကြပါ။

ကောင်းမိသားစုမှာ တခြား ရွေးချယ်စရာ မရှိတော့ပေ။။

ကောင်းရုန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာလည်း ဖြူဆုပ်သွားသည်။

"စီအီးအိုစု မသွားပါနဲ့"

"ကျုပ်တို့ ကောင်းမိသားစု ရောင်းပါ့မယ်"

All Chapters