ကောင်းရုန်၏ အထီးကျန်ဆန်မှု
Vol. 29 Ch. 431
စာချုပ်ချုပ်ဆိုပြီးနောက် ကောင်းမိသားစု၏ မြေတွေ၊ ခြံတွေ၊ ဟိုတယ်တွေ၊ ရုံးအဆောက်အဦးတွေနဲ့ တခြား ပိုင်ဆိုင်မှုအားလုံးကို လင်းဖန် ပိုင်ဆိုင်သွားပြီ ဖြစ်သည်။၊
စုရှောင်းယွီ စာချုပ်ကိုကိုင်လျက်ပြုံးလိုက်ပါသည်။ "အခုလို အသာတကြည် လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ငွေတွေကို ရှင်တို့အကောင့်ထဲ လွှဲပေးလိုက်ပါမယ်"
ကောင်းမိသားစုက ဒီငွေတွေနဲ့ အကြွေးပြန်ဆပ်ရမှာ ဖြစ်သည်။
ဒီငွေမရှိပါက ကောင်းမိသားစု ထောင်ကျသွားလိမ့်မည်။
လိမ်လည်မှုမြောက်ကာ ဘီလီယံ ဆယ်နဲ့ချီပြီး လိမ်လည်ခဲ့တာဖြစ်တာကြောင့် သူတို့ ဘယ်လိုအပြစ်ဒဏ်မျိုးကို ခံရမလဲဆိုတာ မသိနိုင်ပေ။
အကြွေးပြန်ဆပ်ပြီးနောက် ကောင်းမိသားစု ဒေဝါလီခံသွားရပြီဖြစ်ကြောင်း ကြေညာလိုက်ပါသည်။
ယခင် ကျန်းမြို့တော်ကို လွှမ်းမိုးခဲ့သူ ကောင်းကော်ပိုရေးရှင်း ပျက်စီးသွားလေပြီ။
ကောင်းရုန်က ကိုယ့်ကိုယ်ကို အမြဲတမ်းအောင်မြင်သူဟု ခံစားခဲ့မိသည်။
သို့သော်လည်း ဒီနေ့တော့ ကျရှုံးမှုဆိုတာ ဘာမှန်း သိလိုက်ရပါသည်။
ရှားဝမ်ချွေ့ကို ပိုးပန်းချင်တာကြောင့်နဲ့ ဒီလောက်အများကြီး လုပ်ခဲ့တာဖြစ်သည်။ ကောင်းမိသားစုကို ပိုမို ကြွယ်ဝလာစေချင်ရုံသာ ဖြစ်သည်။ သူ မှားလို့လား။
သူ မမှားပါ။
သို့သော်လည်း နိုင်သူ အကုန်ယူရမည်။
ကောင်းမိသားစု လုံးဝ ဒေဝါလီခံသွားရပါသည်။
ကောင်းရုန်က စီးကရက်သောက်ပြီးနောက် စီးကရက်မီးသတ်လိုက်ပါသည်။
"ငါ ရှုံးသွားလည်း ဘာဖြစ်လဲ။ ငါ့စွမ်းရည် မလုံလောက်မှုကြောင့်ပဲလေ"
"လင်းဖန် မင်းက တကယ် တော်တာပဲ နည်းနည်း လေးစားသွားပြီ။ တစ်ချိန်တုန်းက မင်းကို သတ်ခဲ့ချင်ပေမယ့် အခု သေချာပြန်စဉ်းစားကြည့်မှ ငါအရမ်းတုံးအခဲ့တာပဲ"
"မင်းကို ငါဒီလိုပြုမူခဲ့တဲ့အတွက် မင်းငါ့ကို မသတ်ခဲ့ဘူး။ အဲ့တာ ငါတို့အကြားက ခြားနားချက်ဖြစ်မယ်။ ငါ့ကြောင့် ကောင်းမိသားစု လုံးဝ ဒေဝါလီခံသွားရပြီ"
"ဒီကမ္ဘာကြီးမှာ ငါ့လိုလူမျိုးက ဘယ်လိုမျက်နှာနဲ့ ဆက်နေရတော့မှာလဲ" ကောင်းရုန် ကိုယ့်ပါးကိုယ်ရိုက်လိုက်သည်။
လင်းဖန်ကို အစောကြီးကတည်းက မစော်ကားမိခဲဲ့ပါက ဒီလိုတွေဖြစ်လာမှာမဟုတ်ပေ။
"ကျွန်တော် တောင်းပန်ပါတယ် အဖေနဲ့အမေ.... ကျွန်တော် အသက်ရှင်ဖို့ မထိုက်တန်တော့ဘူး" ကောင်းရုန်ပါးပြင်မှာ ဖြူဖွေးနေပြီး ၈၀ မီတာ မြင့်သည့် အဆောက်အဦးကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်လိုက်ပါသည်။ ခုန်ချဖို့ အသင့် ပြင်လိုက်၏။
ထိုအချိန်တွင် ကလေးမလေးတစ်ယောက်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ဖေဖေ" ထိုကလေးမလေးက ကောင်းရုန်ကို ကြည့်လိုက်သည်။ သူမလက်ထဲမှာ အရုပ်လေးတစ်ရုပ်ကို ကိုင်ထားသည်။ သူမက အနည်းငယ် ကြောက်ရွံ့နေပါသည်။ သူမမျက်လုံးထဲမှာ မျက်ရည်တွေ ပြည့်နှက်နေ၏။
"ဟင်" ကောင်းရုန် ချက်ချင်း နောက်လှည့်ကာ ထိုကလေးမလေးကိုကြည့်လိုက်ပါသည်။ သူ့ရင်ထဲမှာ တုန်လှုပ်သွားခဲ့ရ၏။
ကောင်းရုန်မှာ ကျန်းရွှေ့ရွှေ့ဟုခေါ်သည့် ဇနီးဟောင်းတစ်ယောက် ရှိခဲ့ဖူးသည်။ ကျန်းရွှေ့ရွှေ့နဲ့ ကွာရှင်းခဲ့ရသည့် အကြောင်းအရင်းက သူ ကလေးမရနိုင်တာကြောင့်ဖြစ်ပါသည်။
နှစ်ပေါင်းများစွာကြာသောအခါ ကောင်းရုန်က သူ့ကိုယ်သူ ကလေးရနိုင်စွမ်းရှိတော့ဘူးဟု ထင်ထားခဲ့သည်။ သို့သော်လည်း အခုတော့ သူ့ကို ကလေးမလေးတစ်ယောာက်က ဖေဖေဟု ခေါ်လိုက်သံကို ကြားလိုက်ရပါသည်။
"ဖေဖေ မသေပါနဲ့... မသေပါနဲ့..." ကလေးမလေးက ငိုကြွေးနေပါသည်။
ကလေးမလေး ဘေးတွင် လင်းဖန်လည်း ရပ်နေပါသည်။
လင်းဖန်က ဘာကြောင့် ဒီအချိန် ဒီလိုနေရာမှာ ပေါ်လာခဲ့ရတာလဲ။
လင်းဖန် ကောင်းရုန်ကို မကူညီချင်ပါ။ သို့သော်လည်း အသက် ၆၀ ဝန်းကျင်အရွယ်ရှိ ကောင်းရုန်၏ အဖေက လင်းဖန်ကို ဖုန်းဆက်ခဲ့သည်။ ကောင်းရုန်ကို ကူညီပေးဖို့အတွက် လင်းဖန်ကို ဒူးထောက်တောင်းပန်လုနီးပါးတောင် ဖြစ်ခဲ့ပါသည်။
"လင်းဖန်..." ကောင်းရုန်က လင်းဖန်ကို အထီးကျန်ဆန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ဂုဏ်ယူပါတယ်ကွာ။ မင်းနိုင်သွားပြီပဲ။ ဘာလို့ ဒီကိုရောက်လာသေးတာလဲ။ ငါ့ကို လာလှောင်တာလား" ကောင်းရုန်က အများကြီး ပိုအိုစာသွားသည့်ပုံပေါက်နေကာ ရယ်မောလိုက်ပါသည်။
"မင်းကို လှောင်ဖို့ မဟုတ်ဘူး။ မင်း အခု အထပ် ၈၀ မြောက်မှာ ရှိနေတာ။ မင်းအဲ့လောက် ကိုယ့်ကိုယ်ကို သတ်သေချင်နေတာလား" လင်းဖန် မေးလိုက်သည်။
"ကိုယ့်ကိုယ်ကို သတ်သေလိုက်ရင် မင်းမိဘတွေနဲ့ မင်းသမီးလေးကို ဘယ်လိုလုပ်မလဲ။ မင်းဇနီးဟောင်းကော ဘယ်မှာလဲ။ သူက မင်းကို စိတ်နာနာနဲ့ စောင့်နေတုန်းပဲ။ သူ့ကို မလိုချင်တော့ဘူးလား။ မင်းက ယောက်ျားဖြစ်ပြီး အဲ့လောက် ပျော့ညံ့ရလား" လင်းဖန် ပြောလိုက်သည်။
"အဖေနဲ့ အမေ... နေပါဦး ငါ့မှာ သမီးရှိတယ်ဟုတ်လား" လင်းဖန်နောက်က ကောင်မလေးကိုကြည့်ကာ ကောင်းရုန် တုန်လှုပ်သွားပါသည်။
"ဟုတ်တယ်။ ဒီကလေးမလေးက မင်းနဲ့ မင်းရဲ့ ဇနီးဟောင်းတို့ရဲ့ သမီးလေးပဲ။ မင်းဇနီးဟောင်းကို ကွာရှင်းပြီးသွားတော့ မင်းဇနီးဟောင်းက သမီးလေးတစ်ယောက် မွေးတယ်။ ဒီနှစ်ဆို အသက် ၄ နှစ်တောင် ပြည့်ပြီ။ သူ့နာမည်က ရန်ရန်တဲ့" လင်းဖန် ပြောလိုက်သည်။
"ဟားဟား... ဟားဟားဟားဟား... ဒါဆို ငါ့မှာ သမီးလေးတစ်ယောက် ရှိတာပေါ့။ ငါ့မှာ သမီးလေးတစ်ယောက် ရှိတာပေါ့။ ဒီတစ်သက် ငါ ဘယ်တော့မှ ကလေးမရတော့ဘူးလို့ ထင်ထားခဲ့တာ..." ကောင်းရုန် ရယ်မောလိုက်ပြီး ကလေးမလေးဆီကိုသွားကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ပါသည်။
ကောင်းရုန်၏ မျက်နှာပေါ်သို့ မျက်ရည်များ စီးကျလာခဲ့သည်။
သူ့ခြေထောက်တစ်ဖက်က ကျိုးနေဆဲဖြစ်သော်လည်း ကလေးမလေး ဘယ်လိုပုံစံရှိလဲဆိုတာ သူမြင်ချင်နေဆဲဖြစ်သည်။
ထိုအချိန်တွင် ကောင်းရုန်၏ ဇနီးဟောင်း ကျန်းရွှေ့ရွှေ့လည်း သူ့ရှေ့မှာ ပေါ်လာခဲ့ပါသည်။
"ကောင်းရုန် ရှင်အဲ့လောက်တောင် သေချင်နေတာလား။ ရှင်သေသွားရင် ကျွန်မနဲ့ ရန်ရန်လေးတို့ ဘယ်သွားရမှာလဲ" ကျန်းရွှေ့ရွှေ့က ငိုကြွေးရင်း ကောင်းရုန်ကို ကြည့်လိုက်သည်။
"လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရှင် ကျွန်မကို စွန့်ပစ်သွားတယ်။ တခြားတစ်ယောက်ကို လက်ထပ်ဖို့တောင် ပြောခဲ့သေးတယ်။ ကျွန်မပျော်ရွှင်ဖို့အတွက်လို့ပြောပြီး သန်း ၁၀၀ ပေးခဲ့တယ်။ ဒါပေမယ့် အဲ့လောက် ပိုက်ဆံတွေ အများကြီး ကျွန်မမသုံးနိုင်ဘူး။ ကောင်းရုန် ဒါက ကျွန်မတို့သမီးလေး ရန်ရန်ပါ" ကျန်းရွှေ့ရွှေ့ ကောင်းရုန်ကိုကြည့်ပြီး ပြုံးလိုက်ပါသည်။
ကောင်းရုန်ကလည်း ကျန်းရွှေ့ရွှေ့ကို ကြည့်ကာ ရင်နာသွားခဲ့သည်။
ဒီနှစ်ပေါင်းများစွာအတွင်း ကျန်းရွှေ့ရွှေ့ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရလိမ့်မည်။
လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ကျန်းရွှေ့ရွှေ့လို မိန်းကလေးကောင်းတစ်ယောက်ကို လက်မထပ်ချင်သဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ကျန်းရွှေ့ရွှေ့ လက်လျှော့သွားအောင် တမင်သက်သက် လူရှုပ်လူပွေ ဖြစ်လာခဲ့သည်။ ဒါတွေအားလုံးက သူ့ကျန်းမာရေးကြောင့် ဖြစ်၏။ ကျန်းရွှေ့ရွှေ့ ကိုယ်ဝန်ရသွားနိုင်ခြေက အလွန်နိမ့်ပါသည်။
သို့သော်လည်း ကျန်းရွှေ့ရွှေ့က ကိုယ်ဝန်ရသွားပြီး သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါသည်။
ကောင်းရုန်က ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး ကျန်းရွှေ့ရွှေ့ကို ဖက်လိုက်ပါသည်။ ထို့နောက် ကလေးလေးတစ်ယောက်လို ငိုကြွေးလိုက်သည်။
"ကိုယ် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်... အရင်တုန်းက ကိုယ့်မိသားစု အရမ်းချမ်းသာတာတောင် မင်းကို ကွာရှင်းခဲ့တယ်။ အခု ကိုယ်ဆင်းရဲသွားပြီ မင်းပြန်လာချင်သေးလို့လား။ ခြေတစ်ဖက်ကျိုးနေတဲ့ ဒုက္ခိတတစ်ယောက်ရဲ့ ဇနီး ဖြစ်ချင်သေးလို့လား"
ကျန်းရွှေ့ရွှေ့က ကောင်းရုန်ကိုဖက်ပြီး သူ့ကျောပြင်ကို ပုတ်ပေးလိုက်ပါသည်။ သူမလည်း ငိုကြွေးနေပါသည်။
"ကောင်းရုန် ကျွန်မက ရှင့်ပိုက်ဆံတွေကို သဘောကျတာမှ မဟုတ်တာ။ ကျွန်မသဘောကျတာက ရှင့်ကိုလေ။ မိန်းမတိုင်း ငွေချစ်တတ်တာမဟုတ်ဘူး။ ရှင်ပေးထားတဲ့ သန်း ၁၀၀ လည်း ကျွန်မ ဘဏ်မှာ စုထားတုန်းပဲ။ အခု ရှင် ဆင်းရဲနေပြီလို့ ပြောစရာလည်း မလိုဘူး။ ရှင်အသက်ရှင်နေသေးသရွေ့ ကျွန်မ ရှင့်ဘေးမှာ တစ်သက်လုံး နေသွားမှာပါ"
ကောင်းရုန် ပြုံးကာ ပြောလိုက်ပါသည်။ "ကောင်းတာပေါ့... ကောင်းတာပေါ့..."
ကောင်းရုန် လင်းဖန်ကို ကြည့်လိုက်သည်။ ရုတ်တရက် သူ ဒူးထောက်ချလိုက်ပါသည်။
"လင်းဖန် ကျေးဇူးတင်ပါတယ်ကွာ။ ငါ့သမီးလေးကို ရှာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်တုန်းက ကိစ္စတွေအတွက် ငါဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ငါ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်..."
"အဲ့တာတွေ မလုပ်ခဲ့သင့်ဘူး။ မင်းကို မတိုက်ခိုက်ခဲ့သင့်ဘူး။ ငါတို့ ၃ ယောက် အတူတူနေနိုင်ဖို့ပဲ မျှော့်လင့်တယ်။ အဲ့တာဆို လုံလောက်ပါပြီ" ကောင်းရုန်က ကလေးမလေးကို ဖက်ကာ ပျော်ရွှင်စွာ ပြုံးလိုက်ပါသည်။
ကျန်းရွှေ့ရွှေ့လည်း လင်းဖန်ရှေ့တွင် ဒူးထောက်လိုက်ပါသည်။ "ဘော့စ်လင်း။ ကျွန်မကို ကောင်းရုန်နဲ့ ပြန်ပေါင်းစည်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။ ရှင့်ရဲ့ စေတနာကို ကျွန်မအမှတ်ရနေပါ့မယ်။ ကောင်းမိသားစုက အခု ဒေဝါလီခံသွားရပြီဆိုရင်တောင် ကောင်းရုန်ရဲ့ အပြစ်တွေဆိုတာ ကျွန်မသိပါတယ်။ ရှင့်ကို တကယ်ကျေးဇူးတင်ပါတယ်..."
ကလေးမလေးတောင် ဒူးထောက်လိုက်ပြီး ငိုကြွေးလိုက်ပါသည်။ "ကိုကြီးလင်းဖန် သမီးဖေဖေနဲ့ မေမေကို ခွင့်လွှတ်ပါနော်"
ကလေးမလေးကိုကြည့်ပြီး လင်းဖန် ပြုံးလိုက်ပါသည်။
ဒါက တရားဥပဒေကြီးစိုးသည့် လူမှုပတ်ဝန်းကျင်ဖြစ်ကာ လင်းဖန် ဘယ်သူ့ကိုမှ သတ်ဖြတ်ဖို့ မတွေးဖူးပါ။
ကောင်းရုန်ကို သတ်လိုက်ပါက သူ တရားရင်ဆိုင်ရမည်။
လင်းဖန်က ရန်ရန်လေးကို ထူပေးပြီး ပြောလိုက်ပါသည်။
"ထတော့ ကောင်းရုန်။ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ နောက်တစ်ခေါက် ရှင်သန်ခွင့်ပေးမယ်။ မင်းလိုချင်လား"