မတူတဲ့ အမြင်နဲ့ကြည့်ခြင်း
Vol. 29 Ch. 432
ကောင်းရုန်ကိုကြည့်လျက် လင်းဖန် ပြုံးလိုက်ပါသည်။ "ကောင်းရုန် မင်းမှာ ရွေးချယ်ဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ရမယ်နော်"
ကောင်းရုန် ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့ ငါရှင်သန်ချင်တာပေါ့။ ပြောစရာတစ်ခုခုရှိရင် ကျေးဇူးပြုပြီး ငါ့ကို ညွှန်ကြားပေးပါ ဘော့စ်လင်း။ ရန်ရန်လေးကို ပြန်တွေ့ခဲ့ရပြီဆိုတော့ ငါတို့သာ အတူတူရှိနေရင် ကမ္ဘာပေါ်က အရာအားလုံးကို လုပ်နိုင်တယ်လို့ ခံစားနေရတယ်"
လင်းဖန် ပြောလိုက်သည်။ "အရင်ထလိုက်ပါဦး။ ကောင်းရုန်၊ အခုချိန်ကစပြီး ကောင်းကော်ပိုရေးရှင်းက ဒေဝါလီ ခံသွားရပြီ။ အဲ့တာ ပြောင်းလဲလို့ မရတဲ့ အမှန်တရားပဲ"
"ဒီနေ့ကစပြီး ကျားရှင်းဖျော်ဖြေရေးက ကောင်းကော်ပိုရေးရှင်း ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေနဲ့ အိမ်ခြံမြေအားလုံးကို သိမ်းပိုက်လိုက်ပြီ။ ဒါပေမယ့် ကျန်းမြို့တော်ရဲ့ အိမ်ခြံမြေလောကနဲ့ အကျွမ်းအဝင်ရှိတဲ့လူက မင်းပဲ။ ဒီကဏ္ဍမှာ စုရှောင်းယွီနဲ့ စုမူချင်းတို့တောင် မင်းနဲ့ မယှဉ်နိုင်ဘူးလို့ ခံစားမိတယ်"
"မင်းကို ကျန်းမြို့တော်က အိမ်ခြံမြေလုပ်ငန်းရဲ့ ဦးဆောင်သူအဖြစ် တာဝန်ပေးလိုက်မယ်။ ရှယ်ယာ ၅ ရာခိုင်နှုန်းနဲ့ အမြတ်အစွန်းတွေလည်း ပေးမယ်။ မင်းကို နှစ်စဉ်လစာ သန်း ၃၀ ပေးမယ်။ ဒါနဲ့ ကျန်းမြို့တော်ထဲမှာပဲ အိမ်ခြံမြေ လုပ်ငန်းကို ကိုင်တွယ်ရမှာ မဟုတ်ဘူး။ ရှန်ဟိုင်းမြို့၊ ပေကျင်းမြို့နဲ့ တခြားမြို့တွေမှာလည်း အိမ်ခြံမြေလုပ်ငန်းကို တိုးချဲ့သွားရမယ်"
"မင်း အဲ့တာတွေ လုပ်နိုင်မလား" လင်းဖန်က ကောင်းရုန်ကိုကြည့်ကာ ပြုံးလိုက်ပါသည်။
လင်းဖန်၏ စကားကို ကြားသောအခခါ ကောင်းရုန် ဘဝကြီး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
လင်းဖန်ကို မယုံကြည်နိုင်စွာ ပြန်ကြည့်လိုက်ပါသည်။
သူနဲ့ လင်းဖန်တို့၏ ဆက်ဆံရေးက ဒီအတိုင်းအတာထိ ပျက်စီးခဲ့သည်။ သို့သော်လည်း လင်းဖန်က သူ့ကို ဒီလို အရေးပါသည့် လုပ်ငန်းမှာ ဦးဆောင်ခွင့်ပေးနေပါသည်။
ဆိုလိုတာက ကောင်းကော်ပိုရေးရှင်း ဒေဝါလီခံသွားသော်လည်း သူ့ယခင်အလုပ်တွေကိုပဲ ဆက်လုပ်နေနိုင်သည်။ သို့သော်လည်း အကျိုးအမြတ်ကတော့ ခြားနားလိမ့်မည်။
ကောင်းရုန် ခြားနားသလို ခံစားသွားရခြင်းက သူ့ယခင် အလုပ်တွေပဲ မဟုတ်ပါ။
ယခင်တုန်းက ကောင်းကော်ပိုရေးရှင်းမှာ ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်းတွေကိုသာ ကိုင်တွယ်ခဲ့တာ ဖြစ်သည်။
ဘယ်တော့မှလည်း လုပ်ငန်းမတိုးချဲ့ခဲ့ပါ။
ယနေ့ လင်းဖန်က ကောင်းရုန်ကို ပြန်လည်မွေးဖွားလာခွင့်ပေးလိုက်သည်။
လင်းဖန်ကို ကောင်းရုန်ကြည့်ပြီး ပြောလိုက်သည်။ "လင်းဖန် မင်း ငါ့ကို အဲ့လောက်တောင် ယုံကြည်မှာလား။ မင်းကိုငါ နောက်ကျောဓားနဲ့ ထိုးသွားမှာကို စိတ်မပူဘူးလား"
လင်းဖန်ပြုံးကာ ပြောလိုက်ပါသည်။ "မင်း အဲ့လိုမလုပ်ပါဘူး"
ကောင်းရုန် လင်းဖန်ကို ဦးညွှတ်လိုက်ပါသည်။ "ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘော့စ်လင်း။ ကောင်းရုန်ဆိုတဲ့ ငါ ကျိန်းသေပေါက် ကြိုးစားပြီး ကျန်းမြို့တော်မှာ အိမ်ခြံမြေလောကကို အကောင်းဆုံး ဦးဆောင်သွားပါ့မယ်။ ဘော့စ်လင်း ပေးထားတဲ့တာဝန်ကို ကျေပွန်စေဖို့လည်း အကောင်းဆုံး ကြိုးစားပါ့မယ်။ မင်းက ငါ့ကို ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့တာ။ ဒါ ငါ့အတွက် အကောင်းဆုံး လက်ဆောင် တစ်ခုပါပဲ"
ထိုအချိန်မှာပဲ လင်းဖန်ရှေ့၌ အချက်အလက် ဘောင်ကွက် တစ်ခု ပေါ်လာခဲ့လေသည်။
အမည်: ကောင်းရုန်
သစ္စာရှိမှု: ၁၀၀
စနစ်က သုံးသပ်ချက် ထုတ်ပေးလိုက်မှ လင်းဖန် အပြည့်အဝ စိတ်အေးသွားရပါသည်။
လင်းဖန်က ရန်ဖြစ်ရတာ သတ်ဖြတ်ရတာကို သဘောမကျပေ။ တကယ်တမ်း သူ့မှာ လုပ်စရာ အလုပ်တွေ အများကြီး ရှိပါသည်။ အိမ်ခြေမြေလုပ်ငန်းကို တည်ထောင်ချင်သည်ဆိုရင်တောင် သူယုံကြည်ရသည့်လူလက်ထဲသာ တာဝန်ပေးထားမှ ဖြစ်ပါမည်။
လင်းဖန်ဘေးက ကောင်မလေး ရှားဝမ်ချွေ့က ဒီလိုအလုပ်မျိုးနဲ့ မသင့်တော်ပါ။ စုရှောင်းယွီကို လုပ်ခိုင်းရင်လည်း တူနဲ့ မြေပဲကို ခွဲသလို ဖြစ်နေလိမ့်မည်။ ထို့အပြင် စုရှောင်းယွီကို သူ့နားမှာ ခေါ်ထားမှ လင်းဖန် စိတ်အေးရပါသည်။
စုမူချင်း အိမ်ခြံမြေလုပ်ငန်းကို တာဝန်ယူပြန်ရင်လည်း ဘယ်သူက လင်းဖန်၏ လက်ထောင် လုပ်ပေးတော့မှာလဲ။ သေချာစဉ်းစားပြီးမှ ကောင်းရုန်က ဒီတာဝန်ကိုယူဖို့ အသင့်တော်ဆုံးလူဖြစ်သည်ဟု လင်းဖန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါသည်။
ကောင်းရုန်ရဲ့ အစွမ်းအစနဲ့ သူ့အပေါ် ထားသည့် သစ္စာတရားတို့နဲ့သာဆိုရင် အိမ်ခြံမြေလောကထဲမှာ လင်းဖန် စိတ်အေးနိုင်ပါပြီ။
ဘာပဲဖြစ်ဖြစ် ဘီလီယံရာချီတန်သည့် ကုမ္ပဏီကြီးတစ်ခုကို သူများကို စီမံခိုင်းဖို့က ထိုလူကလည်း အလွန် ပရော်ဖက်ရှင်နယ်ကျသည့် အသိပညာ ရှိရမည်။
ထိုလူက ကောင်းရုန်ဖြစ်မှ အဆင်ပြေပါလိမ့်မည်။
ထို့ကြောင့် လင်းဖန်က ကောင်းရုန်ရဲ့ အချက်အလက်တွေကို ရှာဖွေပြီး သူ့ဇနီးဟောင်းကို ရှာဖွေခဲ့သည်။ ကောင်းရုန်မှာ သမီးလေးတစ်ယောက် ရှိနေမှန်းပါ သိခဲ့ရပါသည်။
အားလုံးကို ဖြေရှင်းပြီးနောက် ကောင်းရုန်၏ အဖေက လင်းဖန်ကို ဖုန်းဆက်ခဲ့ပါသည်။ ထို့ကြောင့် ကောင်းရုန်ကို ကူညီဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ထင်မထားစရာကောင်းအောင် လင်းဖန်အပေါ် ကောင်းရုန်၏ သစ္စာရှိမှုက ၁၀၀ အထိ တိုးမြင့်လာခဲ့သည်။
အရင်တစ်ခေါက် သစ္စာရှိမှု အမှတ် ၁၀၀ နဲ့ လူက စုမူချင်း တစ်ယောက်တည်းသာ ရှိပါသည်။
လင်းဖန် ပြောလိုက်၏။ "ဟုတ်ပြီ။ အခုက ၂၁ ရာစုကို ရောက်နေပြီ။ ဒူးတွေပဲ ဘာလို့ ထောက်နေကြတာလဲ။ အလုပ် ကြိုးစားပါ ကောင်းရုန်။ ကျန်းမြို့တော်မှာ အိမ်ခြံမြေလုပ်ငန်းကို ကောင်းကောင်း မစီမံနိုင်ဘူးဆိုရင် ငါ မင်းကို ခွင့်မလွှတ်ဘူး။ နောက်ကို ရှန်ဟိုင်းမြို့မှာလည်း အိမ်ခြံမြေလုပ်ငန်းကို တိုးချဲ့ရမယ်။ မင်း မကြိုးစားရင် အချိန်မရွေး လူစားထိုးလိုက်လို့ ရတယ်"
ကောင်းရုန်လည်း ရိုးရိုးသားသား ပြုံးပြီး ပြောလိုက်ပါသည်။ "ဘော့စ်လင်း။ ကျိန်းသေပေါက် ငါကြိုးစားမှာပါ။ ကျေးဇူးပြုပြီး ငါ့အစွမ်းအစကို ယုံကြည်ထားပေးပါ။ ငါ ကောင်းကောင်း မလုပ်နိုင်ရင် ငါ့ကိုယ်ငါလည်း ခွင့်မလွှတ်ပါဘူး။ ဟားဟား"
ကောင်းရုန် အလွန် ပျော်ရွှင်နေပါပြီ။ သူ အလိုချင်ဆုံးအရာက ကလေးတစ်ယောက် ကလွဲပြီး ဘာမှ မရှိပါ။
လင်းဖန်ကြောင့်သာ မဟုတ်ပါက သူ့မှာ သမီးလေးတစ်ယောက်ရှိမှန်း သိခဲ့မှာ မဟုတ်ပေ။
ထို့အပြင် သူ့ဇနီးဟောင်း ကျန်းရွှေ့ရွှေ့လည်း ပြန်ရောက်လာခဲဲ့သည်။ လက်ရှိ ကောင်းရုန်အတွက် ဘဝကြီးက ပျော်ဖို့ ကောင်းလွန်းပါသည်။
လင်းဖန်က သူ့ကို ဒီအလုပ် မပေးခဲ့ရင်တောင် လင်းဖန်ကို ရင်ထဲ နက်နက်ရှိုင်းရှိုင်းမှ ကောင်းရုန် ကျေးဇူးတင်နေဦးမည် ဖြစ်ပါသည်။
အတိတ်ကို ကောင်းရုန် ဂရုမစိုက်တော့ပေ။ လင်းဖန်ကလည်း ဂရုမစိုက်ပါ။
ယခု လင်းဖန်က ကျန်းမြို့တော်ရှိ အိမ်ခြံမြေလုပ်ငန်းမှာ သူ့ကို ဦးဆောင်ခိုင်ထားသဖြင့် ကောင်းရုန် ကျေးဇူးတင်လို့ မဆုံးတော့ပေ။
လင်းဖန် ဘယ်လောက် တော်မှန်း ကောင်းရုန် သိပါသည်။ လင်းဖန်က Alibaba ၏ ဒုဥက္ကဌ ဖြစ်သည်။ ဒီအဆင့်အတန်း တစ်ခုတည်းနဲ့တင် ကောင်းရုန် ကိုးကွယ်လို့ ရသည်။
ယခု လင်းဖန်က မြို့ပေါင်းစုံမှာ အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်ချင်သည်ဟု ဆိုသည်။ ကောင်းရုန် တစ်ခါမှ မစဉ်းစားမိခဲ့ပါ။
လင်းဖန်က သူ့ကို နောက်ကွယ်မှ ထောက်ပံ့ပေးထားသဖြင့် သူ စိုးရိမ်ပူပန်ဖို့ မလိုတော့ပေ။
လင်းဖန်က ကောင်းရုန်ကို ပခုံးပုတ်ပေးလိုက်ပါသည်။ "မင်းခြေထောက်အတွက်တော့ စိတ်မကောင်းဘူး။ မင်းခြေထောက်ကို သက်သာအောင် အရင်လုပ်ပြီးမှ အလုပ်လုပ်ပါ"
ကောင်းရုန်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "ဘော့စ်လင်း ငါ့ခြေထောက်ကိုငါ မတော်တဆ ထိခိုက်မိတာပါ။ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဒါပေမယ့် ခြေထောက်ကို ပြန်ကောင်းအောင် လုပ်ရမှာတော့ ဟုတ်ပါတယ်"
လင်းဖန် ပြုံးသာ ပြုံးလိုက်ပြီး ရှင်းမပြခဲ့ပါ။
သူ ကံဆိုးမိုးမှောင်ကတ်ကို သုံးခဲ့လို့ ဒီလို ဖြစ်ရတာ ဖြစ်ပါသည်။ ထို့ကြောင့် ကောင်းရုန် ဒီလောက်ထိ စုတ်ပြတ်သွားခြင်း ဖြစ်၏။
ကောင်းရုန်ကိုသာ သူ လာမတွေ့ပါက အဆောက်အဦးပေါ်မှ ခုန်ချသွားလောက်ပါပြီ။
အထပ် ၈၀ မှ ခုန်ချပါက သေဖို့သာ ရှိသည်။
ကောင်းရုန် အိမ်ပြန်ရောက်သောအခါ ချက်ချင်းပဲ အရေးကြီး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ပါသည်။
ရှားမိသားစုထံကို သွားရောက်ဖို့ ဖြစ်သည်။
ကောင်းရုန်မိဘများနဲ့အတူ၊ ကောင်းရုန်၏ ဇနီးကော သမီးကော အားလုံး အတူတူ ရှားမိသားစုအိမ်တော်ကို လာခဲ့ကြပါသည်။
သူတို့ အိမ်ထဲ ရောက်တာနဲ့ အားလုံး ဒူးထောက်လိုက်ကြပြန်ပါသည်။
ကောင်းရုန် ပြောလိုက်၏။ "သခင်ကြီးရှား။ ကျွန်တော် တောင်းပန်ဖို့ လာခဲ့တာပါ။ ကျွန်တော် တောင်းပန်ပါတယ်"
"ရှားဝမ်ချွေ့ကိုလည်း တောင်းပန်ပါတယ်။ အရင်တုန်းက လုပ်ရပ်တွေကို မလုပ်ခဲ့သင့်ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ"
"စုမူချင်းကိုလည်း တောင်းပန်ပါတယ်။ ခင်ဗျားအိမ်ကိုသွားပြီး အတင်းအကြပ် လက်ထပ်ခွင့်မတောင်းခဲ့သင့်ဘူး"
"အခုချိန်ကစပြီး ကောင်းရုန်ဆိုတဲ့ ကျွန်တော်က ဘော့စ်လင်းရဲ့ လူ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ကောင်းမိသားစု တစ်စုလုံးက လင်းဖန်ရဲ့ လက်အောက်မှာ ဖြစ်သွားပါပြီ။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ဘော့စ်လင်းရဲ့ စေတနာကို ကျေးဇူးပြန်ဆပ်မှာပါ"
ကောင်းရုန်က ရှားမိသားစုရှေ့တွင် ဒူးထောက်လိုက်ပြီး ထိုစကားလုံးများကို လေးနက်စွာ ပြောလိုက်ပါသည်။
ကောင်းရုန်စကားကိုကြားသောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြလေသည်။
လင်းဖန်က... ကောင်းမိသားစုကို တကယ်ပဲ သိမ်းပိုက်ခဲ့ပါသည်။
သူ ဘယ်လိုများ လုပ်လိုက်တာလဲ။
သို့သော်လည်း လင်းဖန်၏ ဆုံးဖြတ်ချက်ကို သိလိုက်ရသောအခါ အနည်းငယ် လေးစားသွားကြပါသည်။
လင်းဖန်လို လူမျိုးသာ ဒီလိုလုပ်လို့ အောင်မြင်နိုင်လိမ့်မည်။
ရှားဝမ်ချွေ့က ရှေ့ထွက်လာပြီး လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်သည်။ သူမ ချစ်စရာ အမူအယာလေး လုပ်ပြန်လိုက်ပါသည်။ "မြောင်"
သခင်ကြီးရှားကလည်း လင်းဖန်ကို ပခုံးပုတ်ကာ ပြောလိုက်သည်။
"လင်းဖန် မင်း ဒီပြဿနာကို ဖြေရှင်းခဲ့တာ အရမ်းကောင်းတယ်။ ရန်သူကို အနိုင်ယူနိုင်တယ်ဆိုတာက ကိုယ့်ရဲ့ အစွမ်းအစပဲ။ ရန်သူကို အသေဖြိုခွင်းဖို့က လူအများစု လုပ်ချင်ကြတဲ့ အရာပဲ။ ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲဖို့မှ အခက်ခဲဆုံးအရာ။ စိတ်ဓာတ်ခိုင်မာသူတွေပဲ ဒီလိုလုပ်နိုင်တာ"
"လင်းဖန် ငါမင်းကို အထင်ကြီးသွားပြီ"