ငါ့ကောင်လေးလို ဟန်ဆောင်ပေးလို့မရဘူးလာား
Vol. 29 Ch. 433
နေသာသည့် ဗုဒ္ဓဟူးနေ့တွင်...
လင်းဖန် အပြင်ထွက်လာတော့ စုရှောင်းယွီ တံခါးနားမှာ ရပ်နေတာကို မြင်လိုက်ရပါသည်။
သူမ ဦးထုပ်တစ်လုံး ဆောင်းထားသည်။ ကုတ်အင်္ကျီတိုတစ်ထည် ဝတ်ဆင်ထားပြီး အဝါဖျော့ဖျော့ ဒူးအရှည်ရှိသော စကတ်ကို ဝတ်ဆင်ထားသည်။ သူမ၏ နက်မှောင်သော ဆံနွယ်များက ပခုံးပေါ်မှာ ကျနေပါသည်။ သူမ၏ ကြည်လင်ပြီး တောက်ပသည့် သူငယ်အိမ်များ၊ ကွေးနေသော မျက်ခုံးများ၊ ရှည်လျားသော့ မျက်တောင်မွှေးများက အနည်းငယ် တုန်လှုပ်သွားသည်။ သူမ လက်နောက်ပစ်လိုက်ပြီး လင်းဖန်ရှေ့မှာ ရပ်လိုက်ပါသည်။
"ဆရာ~" စုရှောင်းယွီက ချိုမြိန်စွာ ပြုံးပြီး လင်းဖန်ဘေးကို လျှောက်လာခဲ့ပါသည်။
"ရှောင်းယွီ ငါ့ကို အမှန်တိုင်း ပြောစမ်း။ ကောင်းကော်ပိုရေးရှင်းစာချုပ်အတွက် နင်ဘယ်လောက်တောင် သုံးခဲ့တာလဲ" လင်းဖန်က စုရှောင်းယွီကို အတည်ပေါက်ကြည့်ကာ မေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကောင်းကော်ပိုရေးရှင်းက ၆၀၀ ဘီလီယံ စျေးကွက်တန်ဖိုးရှိသည့် ကုမ္ပဏီ တစ်ခု ဖြစ်သည်။ စုရှောင်းယွီ ဝယ်ယူလိုက်ပြီးနောက် ထိုကုမ္ပဏီအားလုံးက လင်းဖန် အပိုင် ဖြစ်သွားပါသည်။
၂၀ ဘီလီယံလောက်နဲ့တော့ အကုန်လုံးကို ဝယ်နိုင်မှာ မဟုတ်တာ လင်းဖန် သိပါသည်။
၂၀ ဘီလီယံက သေးငယ်သည့် ပမာဏ မဟုတ်သော်လည်း အိမ်ခြံမြေတွ၊ ဆိုင်ခန်းတွေ အများကြီး ရှိသဖြင့် ပမာဏက အလွန် များပြားလွန်းသည်။ သာမန်လူတွေ ဝယ်ယူနိုင်သည့် အရာမျိုး မဟုတ်ပါ။
စုရှောင်းယွီ မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပါသည်။ "တကယ်တော့ ၃၀ ဘီလီယံပါပဲ။ အများကြီး မဟုတ်ပါဘူး။ ဆရာ့ကို အကုန်ပေးမှဖြစ်မှာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့လောက် ပိုက်ဆံ အများကြီးက ငါ့အတွက်လည်း အသုံးမဝင်ပါဘူး"
လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်သည်။ "တစ်နည်းအားဖြင့် နင်က ၂၀ ဘီလီယံ သုံးပြီး ငါက ၁၀ ဘီလီယံ သုံးလိုက်ရတယ်ပေါ့။ နင်ငွေတွေအများကြီး မသုံးခဲ့သင့်ဘူး။ နင် ကောင်းကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၃ ပုံ ၂ ပုံကို ယူရမယ်"
လင်းဖန် အတည်ပေါက် ပြောတာ ဖြစ်ပါသည်။
စုရှောင်းယွီက ကမ္ဘာ့အချမ်းသာဆုံးလူ၏ သမီးဖြစ်ကာ ငွေမရှားသော်လည်း လင်းဖန်ကို ဘာအကြောင်းပြချက်မှ မရှိဘဲ ၂၀ ဘီလီယံ ကူညီပေးခဲ့သည်။ လင်းဖန် သူမကို အခွင့်အရေး မယူနိုင်ပါ။
လင်းဖန်က ခက်ထန်သော မျက်နှာဖြင့် ပြောလိုက်၏။ "ပြီးတော့ နောက်ဆို ငါ့ကို ထပ်မလိမ်နဲ့။ ငါ့ကို လိမ်ရင် ဒေါသထွက်မှာ"
စုရှောင်းယွီ ဝမ်းနည်းသွားပုံပေါ်ပါသည်။ လင်းဖန်၏ အင်္ကျီစကိုဆွဲကာ ခေါင်းငုံ့ပြီး ပြောလိုက်ပါသည်။ "ဆရာ ငါမှားပါတယ်။ နောက်ကို မလိမ်တော့ပါဘူး။ ဒါပေမယ့် ငါ့ကို ရှယ်ယာတွေ ပေးစရာ မလိုဘူး။ အဲ့ရှယ်ယာတွေကို ငါမလိုပါဘူး"
လင်းဖန်လည်း သဘောတူလိုက်ပါသည်။
စုရှောင်းယွီက ငွေကို စိတ်မဝင်စားတော့ပေ။ ထိုရှယ်ယာတွေက သူမအတွက် တကယ်ပဲ များများစားစား အသုံးမဝင်ပါ။
စုရှောင်းယွီကြောင့်သာ မဟုတ်ပါက လင်းဖန် ဘယ်လောက်ပဲ တော်နေပါစေ ကောင်းကော်ပိုရေးရှင်း၏ အိမ်ခြံမြေလုပ်ငန်းကို သိမ်းပိုက်နိုင်ခဲ့မှာ မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် အရေးအကြီးဆုံးအရာက ငွေပဲ ဖြစ်သည်။
လင်းဖန်၏ လက်ရှိ အစွမ်းအစနဲ့ ဆိုရင်တောင် ငွေသား ဘီလီယံ ဆယ်ချီပြီးကို ချက်ချင်း ထုတ်လို့ မရပါ။
ရိုးရိုးသားသားပြောရလျှင် လင်းဖန် ဘဏ်အကောင့်ထဲမှာ ယွမ် သောင်းဂဏန်းသာ ရှိပါတော့သည်။ ကျန်တာအကုန် သုံးလိုက်မိပါပြီ။
လင်းဖန်က သန်းကြွယ်သူဌေး ဖြစ်သော်လည်း အခုတော့ တကယ်မွဲသွားပါပြီ။
ထို့ကြောင့် သန်းကြွယ်သူဌေး အများစုက အလွန်ချမ်းသာသည့်ပုံပေါက်သော်လည်း အရင်းအနှီး အများကြီး မရှိကြပေ။
ဒီတိုင်းသာ ဆက်သွားပါက ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းတွေကိုတောင် လစာပေးနိုင်မှာ မဟုတ်တော့ဘူးဟု လင်းဖန် ခန့်မှန်းမိပါသည်။
လင်းဖန် ပြုံးကာ ပြောလိုက်၏။ "ဒါဆို နင် ဘာဆုလိုချင်လဲ ပြော"
စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။ "ဆရာ ငါနဲ့ အတူတူ ၁ ရက်လောက် လျှောက်လည်ပေး~ ဒီတိုင်းပဲ ငါနဲ့ လိုက်ခဲ့ရုံပဲ"
လင်းဖန်၏ မျက်နှာထားကိုကြည့်ပြီး စုရှောင်းယွီ ဝမ်းနည်းစွာ ခေါင်းငုံ့လိုက်ပါသည်။ "တကယ်တော့ အစ်မဝမ်ချွေ့ကို ခေါ်ခဲ့လို့လည်း ရပါတယ်..."
ထိုအချိန်တွင် ရှားဝမ်ချွေ့ အပြင်ထွက်လာခဲ့ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ "နင်တို့ပဲ သွားကြပါ။ ငါအိမ်မှာ ဘိုးဘိုးနဲ့ အတူ နေခဲ့ဦးမယ်။ ဘိုးဘိုး နေသိပ်မကောင်းဘူး။ သူ့ကို ခဏလောက် ပြုစုပေးလိုက်ဦးမယ်~"
ရှားဝမ်ချွေ့က ဘာမှ စိတ်မပူပါ။ စုရှောင်းယွီက သူမ၏ ညီမဖြစ်သူ ဖြစ်သည်။ ထို့ကြောင့် သဝန်လည်း မတိုပါ။
သူမ အဘိုးဘေးမှာသာ ပိုပြီး ရှိနေပေးချင်၏။ ဒါက ရှားရှားပါးပါး ခရီးစဉ် တစ်ခု ဖြစ်သည်။ နောက်ပိုင်း ရှားမိသားစုဆီ ထပ်လာလည်ဖို့ သူမမှာ အခွင့်အရေး ရှိပါ့မလားတောင် မသိပါ။
ကြယ်ပွင့်တစ်ယောက် ဖြစ်ရတာ ခက်ခဲသည်။ အချိန်ဇယားတွေက အမြဲ ပြည့်နေပြီး အနားမယူရသလောက် ရှားပါသည်။ ထို့ကြောင့် ရှားဝမ်ချွေ့ အိမ်မှာပဲနေဖို့ ဆုံးဖြတ်လိုက်ပါသည်။
ထို့အပြင် စုရှောင်းယွီကလည်း လင်းဖန်ကို အများကြီး ကူညီပေးခဲ့ပါသည်။
နေ့လည်ခင်းတွင် လင်းဖန်က Rolls-Royce Cullinan ကို မောင်းပြီး အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီကြီးတစ်ခု၏ ဝင်ပေါက်ဆီကို ရောက်လာခဲ့သည်။
စုရှောင်းယွီက ရှေ့ခုံမှာ ထိုင်နေပြီး ဘေးပတ်လည် ရှုခင်းများကို ကြည့်နေ၏။ သူမ အလွန် ပျော်ရွှင်နေပါသည်။
နောက်ဆုံးတော့ လင်းဖန်နဲ့ အတူတူ အပြင်ထွက်လာနိုင်ပြီ။ သို့သော်လည်း လင်းဖန်က အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီတစ်ခုဆီကိုသာ ခေါ်လာတာ ဖြစ်သည်။
အနည်းဆုံးတော့ ဒီနေ့အဖို့ လင်းဖန်ကို သူမ ပိုင်ဆိုင်ပါသည်။
"နင် ဘာတွေစဉ်းစားနေတာလဲ" လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်သည်။ သူမ အတွေးများနေသည့်ပုံအား သူ မြင်ပါသည်။
"သြော် ဘာမှ မစဉ်းစားပါဘူး။ ဆရာက ချောလွန်းတော့ ခိုးကြည့်နေတာ..." စုရှောင်းယွီ ပြုံးလိုက်သည်။
"သွားကြစို့။ ကျန်းမြို့တော်က အိမ်ခြံမြေလုပ်ငန်း အခြေအနေ ဘယ်လိုရှိလဲ ကြည့်ကြရအောင်" လင်းဖန် ပြောလိုက်သည်။
ကားထဲက ထွက်မလာခင် လင်းဖန်၏ ကားကို အားလုံး ဝိုင်းကြည့်နေကြပါသည်။
"ဝိုး... အဲ့တာ Rolls-Royce Cullinan ကြီး မလား။ သန်းချီပြီး တန်တဲ့ ဇိမ်ခံကားကြီး တစ်စီးပဲ"
"လခွမ်း။ ရည်းစားနဲ့ လျှောက်လည်ဖို့ Rolls-Royce Cullinan ကြီး မောင်းလာတာလား။ သန်းကြွယ်သူဌေးများလား"
"ဒါပေါ့။ တခြားသူတွေက Rolls-Royce Cullinan ကြီးကို စီးနိုင်ပါ့မလား။ အဲ့လို ဇိမ်ခံကားကြီးတွေက အရေအတွက် အကန့်အသတ် ရှိတယ်လို့ ကြားဖူးတယ်။ ပြီးတော့ ကောင်မလေးကလည်း အရမ်းလှတာပဲ"
"ကောင်းလိုက်တာ။ ဒီလောက်တန်ဖိုးကြီးတဲ့ကားကို မောင်းနိုင်တဲ့လူမျိုး တကယ်ရှိတယ်ပေါ့။ ငါသူနဲ့တွေ့ဖူးတယ်။ အရမ်းအားကျတာပဲ။ ငါလည်း ဒီလို ဇိမ်ခံကားကြီး စီးနိုင်ရင် ကောင်းမှာပဲ"
"စိတ်တောင် မကူးနဲ့။ Rolls-Royce Cullinan စီးနိုင်ဖို့ဆိုတာ သူ့မိသားစုပိုင်ဆိုင်မှုက သန်းရာချီပြီး ရှိရမယ်။ ဒုတိယမျိုးဆက်သူဌေးသားပဲဖြစ်မယ်"
အားလုံး၏ မျှော်လင့်စောင့်စားနေသော အကြည့်များအောက်တွင် လင်းဖန်နဲ့ စုရှောင်းယွီတို့ ကားပေါ်က ဆင်းလာခဲ့ကြပါသည်။
အမှန်ပင်။ လင်းဖန်ကို လူတိုင်း မသိကြပါ။
လင်းဖန်ကို ပရိတ်သတ်အများစုက သိကြသော်လည်း လူတိုင်း သိဖို့ကတော့ ခက်ပါသည်။
ထိုလူတွေက လင်းဖန်နဲ့ စုရှောင်းယွီတို့ကို မသိကြပေ။
သို့သော်လည်း လင်းဖန်၏ ပုံပန်းသဏ္ဌာန်နဲ့ ချောမောမှုတို့ကိုတော့ မထိခိုက်ပါ။
လမ်းပေါ်က ကောင်မလေးများစွာလည်း မှင်သက်သွားကြသည်။
"အဲ့ဒီကောင်လေးက အရမ်းချောတာပဲ။ ဘေးကနေ ကြည့်တာနဲ့တင် သဘောကျသွားပြီ"
"ဒီခန္ဓာကိုယ်၊ ဒီအရပ်အမောင်း၊ ဒီအရှိန်အဝါမျိုးနဲ့ ဘုရားရေ အရမ်း ဆွဲဆောင်မှု ရှိတာပဲ"
"အောင်မြင်တဲ့လူတွေက ပိုပြီး ဆွဲဆောင်မှု ရှိတယ်။ သူ့မှာ ကောင်မလေး ရှိပြီးသားပဲ။ ငါ့ကောင်လေးသာ ဖြစ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ငါလည်း အပြင်ထွက်တိုင်း ကြွားလို့ ရမယ်"
"သူ့ကောင်မလေးကလည်း အရမ်း လှတာပဲ။ ငါတို့ ယှဉ်လို့တောင် မရဘူး"
လင်းဖန်က ဖြတ်သွားဖြတ်လာများစွာ လက်ညှိုးထိုးတာကို ခံရတာ အသားကျနေပါပြီ။ သို့သော်လည်း စုရှောင်းယွီကတော့ ရှက်သွေးဖြာသွားပါသည်။
သူမဘေးကဖြတ်သွားတော့ ကောင်မလေးများစွာက သူမကို လင်းဖန်၏ ချစ်သူဟု အထင်မှားနေကြတာ ကြားခဲ့ရသည်။
စုရှောင်းယွီ၏ မျက်လုံးလှလှလေးများထဲ ကြယ်တွေ တောက်ပနေပါသည်။ သူမ၏ ရင်ထဲမှာလည်း ချိုမြိန်လွန်းသဖြင့် ပေါက်ကွဲထွက်တော့မည်။
သူမက လင်းဖန်၏ ကောင်မလေး မဟုတ်ပေ။ သို့သော်လည်း ဒီလို နားလည်မှုလွဲခံရတာကို စိတ်မရှိပေ။
ဒီခံစားချက်ကြောင့် စုရှောင်းယွီ အနည်းငယ် ပြုံးမိသည်။
အားလုံးပြောတာသာ အမှန်ဆို ဘယ်လောက်ကောင်းလိုက်မလဲ။
လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်၏။
စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။ "ဆရာ ကြည့်ပါဦး။ အားလုံးက ငါ့ကိုနင့်ကောင်မလေးလို့ ထင်နေကြတယ်"
လင်းဖန် ပြောလိုက်သည်။ "နားလည်မှုလွဲနေကြတာပါ။ အထဲဝင်ကြစို့"
စုရှောင်းယွီ သူ့နောက် ခပ်မြန်မြန် ပြေးလိုက်သွားရပါသည်။ "ဟွန်း အကျင့်မကောင်းတဲ့ ဆရာ။ နားလည်မှုလည်း မရှိဘူး။ ငါ့ကောင်လေးလို ဟန်ဆောင်ပေးလို့တောင် မရဘူးလား"
"မရဘူး" လင်းဖန် ပြောလိုက်သည်။
စုရှောင်းယွီ ရပ်တန့်သွားသည်။ သူမ၏ မျက်လုံးလှလှလေးများတွင် ဝမ်းနည်းမှု အရိပ်အယောင် ပေါ်လွင်လာသည်။ သို့သော်လည်း ချက်ချင်းပဲ ပြန်ပျောက်ကွယ်သွားခဲ့ပါသည်။
သူမ ပြန်ပြုံးကာ သူ့နောက်ကို ဆက်လိုက်သွားခဲ့သည်။
တစ်ယောက်ယောက်ကို ချစ်မိပါက ကိုယ့်ဘက်ကပဲ အရှုံးပေးရမည်ဖြစ်ပါသည်။