လစာတိုးမြှင့်ခြင်း
Vol. 30 Ch. 450
"တတိယတစ်ခုကတော့ လစာအခြေအနေပါ။ ကုမ္ပဏီအတွက် ပြောင်မြောက်တဲ့ အထောက်အကူပြုမှုတွေ ပေးနိုင်တဲ့ ဝန်ထမ်းအားလုံးကို လစာတိုးပေးမယ်လို့ တရားဝင်ကြေညာပါတယ်။ လစာတိုးမြှင့်ခြင်းရဲ့ စံနှုန်းနဲ့ အသေးစိတ်တွေအကြောင်း ကြေညာချက် ထုတ်ပြန်ပါလိမ့်မယ်"
"အနုပညာရှင်တစ်ယောက်ကလည်း ငါ့စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိရင် အနုပညာကြေးကို တိုးပေးခံရလိမ့်မယ်။ ပြောစရာ တစ်ခု ရှိသေးတယ်။ ကုမ္ပဏီမှာ အနုပညာရှင်တွေ အများကြီး ရှိကြတယ်။ အနုပညာရှင်တိုင်းမှာ ကိုယ်ပိုင် မန်နေဂျာတွေလည်း ရှိရမယ်။ မန်နေဂျာတစ်ယောက်က အနုပညာရှင်တစ်ယောက်ရဲ့ အလုပ်စီစဉ်မှုတွေကို တာဝန်ယူရမှာပါ။ ဒါပေမယ့် ကျားရှင်းဖျော်ဖြေရေးက ဘယ်အနုပညာရှင်မှ ခွင့်ပြုချက်မရဘဲ အန်ဒိုစာတွေ လက်ခံလို့ မရဘူး။ ခွင့်ပြုချက် မရှိဘဲ တခြားဒရမ်မာတွေမှာ ပါဝင်ခွင့် မရှိဘူး။ ဒီစည်းကမ်းကို ချိုးဖောက်တဲ့လူတိုင်း အလုပ်ဖြုတ်ခံရမယ်" လင်းဖန် ပြောလိုက်သည်။
ကုမ္ပဏီအကြီးစားတစ်ခုအနေဖြင့် စည်းကမ်းတချို့ကိုတော့ သတ်မှတ်ထားရပါလိမ့်မည်။
ကျားရှင်းဖျော်ဖြေရေးက ထိပ်တန်းအနုပညာကုမ္ပဏီတစ်ခုဖြစ်ဖို့ ရည်ရွယ်ထားတာ ဖြစ်သည်။
လင်းဖန်က ကျားရှင်းဖျော်ဖြေရေးကို ဆယ်လီတွေအားလုံး ဂုဏ်ယူစေချင်သည်။
ကျားရှင်းဖျော်ဖြေရေးမှ အနုပညာရှင်တစ်ယောက်က ငွေအတွက်နဲ့ စုတ်စုတ်ပြတ်ပြတ် ရုပ်ရှင်များကို ရိုက်ကူးပါက ထိုအနုပညာရှင်အပေါ် ပရိတ်သတ်၏ အမြင် ထိခိုက်သွားလိမ့်မည်။
ထိုကြော်ငြာတွေက အနုပညာရှင်တစ်ယောက်၏ အနာဂတ်နှင့် ၎င်းတို့အပေါ် ပရိတ်သတ်၏ အထင်အမြင်များကို ဖျက်ဆီးလိမ့်မည်။
စုတ်ပြတ်သည့် ရုပ်ရှင်တွေလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။
ကြော်ငြာတွေ ရိုက်ကူးတာလည်း ထိုနည်းလည်းကောင်း ဖြစ်သည်။ ကြော်ငြာတိုင်းကို လက်ခံလို့ မရပါ။
ကျားရှင်းဖျော်ဖြေရေး၏ အနုပညာရှင်များက ကြော်ငြာတွေကို လက်ခံလို့ ရပါသည်။ သို့သော် အဆင့်မြင့်သည့် ကြော်ငြာတွေကိုသာ လက်ခံရမည်။ အနည်းဆုံးတော့ အဆင့်အတန်း မြင့်မားရမည်။
တခြားစည်းကမ်းမရှိပါ။ လင်းဖန် ချမှတ်ထားသည့် စည်းကမ်းများကိုတော့ ဝန်ထမ်းများက လိုက်နာရပါမည်။
မဟုတ်ပါက ကျားရှင်းဖျော်ဖြေရေး၏ အနုပညာရှင်တစ်ယောက်ကသာ နေ့တိုင်း ခပ်စုတ်စုတ်ရုပ်ရှင်များကိုပဲ ရိုက်ကူးနေပါက လင်းဖန် ပျိုးထောင်ရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။
ကျားရှင်းဖျော်ဖြေရေးမှ အကျိုးခံစားခွင့်တွေကလည်း လင်းဖန်အတွေးနဲ့ ကိုက်ညီမှု ရှိသည်။
ဝန်ထမ်းတွေကို လစာတိုးပေးလို့ ရသည်။ သို့သော်လည်း ၎င်းတို့၏ စိတ်အားထက်သန်မှုကို ပိုတိုးမြှင့်ရမည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်လိုချင်တာက ကုမ္ပဏီကို တိုးချဲ့ကာ ပိုမိုသန်မာလာစေဖို့ ဖြစ်ပါသည်။
လင်းကျင်းကျင်း ခေါင်းငြိမ့်လိုက်၏။ "ဝိုး ငါလစာတိုးခံရတော့မယ်။ ပျော်လိုက်တာ~"
ဖန်တုံတုံတောင် အားပေးလိုက်ပါသည်။ "ဘော့စ်လင်း သက်ရှည်ကျန်းမာပါစေ၊ သက်ရှည်ကျန်းမာပါစေ"
ဖန်တုံတုံ ဖားယားသောအခါ ဘယ်လိုစကားမျိုးကိုမဆို ပြောတတ်သည်။
ရှုယန်လည်း စိတ်လှုပ်ရှားသွားပါသည်။ လင်းကျင်းကျင်းကို သူကြည့်လိုက်၏။ သူ့လစာသာ တိုးသွားလျှင် သူမကို ပြိုင်ကားဝယ်ပေးဖို့ ငွေအလုံအလောက်ရနိုင်ပါသည်။
လင်းကျင်းကျင်းက သူ့ ကောင်မလေးဖြစ်တာကြောင့်ပင်။
လင်းဖန် သတ်မှတ်လိုက်သည့် စည်းမျဉ်းစည်းကမ်းများကို အားလုံးနားလည်ကြပါသည်။
လင်းဖန် အားလုံးကိုကြည့်ပြီး ဆက်ပြောလိုက်သည်။ "စတုတ္ထအချက်ကလည်း အရမ်းအရေးကြီးတယ်။ အသက် ၂၈ နှစ်အောက် ကျားရှင်းဖျော်ဖြေရေးရဲ့ ဆယ်လီတွေက ခွင့်ပြုချက် မရဘဲ ရည်းစားထားခွင့် မရှိဘူး။ ဟုတ်ပါတယ်။ လက်ရှိ ရှိနေပြီးသားတွေကိုတော့ မခွဲပါဘူး"
ရည်းစားထားခြင်းက တက်သစ်စ အနုပညာရှင်တစ်ယောက်ကို သတ်နိုင်သည်။
ယောက်ျားလေးကော မိန်းကလေးကော ဒီလိုပဲဖြစ်ပါသည်။
အမှန်ပင်။ အသက် ၂၈ နှစ်ကျော်မှ ရည်းစားထားချင်ပါက ကုမ္ပဏီက တားမြစ်မှာ မဟုတ်ပါ။
အစည်းအဝေးပွဲပြီးသွားသောအခါ ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းအားလုံး အလွန်ပျော်ရွှင်သွားကြပါသည်။
အဘယ့်ကြောင့်ဆိုသော်... သူတို့ လစာထပ်တိုးခံရတော့မည်။
အမှန်ပင်။ လူတိုင်း လစာတိုးမှတော့ မဟုတ်ပေ။ အသေးစိတ်စာရင်းကို မထုတ်ရသေးပါ။ သို့သော်လည်း အားလုံး ပျော်ရွှင်နေကြပါသည်။
ကုမ္ပဏီဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုကြည့်ပြီး လစာတိုးပေးသည့် သဘောမျိုး ဖြစ်သည်။ ဝန်ထမ်းတိုင်းက သူတို့ အလှည့် ဘယ်တော့ရောက်မလဲ မျှော်လင့်နေကြပါသည်။
တံခါးဝက လုံခြုံရေးအစောင့်တောင် အလွန်တည်တံ့သွားသည်။ သူ ခါးမတ်မတ် ရပ်လိုက်ပါသည်။
ညနေ ၄ နာရီအချိန်...
လင်းဖန်ရုံးတံခါးကို ပထမဆုံးလာဖွင့်သူက ရှားဝမ်ချွေ့ဖြစ်သည်။
"မြောင် မြောင်" ရှားဝမ်ချွေ့က ချစ်စရာ အမူအရာလေးလုပ်ပြလိုက်ပြီး တံခါးမှ ခေါင်းပြူကြည့်လိုက်ပါသည်။
"မြန်မြန်ဝင်ခဲ့လေ" ရှားဝမ်ချွေ့ကိုမြင်တော့ လင်းဖန်ပြုံးပြီး သူမလက်ကို ဆွဲလိုက်ပါသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး လင်းဖန်၏ လက်ကို ခါချလိုက်သည်။ "ကုမ္ပဏီက ရည်းစားထားခွင့်မပေးဘူးနော်။ အလုပ်ဖြုတ်ခံရမယ်"
လင်းဖန် "???"
လင်းဖန်က ရုံးတံခါးကို အတင်းပိတ်လိုက်ပြီး ရှားဝမ်ချွေ့လက်ကို ကိုင်လိုက်ပါသည်။ သူပြုံးကာ ပြောလိုက်သည်။ "မိန်းမ ဒီကုမ္ပဏီမှာ ငါ့စကားတစ်ခွန်းပဲ"
ရှားဝမ်ချွေ့က လင်းဖန်ကို ရီဝေစွာကြည့်လိုက်ပြီး ငှက်ကလေးတစ်ကောင်လို ပြုံးလိုက်ပါသည်။ "ဒါပေမယ့် ဘော့စ်တစ်ယောက်အနေနဲ့ ရှေ့ဆောင်လမ်းပြ လုပ်ပေးရမှာပေါ့~"
ရှားဝမ်ချွေ့က ပန်းရောင်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားသည်။ ပန်းရောင်ဦးထုပ်လေးကိုလည်း ဆောင်ထားသေးသည်။ သူမခါးက ပိန်သွယ်ပြီး ခြေတံများက သွယ်လျသည်။ လင်းဖန်က သူမကို နံရံမှာ မှီထားသဖြင့် ရင်တွေ ခုန်နေပါသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ သူမ၏ စကားလုံးများက လင်းဖန်ကို စနေတာဖြစ်မှန်း သိသာပါသည်။
ဒီလိုမိန်းကလေးမျိုးဆီက ဒီလိုစကားတွေကို ဘယ်သူ သည်းခံနိုင်မှာလဲ။
ကုမ္ပဏီထဲမှာသာမဟုတ်လျှင် လင်းဖန် ဒီ့ထက် ပိုခြေလှမ်းနိုင်သည်။
လင်းဖန်က ရှေ့တိုးလိုက်ပြီး ရှားဝမ်ချွှေ့၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပါသည်။ သူ့နှာခေါင်းထဲ သင်းပျံ့သည့် ရနံ့လေးတစ်ခု ဝင်လာပြီး နူးညံ့သည့်အထိအတွေ့တစ်ခု ခံစားလိုက်ရသည်။ လင်းဖန် နတ်ပြည်ရောက်နေသလိုပင်။
ရှားဝမ်ချွေ့လည်း မခုခံဘဲ လင်းဖန်၏ ရင်ခွင်ထဲ ဝင်လိုက်ပါသည်။
ထို့နောက်... သူမကို လင်းဖန် ပွေ့ချီလိုက်သည်။
"မိန်းမ နင့်ကိုခေါ်လိုက်တာက လစာတိုးပေးမလို့လေ" လင်းဖန်ပြုံးကာ ပြောလိုက်၏။
"ဟင်" ရှားဝမ်ချွေ့က ငှက်ကလေးတစ်ကောင်လို လင်းဖန် ရင်ခွင်ထဲ မှီနေလိုက်သည်။ သူမ နှုတ်ခမ်းစူလိုက်၏။ "ဘာလစာလဲ။ ငါက နင့်အပိုင်ပဲကို..."
လင်းဖန် စိတ်မထိန်းနိုင်တော့ပါ။
သူမကို ချက်ချင်းပဲ နမ်းရှိုက်လိုက်သည်။
၅ မိနစ်ခန့်ကြာသောအခါ တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လင်းဖန်က တွန့်ဆုတ်စွာဖြင့် ပြန်လွှတ်လိုက်ရပါသည်။
ကောင်မလေးတစ်ယောက်၏ နှုတ်ခမ်းများက အလွန်နူးညံ့လှသည်။
"သွားကြစို့~~ လစာက နင်ပေးချင်သလောက်ပေးလို့ရတယ်" ရှားဝမ်ချွေ့ နူးညံ့စွာပြောလိုက်ပြီး တံခါးမှ လှစ်ခနဲ ထွက်သွားတော့သည်။
လင်းဖန်က ရှားဝမ်ချွေ့နဲ့ လေးလေးနက်န်က်စကားပြောချင်ခဲ့သော်လည်း သူမက လှပလွန်းသဖြင့် ပြောရမှာ မေ့သွားခဲ့ပါသည်။
ဒုတိယဝင်လာသူက စုမူချင်း ဖြစ်သည်။
"လာထိုင်လေ" မှင်သက်နေသည့် စုမူချင်းကို လင်းဖန်ကြည့်ပြီး လူကြီးလူကောင်းပုံစံ ပြန်ဖမ်းလိုက်ပါသည်။
"ဟုတ်ကဲ့" စုမူချင်းက လင်းဖန်နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါသည်။ သူမက လင်းဖန်၏ လက်ထောက် မဟုတ်ပါလား။
"လိုရင်းပြောမယ်။ ဒီနေ့ကစပြီး နင့်နှစ်စဉ်လစာက ၉ သန်းအထိ တိုးမြင့်သွားမယ်။ ပြီးတော့ နင်ရိုက်ကူးမယ့် ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေအတွက် အနုပညာကြေးကိုလည်း သီးသန့်တွက်ချက်ပေးသွားမယ်" လင်းဖန် ပြောလိုက်သည်။
စုမူချင်း ကြက်သေ သေသွား၏။ သူမ လစာ ဒီတိုင်း တိုးမြင့်သွားခဲ့တာလား။ နှစ်စဉ်လစာ ၉ သန်းကို အလွယ်တကူ ရသွားခဲ့သည်။
ဒါက အလွန်များလွန်းပါသည်။
စုမူချင်းက ခေါင်းခါပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။ "ဘော့စ်လင်း ဒီလစာက မြင့်လွန်းပါတယ်။။ ကုမ္ပဏီအများစုရဲ့ စီအီးအိုတွေထက်တောင် ပိုမြင့်နေသေးတယ်။။ အနုပညာကြေးတွေပါ ပါဦးမှာဆိုတော့ ပိုပြီးတော့ မယုံနိုင်စရာကောင်းသေးတယ်"
လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "မများပါဘူး။ လက်ခံလိုက်စမ်းပါ။ ဒီနှစ် နင့်အသက် ဘယ်လောက်ရှိပြီလဲ"
စုမူချင်းက ခေါင်းမော့ကာ လင်းဖန်ကို ကြည့်လိုကက်သည်။ "၁၈ နှစ်ပါ။ ၁၉ နှစ်ပြည့်မွေးနေ့ မကျင်းပရသေးဘူး"
စုမူချင်းက အလွန်ထူးချွန်သော်လည်း အသက် ၁၈ နှစ်သာ ရှိသေးသည်။
စုမူချင်းက ဆင်းဟွာတက္ကသိုလ်ကို အသက် ၁၇ နှစ်မှာ အောင်မြင်ထားတာ ဖြစ်သည်။
ဒီကောင်လေးက ထူးချွန်လွန်းပါသည်။ ထို့ကြောင့်လည်း ကုမ္ပဏီက ကိစ္စများစွာကို ကိုင်တွယ်နိုင်တာ ဖြစ်သည်။
လင်းဖန် အတည်ပေါက် ပြောလိုက်၏။ "ကုမ္ပဏီက အနုပညာရှင်တွေက ရည်းစားထားလို့ မရဘူး။ နင်က ဒီနှစ်မှ အသက် ၁၈ နှစ်ပဲရှိသေးတာ။ အသက် ၂၈ နှစ်ပြည့်ဖို့ ၁၀ နှစ်လောက် လိုဦးမယ်။ ဆိုလိုတာက ငါ့အတွက် ၁၀ နှစ်လောက် အလုပ်လုပ်ပေးရမယ့်သဘောပဲ။ နင့်ရဲ့ ငယ်ဘဝကို ငါ့ဆီ ပေးလိုက်ရမယ့်သဘော သက်ရောက်တယ်။ အဲ့တာကြောင့် လစာကမြင့်လည်း အရေးမကြီးပါဘူး"
"ဟုတ်ပြီ။ သွားကြစို့" လင်းဖန်ပြုံးကာ ပြောလိုက်သည်။ ဘာမှ ထပ်ရှင်းမပြတော့ပါ။ စုမူချင်းက အစွမ်းအစ ရှိသည်။ တစ်နှစ်မှ ၉ သန်းသာ ပေးရရုံသာ ဖြစ်သည်။ အမှန်ပင်။ ဒါက အခြေခံလစာသာ ဖြစ်သည်။ အနုပညာကြေးများကို ထည့်သွင်းလိုက်ပါက ငွေတွေအများကြီး ပိုရနိုင်ပါသည်။
စုမူချင်းက ခေါင်းငြိမ့်လျက် လင်းဖန်၏ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူမ တိုးတိုးညှင်းညှင်းဖြင့် ပြောလိုက်သည်။ "ဒါပေမယ့်... ငါမှ ရည်းစားမထားချင်တာ"
သူမ၏ မျက်လုံးလှလှလေးများက အနည်းငယ် ဝမ်းနည်းနေသည်။ လင်းဖန်ဘေးမှာနေတာ လစာကြောင့် မဟုတ်ပေ။
သို့သော်လည်း လင်းဖန်မှာ ကောင်မလေး ရှိပြီးသား ဖြစ်၏....
လင်းဖန်၏ လက်ထောက်ဖြစ်နိုင်တာနဲ့တင် ကံကောင်းနေပါပြီ။ အများကြီး စဉ်းစားလို့ ဘာထူးမှာလဲ။
လင်းဖန်၏ လက်ထောက်အဖြစ် ၁၀ နှစ်လောက် လုပ်ရရင်လည်း ဂုဏ်ယူမိပါမည်။
လင်းဖန်က သူမကို ရည်းစားမထားခိုင်းရင်တောင် သူမ ထားမှာ မဟုတ်ပါ။
မိန်းကလေးတိုင်း၏ ရင်ထဲတွင် သဘောကျသည့် ယောက်ျားလေးတစ်ယောက်တော့ ရှိနေတတ်စမြဲ ဖြစ်သည်။