← Chapters

သုံးစွဲငွေပြန်အမ်းခြင်း

Vol. 30 Ch. 436

သုံးစွဲငွေပြန်အမ်းခြင်း

Vol. 30 Ch. 436

၅ မိနစ်အတွင်း လင်းဖန် ၈ ဘီလီယံယွမ်ကို ရရှိသွားသည်။

လင်းဖန်၏ အကောင့်ထဲ ၈ ဘီလီယံယွမ် ဝင်လာခဲ့ပါသည်။

စုရှောင်းယွီ အံ့အားသင့်သွားရသည်. "ဆရာ ဒီငွေကို ဘယ်လိုရသွားတာလဲ"

လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "ငါ့က Estee Lauder ရဲ့ ဘော့စ်ဆိုတာ မေ့သွားပြီလား။ Estee Lauder က ငါ့ကုမ္ပဏီပဲလေ။ အခု Estee Lauder ကို ငါ အပြည့်အဝ ထိန်းချုပ်လို့ ရတယ်။ ပြီးတော့ Estee Lauder ရဲ့ အော်ပရေးရှင်းတွေကလည်း အတော် ပြောင်မြောက်မှုရှိတယ်။ Estee Lauder ရဲ့ နာမည်ကို သုံးပြီး ကျန်းမြို့တော် အနောက်ဘက်က အိမ်ခြံမြေလောကထဲ ဝင်လိုက်ရင် ငွေတွေအများကြီး ရနိုင်လိမ့်မယ်"

"ဒါပေမယ့် ဒီ ၈ ဘီလီယံယွမ်ကို နောက်ပိုင်း ကုမ္ပဏီအကောင့်ထဲ ပြန်ထည့်ပေးရမှာပါ။ ကုမ္ပဏီက ငွေဝင်နေတယ်ဆိုပေမယ့် ဒီငွေကို ယူရင် လုပ်ငန်းဆောင်တာတွေ လိုက်နာရမယ်။ ကုမ္ပဏီငွေကို ယူချင်တိုင်း ယူလို့ မရဘူး။ ကုမ္ပဏီက ငါ့အပိုင်ဆိုပေမယ့် သိပ်မခြားနားပါဘူး"

လင်းဖန်စကားကိုကြားပြီးနောက် စုရှောင်းယွီ လင်းဖန်ဘေးကို သွားလိုက်ပါသည်။ "သြော် နားလည်ပြီ။ ဆရာက ကုမ္ပဏီငွေကို ကိုယ်ရေးကိုယ်တာအတွက်သုံံးဖို့ ရပိုင်ခွင့် အာဏာကို သုံးလိုက်တာပေါ့။ ငါလည်း ဘာမှ မတတ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ဆရာက ကုမ္ပဏီရဲ့ ဘော့စ်ကြီးပဲကို။ နောက်ပိုင်း ပြန်ရမှ ကုမ္ပဏီအကောင့်ထဲ ပြန်ထည့်ပေးလိုက်ပါ့မယ်"

"သွားကြစို့။ လေလံပွဲသွားတက်ရောက်ကြစို့" လင်းဖန် ပြုံးလိုက်သည်။

"ဟုတ်ပြီ ဟုတ်ပြီ သွားကြစို့။ လေလံပွဲမှာ မုန့်တွေ ဘာတွေတော့ ရှိမှာပါနော်" စုရှောင်းယွီက စပ်စုတတ်သည့် ကလေးလေးတစ်ယောက်လို လုပ်နေသည်။

"ဒါပေါ့ ဘာလို့ အစားအသောက်ပဲ အမြဲတမ်း စားချင်နေတာလဲ" လင်းဖန် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။

"အာဝူး ခွေးလေးတွေက အစားပဲ စားချင်ကြတာလေ" စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။

ကားထဲတွင် လင်းဖန် ရှေ့ခုံမှာထိုင်လိုက်သည်။

လင်းဖန် ရုတ်တရက်ကြီး အနည်းငယ် အိပ်ငိုက်လာခဲ့သည်။

လေလံပွဲကို မောင်းသွားဖို့ အနည်းဆုံး ၁ နာရီလောက် ကြာပါလိမ့်မည်။

ထိုအချိန်တွင် စနစ်၏ အသံ ထွက်ပေါ်လာခဲ့၏။

"ဒင်... စနစ်အား အဆင့်မြှင့်တင်နေပါပြီ"

"စနစ်ကို ဗားရှင်း ၄.၀ သို့ အောင်မြင်စွာဖြင့် အဆင့်မြှင့်တင်လိုက်ပါပြီ။ သခင်လေး Sign-in ဝင်ခြင်းဖြင့် ရရှိမည့် ပစ္စည်းများက ပိုပြီး အဆင့်မြင့်သွားပါပြီ။ စနစ်က ဗားရှင်းကို ချိန်ညှိလိုက်ပြီး ကျပန်းဖြစ်ရပ် လုပ်ဆောင်ချက်များကိုပါ ဖွင့်လိုက်ပါပြီ။ ဆိုလိုရင်းက အကြောင်းအရာ တစ်စုံတစ်ခုနဲ့ ကြုံလာလျှင် စနစ်၏ ဆုလာဘ်ကို ရရှိနိုင်ပါတယ်။ ဆုလာဘ်က ကျပန်းဖြစ်ပါတယ်"

"ဒင်... သုံးစွဲငွေပြန်အမ်းခြင်းx2 ကို ရရှိသွားပါပြီ။ (ပိုင်ရှင်က သုံးစွဲလိုက်သောအခါ ပိုင်ရှင်သုံးစွဲလိုက်သည့်ငွေ၏ ဆတိုးပမာဏတစ်ခုကို ရရှိနိုင်ချေရှိပါသည်။ အကန့်အသတ်: 2x မှ 20x)

သုံးစွဲငွေပြန်အမ်းခြင်းx2 ဟုတ်လား။

လင်းဖန်၏ မျက်လုံးတွေ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားလေသည်။

သုံးစွဲငွေပြန်အမ်းခြင်းနဲ့သာဆို တစ်နည်းအားဖြင့် သူ ဘာဝယ်ဝယ် ငွေပြန်ရနိုင်ပါလိမ့်မည်။

ဥပမာအားဖြင့် သွားပွတ်တံတစ်ချောင်းကို ၁၀ ယွမ်ဖြင့် ဝယ်လိုက်ပါက လင်းဖန် အနည်းဆုံး ၂၀ ယွမ် အများဆုံး ၂၀၀ ယွမ် ပြန်ရနိုင်လိမ့်မည်။

ဒီ့ထက်ပိုစျေးကြီးတာဝယ်လည်း အတူတူပဲ ဖြစ်ပါသည်။

သို့သော်လည်း လေလံပွဲမှာ လေလံဆွဲတာကလည်း သုံးစွဲမှုမြောက်သလားဟု သူတွေးမိသည်။

စနစ်ကို အဆင့်မြှင့်တင်လိုက်ပြီးနောက် Sign-in ဝင်ဖို့ အချိန်က တိုတောင်းသွားသော်လည်း လင်းဖန်၏ ဆုလာဘ်များကတော့ လျော့မသွားပေ။

ဒီလိုသာဆို လင်းဖန်က Estee Lauder မှ ၈ ဘီလီယံ ယွမ်ယူခဲ့သည်။ အချိန်ကျလျှင် ထို ၈ ဘီလီယံယွမ်ကို ကုမ္ပဏီထဲ အရင်ပြန်ထည့်လိုက်ပါမည်။

နှစ်ကုန်သောအခါ ငွေကိုပြန်ယူပြီး အစုပေါ်အမြတ်များ ခွဲပေးလိုက်မည်။ ဘာပဲဖြစ်ဖြစ် ဘော့စ်ဖြစ်သော်လည်း ကုမ္ပဏီ၏ ငွေတွေအားလုံးကို သိမ်းပိုက်လို့ မရပါ။

လေလံပွဲအား တကယ့်အထက်တန်းစားများသာ ဝင်နိုင်သည့် အထူးဟိုတယ်တစ်ခုတွင် ကျင်းပပါသည်။

လင်းဖန် ဘေးပတ်လည်ကို လိုက်ကြည့်လိုက်သည်။ ခြွင်းချက်မရှိ ဇိမ်ခံကားကြီးတွေချည်းပဲ ရှိပါသည်။

တချို့က Bentleys များကို မောင်းကြသည်။ တချို့က Rolls-Royce များမောင်းကြပြီး တချို့ကတော့ Porsches များ မောင်းကြပါသည်။ ထိုကားတွေအားလုံးက အနည်းဆုံး ၃ သန်းတန် ဇိမ်ခံကားကြီးများ ဖြစ်ကြသည်။ သိန်းဂဏန်းတန် ကားတွေကို မမြင်ရပါ။

ဒီလေလံပွဲကို တက်ရောက်လာသည့် လူတိုင်းက ထိပ်တန်း သန်းကြွယ်သူဌေးများ ဖြစ်ကြသည်။

ဒီလိုလေလံပွဲတွေမှာ သန်းကြွယ်သူဌေးအားလုံးက ဘေးမှာ အမျိုးသမီးများကို ခေါ်လာတတ်ကြသည်။ ထိုအမျိုးသမီးတွေက ဘော့စ်ကြီးများ၏ လက်ကို တွဲလျက် လေလံပွဲတွင် ထိုင်လိုက်ကြသည်။ ဝင်ရောက်လာပြီးနောက် ယောက်ျားတွေက အချင်းချင်း စီးပွားရေး တိုင်ပင်ဆွေးနွေးကြလိမ့်မည်။ အမျိုးသမီးတွေလည်း အတူတူထိုင်ပြီး စကားပြောကြ၊ ခွက်ချင်းတိုက်ကြနဲ့ ညစာစားပွဲ တစ်ခုလို ဖြစ်သွားကြပါလိမ့်မည်။

ဝင်ပေါက်ကိုရောက်တော့ ဧည့်ကြိုက လင်းဖန်နဲ့ စုရှောင်းယွီတို့ကို တလေးတစား ပြုံးပြလိုက်ပါသည်။

"မစ္စတာလင်းနဲ့ မိန်းကလေးစုတို့ မင်္ဂလာပါရှင်။ လေလံဆွဲဖို့ ရောက်လာခဲ့တာလား" ဧည့်ကြိုက ပြုံးကာ မေးလိုက်ပါသည်။

"ဟုတ်ပါတယ်" လင်းဖန် ပြန်ဖြေလိုက်၏။။

"ဟုတ်ကဲ့ ကျေးဇူးပြုပြီး ကျွန်မနဲ့ လိုက်ခဲ့ပေးပါ။ မစ္စလင်းနဲ့ မိန်းကလေးစုတို့။ ကျွန်မ စိတ်မကောင်းပါဘူး။ ဒီနေ့ည လေလံပွဲက နည်းနည်း ထူးခြားမှု ရှိလို့ပါ။ လေလံပွဲကို တက်ရောက်လာသူတွေက စစ်ဆေးခံရပါမယ်။ တခြားသူတွေ လေလံဆွဲတာကို အနှောင့်အယှက်ပေးသူတွေ ပါမလာအောင်လို့ပါ" ဝန်ထမ်းမလေးက ပြောလိုက်ပါသည်။

သူမက အသက် ၁၈ - ၁၉ သာ ရှိသေးသည်။ ပုံပန်းသဏ္ဌာန်ကလည်း မဆိုးလှပါ။ ဧည့်ကြိုတစ်ယောက်အနေနဲ့ အားလုံးရဲ့ ပိုင်ဆိုင်မှုနဲ့ အဆင့်အတန်းများကို သူမ စစ်ဆေးရသည်။ အမှန်ပင်။ ဘော့စ်မာလို အကျော်အမော်တွေကတော စစ်ဆေးခံဖို့ မလိုပါ။

စုရှောင်းယွီကို ကမ္ဘာ့အချမ်းသာဆုံးလူ၏ သမီးဖြစ်မှန်း သိကြသူနည်းပါသည်။ တခြားသူတွေ၏ အမြင်မှာတော့ စုရှောင်းယွီက ကြယ်ပွင့်တစ်ပွင့်ဖြစ်သည်။ ဒီအသက် ၁၈ - ၁၉ နှစ်အရွယ် ကောင်မလေးက ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။

လင်းဖန်လည်း အားနာမနေဘဲ ပြောလိုက်ပါသည်။ "ကျွန်တော်တို့မှာ လေလံဆွဲဖို့ ပိုက်ဆံမရှိလောက်ဘူးလို့ သံသယဖြစ်နေတာလား"

ဝန်ထမ်းမလေးက ပြုံးကာ ပြောလိုက်ပါသည်။ "မစ္စတာလင်း ကျွန်မတို့ စည်းကမ်းအတိုင်း လိုက်နာနေတာပါ။ တောင်းပန်ပါတယ်"

လင်းဖန် ခေါင်းခါလိုက်ပါသည်။ "လေလံရုံထဲ ဝင်ဖို့ ဘယ်လောက် လိုတာလဲ"

ဝန်ထမ်းမလေး ပြန်ပြောလိုက်၏။ "သန်း ၁၀၀ ပါ"

ဒါက တချို့လူတွေ ပေါက်ကရ လေလံဆွဲပြီး သူများတွေကို အနှောင့်အယှက်မပေးအောင် တားဆီးဖို့ ဖြစ်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့လေလံပွဲက အတော်လေး အရေးကြီးပါသည်။

ယုတ္တိရှိရှိပြောရလျှင် လင်းဖန်၏ အကောင့်ကို အထူးကိရိယာတစ်ခုနဲ့ စစ်ဆေးကြည့်ရမှာဖြစ်သည်။ သို့သော်လည်း စုရှောင်းယွီက သူမ ဖုန်းကို ထုတ်လိုက်ပါသည်။

"ဒီမှာ ကျွန်မရဲ့ ဆောက်လုပ်ရေးဘဏ်ကတ်ပါ။ အထဲမှာ သန်း ၂၀၀ ရှိတယ်။ လုံလောက်ပြီလား" စုရှောင်းယွီက သူမ ဘဏ်ကတ်ကို ထုတ်ပြလိုက်သည်။ "ပြီးတော့ ကျွန်မဆရာက ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်ပါ။ သူ့အကြောင်းသိတယ်မဟုတ်လား"

ဝန်ထမ်းမလေးက မျက်လုံးပင့်ကာ ကြည့်လိုက်သည်။ "ကျားရှင်းဖျော်ဖြေရေးဟုတ်လား။ ကျွန်မ သိပ်တော့ မသိဘူး။ ဒါပေမယ့် သန်း ၂၀၀ ရှိတယ်ဆိုတော့ လေလံရုံထဲဝင်ခွင့်ရှိပါတယ်။ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွပါ"

လင်းဖန် ပြုံးလိုက်သည်။ အပတ်တိုင်း စုရှောင်းယွီက မုန့်ဖိုး သန်းဆယ်ချီပြီး ရလောက်ပါသည်။

ယခု ဘီလီယံနဲ့ချီပြီး မထုတ်နိုင်သေးသော်လည်း သန်းရာဂဏန်းလောက် ထုတ်ပြဖို့ကတော့ သူမအတွက် လွယ်ကူပါသည်။

စည်းစိမ်အရဆို စုရှောင်းယွီထက် ပိုချမ်းသာသည့် လူများများစားစား မရှိပါ။

သူမ လင်းဖန်ကို စစ်ဆေးခံခွင့်မပေးလိုက်တာတော့ နှမြောဖို့ကောင်းပါသည်။ မဟုတ်ပါက လင်းဖန်၏ ၈ ဘီလီယံယွမ်ကို မြင်သောအခါ ဒီဝန်ထမ်းမလေး ဘယ်လောက်တောင် ကြောက်လန့်သွားမလဲ မသိနိုင်ပေ။

လေလံပွဲထဲက အခြေအနေကလည်း အတော်လေး ကောင်းမွန်ကြသည်။

ဒီက လူအများစုက စီးပွားရေးပညာရှင်ကြီးများသာ ဖြစ်ကြသည်။

လင်းဖန်ရောက်လာတော့ ကောင်းရုန်က ဖုန်းဆက်လာပါသည်။

"ဘော့စ်လင်း ဒီနေ့ည လေလံပွဲတစ်ခု ရှိတယ်။ ကျွန်တော် စစ်ဆေးကြည့်လိုက်တော့ ကျန်းမြို့တော် အနောက်ဘက်မှာ အရမ်းကောင်းတဲ့မြေတစ်ကွက် ရှိတာကို သိလိုက်ရတယ်။ ကျွန်တော်တိ့ အဲ့မြေကွက်ကို လေလံဆွဲနိုင်ရင် ကျိန်းသေ ငွေတွေအများကြီး ရနိုင်မှာပဲ" ကောင်းရုန်က ရတနာတွင်း တွေ့သလိုမျိုး ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

"ငါလေလံပွဲကို ရောက်နေပြီ" လင်းဖန်ပြုံးကာ ပြောလိုက်ပါသည်။

"ဟင် ဘော့စ်လင်း သွားတာ မြန်လိုက်တာ။ ကျွန်တော်တောင် အခုမှသိတယ်။ ဘော့စ်လင်း သိပြီးတာ ကြာပြီပေါ့" ကောင်းရုန်၏ မျက်လုံးများက လေးစားအာားကျမှုများဖြင့် ပြည့်နှက်သွားပါသည်။

ဒါ့ကြောင့်လည်း လင်းဖန် အောင်မြင်နေတာ ဖြစ်မည်။ ကောင်းရုန် အထင်ကြီးသွားပါသည်။

လုပ်ငန်းဆောင်တာတချိုု့ပြီးမြောက်သောအခါ လေလံပွဲတရားဝင် စတင်ခဲ့ပါသည်။

All Chapters