← Chapters

သန်း ၁၂၀ တန်ဗီလာ

Vol. 30 Ch. 437

သန်း ၁၂၀ တန်ဗီလာ

Vol. 30 Ch. 437

လေလံပွဲ မစတင်ခင် ကောင်းရုန်က တစ်ခုခုစဉ်းစားမိသွားပြီး လင်းဖန်ကို ဖုန်းဆက်လိုက်ပါသည်။

"ဘော့စ်လင်း ဒါနဲ့ပြောဖို့မေ့သွားလို့။ အရင်တုန်းက ကျွန်တော်တို့ ကောင်းကော်ပိုရေးရှင်း အိမ်ခြံမြေလုပ်ငန်း လုပ်ခဲ့တုန်းက အရမ်းချောမွေ့ခဲ့တာ မဟုတ်ဘူး။ ကျန်းမြို့တော် အနားမှာရှိတဲ့ တိမ်မြို့တော်မှာလည်း အိမ်ခြံမြေလုပ်ငန်းကို လုပ်ကိုင်တဲ့ မိသားစုကြီးတစ်စု ရှိတယ်။ ယွင်ကော်ပိုရေးရှင်းရဲ့ အကြီးဆုံးသမီး ယွင်ရှစ်အာက စီးပွားရေးလုပ်တဲ့နေရာမှာ အရမ်းအစွမ်းအစရှိတယ်။ ပြီးတော့ ယွင်မိသားစုက ကျွန်တော်တို့ ကောင်းမိသားစုထက် အများကြီး ပိုပြီး သန်မာတယ်"

"ယွင်မိသားစုက တိမ်မြို့မှာ အိမ်ခြံမြေလုပ်ငန်း ၉၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ။ ဒီနှစ်ပေါင်းများစွာအတွင်း ယွင်ရှစ်အာက ကျန်းမြို့တော်ထဲမှာလည်း သူ့လုပ်ငန်းကို ခြေချချင်နေတာ။ ဒါပေမယ့် ကျွန်တော် ငြင်းခဲ့တယ်။ ဘော့စ်လင်းက ကျန်းမြို့တော်ရဲ့ အိမ်ခြံမြေလုပ်ငန်းကို တာဝန်ယူခါစပဲရှိသေးတာဆိုတော့ ကျန်းမြို့တော်က အိမ်ခြံမြေလုပ်ငန်းကို ယွင်မိသားစု ဝင်နှောင့်ယှက်မှာ စိုးရိမ်ရတယ်။ သူတို့ လက်ဝါးကြီးအုပ်လာမှာ စိုးရိမ်မိတယ်။ ဘော့စ်လင်း ယွင်ရှစ်အာနဲ့ တွေ့ရင် သတိထားနော်" ကောင်းရုန်က တည်တံ့သော မျက်နှာဖြင့် ပြောလိုက်ပါသည်။

"ယွင်ရှစ်အာတဲ့။ သူက အရမ်းတော်လို့လား" လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်ပါသည်။

စုရှောင်းယွီက ခေါင်းခါလိုက်ပြီး သကြားလုံး ဆက်စားနေခဲ့သည်။ သူမ ဘာမှ မသိပေ။

ကောင်းရုန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။ "ဘော့စ်လင်း အဲ့ဒီ ယွင်ရှစ်အာဆိုတာ အရမ်းတော်တယ်။ ပြီးတော့ ယွင်မိသားစုရဲ့ မိဘတွေကလည်း ယွင်ကော်ပိုရေးရှင်းမှာ အလုပ်လုပ်နေကြတုန်းပဲ။ ယွင်မိသားစုရဲ့ အနှစ်ချုပ် ခွန်အားက အတော်သန်မာတယ်။ ယွင်ရှစ်အာက စီးပွားရေးမှာ တော်တော်ပါရမီပါတာ။ ယွင်ရှစ်အာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အချိန်တော်တော်များများမှာ ကောင်းမိသားစုပဲ ထိခိုက်ခဲ့တယ်"

လင်းဖန်ခေါင်းငြိမ့်လိုက်သည်။ "အင်း ငါနားလည်ပြီ"

သူ ဖုန်းချလိုက်စဉ် လေလံရုံတံခါး ပွင့်လာခဲ့သည်။

အလင်းရောင်တစ်ခု တောက်ပလာခဲ့၏။

လှပသည့် ကောင်မလေးတစ်ယောက် လေလံပွဲ အခမ်းအနားထဲသို့ ဝင်လာခဲ့သည်။

အဖြူရောင် ရှပ်အင်္ကျီလက်တိုနဲ့ ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားပြီး မျက်စိကျစရာ နှင်းလိုဖြူဖွေးသည့် ခြေတံသွယ်သွယ်လေးများလည်း ပေါ်လွင်နေသည်။

လူအုပ်ကြားထဲသို့ လျှောက်လာခဲ့သော်လည်း သူမက အလွန်တောက်ပလွန်းသဖြင့် အားလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရပါသည်။

ထိုကောင်မလေး၏ နောက်တွင် အရပ်ရှည်ရှည် ဘော်ဒီဂတ်နှစ်ယောက်လည်း ပါလာသည်။ လေလံပွဲရှိ ဧည့်ကြိုဝန်ထမ်းမလေးတောင် အလွန် စိတ်အားထက်သန်သွားသည်။ သူမ ၉၀ ဒီဂရီလောက် ဦးညွှတ်လိုက်ပါသည်။

အံ့အားသင့်နေကြသည့်အသံများ ထွက်ပေါ်လာသည်။ ယောက်ျားလေးများစွာကလည်း ထိုကောင်မလေးကို မီးတောက်နေသည့် အကြည့်များဖြင့် ကြည့်နေကြသည်။

"အဲ့တာ ယွင်မိသားစုက ယွင်ရှစ်အာ မဟုတ်လား"

"သူလည်း ငါတို့ ကျန်းမြို့တော် လေလံပွဲကို တက်ရောက်လာတာလား။ ယွင်ရှစ်လည်း အဲ့မြေကို ဝယ်ချင်တာဖြစ်မယ်နော်"

"ဟုတ်တယ်။ အခု အဲ့မြေကို ဝယ်ချင်နေတဲ့လူတွေ တော်တော်များတယ်။ အဲ့ဒီမြေကိုသာ ပျိုးထောင်နိုင်ရင် ငါတို့ငွေတွေအများကြီးရလိမ့်မယ်"

ယွင်ရှစ်အာကို ဧည့်ကြိုက VIP ထိုင်ခုံသို့ ခေါ်သွားပါသည်။

လေလံခန်းမထဲတွင် VIP ထိုင်ခုံ သုံးခုံသာ ရှိပါသည်။ ဆိုလိုတာက တကယ့်အကျော်အမော်ကြီးတွေသာ VIP ခုံမှာ ထိုင်နိုင်သည့်သဘောဖြစ်သည်။

VIP ခုံတွေမှာ ထိုင်နေသည့် လူ ၃ ယောက်က တကယ့် အကျော်အမော်ကြီးတွေပဲ ဖြစ်ကြပါသည်။

ဒီနေ့က ကျန်းမြို့တော်မှာ လေလံပွဲကျင်းပတာ ဖြစ်သဖြင့် လူအများစုကို လင်းဖန် မသိပါ။

လင်းဖန်ကို မသိကြသည့် လူအများစုလည်း ရှိပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန် ဝင်လာကတည်းက လူမသိသူမသိသာ နေခဲ့သည်။ ထို့ကြောင့် လူတိုင်း၏ အာရုံစိုက်မှုကို မရရှိခဲ့ပါ။

လင်းဖန် ယွင်ရှစ်အာကို ကြည့်လိုက်သည်။ ယွင်ရှစ်အာလည်း လင်းဖန်ကို ကြည့်လိုက်ပါသည်။

သူမ၏ ပုံစံက အလွန်အပြစ်ကင်းစင်သည့်ပုံစံပင်။ သို့သော်လည်း မျက်လုံးထဲမှာတော့ စိတ်ကြီးဝင်မှုတွေ မြင်နေရပါသည်။

အားလုံးကို အထင်သေးတတ်သည့် ဘုရင်မ တစ်ယောက်ဖြစ်သည့်အလား။ VIP ထိုင်ခုံမှာ ထိုင်နေပြီး ဘယ်သူ့ကိုမှ စကားမပြောခဲ့ပါ။ သူမ ဘာတွေ တွေးနေသလဲဆိုတာ ဘယ်သူမှ မသိကြပေ။

လင်းဖန် စုရှောင်းယွီကို ပြုံးကာ လှည့်ကြည့်လိုက်သည်။

"ဘာတွေပြုံးနေတာလဲ" စုရှောင်းယွီက မျက်တောင် တဖျပ်ဖျပ်ခတ်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"ဘာမှ မဟုတ်ပါဘူး" လင်းဖန် ခေါင်းခါလိုက်သည်။

"ဆရာ ငါ့ကို ယွင်ရှစ်အာထက် ပိုလှတယ်ဆိုပြီး ချီးကျူးမလို့လား" စုရှောင်းယွီ လင်းဖန်အနားကို တိုးလိုက်ပါသည်။

"နင်က သူ့ထက် ပိုလှပါတယ်။ နင့်ကို ယှဉ်နိုင်တဲ့ တစ်ယောက်တည်းသော ကောင်မလေးက ဝမ်ချွေ့ပဲ ရှိတာလေ ဟုတ်တယ်မလား" လင်းဖန်အတည်ပေါက် ပြောလိုက်သည်။ စုရှောင်းယွီသာ အတည်ပေါက် ဝတ်စားဆင်ယင်ပြီး ထိုကဲ့သို့ ဘောင်းဘီတိုများ ဝတ်လိုက်ပါက ကောင်မလေးများစွာကို အနိုင်ယူနိုင်ပါလိမ့်မည်။

ရှားဝမ်ချွေ့လို ကောင်မလေးမျိုးကပဲ စုရှောင်းယွီကို ယှဉ်နိုင်လိမ့်မည်။

အရှိန်အဝါအရဆို စုရှောင်းယွီ အတည်ပေါက် လုပ်ပြီ ဆိုတာနဲ့ ရှားဝမ်ချွေ့ပဲ သူမ၏ အရှိန်အဝါကို ယှဉ်နိုင်လိမ့်မည်ဟု လင်းဖန် ခံစားမိပါသည်။

စုမူချင်းတောင် စုရှောင်းယွီကို မယှဉ်နိုင်လောက်ပေ။ ခွေးမလေးက သူ့အစွမ်းအစကိုထုတ်ပြသောအခါ ဘယ်သူမှ ခံနိုင်ရည်ရှိကြမှာမဟုတ်ပေ။

"အခု မိန်းကလေးတွေကို သဘောကျအောင်တောင် ပြောတတ်နေပြီပေါ့။ မလွယ်ဘူးပဲ။ ဆရာ တိုးတက်လာပြီ" စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။

"အမှန်တိုင်းပြောတာ နင့်ကို ပျော်အောင် ပြောနေတာ မဟုတ်ဘူး" လင်းဖန်ပြောလိုက်ပါသည်။

"ဆရာ ဘောင်းဘီတိုနဲ့ မြင်ချင်ရင် ငါလည်း အိမ်မှာ နေ့တိုင်းဝတ်လို့ရတာပဲ~" စုရှောင်းယွီက လင်းဖန်၏ အင်္ကျီစကို နူးညံ့စွာဆွဲလိုက်ပြီး ရှက်ရွံ့စွာဖြင့် ခေါင်းငုံံ့လိုက်ပါသည်။

"ငါက အဲ့လိုလူမျိုးလား" လင်းဖန် အနည်းငယ် စိတ်ဆိုးသွား၏။ သူက ကောင်မလေးများ၏ ခြေထောက်ကို လိုက်ကြည့်တတ်တဲ့လူမျိုးလား။

"ဘယ်သိမလဲ။ ခုနကတင် ယွင်ရှစ်အာရဲ့ ခြေထောက်ကို ၃ စက္ကန့်လောက် ကြည့်လိုက်တယ်မလား" စုရှောင်းယွီ ပြောလိုက်ပါသည်။

"အဲ့တာကိုပါ တွက်ထားတာလား" လင်းဖန် အံ့သြသွားသည်။

"ဟီးဟီး ဒါပေမယ့် ဆရာ့ရင်ထဲမှာ ငါရှိသေးတာပဲ။ ငါစကတ်တိုတိုဝတ်တုန်းက အချိန်ကို မှတ်မိသေးတယ်။ ဆရာငါ့ကို စက္ကန့် ၃၀ လောက် ကြည့်ခဲ့တာ~ စုမူချင်း စကတ်တိုတို ဝတ်တုန်းက ဆရာသူ့ကို စက္ကန့် ၂၀ ကျော် ကြည့်တယ်။ သူ့ကို ၃ စက္ကန့်ပဲကြည့်တာဆိုတော့ ငါက ယွင်ရှစ်အာထက် ပိုပြီး ဆွဲဆောင်မှုရှိတဲ့သဘောပဲ" စုရှောင်းယွီ ရင်ဘတ် ပုတ်လိုက်ပြီး ချိုမြိန်စွာပြုံးလိုက်ပါသည်။

"ဟုတ်ပါပြီ။ တော်တော့၊ လေလံပွဲစတော့မယ်" လင်းဖန်ပြောလိုက်သည်။

သူက သူတော်စင် မဟုတ်ပေ။ အိမ်မှာ စုရှောင်းယွီ စကတ်တိုတို ဘောင်းဘီတိုတိုများ ဝတ်သောအခါ လင်းဖန် ကြည့်မိပါသည်။ အနည်းဆုံးတော့ မျက်စိကျစရာကောင်းသည်။

လင်းဖန်က စုမူချင်းကိုလည်း ဘောင်းဘီတိုနဲ့ မြင်ဖူးပါသည်။ သူမက ဘာဝတ်ဝတ်လှသည်။

ရှားဝမ်ချွေ့ ဘောင်းဘီတိုဝတ်တာက ပိုပြီးတောင် လှပါသေးသည်။

နောက်ဆုံးတော့ လေလံပွဲစတင်ခဲ့သည်။

အနီရောင်တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က လေလံစင်မြင့်ပေါ်သို့ တက်လာခဲ့ပါသည်။

သူမက အနည်းငယ် ဦးညွှတ်လိုက်ပြီး အားလုံးကို ပြုံးပြလိုက်ပါသည်။ "ဒီနေ့ လေလံပွဲမှ အားလုံးကို ကြိုဆိုလိုက်ပါတယ်ရှင်။ ကျွန်မ အားမနာဘဲ အားလုံးရဲ့ အချိန်ကို မဖြုန်းတော့ဘူးနော်"

"ပထမဆုံးပစ္စည်းကတော့ လင်းပိုအိမ်ရာက ဗီလာ ၃၈ ပါ။ ပတ်ဝန်းကျင်ကလည်း လှပါတယ်။ စိမ်းစိုတဲ့ တောင်တန်းတွေ၊ ကြည်လင်တဲ့ရေတွေလည်း ရှိတယ်။ လေကောင်းလေသန့် ရပြီး ကျောက်ခင်းလမ်းလေးတွေလည်း ရှိပါတယ်။ ဗီလာ ၃၈ မှာ စုစုပေါင်း ၃ ထပ်ရှိတယ်။ အထပ်တိုင်းက ထူးခြားမှုရှိတယ်။ ဗီလာကြီးကို ပြန်လည်ပြုပြင်ထားပြီး အကောင်းဆုံး ပရိဘောဂတွေနဲ့ပဲ ဝယ်ယူထားပါတယ်။ ဒီဗီလာကြီးမှာ စုစုပေါင်း ၁,၀၀၀ စတုရန်းမီတာ ရှိပါတယ်။ အဖွင့်စျေးက သန်း ၇၀ ပါ"

ပထမဆုံး လေလံပစ္စည်းကို ကြေညာလိုက်ပြီးနောက် ပတ်ဝန်းကျင် အခြေအနေတစ်ခုလုံး အသက်ဝင်လာခဲ့ပါသည်။

"သန်း ၇၀"

"၇၆ သန်း ပေးမယ်"

"သန်း ၈၀ ပေးမယ်"

"၈၄ သန်း"

"၈၆ သန်း"

"သန်း ၁၂၀ ပေးမယ်"

ပထမဆုံးဗီလာကြီးကို သန်းကြွယ်သူဌေး တစ်ယောက်က သန်း ၁၂၀ ဖြင့် ဝယ်ယူသွားပါသည်။

တခြားသူဌေးတွေလည်း လေလံထပ်မဆွဲကြတော့ပါ။

ဒီနေ့ည သူတို့ ဗီလာကြီးများ၊ ရှေးဟောင်းပစ္စည်းများ အစရှိသည်တို့ကို လေလံတင်နေတာ ဖြစ်သည်။ ပစ္စည်းတိုင်းက အလွန်တန်ဖိုးကြီးပါသည်။

လေလံပွဲ အချိန်ကြာမြင့်လာလေလေ တန်ဖိုးက ပိုပြီး ကြီးမားလာလေလေ ဖြစ်သည်။

လေလံပွဲက ပထမဆုံးဗီလာကြီးကို သန်း ၁၂၀ နဲ့ ရောင်းချနိုင်ခဲ့ပါသည်။

တစ်နည်းအားဖြင့် ဒီနေ့ညအတွက် လေလံစျေးက သန်း ၁၀၀ အောက် နိမ့်တော့မှာ မဟုတ်ပေ။

ပထမဆုံးအသုတ်မှာ လင်းဖန် လေလံမဆွဲခဲ့ပါ။ သူ့အတွက် ၈၀၀ စတုရန်းမီတာရှိသည့် ဗီလာက အလွန်သေးငယ်ပါသည်။

သို့သော်လည်း လေလံပွဲ အစကတည်းက လင်းဖန် နားလည်ခဲ့သည်။ ဒါ့ကြောင့် လေလံပွဲထဲကို ဝင်ဖို့ သန်း ၁၀၀ လိုအပ်တာ ဖြစ်ပါသည်။

ဒါက အကျော်အမော်ကြီးတွေသာ တက်ရောက်နိုင်သည့် လေလံပွဲတစ်ခုဖြစ်သည်။

အကျော်အမော်ကြီးတွေ အများကြီးရှိနေတာကြောင့် လင်းဖန်လည်း စိတ်ဝင်စားသွားခြင်းဖြစ်ပါသည်။

လင်းဖန် ခေါင်းခါလိုက်၏။ အစကတော့ သူ မကြွားဝါချင်ခဲ့ပေ။ သို့သော်လည်း သူ့မှာ ကူပွန် ၂ ခုနဲ့ ငွေသား ၈ ဘီလီယံလည်း ရှိသည်။ ရွေးချယ်စရာ မရှိဘဲ ကြွားရပါတော့မည်။

All Chapters