← Chapters

အပြတ်အသတ်နိုင်ပွဲ

Vol. 30 Ch. 439

အပြတ်အသတ်နိုင်ပွဲ

Vol. 30 Ch. 439

ထိုအချိန်တွင် ယွင်ရှစ်အာ ပြောလိုက်ပါသည်။

"ဟယ်လို လူကြီးမင်း။ ကျွန်မက ယွင်ရှစ်အာပါ။ ကျွန်မကို ဒီဗီလာပေးလို့ရမလား။ ပေးမယ်ဆိုရင် အခုချိန်ကစပြီး ရှင်က ယွင်မိသားစုရဲ့ မိတ်ဆွေ ဖြစ်သွားပါပြီ"

ယွင်ရှစ်အာက သူမ၏ မျက်လုံးလှလှလေးများဖြင့် လင်းဖန်ကိုကြည့်ကာ မတ်တပ်ရပ်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့် ပြုံးပြလိုက်ပါသည်။

တခြားသူတွေအတွက် ဒါက အတော်လေး ယဉ်ကျေးမှုရှိပါသည်။

ယွင်ကော်ပိုရေးရှင်း၏ အကြီးဆုံးသမီးက မတ်တပ်ရပ်ပြီး လင်းဖန်အား ဗီလာကို လက်လွှတ်လိုက်ဖို့ တောင်းဆိုလိုက်ပါသည်။

အားလုံး၏ အမြင်မှာတော့ ယွင်ရှစ်အာက လင်းဖန်ကို မျက်နှာသာ ပေးလိုက်ခြင်းပင်။

ထို့အပြင် လင်းဖန်သာ တကယ်လက်လွှတ်မည်ဆိုလျှင် အနာဂတ်မှာ ယွင်မိသားစုနဲ့ မိတ်ဆွေဖြစ်လာစေရမည်ဟု ယွင်ရှစ်အာကိုယ်တိုင် ကတိပေးလိုက်ပြီဖြစ်ပါသည်။

'ယွင်မိသားစု၏ မိတ်ဆွေ' ဟူသောစကားလုံးများက အလွန်လေးနက်သည်။

တစ်နည်းအားဖြင့် အနာဂတ်မှာ လင်းဖန် ပြဿနာ တစ်ခုခုကြုံလာခဲ့ပါက ယွင်ရှစ်အာကို ချက်ချင်း သွားတွေ့နိုင်ပါသည်။

တစ်ခုခုဖြစ်လာရင် ယွင်ရှစ်အာ ကူညီပေးလိမ့်မည်။

ယွင်ရှစ်အာက အလွန်လည်း လှပသည်။ ဘယ်လို ယောက်ျားမျိုးမဆို ဒီလိုတောင်းဆိုချက်မျိုးကို သဘောတူလောက်ပါသည်။

ယောက်ျားများစွာက လင်းဖန်ကို အနည်းငယ် အားကျသွားမိကြသည်။ လင်းဖန်က တကယ်ကြီး ယွင်ရှစ်အာ၏ အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။

သို့သော်လည်း အားလုံးအံ့အားသင့်သွားရလောက်အောင် လင်းဖန်က ယွင်ရှစ်အာကို မျက်နှာသာမပေးခဲ့ပေ။

ဒီဗီလာကြီးက လင်းဖန်အတွက် အရေးပါပါသည်။

အနာဂတ်တွင် ကျားရှင်းဖျော်ဖြေရေးမှာ ဝန်ထမ်းတွေ ပိုပိုပြီး များလာမှာ ဖြစ်သည်။ သူတို့ကို ခရီးစဉ်တစ်ခု စီစဉ်ပေးပါက ဒီဗီလာကြီးဆီ လာလို့ရပါသည်။

သူ့အတွက်သူ ဗီလာတစ်လုံးဝယ်ပြီး ဝန်ထမ်းတွေကိုလည်း နေခွင့်ပေးလိုက်ပါမည်။ ထို့နောက် အတူတူ လျှောက်လည်ကာ ရက်ပိုင်းလောက် ပျော်ပျော်နေကြမည်။ အလွန် ပျော်ဖို့ကောင်းပါလိမ့်မည်။

အပြင်ဘက်မှာ ဧည့်ရိပ်သာ သို့မဟုတ် ဟိုတယ်များကို သွားရမည်ဆိုလျှင် ထိုဟိုတယ်နဲ့ ဧည့်ရိပ်သာများမှာ လျှို့ဝှက် ကင်မရာများ ရှိနေနိုင်သဖြင့် မလုံခြုံပေ။

ကျားရှင်းဖျော်ဖြေရေး၏ အနုပညာရှင်အများစုက မိန်းကလေးတွေ ဖြစ်ကြသည်။ လင်းခဲ့ရှင်း၊ ချူးယောင်ယောင်၊ စုမူချင်း၊ ထန်ရှင်းရန် စသည်တို့ ဖြစ်သည်။

ဘော့စ်တစ်ယောက်အနေဖြင့် ကုမ္ပဏီ၏ ဝန်ထမ်းတွေအတွက် လင်းဖန် တာဝန်ယူပေးရပါမည်။

လင်းဖန်ပြန်ပြောလိုက်သည်။ "စိတ်မကောင်းပါဘူး။ ကျွန်တော်လည်း ဒီဗီလာကို လိုချင်လို့ပါ"

"မိန်းကလေးယွင် ဒီဗီလာကြီးကို လိုချင်တယ်ဆိုရင် လေလံရုံရဲ့ စည်းမျဉ်းအတိုင်း လေလံထပ်ဆွဲပေါ့" လင်းဖန် ပြောလိုက်သည်။

ယွင်ရှစ်အာ ချက်ချင်း ကြက်သေ သေသွားရသည်။

ဒီနှစ်ပေါင်းများစွာအတွင်းမှာ သူမကို တဲ့တိုး ငြင်းဆန်ရဲသည့်လူဆိုတာ မရှိသလောက် ရှားသည်။

ကျန်းမြို့တော်မှ ကောင်းရုန်တောင် သူမ၏ တောင်းဆိုချက်များကို လျစ်လျူမရှုရဲပေ။ သူမရှေ့က ဒီလူက ဘယ်သူလဲ။

ယွင်ရှစ်အာ အံကြိတ်ပြီး အနည်းငယ် ဒေါသထွက်သွားပါသည်။

အချိန်တွင် အားလုံး၏ မျက်လုံးတွေက ယွင်ရှစ်အာအပေါ် ကျရောက်လာခဲ့သည်။

ဒီဗီလာကြီးအတွက် လင်းဖန်နဲ့ ပြိုင်ပြီး လေလံဆွဲမည့်သူက ယွင်ရှစ်အာ တစ်ယောက်တည်း ရှိတာကြောင့်ပဲဖြစ်ပါသည်။

ယွင်ရှစ်အာသာ ပြိုင်ပွဲကို လက်လျှော့လိုက်ပါက ဒီဗီလာကြီးကို လင်းဖန် ပိုင်ဆိုင်သွားပါလိမ့်မည်။

ယွင်ရှစ်အာက သူမ နံပါတ်ကို ထပ်မြောက်ဖို့ ပြင်လိုက်စဉ် ဘေးနားရှိ အဘိုးကြီးတစ်ယောက်က ပြောလိုက်သသည်။

"သခင်မလေး ဒီနေ့ ကျွန်တော်တို့ရဲ့ အဓိကမစ်ရှင်က နောက်ဆုံးမြေကွက်ကို ဝယ်ဖို့ပါ။ ဒီဗီလာကြီးကို အခု လေလံဆွဲလိုက်မယ်ဆိုရင် ခဏနေ ငွေမလုံလောက်နိုင်ဘူး"

အဘိုးကြီး၏ စကားကိုကြားသောအခါ ယွင်ရှစ်အာ သူမ၏ လက်ထဲက နံပါတ် ၁ တိုကင်ကို ပြန်ချပြီး လင်းဖန်ကို အေးစက်စွာ ကြည့်လိုက်ပါသည်။

"သန်း ၅၀၀ သုံးကြိမ် ရောင်းထွက်သွားပါပြီ"

"ဒီဗီလာကြီးကို အခု နံပါတ် ၇ က ပိုင်ဆိုင်သွားပါပြီ" လေလံပစ်သူက တလေးတစား ပြောလိုက်ပါသည်။

ဗီလာကြီးက ယွမ် သန်း ၅၀၀ ဖြင့် ရောင်းထွက်သွားပါသည်။ ထင်ထားတာထက် ပိုမြင့်သည့် ပမာဏပင်။

လူအုပ်ကြီးလည်း မှင်သက်သွားရသည်။

"လခွမ်း ကြမ်းလိုက်တာ။။ နံပါတ် ၇ က ဘယ်ဘော့စ်ကြီးလဲ။ ဗီလာတစ်လုံးဝယ်ဖို့ သန်း ၅၀၀ တောင် သုံးလိုက်တယ်တဲ့"

"ယွင်ရှစ်အာကိုတောင် ငြင်းလိုက်သေးတယ်။ ဘယ်သူက ဒီလောက်ထိ အတင့်ရဲမှာလဲ"

"သူဌေးတွေက ဒီလိုပဲလား။ ယွင်ရှစ်အာကို တကယ် မျက်နှာသာမပေးဘူးပဲ"

လေလံပစ္စည်းတချို့ကို ထပ်ရောင်းချပြီးနောက် နောက်ဆုံးပစ္စည်းကို ရောက်လာခဲ့ပါသည်

လေလံပစ်သူက အားလုံးကိုကြည့်ပြီး ပြောလိုက်ပါသည်။

"အားလုံးပဲ ဒီနေ့လေလံပွဲရဲ့ နောက်ဆုံးပစ္စည်းကတော့ ကျန်းမြို့တော် အနောက်ဘက်မှာ ရှိတဲ့ မြေတစ်ကွက်ပါ။ ဧကပေါင်း ၁၆,၀၀၀ ကျော် ကျယ်ဝန်းပြီး သိပ်ပြီး မဖွံ့ဖြိုးသေးပါဘူး။ ဒီမြေကို ဝယ်လိုက်တဲ့ လူတိုင်းက ကျန်းမြို့တော်ရဲ့ အနောက်ဘက်မှာ လုပ်ငန်းတွေ တည်ထောင်လို့ ရပါတယ်။ အဲ့ဒီကနေ ရလာမယ့် အကျိုးအမြတ်တွေကို အားလုံး နားလည်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်"

"ဒါဆို လိုရင်းသွားကြရအောင်။ အဖွင့်စျေးက ၁ ဘီလီယံပါ"

အဖွင့်စျေး ၁ ဘီလီယံဆိုတာကို ကြားလိုက်ရုံနဲ့ လူအများစု ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဒီနေ့ လေလံပွဲမှာ အရေးကြီးဆုံးပစ္စည်းက ဒါပဲ ဖြစ်သည်။

ကုန်သည်များစွာ လိုချင်ကြသည့် ပစ္စည်းလည်းဖြစ်ပသည်။

ကျန်းမြို့တော်၏ အနောက်ဘက် ဆင်ခြေဖုံးမြေကို ဝယ်ယူနိုင်သူတိုင်းက အကျိုးအမြတ်တွေ အများကြီး ရသွားပါလိမ့်မည်။

အမှန်ပင်။ နောက်ဆက်တွဲ စီမံမှုတွေလည်း လိုအပ်ပါသည်။ ကောင်းကောင်း စီမံနိုင်မှ ငွေတွေ အများကြီးဝင်လာလိမ့်မည်။ ကောင်းကောင်း မစီမံနိုင်လျှင် ငွေတွေ အများကြီး ဆုံးရှုံးပါလိမ့်မည်။

ဥပမာအားဖြင့် မြို့လယ်ခေါင်တွင် မစ်တီးဆိုင်တစ်ဆိုင်ဖွင့်ဖို့ သိန်းဂဏန်းလောက် သုံးလိုက်ပါက ငွေမရနိုင်ပါ။ ထိုသိန််းဂဏန်း အရှုံးပေါ်သွားနိုင်ပါသည်။

ဘာပဲဖြစ်ဖြစ် ဒီမြေတန်ဖိုးက အလွန်မြင့်မားပါသည်။

ထို့နောက် ချက်ချင်းဆိုသလိုပဲ တစ်ယောက်ယောက်က လေလံစတင်ဆွဲတော့သည်။

"၁ ဘီလီယံ"

"၁.၀၈ ဘီလီယံ"

"၁.၁ ဘီလီယံ"

"၁.၁၄ ဘီလီယံ"

"၁.၂ ဘီလီယံ"

"၁.၃ ဘီလီယံ"

"..."

သိပ်မကြာလိုက်ပဲ လေလံစျေးက ၁.၆ ဘီလီယံအထိ ရှိသွားပြီဖြစ်သည်။

၁.၆ ဘီလီယံကို ရောက်သောအခါမှာတောင် အားလုံး၏ စိတ်အားထက်သန်မှုများ လျော့နည်းသွားကြခြင်း မရှိပါ။

ဒီမြေ ဘယ်လောက် အရေးပါသလဲဆိုတာ မြင်သာသည်။

လင်းဖန်က လေလံမဆွဲသေးပေ။ ထို့အစာား တခြားသူတွေ လေလံဆွဲတာကို အရင်စောင့်နေပါသည်။ အချိန်ကျမှ နောက်ဆုံး ဆုံးဖြတ်ချက် ချနိုင်သည်။

ရုတ်တရက် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

ယွင်ရှစ်အာ ဖြစ်ပါသည်။

"၂ ဘီလီယံ" ယွင်ရှစ်အာ ပြောလိုက်သည်။

အခမ်းအနား တစ်ခုလုံး တိတ်ဆိတ်သွား၏။

ယွင်ရှစ်အာက ၁.၆ ဘီလီယံမှ ၂ ဘီလီယံအထိ တိုးပေးလိုက်သည်။ သန်း ၄၀၀ တောင် ချက်ချင်း တိုးပေးလိုက်ခြင်း ဖြစ်ပါသည်။

သူမ နောက်ဆုံးပိတ်ကျမှ လေလံဆွဲကာ အားလုံးကို ယွင်မိသားစု ဘယ်လောက်ချမ်းသာမှန်း ပြသချင်တာ ဖြစ်သည်။

လေလံပစ်သူလည်း တုန်လှုပ်သွားရပါသည်။ "ဘုရားရေ နံပါတ် ၁ က ၂ ဘီလီယံ ပေးနေပါတယ်"

"ပိုပေးချင်တဲ့သူ ရှိပါသေးသလား။ ၂ ဘီလီယံ တစ်ကြိမ်"

ထို့နောက် ချက်ချင်းဆိုသလိုပဲ တစ်ယောက်ယောက်က လေလံဆွဲလိုက်ပါသည်။

"၂.၁ ဘီလီယံ"

လေလံလိုက်ဆွဲသည့် လူက ဘော့စ်ကြီးတစ်ယောက် ဖြစ်သည်။ သို့သော် သူ့မှာ ပိုက်ဆံ သိပ်မရှိမှန်း သိသာပါသည်။ ထို့ကြောင့် သန်း ၁၀၀ သာ တိုးပေးလိုက်သည်။

ယွင်ရှစ်အာ မျက်မှောင်ကြုတ်သွားသည်။ "၂.၅ ဘီလီယံ"

လူအုပ်ကြီး ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

ယွင်ရှစ်အာက ချက်ချင်းပဲ သန်း ၅၀၀ စျေးတိုးပေးလိုက်ပါသည်။

ဒါ... သူဌေးတွေရဲ့ လောကလား။

ဘော့စ်ကြီးလည်း ဘာမှမပြောနိုင်တော့ပေ။

ဒီမြေကို ၂.၅ ဘီလီယံနဲ့ ဝယ်တာက အစသာ ရှိသေးသည်။ အိမ်ခြံမြေတွေ တည်ဆောက်ဖို့ပဲဖြစ်ဖြစ် ပန်းခြံတွေ တည်ဆောက်ဖို့ပဲဖြစ်ဖြစ် အားလုံး ငွေလိုကြပါသည်။

ဒီမြေကို အမှန်တကယ် ပျိုးထောင်ဖို့က ငွေအများကြီး လိုအပ်သည်။ အကျိုးအမြတ်တွေကိုလည်း အချိန်တိုအတွင်း ရနိုင်ဦးမှာ မဟုတ်ပေ။

သို့သော်လည်း ၂.၅ ဘီလီယံဆိုတာ ကြောက်ဖို့ကောင်းသည့် ပမာဏတစ်ခု ဖြစ်နေပါပြီ။

သာမန် ကုမ္ပဏီတွေကတော့ ငွေသား ၂.၅ ဘီလီယံကို ထုတ်မပေးနိုင်လောက်ပါ။

အမှန်ပင် ဒီမြေကို ဝယ်ယူပြီး ပျိုးထောင်ဖို့အတွက် ဘဏ်မှချေးငွေယူနိုင်သည်။

သို့သော် အရှုံးပေါ်သွားလျှင် ဘဏ်ချေးငွေကို ပြန်ဆပ်နိုင်မှာ မဟုတ်ပါ။ မြင့်မားသည့် ဘဏ်တိုးများနဲ့ဆို ပိုဆိုးပါသည်။

ယွင်ရှစ်၏ လေလံစျေးကြောင့် ဘော့စ်ကြီးတွေ အားလုံး ရပ်တန့်သွားရသည်။

အပြတ်အသတ် နိုင်ပွဲတစ်ခုပင်။

ယွင်ရှစ်အာကို ဘယ်သူမှ မပြိုင်ရဲတော့ပါ။

ဘော့စ်တစ်ယောက်က စကားထစ်ငေါ့စွာဖြင့် ပြောဖို့ပြင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဖုန်းကိုလည်း ကိုင်ထားသည်။ ကြည့်ရတာ သူ ငွေချေးဖို့ ပြင်နေသည့်ပုံစံပင်။

ထိုအချိန်တွင် ယွင်ရှစ်အာ ထပ်ပြောလိုက်ပါသည်။

All Chapters