← Chapters

လင်းဖန်မှာ တကယ် စုငွေ ၄ ဘီလီယံ ရှိတာလား

Vol. 30 Ch. 440

လင်းဖန်မှာ တကယ် စုငွေ ၄ ဘီလီယံ ရှိတာလား

Vol. 30 Ch. 440

"၂.၆ ဘီလီယံ"

ယွင်ရှစ်အာ သူမ လက်ထဲက နံပါတ်ပြားကို မြောက်လိုက်ပါသည်။

ဖုန်းကိုင်ထားဆဲဖြစ်သည့် ဘော့စ်ကြီးလည်း မှင်သက်သွားရသည်။ ယွင်ရှစ်အာကို ကြည့်လိုက်ပြီး သူ့လက်ထဲက ဖုန်းကို အားပျော့စွာဖြင့် ပြန်ချလိုက်ရတော့သည်။

ဒီခေတ်မှာ အိမ်ခြံမြေလုပ်ငန်းက ကျိန်းသေ အောင်မြင်လာမည်ဆိုတာကို အားလုံးသိကြတာ မဟုတ်ပေ။ လူအနည်းငယ်က ခန့်မှန်းနိုင်ရင်တောင် စီးပွားရေးခွန်အားအရ မစွမ်းဆောင်နိုင်ပါ။

ယွင်ရှစ်အာ၏ ဒီတစ်ခေါက် စျေးနှုန်းတိုးမြှင့်မှုက ဘော့စ်ကြီးကို ဆက်ပြီး စျေးမခေါ်ရဲအောင် ပါးစပ် ပိတ်ပေးလိုက်သလိုပင်။

ငွေချေးဖို့နောက်ကျသွားပြီဟု အားလုံးကို ယွင်ရှစ်အာ ပြောလိုက်ခြင်း ဖြစ်ပါသည်။ ယွင်မိသားစု၏ စီးပွားရေးအင်အားက အားကောင်းလွန်းလှသည်။ သူတို့ သန်း ၁၀၀ လောက် တိုးပေးချင်ရင်တောင် အချိန်မရွေး တိုးပေးလို့ ရပါသည်။

ဒီလိုအရှိန်အဝါမျိုးက လူတိုင်း ယှဉ်နိုင်သည့် အရာ မဟုတ်ပေ။

လေလံပစ်သူလည်း အံ့အားသင့်သွာားသည်။ "၂.၆ ဘီလီယံဟုတ်လား။ ဘယ်သူမှ စျေးမပေးသေးဘူးနော်။။ ၂.၆ ဘီလီယံအထိ တိုးချင်တာ သေချာရဲ့လား"

ယွင်ရှစ်အာ ခေါင်းငြိမ့်လိုက်သည်။ "သေချာတယ်"

အားလုံး ပါးစပ်အဟောင်းသားဖြစ်သွားရပြန်သည်။

ယွင်ရှစ်အာက ကိုယ့်ကိုယ်ကို ပြန်ပြိုင်ပြီး စျေးထပ်တိုးပေးလိမ့်မည်ဟု ဘယ်သူမှ မထင်ကြပေ။

စျေးကို သန်း ၁၀၀ တောင် တိုးပေးလိုက်ပါသည်။ ယွင်မိသားစု ဘယ်လောက်ချမ်းသာသလဲဆိုတာ အားလုံးမြင်တွေ့လိုက်ကြရပါသည်။

တခြားသူတွေကတော့ မသိနိုင်သော်လည်း လင်းဖန် သိနိုင်ပါသည်။

ယွင်ရှစ်အာ၏ လုပ်ရပ်က ငွေချေးဖို့ ကြိုးစားနေကြသည့် လူတွေကို ရပ်တန့်လိုက်ခြင်းပင်။

ထိုလူတွေသာ ငွေချေးပြီးသွားပါက စျေးထပ်ပေးကြဦးမည်။

ယွင်ရှစ်အာ၏ နည်းလမ်းက အတော်လေး ပြောင်မြောက်သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း ယွင်ရှစ်အာ လူတစ်ယောက်ကိုတော့ လျစ်လျူရှုခဲ့မိသည်။

ထိုလူက လင်းဖန် ဖြစ်ပါသည်။

သူလည်း ဒီမြေကွက်အတွက် လာခဲ့တာ ဖြစ်သည်။

ဒီမြေက လင်းဖန်၏ အဓိက မစ်ရှင်ပဲ ဖြစ်သည်။

ဒီမြေကို ရသွားတာနဲ့ အားလုံးလွယ်ကူသွားပါလိမ့်မည်။

ဒီမြေက များပြားသည့် ကြွယ်ဝမှုနဲ့ အနာဂတ် ရတနာတွင်းကြီး တစ်ခုလို ဖြစ်သည်။

သူများလုယူသွားတာကိုသာ ခံလိုက်ရပါက အလွန် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်သည်ဟု ပြောလို့ ရပါသည်။

"၂.၇ ဘီလီယံ" လင်းဖန် သူ့နံပါတ်ကို မြောက်လိုက်ပါသည်။

တိတ်ဆိတ်နေသည့် လေလံပွဲကြီး ပြန်လည် ပွက်လောရိုက်သွားခဲ့လေသည်။

လင်းဖန် တိုက်ခိုက်ခဲ့ပါပြီ။

လေလံပွဲထဲက ပြိုင်ပွဲက အဆုံးမသတ်သေးပါ။

လင်းဖန်နဲ့ ယွင်ရှစ်အာတို့က နတ်ဘုရားများအကြား တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည်။ သေမျိုးတွေကတော့ အောက်ကသာ မျှော်ကြည့်နိုင်ပါသည်။

ယွင်ရှစ်အာက လင်းဖန်ကို ကြည့်ပြီး နောက်မဆုတ်ခဲ့ပေ။ သူမ ပြောလိုက်သည်။ "၂.၈ ဘီလီယံ"

ယွင်ရှစ်အာ စျေးတိုးပေးတာကိုမြင်သောအခါ လင်းဖန် အချိန်မဖြုန်းတော့ပေ။

"၃ ဘီလီယံ" လင်းဖန် နံပါတ်ပြားကို မြောက်လိုက်ပြန်ပါသညည်။

လင်းဖန် ၃ ဘီလီယံဟု ပြောလိုက်တာကို အားလုံး ကြားလိုက်ရသောအခါ လေလံပစ်သူတောင် ကြက်သေ သေသွားရပါသည်။

ဒါ ၃ ဘီလီယံဖြစ်သည်။ တကယ်ကြီး ၃ ဘီလီယံ ဖြစ်ပါသည်။

"ဘုရား.... နံပါတ် ၇ က ၃ ဘီလီယံ ပေးလိုက်ပါပြီ"

"၃ ဘီလီယံပါ။ ပိုပေးမယ့်သူ ရှိပါသေးသလား" လေလံပစ်သူက ယွင်ရှစ်အာကို လှမ်းကြည့်လိုက်၏။

ယွင်ရှစ်အာ အံကြတ်လိုက်ပြီး မျက်နှာထားက သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပါသည်။

လမ်းလယ်ရောက်မှ လင်းဖန် ပေါ်လာလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။

ယခင်တစ်ခေါက် သူမ ဗီလာကြီးကို ဝယ်ယူခဲ့စဉ်တုန်းက လင်းဖန် သူမကို အနှောင့်အယှက် ပေးခဲ့သည်။

အခုလည်း လင်းဖန်က ဒီမြေကွက်ကို သူမဆီမှ လုယူဖို့ ကြိုးစားပြီး ယွမ် ၃ ဘီလီယံ ပေးလိုက်ပါသည်။

ယွင်မိသားစုမှ ထုတ်ပေးနိုင်သည့် ငွေပမာဏ အားလုံးကို ယွင်ရှစ်အာ ခပ်မြန်မြန် တွက်ချက်လိုက်သည်။ သူမ အံကြိတ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "၃.၁ ဘီလီယံ"

၃.၁ ဘီလီယံက သူမတို့အတွက် ထိခိုက်နေပါပြီ။

သန်း ၁၀၀ ထပ်ပေးရရင်တောင် အတော်များပြားနေပါပြီ။

လူတစ်ယောက်အတွက် သန်း ၁၀၀ ဆိုတာ သုံးဘဝစာ နေဖို့လောက်အထိ လုံလောက်သည်။

လင်းဖန်က စျေးကို တိုးပေးလိုက်ပါသည်။ "၄ ဘီလီယံ"

အားလုံံး ခေါင်းတွေ မြည်ဟည်းသွားသည်။

လင်းဖန်က သန်း ၉၀၀ တောင် တိုးပေးလိုက်ကာ စျေးနှုန်းက ၄ ဘီလီယံ ဖြစ်သွားခဲ့ပါသည်။

ဒါဘယ်လောက်တောင် မှင်သက်စရာကောင်းလိုက်တဲ့ မြင်ကွင်းလဲ။

"၄ ဘီလီယံ... နံပါတ် ၇ က ၄ ဘီလီယံ ပေးပါတယ်" လေလံပစ်သူက အလွန်စိတ်လှုပ်ရှားသွားပါသည်။

ဘော့စ်ကြီးဆိုတာ ဒါမျိုးကိုး။ ချက်ချင်း ၄ ဘီလီယံကို ထုတ်ပေးလိုက်နိုင်သည်။ တကယ်ပဲ ခွန်အားကြီးမားလွန်းပါသည်။

လင်းဖန် အားလုံးကို အလဲထိုးလိုက်ပြီဟုပင် ဆိုနိုင်သည်။

သူက နောက်ဆုံးပိတ် အနိုင်ရသူ ဖြစ်သည်။

လင်းဖန်က ၄ ဘီလီယံ စျေးပေးလိုက်တာကို မြင်သောအခါ ယွင်ရှစ်အာ၏ လက်များ တုန်ယင်လာသည်။

ယွင်မိသားစု ၃.၁ ဘီလီယံပေးရမှာတောင် အတော်လေး ခက်ခဲနေပါပြီ။

သို့သော် လင်းဖန်ကတော့ ပိုကြောက်ဖို့ကောင်းသည့် စျေးနှုန်းကို ကမ်းလှမ်းလိုက်သည်။

ထိုအချိန်တွင် ယွင်ရှစ်အာ ထပ်ပြောလိုက်သည်။

"ဟယ်လို ဒီမြေကွက်က ကျွန်မတို့ ယွင်မိသားစုအတွက် အရမ်းအရေးကြီးတယ်။ ဒီမြေကို ဝယ်လိုက်တာက အစပဲရှိသေးတယ်ဆိုတာ ရှင်လည်း သိမှာပါ။ ဒီမြေကို လည်ပတ်စေပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပြီးတော့ ဒီမြေရဲ့တန်ဖိုးကို အမြင့်ဆုံးဖြစ်အောင် ကျွန်မတို့ ယွင်မိသားစုပဲ လုပ်နိုင်တယ်။ အားလုံးလည်း ဒါကိုသိကြမှာပါ"

"ရှင် ဒီမြေကို လက်လျှော့ပေးမယ်ဆိုရင် ကျွန်မတို့ ယွင်မိသားစု ဒီမြေကို ဝယ်ပြီးသွားတဲ့အခါ နောက်ဆက်တွဲ ဖွံ့ဖြိုးကြေးတွေအားလုံးကို ကျွန်မတို့ ယွင်မိသားစုကပဲ ကိုင်တွယ်နိုင်မှာ။ ရှင့်ကို ဒီမြေကွက်ရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်းပေးမယ်လို့ အာမခံနိုင်တယ်။ ရှင်က အိမ်မှာအေးအေးဆေးဆေး လှဲနေပြီး ယွင်မိသားစု လတိုင်းပေးတဲ့ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို ထိုင်စားရုံပဲ" လင်းဖန်ကို ယွင်ရှစ်အာ ကြည့်လိုက်ပါသည်။

ဒီကမ်းလှမ်းချက်က အတော်လေး မက်မောစရာ ဖြစ်နေပါပြီ။

ယွင်မိသားစုက အတော်လေးကြောက်ဖို့ကောင်းသည်ဟု ဆိုနိုင်သည်။ ယွင်မိသားစုသာ ဒီမြေကို ပျိုးထောင်လိုက်ပါက ငွေတွေ တကယ် ဝင်နိုင်ပါသည်။

ဒီလိုလုပ်ခြင်းအားဖြင့် လင်းဖန်ကို ငွေဆုံးရှုံးမှာ စိုးရိမ်စရာ မလိုကြောင်း ယွင်ရှစ်အာ ပြောလိုက်ခြင်းပဲ ဖြစ်ပါသည်။

မြေတစ်ခုကို ပျိုးထောင်ဖို့ဆိုတာ ငွေတွေ အများကြီး လိုအပ်ပါသည်။ ငွေတွေအများကြီးရနိုင်ချေရှိသလို အများကြီး ဆုံးရှုံးနိုင်ချေလည်းရှိသည်။

လင်းဖန် သဘောတူလိုက်ပါက ဘာမှလုပ်စရာမလိုဘဲ အမြတ်ငွေ ၁၀ ရာခိုင်နှုန်းကို ရရှိနိုင်ပါသည်။

ဒီမြေ အရှုံးပေါ်သွားရင်တောင် လင်းဖန် ဘာမှ ဆုံးရှုံးမှာ မဟုတ်ပေ။

အန္တရာယ်စွန့်စားမှုများကို အနိမ့်ဆုံး လျှော့ချလိုက်တာဟု ဆိုနိုင်သည်။ စွန့်စားဖို့ မလိုဘဲ သူ ငွေဝင်နိုင်မည့် နည်းလမ်း ဖြစ်သည်။

လင်းဖန်က တည်တည်ငြိမ်ငြိမ် ပြုံးပြီး ပြောလိုက်ပါသည်။ "မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ် မိန်းကလေးယွင်။ ဒါပေမယ့် ကျွန်တော် စိတ်မဝင်စားပါဘူး"

"လေလံပွဲတစ်ခုမှာ စျေးအမြင့်ဆုံးပေးနိုင်သူက အနိုင်ရတာပါ။ မိန်းကလေးယွင် ဒီစည်းမျဉ်းကို သိတယ် မဟုတ်ဘူးလား" လင်းဖန်ပြောလိုက်သည်။

ယွင်ရှစ်အာ ရင်ဘတ်တွေ နိမ့်ချည်မြင့်ချည်ဖြစ်လာပြီး ဒေါသထွက်သွားပါသည်။

သူမ ဒီလောက်ကောင်းတဲ့ ကမ်းလှမ်းချက် ပေးခဲ့တာတောင် လင်းဖန်က လက်မခံသေးပါ။

နံပါတ် ၇ က လင်းဖန်ဆိုတာ သူမ မသိပေ။

လင်းဖန်ပြောတာ မှန်တော့ မှန်ပါသည်။ ဒါပဲဖြစ်ဖြစ် ဒါက လေလံပွဲတစ်ခုဖြစ်သည်။ ဘယ်သူက အာဏာပိုကြီးပြီး ဒါကို ရနိုင်မလဲဆိုတာကို ယှဉ်ပြိုင်ရသည့် ပြိုင်ပွဲ မဟုတ်ပေ။

"နားလည်ပါပြီ။ လေလံပွဲကို ခဏလောက် ရပ်ပေးထားလို့ ရမလား" ယွင်ရှစ်အာ လေလံပစ်သူကို ကြည့်လိုက်ပါသည်။

"ရပါတယ်ဗျ" လေလံပစ်သူက အနည်းငယ် ဦးညွှတ်လိုက်ပြီး လေးလံပွဲကို ခေတ္တဆိုင်းငံ့ကြောင်း ကြေညာလိုက်သည်။

ဘာပဲဖြစ်ဖြစ် ယွင်ရှစ်အာကို လေလံရုံက မတိုက်ခိုက်ရဲပေ။ ယွင်ရှစ်အာ ငွေပိုထုတ်နိုင်ရင်လည်း လေလံရုံအတွက် ပိုပြီး အကျိုးကျေးဇူးရှိပါလိမ့်မည်။

ယွင်ရှစ်အာက သူမဘေးရှိ အဘိုးကြီးကို တစ်ခုခု ပြောလိုက်သည်။ အဘိုးကြီးက နားလည်သွားပြီး ယွင်ရှစ်အာဘေးမှ ထွက်သွားပါသည်။

မိနစ်အနည်းငယ်ကြာတော့ လေလံရုံမန်နေဂျာက လင်းဖန်ဘေးကို ရောက်လာကာ တလေးတစားဖြင့် ပြောလိုက်သည်။

"မင်္ဂလာပါ ဆရာ။ နောက်ဆုံးပစ္စည်းရဲ့ စျေးနှုန်းက ၄ ဘီလီယံအထိ ရောက်သွားပြီဆိုတော့ စည်းမျဉ်းအရ ပိုင်ဆိုင်မှုအထောက်အထားကို ပြသပေးဖို့ လိုပါလိမ့်မယ်" မန်နေဂျာက ပြုံးကာပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်မှာ ၄ ဘီလီယံ မရှိဘဲ လေလံ အောင်သွားကာ ၄ ဘီလီယံ မပေးနိုင်ပါက လေလံရုံ ဆုံးရှုံးမသွားနိုင်ဘူးလား။

စုရှောင်းယွီက ဝင်မေးလိုက်ပါသည်။ "ခုနက လေလံပွဲထဲ ဝင်လာကတည်းက ပိုင်ဆိုင်မှု အထောက်အထား ပြပြီးပြီ မဟုတ်ဘူးလား"

မန်နေဂျာက ပြုံးလိုက်သည်။ "မိန်းကလေးစု၊ ခုနက ဝင်လာတုန်းက သန်း ၁၀၀ ဆိုတာ ဝင်ခွင့်ပဲရှိတာပါ။ ဒါပေမယ့် အခုက ၄ ဘီလီယံတောင် ဖြစ်သွားပြီလေ။ နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အတွက်လည်း ခက်ခဲလို့ပါ"

လင်းဖန် နားလည်ပါသည်။

လေလံရုံက ဒီ ၄ ဘီလီယံကို အဆုံးရှုံးမခံနိုင်သဖြင့် သူ့ပိုင်ဆိုင်မှုကို အတည်ပြုချင်တာ ဖြစ်သည်။

ယွင်ရှစ်အာက လင်းဖန်ဘေးကို လျှောက်လာပြီး ပြုံးလိုက်ပါသည်။ "ရှင်အခု လက်လျှော့ပေးလိုက်ရင် ယွင်မိသားစု ကမ်းလှမ်းထားတဲ့ ကမ်းလှမ်းချက်က မပြောင်းလဲသေးဘူးနော်။ ဒါပေါ့ ရှင့်မှာ တခြား တောင်းဆိုချင်တာရှိရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါတယ်"

ဒီပြိုင်ပွဲကို လက်လျှော့လိုက်လျှင် လင်းဖန် မျက်နှာ ပျက်စရာ မဖြစ်စေရဘူးဟု သူမ ပြောလိုက်တာနဲ့ အတူတူပဲ ဖြစ်ပါသည်။

လင်းဖန် ၄ ဘီလီယံစလုံးကို ထုတ်ပေးနိုင်မှာ မဟုတ်ဘူးဟု ယွင်ရှစ်အာလည်း ခံစားမိပါသည်။

လူအများအပြားလည်း လင်းဖန်ကို လှမ်းကြည့်လိုက်ကြ၏။ မန်နေဂျာ ရောက်လာတာကို မြင်တော့ သူတို့မျက်လုံးတွေ သံသယဖြင့် ပြည့်နှက်သွားကြသည်။

"ဒီ နံပါတ် ၇ က ကလိမ်ကကျစ် လေလံဆွဲနေတာများလား"

"ဖြစ်နိုင်တယ်။ ၄ ဘီလီယံဆိုတာ တော်တော်များတဲ့ ပမာဏပဲ။ ဘယ်ကုမ္ပဏီက ပိုင်ဆိုင် ဘီလီယံ ရာမချီဘဲ ဒါမျိုး ထုတ်ပေးနိုင်မှာလဲ"

"အဲ့လိုဆိုတော့မှ နံပါတ် ၇ ကဘယ်သူလဲ။ သူ့ကို သိတဲ့လူရှိကြလား"

"ငါလည်း တစ်ခါမှ မမြင်ဖူးဘူး။ ကုမ္ပဏီကြီးတစ်ခုရဲ့ ဘော့စ်လို့လည်း မကြားဖူးပါဘူး"

"တကယ် ကလိမ်ကကျစ် လေလံဆွဲသူဖြစ်နိုင်တယ်..."

ဘေးပတ်လည်က ဘော့စ်ကြီးတွေက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ သို့သော်လည်း ထုတ်ပြောရဲကြပေ။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ ဒီလောက် မတုံးအကြပါ။ အကြောင်းအရင်းမရှိဘဲ ရန်မဖွဲ့ချင်ကြပါ။

လင်းဖန်က ခေါင်းခါပြီး ပြောလိုက်ပါသည်။ "ကျွန်တော်တို့ ပိုင်ဆိုင်မှု အထောက်အထားပြနိုင်ပါတယ်"

ယွင်ရှစ်အာနဲ့ အားလုံး၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် လင်းဖန် မန်နေဂျာနောက် လိုက်သွားခဲ့ပါသည်။

မန်နေဂျာလည်း တုန်လှုပ်သွားရသည်။

လင်းဖန်က စူပါစတားတစ်ယောက်ဖြစ်ကြောင်းသာ သူတို့သိထားကြပြီး နောက်ကြောင်းရာဇဝင်ကို စုံစမ်းဖို့ အချိန်မရှိခဲ့ကြပေ။

လင်းဖန်မှာ တကယ်ကြီး ၄ ဘီလီယံ ရှိနေတာလား။

All Chapters