← Chapters

စုငွေ ၈ ဘီလီယံ

Vol. 30 Ch. 441

စုငွေ ၈ ဘီလီယံ

Vol. 30 Ch. 441

အခြား အခန်းတစ်ခုတွင်...။

စက်တစ်စက်သာရှိသည်။ ဘဏ်ကတ်ကို ထိုစက်ထဲ ထည့်လိုက်ပြီး ပါ့စ်ဝေါ့ ရိုက်လိုက်တာနဲ့ ဘဏ်ကတ်ထဲ ငွေဘယ်လောက်ရှိသလဲဆိုတာကို စစ်ဆေးနိုင်ပါသည်။

မန်နေဂျာ စိတ်ထဲမှာ တီးတိုးတွေးလိုက်ပါသည်။

လင်ဖန်က ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး ကျားရှင်းဖျော်ဖြေရေးဟူသည့် ကုမ္ပဏီတစ်ခုကို ဖွင့်ထားမှန်းသာ သူ သိပါသည်။

တခြားသတင်းတွေကိုတော့ မန်နေဂျာ စုစည်းဖို့ အချိန်မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် လေလံပွဲမှာ အကျော်အမော်တွေ အများကြီး ရှိနေပါသည်။ ထို့ကြောင့် လူတိုင်းကို စစ်ဆေးဖို့က လေလံရုံအတွက် မဖြစ်နိုင်ပေ။

မန်နေဂျာ နောက်လှည့်ကြည့်ပြီး လင်းဖန်ကို ပြုံးပြကာ ပြောလိုက်ပါသည်။ "ဒီဘက်ကို ကြွပါ"

လင်းဖန် ခေါင်းငြိမ့်လိုက်ပြီး မန်နေဂျာနဲ့ အတူတူ အခန်းထဲဝင်လာခဲ့ပါသည်။

"မစ္စတာလင်း ကျေးဇူးပြုပြီး ဘဏ်ကတ်ကို ပြပေးပါ။ ဘဏ်ကတ်ထဲမှာ ၄ ဘီလီီယံကျော်ရှိမှ ခင်ဗျားရဲ့ လေလံဆွဲမှုက အကျုံးဝင်ပါလိမ့်မယ်" မန်နေဂျာက အပြုံးဖြင့်ပြောလိုက်ပါသည်။

"ကျေးဇူးပြုပြီး ကျွန်တော်တို့ကို နားလည်ပေးပါ။ ကျွန်တော်တို့တောင် ဒီလေလံပွဲ ဒီအတိုင်းအတာထိ ရောက်သွားမယ်လို့ ထင်မထားကြလို့ပါ။ ၄ ဘီလီယံစျေးက ကျွန်တော်တို့ စိတ်ကူးထားတာထက် ပိုကျော်လွန်နေတယ်" မန်နေဂျာ၏ မျက်လုံးများက တောင်းတောင်းပန်ပန် ဖြစ်နေပါသည်။

လင်းဖန်က လေလံပွဲ၏ ဖောက်သည်အကြီးစား ဖြစ်သည်။ လင်းဖန်ကို အလွယ်တကူ မစော်ကားရဲပါ။

လင်းဖန်မှာ ငွေရှိပြီး နောက်ဆုံးကျမှ လေလံမဆွဲတော့လျှင် လေလံရုံက ငွေတွေ အများကြီး ဆုံးရှုံးသွားပါလိမ့်မည်။

သို့သော်လည်း လင်းဖန်ကို ပိုင်ဆိုင်မှု စစ်ဆေးဖို့ ခေါ်လာခဲ့တာက ပိုမိုသေချာစေဖို့အတွက် ဖြစ်ပါသည်။

ရိုးရိုးသားသားပြောရလျှင် လင်းဖန်မှာ ၄ ဘီလိယံယွမ်ကျော် ရှိနေနိုင်မည်ဟု မန်နေဂျာလည်း မယုံကြည်ပါ။

ဘော့စ်ကြီးများစွာမှာ ပိုင်ဆိုင်မှု ၄ ဘီလီယံ ရှိလိမ့်မည်။

သို့သော်လည်း စုငွေ ၄ ဘီလီယံလောက်တော့ မရှိနိုင်ကြပေ။

စုငွေ ၄ ဘီလီယံလောက် ရှိရမည်ဆိုလျှင် ကုမ္ပဏီ၏ ပိုင်ဆိုင်မှုနဲ့ စျေးကွက်တန်ဖိုးတို့က အနည်းဆုံး ၁၀၀ ဘီလီယံလောက် ရှိမှ ရပါမည်။

မဟုတ်ပါက စကားသက်သက်သာရှိလိမ့်မည်။

လင်းဖန်၏ ကျားရှင်းဖျော်ဖြေရေးက ၃ ဘီလီယံကျော်သာ တန်ပါသည်။

ဒီတစ်ခေါက် လင်းဖန်၏ လေလံစျေးက သူ့ကုမ္ပဏီ စျေးကွက်တန်ဖိုးထက် ပိုမြင့်လို့နေသည်။

ထို့ကြောင့် လေလံပွဲက အလွန်သတိထားလာရခြင်း ဖြစ်သည်။

မန်နေဂျာက ဆက်ပြောလိုက်သည်။ "အဓိက ပြဿနာက အရင်လေလံပွဲတွေမှာတုန်းက တချို့တွေ ကလိမ်ကျပြီး လေလံဆွဲပြီးတော့ နောက်ဆုံးကျမှ မပေးနိုင်တဲ့လူတွေ ရှိခဲ့ဖူးလို့ပါ။ အဲ့လိုအဖြစ်အပျက်တွေ ကြုံလာရင် ကျွန်တော်တို့လည်း ခေါင်းကိုက်ရပါတယ်ဗျာ"

လင်းဖန်ပြုံးကာ ပြန်ပြောလိုက်သည်။ "ကျွန်တော် နားလည်ပါတယ်။ ဒီဘဏ်ကတ်ကို စစ်ဆေးကြည့်လို့ ရပါတယ်"

မန်နေဂျာ အနက်ရောင်ကတ်တစ်ခုကို လက်ခံလိုက်သည်။ သူ့မျက်လုံးတွေ တုန်လှုပ်သွားရလေသည်။

ဒီလို အနက်ရောင်ကတ်မျိုးကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုရှိသော်လည်း ဘယ်မှာ မြင်ဖူးမှန်း မမှတ်မိပါ။

သို့သော်လည်း ဒီအနက်ရောင်ကတ်က ဘဏ်တစ်ခုနဲ့ သက်ဆိုင်သည့်ပုံမပေါ်ပေ။

အနက်ရောင်ကတ်ပေါ်မှာ အထူး Logo လည်း မပါဝင်ပါ။ ရိုးရိုးရှင်းရှင်း တရားဝင် တံဆိပ်တစ်ခုသာ ပါဝင်သည်။

ဘယ်လိုဘဏ်မျိုးကဖြစ်မှန်းတောင် မဖော်ပြထားပါ။

မန်နေဂျာက ခေါင်းခါလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ မဲ့ပြုံးပြုံးကာဖြင့်ပြောလိုက်၏။ "မစ္စတာလင်း ခင်ဗျားကတ်က..."

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "အဲ့ဘဏ်ကတ်ကို စစ်ကြည့်လိုက်ပါ"

မန်နေဂျာက သံသယဖြင့် စက်ထဲကို ဘဏ်ကတ် ထည့်လိုက်ပါသည်။ "မစ္စတာလင်း ကျေးဇူးပြုပြီး ပါ့စ်ဝေါ့ ရိုက်နှိပ်ပေးပါ"

လင်းဖန် ပါ့စ်ဝေါ့ရိုက်လိုက်ပါသည်။

စက်ပေါ်တွင် ဂဏန်းတစ်ခု ချက်ချင်းပေါ်လာ၏။

စက်ထဲက နံပါတ်က သုညဖြစ်နေသည်။

သုညတဲ့....

ဒါ ဘာသဘောလဲ။ လင်းဖန်၏ အကောင့်ထဲမှာ တစ်ပြားမှ မရှိပါ။

မန်နေဂျာ ချက်ချင်းပဲ အနည်းငယ် ဒေါသထွက်သွားသည်။ သို့သော်လည်း မပေါက်ကွဲရဲပေ။

လင်းဖန်က ငွေမရှိဘဲနဲ့တောင် လာစစ်ဆေးခံရဲသည်။ လေလံပွဲမှာ ကလိမ်ကျပြီးတော့တောင် လာပြိုင်ရဲတယ်လား။

လင်းဖန်ကို ဘယ်လိုအပြစ်ပေးရမလဲဆိုတာတောင် မန်နေဂျာ စဉ်းစားပြီးပါပြီ။ ဒီလိုကလိမ်ကျတဲ့ ကတ်စတမ်မာတွေနဲ့ ကြုံသည့်အခါ လေလံရုံက ကျိန်းသေပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးပါမည်။

လေလံရုံထဲကလူတိုင်း ဒီလိုသာဖြစ်နေကြပါက နောက်ဆို သူတို့ အလုပ်ဘယ်လိုလုပ်ရတော့မလဲ။ လေလံပွဲကို ဘယ်လိုကျင်းပရတော့မလဲ။

ဒါ့ကြောင့်လည်း အနက်ရောင်ကတ်ကြီးဖြစ်နေတာကိုး။ ဘဏ်ကတ်မှ မဟုတ်ဘဲ။

လင်းဖန်ကို မန်နေဂျာကြီး ကြည့်လိုက်ပြီး ယဉ်ယဉ်ကျေးကျေးပဲ ဆက်ပြောလိုက်ပါသည်။ "မစ္စတာလင်း ဘဏ်ကတ်များ မှားထုတ်လိုက်တာလား"

လင်းဖန်ပြန်ပြောလိုက်၏။ "မှားမထုတ်ပါဘူး"

မန်နေဂျာကပြောလိုက်သည်။ "မစ္စတာလင်း ကျွန်တော်တို့စက်မှာ အမှားအယွင်း မရှိပါဘူး။ ဒါပေမယ့် စက်ပေါ်က ဂဏန်းကို ကြည့်လိုက်ပါဦး..."

"၈,၀၀၀,၀၀၀,၀၀၀???"

စက်ပေါ်တွင် ထိုဂဏန်းပေါ်လာသောအခါ မန်နေဂျာ ကြက်သေသေသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါသည်။

ဒီလောက် ငွေပမာဏတွေ အများကြီး စက်ပေါ်မှာ ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီဘဏ်ကတ်ထဲက ပမာဏက ၈ ဘီလီယံဖြစ်မှန်း လူတိုင်း ပြောနိုင်သည်။

၈ ဘီလီယံ...

မန်နေဂျာ ချက်ချင်းပဲ ကြက်သေ သေသွားခဲ့သည်။

ပထမတော့ လင်းဖန် ၄ ဘီလီယံ ထုတ်ဖို့တောင် အခက်တွေ့လိမ့်မည်ဟု သူထင်ထားခဲ့မိပါသည်။ လင်းဖန် ဒီလောက် ချမ်းသာလိမ့်မည်ဟု ဘယ်သူ ထင်မည်နည်း။

သူ့ဘဏ်အကောင့်ထထဲမှာ ၈ ဘီလီယံတောင် ရှိသည်။ လင်းဖန်၏ စည်းစိမ်နဲ့ စွမ်းပကားတို့ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းသလဲ ပြသဖို့ လုံလောက်ပါသည်။

စီးပွားရေးလောကထဲက ထိပ်တန်းသူဌေး တစ်ယောက်မှာတောင် ဘဏ်ကတ်ထဲ ၈ ဘီလီယံ မရှိလောက်ဘူးမဟုတ်လား။

ရုတ်တရက် မန်နေဂျာ နားလည်သွားသည်။

ထိုအနက်ရောင်ကတ်ကို မှတ်မိသွားပါသည်။

စီအီးအိုမာ ဒီကို လေလံလာဆွဲတုန်းက သူ့ကတ်ကလည်း အနက်ရောင် ဖြစ်သည်။

ဒီအနက်ရောင်ကတ်က Limited Edition ကတ် ဖြစ်သည်။

ဘယ်နိုင်ငံ၊ ဘယ်နေရာမှာမဆို အသုံးပြုနိုင်ပြီး ကမ္ဘာပေါ်က ဘယ်ငွေထုတ်စက်မှာမဆို အသုံးပြုနိုင်သည်။

အနက်ရောင်ကတ်က ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းတို့၏ သင်္ကေတ ဖြစ်သည်။

သူဌေးတွေတောင် အနက်ရောင်ကတ်ကို မရနိုင်ကြပေ။

အနက်ရောင်ကတ်ကို ရရှိထားသည့်လူတွေက အာဏာ၊ ခွန်အားနဲ့ နိုင်ငံရေးတို့တွင် ထိပ်တန်း ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

ဒုတိယမျိုးဆက် သူဌေးသားတွေလည်း ဒီလို အနက်ရောင်ကတ်မျိုးကို မရနိုင်ပါ။

ဒါက Limited Edition အနက်ရောင်ကတ် ဖြစ်သည်။

ထို့ကြောင့် စက်က ပထမဆုံး သုညသာ ပြသခဲ့တာ ဖြစ်သည်။

စက်ကတောင် ဘဏ်ကတ်ထဲမှာ ဒီလောက်ငွေတွေ အများကြီးရှိနေတာကို ထင်မထားခဲ့တာ ဖြစ်မည်။

ဒီလောက်ငွေတွေ အများကြီးကို တစ်ခါမှ မစစ်ဆေးဖူးသဖြင့် စက်ထစ်သွားတာ ဖြစ်နိုင်သည်။

မန်နေဂျာ မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ပါသည်။ "၈ ဘီလီယံ... ဘုရားသခင်။ တကယ်ကြီး ၈ ဘီလိယံ ရှိနေတာပဲ။ မစ္စတာလင်း ကျွန်တော် တောင်းပန်ပါတယ်။ ခုနက စော်ကားခဲ့မိတယ်။ ကျွန်တော့် ရိုင်းပျမှုကို ခွင့်လွှတ်ပေးပါ"

မန်နေဂျာ တုန်လှုပ်သွားရုံတင်မကဘဲ လေလံပွဲက ဝန်ထမ်း ၂ ယောက်တောင် မှင်သက်သွားရပါသည်။ သူတို့ နှစ်ယောက် ဘဝမှာ ဒီလောက် ငွေတွေ အများကြီးကို တစ်ခါမှ မမြင်ဖူးခဲ့ကြပေ။

လင်းဖန်ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး။ အရမ်း မအံ့သြပါနဲ့။ ကျွန်တော် စိတ်မဆိုးဘူး။ ဒါက လေလံပွဲရဲ့ စည်းကမ်းပဲကို။ ကျွန်တော် အခု လေလံပွဲမှာ ဆက်ပါဝင်လို့ရပြီလား"

မန်နေဂျာ တလေးတစားပြုံးကာ ပြောလိုက်သည်။ "ဒါပေါ့ မစ္စတာလင်း။ အခုချိန်ကစပြီး ခင်ဗျားက လေလံပွဲမှာ VIP ဖြစ်သွားပါပြီ။ နောက်ဆို လေလံပွဲကို လာတိုင်း လေလံဆွဲဖို့ သီးသန့် VIP အခန်းတစ်ခန်းရပြီး အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားမှာပါ"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ ဒီလောကမှာ ဒီလိုပဲ ဖြစ်ပါသည်။

ငွေက အရာများစွာကို ဖြေရှင်းနိုင်သည်။ ဘဏ်အကောင့်ထဲက ငွေပမာဏကို မြင်လိုက်တာကြောင့် သူ့အပေါ် သဘောထား အတော်လေး ပြောင်းလဲသွားတာ ဖြစ်ပါသည်။

အစမှအဆုံးအထိ လင်းဖန်က မမောက်မာခဲ့ပါ။ သူက အခခု တကယ်ချမ်းသာနေပြီဖြစ်သော်လည်း ရိုးရိုးတန်းတန်းသူဌေးသားတွေလို မပြုမူပေ။ လူမသိ သူမသိသာ နေတတ်ပါသည်။

ဒီလိုအရာတွေကကို သူစိတ်မဝင်စားပါ။ ဘဝကို ပျော်ပျော်နေနိုင်ဖို့က အရေးအကြီးဆုံး ဖြစ်သည်။

All Chapters