လင်းဖန်ရဲ့ နောက်ဆုံးလေလံစျေး
Vol. 30 Ch. 442
မန်နေဂျာက လင်းဖန်ကိုကြည့်ကာ ပြောလိုက်သည်။
"မစ္စတာလင်း ခင်ဗျားက ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်ကြီးဆိုတာ ကျွန်တော် သိပါတယ်။ ကျားရှင်း ဖျော်ဖြေရေးရဲ့ စျေးကွက်တန်ဖိုးက ၃ ဘီလီယံတောင် ရှိနေပြီ။ မစ္စတာလင်း ဘယ်လို လုပ်ငန်းမျိုး လုပ်တာလဲဆိုတာ မေးခွင့်ရှိမလား"
လင်းဖန်က ပြုံးလိုက်ပြီး ဘာမှမဖုံးကွယ်ထားပါ။
"ကျွန်တော်က လုပ်ငန်းပေါင်းစုံ လုပ်ပါတယ်။ အိမ်ခြံမြေလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်း၊ ရုပ်ရှင်၊ ရုပ်သံ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်း စသည်ဖြင့်ပေါ့။ Chanel, LV နဲ့ ကားလုပ်ငန်းတွေလည်း ရှိပါသေးတယ်"
လင်းဖန်က ရိုးရိုးရှင်းရှင်းသာ ပြောလိုက်တာ ဖြစ်သော်လည်း မန်နေဂျာ၏ မျက်လုံးများ တုန်လှုပ်သွားရသည်။
ဒီလုပ်ငန်းတိုင်းက လုံးဝ ခြားနားပါသည်။
လင်းဖန်က လုပ်ငန်းပေါင်းစုံမှာ ပါဝင်ခဲ့သည်။ လုပ်ငန်းတိုင်းမှာ အလွန် အစွမ်းအစရှိသူ ဖြစ်ရမည်။
အလုပ်တိုင်းမှာ အကောင်းဆုံး ကြိုးစားနိုင်သည်။
လင်းဖန်က မန်နေဂျာကိုကြည့်ကာ ပြုံးလျက် ပြောလိုက်သည်။ "ခင်ဗျား အခု Weibo ကို သွားကြည့်လို့ရတယ်။ အခုထိ ရေပန်းစားနေလောက်ဦးမယ် ထင်တာပဲ"
မန်နေဂျာက ခေါင်းငြိမ့်ပြီး ကောင်မလေး နှစ်ယောက်ကို Weibo မှာ စစ်ကြည့်ခိုင်းလိုက်ပါသည်။
ကောင်မလေး နှစ်ယောက် Weibo ကို ဖွင့်ကြည့်ပြီးနောက် အော်မိလိုက်ကြသည်။
သူတို့က ပရော်ဖက်ရှင်နယ်များဖြစ်ကြသည်။ သူတို့ ကတ်စတမ်မာက ဘယ်လောက်ပဲ တော်ပါစေ။ ဘာအသံမှ ထွက်ကြမှာ မဟုတ်ပါ။
သို့သော်လည်း Weibo ကို မြင်ပြီးနောက် ကောင်မလေး နှစ်ယောက် အစစ်အမှန် ဘော့စ် တစ်ယောက်ဆိုတာ ဘာလဲ နားလည်သွားကြပါသည်။
လင်းဖန်၏ သရုပ်မှန်က ဒီလောက် ကြောက်ဖို့ ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
မန်နေဂျာက မေးလိုက်၏။ "မစ္စတာလင်းရဲ့ သရုပ်မှန်က ဘာလဲ။ Weibo ပေါ်မှာ တင်ထားလို့လား'
ကောင်မလေးက အားနည်းစွာ ပြောလိုက်ပါသည်။ "မန်နေဂျာကြီး ကိုယ့်ဖာသာကိုယ် ကြည့်လိုက်ပါတော့"
မန်နေဂျာ ဖုန်းကိုယူကြည့်လိုက်ရာ မက်ဆေ့ကိုမြင်သွားပါသည်။
"လခွမ်း..."
မန်နေဂျာ ခြေထောက်တွေတောင် မခိုင်တော့ပေ။ သူ့မျက်လုံးတွေ ဂနာမငြိမ်ဖြစ်နေပြီး လက်ဖဝါးတွေလည်း တုန်ယင်နေပါပြီ။
သူက 985 ဘွဲ့ရ ဖြစ်သော်လည်း အခုတော့ သူ သင်ယူထားသည့် အရာတိုင်းကို ဘာမှ မမှတ်မိတော့ပါ။ သူ့စိတ်ထဲမှာ စကားတစ်ခွန်းသာ ရှိနေပါသည်။
"လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌ၊ Estee Lauder ရဲ့ စီအီးအို၊ LV နဲ့ Chanel ရဲ့ ဒုတိယအများဆုံးရှယ်ယာဝင်၊ Buggati ရဲ့ တတိယအများဆုံး ရှယ်ယာဝင်..."
"လင်းဖန်က ကျားရှင်းဖျော်ဖြေရေးရဲ့ ဘော့စ်လင်း ဟုတ်တယ်။ အဲ့ဒီအပြင် လင်းဖန်က ကျန်းမြို့တော်မှာ အိမ်ခြံမြေ တစ်ဝက်ကျော်လောက်ကို ပိုင်ဆိုင်တယ်။ လင်းဖန်ရဲ့ ကောင်မလေးက ရှားမိသားစုရဲ့ အကြီးဆုံးသမီး ရှားဝမ်ချွေ့ပဲ။ သူက ရှားမိသားစုရဲ့ သမီးပဲ..."
"ရှားဝမ်ချွေ့ တရုတ်နိုင်ငံရဲ့ ထိပ်တန်းဆယ်လီတစ်ယောက်လည်းဖြစ်တယ်။ သူ့ရေပန်းစားမှုက အရမ်းမြင့်တယ်။ အရေးအကြီးဆုံးက တော်တော်လည်းလှတယ်။ လင်းဖန်က ရှန်ဟိုင်းမြို့မှာ ဗီလာတွေ အများကြီး ပိုင်ဆိုင်ထားတယ်..."
မန်နေဂျာက Weibo ကိုကြည့်လိုက်ပြီး ကိုယ့်ဘဝကိုယ် သံသယဖြစ်သွားသည်။
ဒီကမ္ဘာကြီးမှာ ဒီလောက်စွမ်းအားကြီးတဲ့လူမျိုး ရှိနိုင်လို့လား။
လုပ်ငန်းနယ်ပယ်တိုင်းမှာ လင်းဖန်နဲ့ ပတ်သက်သည့် အရာတိုင်းက အထွတ်အထိပ်ကို ရောက်ရှိနေသည့် အရာများ ဖြစ်သည်။
Alibaba တွင် လင်းဖန်က ဒုဥက္ကဌ ဖြစ်သည်။
Estee Lauder မှာ ဥက္ကဌ ဖြစ်သည်။
LV နဲ့ Chanel တို့လို ထိပ်တန်း ဘရန်းတွေမှာ လင်းဖန်က အဓိကရှယ်ယာဝင်လည်း ဖြစ်သည်။
ကျန်းမြို့တော်တွင် လင်းဖန်က အိမ်ခြံမြေလုပ်ငန်း၌ ထိပ်တန်းသူဌေးတစ်ယောက် ဖြစ်နေပါပြီ။
ဒီလိုဘွဲ့ထူးတွေနဲ့လူက သူ့ရှေ့မှာ ရောက်နေပါသည်။
လင်းဖန်ကို ချမ်းသာကြောင်း စစ်ဆေးဖို့အတွက် အထောက်အထားပြဖို့ပင် တောင်းဆိုခဲ့သေးသည်။
အစမှအဆုံးအထိ လင်းဖန် ဒေါသထွက်တာကို မန်နေဂျာ မမြင်ခဲ့ရပါ။ လေလံပွဲ၏ လုပ်ငန်းဆောင်တာများကိုလည်း နာနာခံခံနဲ့ လိုက်နာခဲ့ပါသည်။
သာမန် ဒုတိယမျိုးဆက်သူဌေးသားတစ်ယောက်သာဆိုရင် ပစ္စည်းတွေကို ရိုက်ခွဲပြီးလောက်ပါပြီ။
လင်းဖန်ကတော့ လုံးဝ ခြားနားပါသည်။
ဒါက ဘော့စ်ကြီးတစ်ယောက်ရဲ့ ခွန်အား ဖြစ်သည်။
အကျော်အမော်တွေရဲ့ လောက ဖြစ်သည်။
ဘော့စ်အစစ်အမှန်တစ်ယောက် အသေးအဖွဲကိစ္စများအတွက် ဒေါသမဖြစ်တတ်ပါ။ ထိုအသေးအဖွဲကိစ္စများကို ခွင့်လွှတ်ပေးနိုင်သည်။
ထို့ကြောင့် လင်းဖန် လေလံပွဲအထောက်အထား လာစစ်ဆေးတော့ တည်ငြိမ်နေခဲ့တာ ဖြစ်ပါသည်။
လင်းဖန်ကို ဖော်ပြဖို့အတွက် စကားလုံးတစ်လုံးသာ ရှိသည်။
တည်ငြိမ်လွန်းပါသည်။
မန်နေဂျာက မဲ့ပြုံးပြုံးလိုက်ပြီး လင်းဖန်ကိုပြောလိုက်ပါသည်။ "ခုနက ဘော့စ်ကြီးတစ်ယောက်ကို ကျွန်တော် စော်ကားမိတော့မလို့။ မစ္စတာလင်း အဲ... ဘော့စ်လင်းက ကျွန်တော်တို့ တစ်သက်လုံး မျှော်ကြည့်ရမယ့် လူမျိုးပါ။ အင်မော်တယ်တွေအကြား တိုက်ပွဲကို ကျွန်တော်တို့က အဝေးကနေပဲ ကြည့်နေနိုင်တယ်" မန်နေဂျာ ခေါင်းခါလိုက်သည်။
တစ်ဖက်မှာတော့ ယွင်ရှစ်အာလည်း မျက်လုံးတွေ အရောင်လက်သွားပါသည်။
လင်းဖန်၏ နောက်ခံအင်အားကို သူမ သိသွားခဲ့ပြီ။ သို့သော် ဒီမြေအတွက် ယွင်မိသားစု တိုက်ခိုက်မှဖြစ်မှာကိုလည်း သိပါသည်။
အနာဂတ်မှာ အိမ်ခြံမြေလုပ်ငန်းက အောင်မြင်လာမယ်ဆိုတာကိုလည်း ယွင်မိသားစု သိနေပါသည်။
ဒီအကြောင်းကို သိထားကြသူ များများစားစား မရှိပေ။ ကျန်းမြို့တော်က မြေကွက်က ဖွံ့ဖြိုးတိုးတက်ဖို့ အကောင်းဆုံး နေရာ ဖြစ်သည်။
ကောင်းကောင်းမွန်မွန် ပျိုးထောင်ပေးနိုင်လျှင် အနာဂတ်မှာ ဘီလီယံရာနဲ့ချီပြီး ဆောင်ကျဉ်းပေးနိုင်ပါသည်။
သူတို့ နှစ်တိုင်း ပိုက်ဆံတွေအများကြီး ရကြလိမ့်မည်။ ဒီမြေကွက်ကို ဝယ်လိုက်တာနဲ့ အဆုံးမဲ့ စည်းစိမ်ကို ရလိုက်သလို ဖြစ်သွားလိမ့်မည်။
အဘိုးကြီးက ယွင်ရှစ်အာကို ကြည့်ပြီး တလေးတစား ပြောလိုက်ပါသည်။ "သခင်မလေး၊ အားလုံး စီစဉ်ပြီးပါပြီ။ ဒီတစ်ခေါက်တောာ့ လင်းဖန် ကျိန်းသေပေါက် ရှုံးလိမ့်မယ်"
ယွင်ရှစ်အာ ခေါင်းငြိမ့်လိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ဒီလင်းဖန်က အမြဲတမ်း ငါ့ကို ပစ်မှတ်လာထားနေတယ်။ ယွင်မိသားစုက ဒီမြေကို ဝယ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသားဆိုတာ သူ မသိပါဘူး။ လင်းဖန်ရဲ့ နောက်ခံအင်အားက ဘယ်လောက်ပဲရှိရှိ ငါတို့ ယွင်မိသားစု ကျရှုံးလို့ မဖြစ်ဘူး။ လင်းဖန်ကို ရှုံးနိမ့်ခြင်းရဲ့ အရသာ မြည်းစမ်းခိုင်းလိုက်ရအောင်လား"
အချိန်အတော်ကြာသောအခါ ယွင်ရှစ်အာ ပြန်ထိုင်နေလိုက်ပါသည်။ ဒီတစ်ခေါက် သူမ၏ အရှိန်အဝါက လုံးဝ ခြားနားသွားပါပြီ။ လူတွေကို ဖိအား အများကြီး ခံစားရစေသည်။
ပြန်ရောက်လာပြီးနောက် ယွင်ရှစ်အာက စျေးထပ်တိုးပေးလိုက်သည်။
"၅ ဘီလီယံ" ယွင်ရှစ်အာ ပြောလိုက်သည်
ချက်ချင်းပဲ လေလံစျေးကို သူမ ၁ ဘီလီယံ တိုးပေးလိုက်သည်။
တစ်ချိန်တည်းမှာပဲ ယွင်ရှစ်အာ၏ အကောင့်ထဲသို့ ငွေတွေ အလုံးအရင်း ဝင်လာခဲ့ပါသည်။
ယွင်ရှစ်အာက သူမလက်ထဲက နံပါတ်ပြားကို မြောက်လိုက်သည်။
တိုက်ပွဲအစစ်က အခုမှ စတင်တာ ဖြစ်ပါသည်။
"၆ ဘီလီယံ" လင်းဖန်ကလည်း အေးအေးဆေးဆေးပဲ နံပါတ်ပြားကို ကိုင်မြောက်လိုက်သည်။ သို့သော် သူ့ရင်ထဲမှာတော့ အနည်းငယ် အခက်တွေ့နေပါပြီ။ ဒီယွင်ရှစ်အာက တကယ်ပဲ ကောင်းရုန်လို အလွယ်တကူ ရှင်းထုတ်နိုင်မည့် လူမျိုး မဟုတ်ပေ။
သူ့ ၈ ဘီလီယံက Estee Lauder မှ ယူနိုင်သည့် အများဆုံး ငွေပမာဏ ဖြစ်ပါသည်။ အချိန်တိုအတွင်းမှာတော့ ဒီ့ထက် ပိုရနိုင်မှာ မဟုတ်ပါ။
ငွေတွေထပ်ပြင်ဆင်ဖို့ အနည်းဆုံး နာရီပိုင်းလောက် ကြာလိမ့်မည်။ လင်းဖန်က လေလံပွဲမှာရောက်နေတာဖြစ်ပြီး လေလံပွဲက နာရီပိုင်းလောက်တော့ စောင့်ပေးမှာ မဟုတ်ပေ။
ပြိုင်ပွဲက မပြီးဆုံးသေးပါ။
ယွင်ရှစ်အာက စျေးထပ်တိုးပေးလိုက်ပြန်သည်။
"၇ ဘီလီယံ" လင်းဖန်ကို ယွင်ရှစ်အာကြည့်လိုက်၏။
"၇.၁ ဘီလီယံ" လင်းဖန်လည်း ယွင်ရှစ်အာကို ကြည့်လိုက်ပါသည်။ အခုချိန်ကစပြီး ထပ်တိုး သန်း ၁၀၀ တိုင်းက နှစ်ဖက်စလုံး၏ ငွေကြေးပမာဏကို စမ်းသပ်ရာရောက်ပါသည်။
ယွင်ရှစ်အာ ဖိအားများလာသလို လင်းဖန်လည်း ထိုနည်းလည်းကောင်း ဖြစ်သည်။
လေလံပစ်သူ၏ မျက်လုံးများက တုန်လှုပ်မှုဖြင့် ပြည့်နှက်သွားခဲ့ပါသည်။
လေလံစျေးက ၇.၁ သန်းတောင် ရောက်သွားခဲ့ပြီ။
ဘုရားရေ ဒီလေလံပွဲ ဘယ်လောက်ထိ ဆက်ကြာဦးမှာလဲ။
ထို့ကြောင့် လင်းဖန်နဲ့ ယွင်ရှစ်အာတို့အကြားက တိုက်ပွဲတစ်ခုဖြစ်လာခဲ့ပါသည်။
"ဘုရားရေ ၇.၃ ဘီလီယံတောင် ဖြစ်သွားပြီ"
"မဟုတ်ဘူး ၇.၄ ဘီလီယံ"
"ဒီနှစ်ယောက်က အင်မော်တယ်တွေလို ယှဉ်ပြိုင်နေတာပဲ။ စိတ်ဝင်စားဖို့ကောင်းတယ်။ လင်းဖန်က လေလံပွဲ အထောက်အထား စစ်ဆေးမှု ခံယူပြီးသွားပြီ။ ဒါ လင်းဖန်မှာ ယွင်မိသားစုကို တိုက်ခိုက်နိုင်တဲ့စွမ်းအားရှိတဲ့ သဘောပဲ"
"လေလံပွဲ ဘယ်တော့ အဆုံးသတ်မှာလဲ"
နောက်ဆုံးအခိုက်အတန့်တွင် လင်းဖန် ပွဲသိမ်းဖို့ ပြင်ဆင်လိုက်သည်။
"၈ ဘီလီယံ" လင်းဖန် စျေးထပ်ပေးလိုက်သည်။ ယွင်ရှစ်အာမှာ ငွေသိပ်မကျန်တော့မှန်း သူ သိပါသည်။
သို့သော် လင်းဖန်လည်း အနည်းငယ် စိုးရိမ်ရသည်။
ဒီမြေကို ဝယ်ယူဖို့အတွက် စီစဉ်ထားတာကြာပါပြီ။
ဒီတစ်ခေါက် လေလံစျေးက အထွတ်အထိပ်ကို ရောက်နေလေပြီ။
ယွင်ရှစ်အာသာ လေလံဆက်ဆွဲပါက လင်းဖန် အန္တရာယ်များသည့် အခြေအနေကို ရောက်သွားနိုင်သည်။
ထိုအချိန်တွင် အခမ်းအနားတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အားလုံး ယွင်ရှစ်အာကို ကြည့်လိုက်ကြ၏။
ယွင်ရှစ်အာ လေလံထပ်ဆွဲမှာလား။