← Chapters

ချမ်းသာတဲ့လင်းဖန်

Vol. 30 Ch. 443

ချမ်းသာတဲ့လင်းဖန်

Vol. 30 Ch. 443

"၈.၁ ဘီလီယံ" ယွင်ရှစ်အာ အံကြိတ်ရင်း လင်းဖန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါသည်။

ဒီစျေးဆိုရင် လင်းဖန် တတ်နိုင်ဦးမှာလား။

လင်းဖန်တောင် ဒီလိုစျေးမြင့်မြင့်မျိုးကို မတတ်နိုင်လောက်ပါ။

ယွင်ရှစ်အာ အကောင်းဆုံး ကြိုးစားလိုက်ပြီဖြစ်သည်။

သူတို့ ဆက်ယှဉ်ပြိုင်နေဦးမည်ဆိုရင် ယွင်မိသားစု ခံနိုင်ရည်ရှိမှာ မဟုတ်တော့ပေ။

ဒီမြေတစ်ကွက်အတွက်နဲ့ စျေးက ၈.၁ ဘီလီယံတောင် ရောက်သွားပါပြီ။

ဒီမြေကွက်က လင်းဖန်၏ အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။

သူ့ဘဏ်အကောင့်ထဲမှာ ၈ ဘီလီယံသာ ရှိသည်။

ဒါကလွဲပြီး လင်းဖန်မှာ ငွေများများစားစား မကျန်တော့ပါ။

ယွင်ရှစ်အာကို လင်းဖန် မယှဉ်နိုင်တော့ပေ။

သူတို့ လေလံပွဲကို ဒီလိုနဲ့ ရှုံးနိမ့်သွားကြတော့မှာလား။

လေလံပစ်သူက လင်းဖန်ကို လှမ်းကြည့်လိုက်သည်။

အားလုံးရဲ့မျက်လုံးတွေ သူ့ဆီကို ကျရောက်လာသည်။

လင်းဖန် စျေးထပ်ပေးမလား မပေးဘူးလား ဆိုတာက လေလံပွဲ၏ နောက်ဆုံးရလဒ်ကို အဆုံးအဖြတ်ပေးပါလိမ့်မည်။

"ကြည့်ရတာ ပွဲပြီးသွားပြီထင်တယ်" ယွင်ရှစ်အာ လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။

ထိုအချိန်တွင် လင်းဖန်ထံသို့ WeChat မက်ဆေ့ တစ်စောင် ဝင်လာပါသည်။ ရှားဝမ်ချွေ့ထံမှ ဖြစ်သည်။

"မြောင်မြောင်~ လင်းဖန် နင်လေလံပွဲကို သွားပြီး ငွေလည်း လုံလုံလောက်လောက် မရှိမှန်း သိလို့ ငါ့အဘိုးက နင့်အတွက် ၂ ဘီလီယံ ပေးခိုင်းလိုက်တယ်~ အများကြီး မဟုတ်ပေမယ့် ဒါက အသိအမှတ်ပြုတဲ့သဘောပါ" ရှားဝမ်ချွေ့က မက်ဆေ့တစ်စောင် ပို့လိုက်သည်။

ရှားဝမ်ချွေ့ မက်ဆေ့ကို မြင်တော့ လင်းဖန်၏ ပုံစံ လုံးဝ ပြောင်းလဲသွားပါသည်။

သူ ကျရှုံးခါနီးဆဲဆဲအချိန်မှာ ရှားဝမ်ချွေ့၏ မက်ဆေ့ ဝင်လာခဲ့ပါသည်။

ထို့အပြင် သူ့ဘဏ်အကောင့်ဆီမှ မက်ဆေ့လည်း ဝင်လာခဲ့သည်။ လင်းဖန် နောက်ထပ် ၂ ဘီလီယံ ရရှိလိုက်ပြီဖြစ်ကြောင်း အသိပေးစာ ဖြစ်သည်။

ယခု လင်းဖန်မှာ ၁၀ ဘီလီယံတောင် ရှိသွားပါပြီ။

"၁၀ ဘီလီယံ" လင်းဖန် စျေးထပ်တိုးဖို့ ဆုံးဖြတ်လိုက်ပါသည်။

အမှန်ပင်။ ယွင်ရှစ်အာက ၈.၁ ဘီလီယံ စျေးပေးသော်လည်း လင်းဖန်က ၁၀ ဘီလီယံတောင် စျေးပေးလိုက်ပါသည်။ ဒါ ရူးမိုက်တဲ့ လုပ်ရပ် မဟုတ်ဘူးလား။

သို့သော်လည်း လင်းဖန်မှာ သုံးစွဲငွေပြန်အမ်းခြင်း ကူပွန် ရှိနေပါသေးသည်။

ဒီလေလံပွဲမှာ လင်းဖန် ငွေများများပိုသုံးလေလေ ပိုကောင်းလေလေဖြစ်သည်။ ဒါမှ ငွေတွေ အများကြီး ပြန်ရနိုင်မှာ ဖြစ်ပါသည်။

ရေသန့်တစ်ဘူး ဝယ်ယူသလိုပင်။ လင်းဖန် ရေသန့်တစ်ဘူးဝယ်လိုက်ပြီး သုံးစွဲငွေကို ၂ ဆ တိုးလိုက်ပါက လင်းဖန် ၂ ယွမ် ရသွားလိမ့်မည်။

သို့သော်လည်း ၁၀ ဘီလီယံသုံးစွဲလိုက်ပြီး ၂ ဆ ပြန်ရပါက ၂၀ ဘီလီယံ ပိုင်ဆိုင်သွားမည်ဖြစ်သည်။

လင်းဖန်၏ လေလံစျေးကို ကြားလိုက်ရတော့ အားလုံး မှင်သက်သွားကြသည်။

ယွင်ရှစ်အာလည်း ချက်ချင်းပဲ မှင်သက်သွားရသည်။ အချိန်အတော်ကြာ အသိစိတ်ပြန်မကပ်ခဲ့ပေ။

အားလုံးလည်း နက်နက်ရှိုင်းရှိုင်း တုန်လှုပ်သွားရ၏။

လေလံပစ်သူတောင် လင်းဖန် ဒီလောက် ကြောက်ဖို့ ကောင်းသည့် ပမာဏမျိုး ပေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

"ဘုရားသခင်။ နံပါတ် ၇ က ၁၀ ဘီလီယံ ပေးပါတယ်"

"၁၀ ဘီလီယံ တစ်ကြိမ်..."

"၁၀ ဘီလီယံ နှစ်ကြိမ်...

လေလံပစ်သူ၏ အသံထွက်လာသောအခါ အားလုံး ယွင်ရှစ်အာကို ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် ယွင်ရှစ်အာ၏ မျက်နှာပေါ်၌ နောင်တရသည့် အရိပ်အယောင်ပေါ်လွင်လာသည်။

ဘာပဲလုပ်လုပ် ယွင်မိသားစုက နိမ့်ကျနေဆဲဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမ၏ ရန်သူက လင်းဖန်ဖြစ်နေတာကိုး။

လင်းဖန်က ဘယ်လိုလူမျိုးမှန်း ယွင်ရှစ်အာ သိပြီးသား ဖြစ်ပါသည်။

ဒီလိုဘော့စ်ကြီးတစ်ယောက်နဲ့ အတူတူ လေလံပြိုင်ခွင့် ရတာတောင် ဂုဏ်ယူစရာ ဖြစ်ပါသည်။

ယွင်ရှစ်အာ သက်ပြင်းချလိုက်ပြီး ခေါင်းခါလိုက်ပါသည်။

ယွင်မိသားစုက ငွေသား ၁၀ ဘီလီယံကို မတတ်နိုင်ပါ။

စည်းစိမ်အရဆို ယွင်မိသားစုက လင်းဖန်ကို မယှဉ်နိုင်ပါ။

ယွင်ရှစ်အာ လက်လျှော့လိုက်တာကို မြင်မှ လေလံပစ်သူလည်း တရားဝင် ဆုံးဖြတ်လိုက်ပါတော့သည်။

"၁၀ ဘီလီယံ သုံးကြိမ်"

"နောက်ဆုံး လေလံပစ္စည်းကို ပိုင်ဆိုင်သွားတဲ့အတွက မစ္စတာလင်းကို ဂုဏ်ပြုပါတယ်"

အခမ်းအနားတစ်ခုလုံး စိတ်အားထက်သန်သည့် လက်ခုပ်သြဘာသံများဖြင့် ကြည့်နှက်သွားသည်။ အားလုံး လင်းဖန်ကို လေးစားအားကျစွာ ကြည့်လိုက်ကြပါသည်။

"သူ့ကို ငါသိတယ်။ သူက လင်းဖန်ပဲ။ Alibaba ရဲ့ ဒုဥက္ကဌကြီးကွ"

"လခွမ်း။ လင်းဖန်က Alibaba ရဲ့ ဒုဥက္ကဌ ဟုတ်လား၊ ဘယ်တုန်းက ဖြစ်သွားတာလဲ..."

"သူက Alibaba ရဲ့ ဒုဥက္ကဌပဲ မဟုတ်ဘူး။ Chanel, LV, Estee Lauder... လင်းဖန်ရဲ့ နောက်ခံအင်အားက ကြောက်ဖို့ကောင်းလိုက်တာ။ အဲ့တာကြောင့် ငွေကြေးအင်အား အရမ်းကြီးမားတာကိုး။ အထင်ကြီးသွားပြီ"

"ဘော့စ်လင်းက အရမ်းတော်တာပဲ ဒါ သူဌေးလောကဖြစ်မယ်။ ငါတို့ သူ့ကို မော့ကြည့်လိုက်ပဲ ရတယ်"

တစ်ချိန်တည်းမှာပင် လင်းဖန်ထံသို့ စနစ်၏ အသိပေးစာ ဝင်လာပါသည်။

"သခင်လေး လင်းပိုအိမ်ရာရှိ ဗီလာ ၁ ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ ယွမ် သန်း ၅၀၀ ကို သုံးစွဲခဲ့ပြီး ပြန်အမ်းငွေ ၂ ဆတိုးသွားပါပြီ။ သခင်လေး ၁ ဘီလီယံ ယွမ် ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

"ကျန်းမြို့တော် အနောက်ဘက်ဆင်ခြေဖုံးမှ မြေတစ်ကွက်ကို သခင်လေး ဝယ်ယူခဲ့ပါတယ်။ ၁၀ ဘီလီယံယွမ်ကို သုံးစွဲခဲ့ပြီး ပြန်အမ်းငွေ ၂ ဆတိုးသွားပါပြီ။ သခင်လေး ၂၀ ဘီလီယံ ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"

လင်းဖန် ပျော်သွားသည်။

စုစုပေါင်း သူ ၂၁ ဘီလီယံ ပိုင်ဆိုင်သွားခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် လင်းဖန်ထံသို့ ဘဏ်မှ မက်ဆေ့တစ်စောင် ဝင်လာခဲ့ပါသည်။

[လူကြီးမင်း မစ္စတာလင်း၊ ၆၁၁၅ ဖြင့် ဆုံးသော လူကြီးမင်း၏ ဘဏ်အကောင့်ထဲ ၂၁,၀၀၀,၀၀၀,၀၀၀ ယွမ်ကို လက်ခံရရှိပါသည်။ (ဆောက်လုပ်ရေးဘဏ်)]

၂၁ ဘီလီယံ နောက်ဆုံးတော့ သူ ရရှိသွားပါပြီ။

ထိုငွေအပြင် လင်းဖန်က မြေတစ်ကွက်နဲ့ လင်းပိုအိမ်ရာရှိ အကောင်းဆုံးဗီလာကြီးကိုပါ ပိုင်ဆိုင်ခဲ့သည်။ ကျန်းမြို့တော်မှာ အကောင်းဆုံး ဗီလာလည်း ဖြစ်သည်။

လင်းဖန်ချက်ချင်းပဲ ၂ ဘီလီယံယွမ်ကို ရှားဝမ်ချွေ့ဆီ ပြန်ပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် ဒီငွေက သခင်ကြီး၏ ငွေ ဖြစ်သည်။ ရှားမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်ပါသည်။

ရှားမိသားစုက သူ့ကို အများကြီး ကူညီပေးခဲ့သဖြင့် လင်းဖန် ကြည်နူးသွားပါသည်။

ဘဏ်ချေးငွေ ၁၀ ဘီလီယံနဲ့ ဘော့စ်မာဆီက ချေးထားသည့် ၁ ဘီလီယံတို့ကိုလည်း လင်းဖန် အားလုံးပြန်ဆပ်ခဲ့သည်။

ငွေတွေကို ပြန်ဆပ်ပြီးနောက် လင်းဖန်အကောင့်ထဲ ၈.၃ ဘီလီယံ ကျန်ပါသေးသည်။

၈.၃ ဘီလီယံဆိုတာ အတော်လေး မြင့်မားသည့် ပမာဏ ဖြစ်သည်။

လင်းဖန် ပြုံးလိုက်မိပါသည်။

စုရှောင်းယွီ မျက်တောင်ခတ်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူခေါင်းလေးစောင်းကာ ပြောလိုက်၏။ "ဆရာ ဘာတွေ အဲ့လောက် ပျော်နေတာလဲ"

လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်သည်။ "ကိုယ့်ဟာကိုယ်သွားနေစမ်းပါ"

စုရှောင်းယွီ သူမခေါင်းကို ကိုင်လိုက်ပါသည်။ "ဟွန်း ဆရာက သေးသိမ်လိုက်တာ"

ထို့နောက် လင်းဖန်က စုရှောင်းယွီနဲ့ ပြန်ဖို့ ပြင်လိုက်သည်။

ထိုအချိန်တွင် ယွင်ရှစ်အာက လင်းဖန်ရှေ့ကို လျှောက်လာပြီး အနည်းငယ် ဦးညွှတ်လိုက်ပါသည်။ "မစ္စတာလင်း ခဏလောက်နေပါဦး"

လင်းဖန် ယွင်ရှစ်အာကို ကြည့်ကာ ပြောလိုက်သည်။ "ဘာကိစ္စရှိလို့လဲ"

စုရှောင်းယွီက လင်းဖန်ဘေးမှာ အေးအေးဆေးဆေး ရပ်နေပြီး သကြားလုံးစားနေပါသည်။ သူမ ဘာမှ ဂရုမစိုက်ပါ။

ယွင်ရှစ်အာ ပြုံးကာ ပြောလိုက်ပါသည်။ "မစ္စတာလင်း ကျန်းမြို့တော် အနောက်ဘက်က မြေကွက်ကို ရသွားတဲ့အတွက် ကျွန်မ ဝမ်းသာပါတယ်။ ကျွန်မတို့ ယွင်မိသားစုကလည်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်တာပါ။ ကျွန်မတို့ နောက်ပိုင်း အတူတူ အလုပ်လုပ်နိုင်မယ်ဆိုရင် ယွင်မိသားစုက မစ္စတာလင်းနဲ့ လုပ်ငန်းအတူတူလုပ်ချင်ပါတယ်"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ရပါတယ်"

လင်းဖန်အတွက် ရန်သူတစ်ယောက်ထက် မိတ်ဆွေတစ်ယောက် ရထားတာ ပိုကောင်းပါသည်။

လင်းဖန်ကို ယွင်ရှစ်အာ ထပ်ကြည့်လိုက်သည်။ "မစ္စတာလင်း နောက်တစ်ခု ရှိသေးတယ်။ ကျွန်မတို့ ဖုန်းနံပါတ်ချင်း ဖလှယ်ထားလို့ရမလား။ အကြောင်းကိစ္စ တစ်ခုခုရှိရင် အချင်းချင်း ဆက်သွယ်လို့ ရအောင်ပါ"

အဓိကအချက်က လင်းဖန် ချောလွန်းပြီး ထူးချွန်လွန်းတာကြောင့် ဖြစ်သည်။ ယွင်ရှစ်အာ လင်းဖန်ကို ကြည့်လိုက်၏။ သူမကလည်း ရည်းစား မရှိသေးသဖြင့် အချစ်ရေးကို စိတ်ကူးယဉ်ကြည့်လို့ရပါသည်။

သူ့ကို WeChat မှာ Add နိုင်ပါက နောက်ပိုင်း အဆက်အသွယ်လုပ်လို့ ရပါသည်။

နောက်ဆုံးမှာတော့ စုရှောင်းယွီက လင်းဖန်လက်ကို ဆွဲပြီး ယွင်ရှစ်အာကို လျှာထုတ်ပြလိုက်ပါသည်။ "မရဘူး။ ဆရာ့မှာ ကောင်မလေးရှိပြီးသားပါ။ ရှင့်ဖုန်းနံပါတ်ကို ယူမှာ မဟုတ်ဘူး။ နောက်ပိုင်း အကြောင်းကိစ္စရှိရင် ကျားရှင်းဖျော်ဖြေရေးကိုပဲ ဆက်သွယ်လိုက်ပါ။ တာ့တာ"

စုရှောင်းယွီ၏ ရဲတင်းပြီး ဒေါသထွသည့် မျက်နှာကို ကြည့်ရင်း လင်းဖန်ပြုံးကာ ခေါင်းခါလိုက်ပါသည်။

ဘာကြောင့်မှန်းမသိဘဲ စုရှောင်းယွီ အနည်းငယ် မနာလိုဖြစ်နေသည်ဟု သူခံစားမိသည်။

ဒီလိုနဲ့ စုရှောင်းယွီက လင်းဖန်ကိုဆွဲခေါ်သွားပြီး ယွင်ရှစ်အာကို တစ်ယောက်တည်း ထားခဲ့တော့သည်။

All Chapters