နင်က ငါ့ကောင်လေး၊ ငါ့ခင်ပွန်းလောင်း
Vol. 30 Ch. 444
အခမ်းအနားထဲက ထွက်လာပြီး ကားထဲဝင်ပြီးနောက် စုရှောင်းယွီက လင်းဖန်ကို စိတ်ဆိုးစွာကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ခုနက ယွင်ရှစ်အာကို WeChat မှာ Add ချင်လို့လား"
လင်းဖန် ဘာမှမပြောရသေးခင်မှာပင် စုရှောင်းယွီ ပြောလိုက်သည်။ "ဟွန်း သူ့ကို Add ခွင့်မရှိဘူးနော်။ ငါသဘောမတူဘူး"
လင်းဖန် "???"
ကောင်မလေးတစ်ယောက်ကို WeChat မှာ Add ရုံပဲ မဟုတ်ဘူးလား။ ထို့အပြင် သူမနဲ့ နောက်ပိုင်း အလုပ်တူတူတွဲလုပ်ရနိုင်ချေ တကယ်ရှိနိုင်ပါသည်။၊
လင်းဖန်က စုရှောင်းယွီကို ကြည့်လိုက်ပြီး စလိုက်သည်။ "ဘာလို့ သဘောမတူတာလဲ။ မနာလို ဖြစ်နေတာလား"
စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး အကြောင်းပြချက် တစ်ခုခုပေးလိုက်ပါသည်။ "မဟုတ်တာ။ နင် အပြင်မှာ တခြားကောင်မလေးတွေနဲ့ ပွေရှုပ်ရင် အစ်မဝမ်ချွေ့နဲ့ တိုင်လိုက်မှာနော်။ သူ့ကိုယ်စား နင့်ကို ကြီးကြပ်ပေးမှာ။ ဟွန်း တခြားကောင်မလေးတွေကို သွားတွေ့ရဲရင် နင့်ကို ခွေးပေါက်လေးလို ကိုက်မှာ။ အာဝူး"
စုရှောင်းယွီ၏ ပုံစံကို မြင်သောအခါ လင်းဖန် မဲ့ပြုံးသာ ပြုံးနိုင်ပါတော့သည်။
သို့သော်လည်း လင်းဖန်က သူများတွေကို WeChat မှာ မအပ်ချင်ပါ။ သူတို့နဲ့ သိပ်လည်း စကားမပြောတာကြောင့် ဖြ်စပါသည်။
ကားစက်မနှိုးခင် ရှားဝမ်ချွေ့ထံမှ ဖုန်းဝင်လာခဲ့၏။
ရှားဝမ်ချွေ့ "လင်းဖန် ငါ့အမေက... နင့်ကိုတွေ့ချင်လို့တဲ"
လင်းဖန် "???"
ရှားဝမ်ချွေ့ "နင်က ငါ့ကောင်လေးမှန်း ငါ့အမေ သိတယ်လေ။ အဲ့တာကြောင့် နင့်ကိုတွေ့ချင်လို့တဲ။ ငါ့အမေက... တင်းကြပ်တဲ့လူတစ်ယောက်နော်"
လင်းဖန် "ရပါတယ်။ ဒါဆို သေချာပြင်ဆင်လာပြီး အန်တီ့ကို လာတွေ့ရတာပေါ့"
ရှားဝမ်ချွေ့ "နင်ကောင်းကောင်းလုပ်ရမယ်နော်။ ပြီးတော့ ငါ့အမေက ဆယ်လီတွေကို ကြည့်မရဘူး။ ရှေးရိုးစွဲအယူတွေရှိပြီး နင့်ကိုမကောင်းတာတစ်ခုခု ပြောနိုင်တယ်။ စိတ်မဆိုးနဲ့နော် ဟုတ်ပြီလား"
လင်းဖန် "နင့်ကောင်လေးက စိတ်ဆိုးတတ်လို့လား"
ရှားဝမ်ချွေ့ "ဟီးဟီး။ ဒီနေ့ည အိမ်ပြန်လာရင် တွေ့မယ်နော်။ သြော်ဟုတ်သားပဲ။ မေမေက တွေ့ချင်နေတယ်လို့ ရှောင်းယွီကိုလည်း ပြောလိုက်ဦး"
လင်းဖန် ပြောလိုက်သည်။ "အိုကေ"
ဖုန်းချပြီးနောက် လင်းဖန် စုရှောင်းယွီကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။
"စုရှောင်းယွီ နင့်အမေက နင့်ကိုတွေ့ချင်လို့ ငါ့ကို ပြန်ခေါ်လာခိုင်းနေတယ်"
အမေဟူသည့် စကားလုံးကိုကြားလိုက်ရသောအခါ စုရှောင်းယွီ မျက်လုံးတွေနီမြန်းသွာ၏။
သူမကားထဲတွင် ကွေးပြီး ပြောလိုက်သည်။ "သူနဲ့ မတွေ့ချင်ဘူး"
သူမ၏ မျက်လုံးလှလှလေးများကိုပင့်ကာ ပြောလိုက်၏။ "နှစ်တွေ ဘယ်လောက်တောင် ကြာသွားပြီလဲ။ သူငါ့ကို တစ်ခါမှ လာမတွေ့ခဲ့ဘူး။ ငါ ၆ နှစ်ကျော်တော့ ငါ့ကို ကြည့်တောင် မကြည့်ခဲ့ဘူး။ အခုမှ ငါ့ကိုတွေ့ချင်နေတယ်။ ငါတော့ သူ့ကို မတွေ့ချင်ဘူး။”
လင်းဖန်က စုရှောင်းယွီခေါင်းပေါ်သို့ နူးညံ့စွာ လက်တင်လိုက်ပါသည်။ "ဒါပေမယ့် သူက နင့်အမေလေ။ နင်တကယ် သူ့ကိုသွားမတွေ့ချင်ဘူးလား"
စုရှောင်းယွီ ခေါင်းခါလိုက်၏။ "သူ ငါ့ကို တွေ့ချင်ရင် သူလာခဲ့ပေါ့။ ငါ့ကိုမလာခိုင်းနဲ့"
လင်းဖန်ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါပြီ။ အဲ့တာ နင့်ဖာသာနင်ပဲ ဆုံးဖြတ်ပါ။ တခြား ဘယ်သူမှ ဝင်ဆုံးဖြတ်လို့ မရဘူး"
စုရှောင်းယွီ တခစ်ခစ် ရယ်မောလိုက်ပါသည်။ "အင်း~"
လင်းဖန်ကို ကြည့်ကာ စုရှောင်းယွီ ပြောလိုက်သည်။ "ဆရာ ဒီကာလပြီးရင် ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေ ထပ်ရိုက်ဦးမှာ မဟုတ်လား"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ဒါပေါ့ ကျားရှင်းဖျော်ဖြေရေးက ခုမှဖွဲ့ဖြိုးဆဲ အခြေအနေပဲ ရှိသေးတာကို"
စုရှောင်းယွီ နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်းပါ။ ဟုတ်ပါပြီ။ အကောင်းဆုံးကြိုးစား ဆရာ။ နောက်ပိုင်းကျရင်လည်း အရမ်းကောင်းတဲ့ ရုပ်ရှင်တွေနဲ့ ရုပ်သံဒရမ်မာတွေ ထပ်ရိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်~"
စုရှောင်းယွီ၏ မျက်လုံးလှလှလေးများက အနည်းငယ် အရောင်မှေးမှိန်နေပါသည်။ သို့သော် လင်းဖန်ကတော့ သတိမထားမိခဲ့ပေ။
စုရှောင်းယွီနဲ့ လမ်းခွဲပြီးနောက် လင်းဖန် ရှားမိသားစုထံသို့ တစ်ယောက်တည်း ပြန်လာဖို့ ပြင်လိုက်ပါသည်။
ရှားအိမ်တော်ဝင်ပေါက်တွင် ရှားဝမ်ချွေ့က လင်းဖန်ကို စောင့်ကြိုနေပါသည်။
ဆောင်းဦးလေပြည်က တိုက်ခတ်နေပြီး ရာသီဥတု အနည်းငယ် အေးလာပါပြီ။ သူမက နွေးနွေးထွေးထွေး ဝတ်မထားဘဲ လေအေးတွေထဲမှာ အတော်လေး ပါးလွှာနေသည်။
ရှားဝမ်ချွေ့က ကြောင်နားရွက်ဦးထုပ်လေးကို ဆောင်းကာ တံခါးနားမှာ လိမ်လိမ်မာမာနဲ့ မတ်တပ်ရပ်နေသည်။ သူမ လက်ထဲမှာ မစ်တီးပူပူ တစ်ခွက်ကို ကိုင်ထားပြီး ဘေးပတ်လည်ကို စောင့်ကြည့်နေပါသည်။
သိပ်မကြာလိုက်ဘဲ လင်းဖန် ပြန်လာခဲ့သည်။
လင်းဖန်ကားပေါ်က ဆင်းလိုက်ပြီးနောက် လေအေးတွေထဲမှာ ရှားဝမ်ချွေ့ သူ့ကိုစောင့်နေတာကို မြင်လိုက်ရပါသည်။
ရှားဝမ်ချွေ့က ကြောင်နားရွက်ဦးထုပ်လေးကို ဆောင်းထားပြီး ကြောင်လက်ကလေးလို ချစ်စရာ အမူအရာလုပ်ပြလိုက်သည်။ "မြောင်မြောင်... နင် ပြန်လာပြီလား။ အိမ်ထဲ မဝင်ခင် မစ်တီးပူပူတစ်ခွက် သောက်ပါဦး"
သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် နှလုံးသား အရည်ပျော်တော့မလိုခံစားနေရသည်။
အေးစက်နေတဲ့ လေတွေထဲမှာ ကောင်လေးကို စောင့်ကြိုနေတတ်သည့် ကောင်မလေး များများစားစား မရှိလောက်ပေ။
ဆောင်ဦးရာသီရောက်နေပြီဖြစ်ကာ ရာသီဥတုကလည်း တဖြည်းဖြည်း ပိုအေးလာပါပြီ။ ရှားဝမ်ချွေ့၏ အဝတ်အစားများက အနည်းငယ် ပါးလွှာနေသည်။ ထို့ကြောင့် လင်းဖန် အနည်းငယ် တွန့်ဆုတ်သွားသည်။
"ဘာလို့ မစ်တီးက တစ်ခွက်တည်းလဲ" လင်းဖန် မေးလိုက်သည်။
"ငါ သောက်ပြီးသွားပြီ" ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။
"နင့်လက်တွေ အရမ်းအေးနေမှာပေါ့။ နောက်ဆို အဝတ်အစားကို ထူထူဝတ်" လင်းဖန် ရှားဝမ်ချွေ့၏ အေးစက်နေသည့် လက်များကို ကိုင်ရင်း ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့က နာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်းပါ အင်းပါ သိပါတယ်။ မစ်တီး အရင်သောက်လိုက်ပါ"
လင်းဖန် မစ်တီးကို ကြည့်ကာ ပြုံးလိုက်ပါသည်။
"ငါ ရေမဆာသေးဘူး။ နင် နည်းနည်းသောက်လိုက်။ ကြည့်လေ ငါ့လက်က နွေးနေတာပဲ။ နင့်လက်ကတော့ အရမ်း အေးစက်နေတယ်"
ရှားဝမ်ချွေ့က ခေါင်းခါလိုက်ပြီး လက်ကို ကျောနောက်သို့ ပစ်ကာ ဖွက်လိုက်ပါသည်။ "ငါ တကယ်သောက်ပြီးသွားပြီ"
တကယ်တော့ ရှားဝမ်ချွေ့ ခုနက လင်းဖန်ကို ငွေတွေအားလုံး လွှဲပေးခဲ့တာ ဖြစ်သည်။ သူမဆီမှာ တစ်ပြားတစ်ချပ်မှ မကျန်တော့ပေ။ တစ်ကိုယ်လုံးကို ရှာကြည့်မှ ၁၀ ယွမ်သာ တွေ့သည်။ လင်းဖန်အတွက် မစ်တီးတစ်ခွက် ဝယ်ပေးလိုက်ပြီး သူမ သောက်စရာတော့ မကျန်တော့ပါ။
လင်းဖန် ပြုံးကာ ပြောလိုက်သည်။ "နင် မသောက်ရသေးပါဘူး။ နောက်ဆို ငါ့ကို မလိမ်နဲ့နော်"
ရှားဝမ်ချွေက အပြစ်ကင်းစင်စွာ လင်းဖန်ကို ကြည့်လိုက်သည်။
လင်းဖန်က ရှားဝမ်ချွေ့ ကြောင်နားရွက်လေးကို ပွတ်ပေးပြီး ပြုံးလိုက်သည်။ "နင် မလိမ်တတ်ပါဘူး။ နင် လိမ်နေရင် ငါသိတယ်။ ဒီမစ်တီးကို သောက်လိုက်။ ငါ တကယ် ရေမဆာဘူး"
အအေးဒဏ်ကြောင့် ရှားဝမ်ချွေ့၏ နားရွက်လေးများ အနည်းငယ် နီရဲနေပါသည်။ သူမ မစ်တီးကိုကိုင်လျက် ပိုက်ကို ထည့်လိုက်သည်။ ထို့နောက် လင်းဖန်ရှေ့မှာ လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ "ရော့ နင်အရင်သောက်။ ကျန်တာ ငါသောက်လိုက်မယ်"
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးလိုက်သည်။ "အဲ့တာဆို မသန့်တော့ဘူးလေ။ ဘာလို့ သူများသောက်ပြီးသား ပိုက်နဲ့ သောက်လို့ ကောင်းမလဲ"
ရှားဝမ်ချွေ့က ချိိိုမြိန်စွာပြုံးလိုက်ပါသည်။ "နင်က သူများမှမဟုတ်တာ~ လင်းဖန် နင်က ငါ့ကောင်လေး... ပြီးတော့ ငါ့ခင်ပွန်းလောင်းလေ~"
"နင့်ကို အရင်သောက်ခိုင်းတာက ပူလား မပူလား စမ်းခိုင်းတာ ဟီးဟီး" ရှားဝမ်ချွေ့က ပြောပြီး လျှာထုတ်လိုက်ပါသည်။
လင်းဖန်လည်းစဉ်းစားကြည့်မှ အဓိပ္ပာယ်ရှိသယောင်ယောင် ခံစားလိုက်ရသည်။ သူ အနည်းငယ် သောက်ကြည့်လိုက်ပြီး လျှာအပူလောင်သွားသည်။
"ပူလိုက်တာ" လင်းဖန် ခက်ခက်ခဲခဲ မျိုချလိုက်ရပြီး လျှာကျက်လုနီးပါး ဖြစ်သွားခဲ့သည်။ မစ်တီးက အလွန်ပူနေပါသေးသည်။
"လင်းဖန် အဆင်ပြေရဲ့လား" ရှားဝမ်ချွေ့၏ မျက်လုံးလေးများ အနည်းငယ် နီမြန်းသွားသည်။ သူမ လင်းဖန်ကို စိုးရိမ်စွာဖြင့် ကြည့်လိုက်ပါသည်။ "ငါတောင်းပန်ပါတယ် တောင်းပန်ပါတယ်။ ဒီမစ်တီး အရမ်းပူမယ်ထင်မထားလို့ပါ။ အပြင်ဘက်က ကိုင်ထားတော့ သိပ်မပူဘူး ထင်လိုက်လို့ပါ"
လင်းဖန်က ရယ်မောလိုက်ပြီး ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ဖက်လိုက်ပါသည်။ "လိမ်ပြောတာ"
လင်းဖန်၏ ရုတ်ခြည်းပွေ့ဖက်မှုကြောင့် ရှားဝမ်ချွေ့ မှင်သက်သွားသည်။
လင်းဖန်၏ ရင်ဘတ်ကို ခပ်ဖွဖွထုတ်လိုက်သည်။ "အား လူဆိုးကောင် နင်ငါ့ကို ထပ်လိမ်ပြန်ပြီ"
ရှားဝမ်ချွေ့ သူ့ရင်ဘတ်ကို ထုလိုက်တာ လင်းဖန် ခံစားမိပါသည်။ သို့သော်လည်း မနာကျင်ပါ။ အနည်းငယ် နူးညံ့ပါသည်။
လင်းဖန်ပြုံးလိုက်ပြီး သူ့ကုတ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ ရှားဝမ်ချွေ့ကို ခြုံပေးကာ အတည်ပြောလိုက်ပါသည်။
"နောက်ဆို အပြင်ထွက်တိုင်း အဝတ်အစား ခပ်ထူထူ ဝတ်ပြီးမှ ထွက်။ ဒီလောက် ပါးပါးလေးတွေ ဝတ်ခွင့် မရှိတော့ဘူး ကြားလား"
ရှားဝမ်ချွေ့က လင်းဖန် ကာကွယ်ပေးတာကို ခံလိုက်ရသဖြင့် သူမ၏ မျက်လုံးလှလှလေးများ တောက်ပသွားသည်။ "ဒါပေမယ့် နင်မအေးဘူးလား"
လင်းဖန်က ရှားဝမ်ချွေ့ပခုံးပေါ် လက်တင်လိုက်သည်။ "မအေးပါဘူး။ နင့်ကောင်လေးက အအေးဒဏ်ခံနိုင်တယ်"
ရှားဝမ်ချွေ့လည်း လင်းဖန်၏ ထိတွေ့မှုကို မခုခံဘဲ ပျော်ရွှင်စွာပြုံးလိုက်ပါသည်။ လင်းဖန်၏ ပခုံးပေါ် နူးညံ့စွာမှီရင်း မစ်တီးကို သောက်လိုက်ပါသည်။
နေဝင်ဆည်းဆာက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့အပေါ် ကျရောက်လာခဲ့သည်။
ဒီမြင်ကွင်းကြောင့် ကမ္ဘာကြီးတောင် ရပ်တန့်သွားသလိုပင်။