ရှားဝမ်ချွေ့အမေ သဘောတူခြင်း
Vol. 30 Ch. 445
ရှားမိသားစု အိမ်တော်တွင်...
ရှားမိသားစုအိမ်တော်ကို ပြန်ရောက်လာပြီးနောက် ရှားကျန်းချန်နဲ့ သခင်ကြီးတို့ကို လင်းဖန်တွေ့လိုက်ရသည်။
ထို့အပြင် အမျိုးသမီးတစ်ယောက်ကိုလည်း မြင်လိုက်ရပါသည်
ထိုအမျိုးသမီးက အဖြူရောင်ကုတ်တစ်ထည် ဝတ်ဆင်ထားပြီး အဝတ်အစားမလဲရသေးသည့်ပုံစံပင်။ သူမ၏ မျက်လုံးတွေက ပင်ပန်းနွမ်းလျနေသည်။
လင်းဖန် ရောက်လာတော့ ထိုအမျိုးသမီးက နံရံကိုမှီကာ အနားယူနေသည်။
"လင်းဖန် ပြန်လာပြီပဲ" ရှားကျန်းချန် သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။
အဘိုးကြီးလည်း လင်းဖန်ကို ပိုမိုသဘောကျစွာ ကြည့်လိုက်ပါသည်။
ထိုအချိန်တွင် အမျိုးသမီးက မျက်လုံးများဖွင့်လာသည်။
ရှားဝမ်ချွေ့၏ အမေ စုယွဲ့လင်း ဖြစ်သည်။
စုယွဲ့လင်းက အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ယောက်ဖြစ်ပုံပေါ်၏။ သို့သော် အသားအရည်ကို သေသေချာချာ ထိန်းသိမ်းထားသည်။ သို့သော်လည်း အလွန်ပင်ပန်းနေသည့်ပုံစံတော့ပေါက်ပါသည်။
ဒီအမျိုးသမီးမှာ အရှိန်အဝါရှိပြီး ဂုဏ်သိက္ခာရှိမည့်ပုံစံပင်။
ထိုဂုဏ်သိက္ခာအရှိန်အဝါက စီအီးအိုမာနဲ့ စီအီးအိုဝမ်တို့ထက်တောင် ပိုပြီး အားကောင်းပါသေးသည်။
ထိုအမျိုးသမီးရှေ့မှာ ဘယ်သူမှ ဝံ့ကြွားရဲမှာ မဟုတ်ပါ။
ထိုအမျိုးသမီးက အားကောင်းသည့် ဖိနှိပ်ခြင်းအရှိန်အဝါတစ်ခုကိုလည်း ပေးစွမ်းနေသည်။ ကျောင်းသားတစ်ယောက်က ရှိန်စရာ ဆရာမတစ်ယောက်ကို မြင်နေရသည့်အလားပင်။
လင်းဖန် ခါးမတ်မတ်ရပ်ကာ စုယွဲ့လင်းကို ကြည့်လိုက်ပါသည်။
စုယွဲ့လင်းနဲ့ ပြောဆိုဆက်ဆံဖို့က မလွယ်လောက်မှန်း သူ သိလိုက်ပါသည်။
ရှားဝမ်ချွေ့ကို သူ လက်ထပ်နိုင်ခြင်း လက်မထပ်နိုင်ခြင်းက စုယွဲ့လင်း၏ သဘောထားအပေါ်မှာပဲ မူတည်နေသည်။
ဒါက ရှားဝမ်ချွေ့ကို လင်းဖန် လက်ထပ်နိုင်ဖို့ နောက်ဆုံးအတားအဆီးလည်း ဖြစ်သည်။
စုယွဲ့လင်းက မျက်လုံးဖွင့်လိုက်ပြီး ဘာမှမပြောဘဲ လင်းဖန်ကို အကဲခတ်လိုက်ပါသည်။
အတော်လေး တိတ်ဆိတ်နေပါသည်။
လင်းဖန်ကပဲ အရင်ပြောလိုက်သည်။ "ဟယ်လို အန်တီ။ ကျွန်တော်က ရှားဝမ်ချွေ့ရဲ့ ကောင်လေး လင်းဖန်ပါ"
စုယွဲ့လင်းက အနည်းငယ် ခေါင်းငြိမ့်လိုက်သည်။ "ငါ ဆယ်လီတွေကို သဘောမကျဘူး"
လင်းဖန် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
စုယွဲ့လင်းက ပြောလိုက်၏။ "ဆယ်လီတွေကို သဘောမကျဘူး။ အကြောင်းအရင်းလည်း မလိုဘူး။ စုရှောင်းယွီ ဘယ်မှာလဲ"
လင်းဖန် "အန်တီ စုရှောင်းယွီက အိမ်ပြန်လာပြီး အန်တီနဲ့ မတွေ့ချင်ဘူး"
စုယွဲဲ့လင်း "ထားလိုက်ပါတော့"
စုယွဲ့လင်း ခေတ္တတိတ်ဆိတ်သွားပြီး ပြောလိုက်ပါသည်။ "လင်းဖန် နင့်အကြောင်းကို ငါနားလည်ထားပြီးသား။ နင်က တကယ် အရမ်းထူးချွန်ပြီး ရှားဝမ်ချွေ့နဲ့လည်း ချစ်ခင်မှုရှိတယ်။ ငါ ဝေ့လည်ကြောင်ပတ်လုပ်မနေချင်ဘူး။ လိုရင်းတိုရှင်းပြောရရင် မင်းနဲ့ ရှားဝမ်ချွေ့တို့ လက်ထပ်ဖို့ ငါ့ကိုသဘောတူစေချင်ရင် အခြေအနေရပ်တစ်ခုပဲ ရှိတယ်"
လင်းဖန်မေးလိုက်သည်။ "ဘယ်လို အခြေအနေရပ်လဲဗျ"
စုယွဲ့လင်းပြောလိုက်သည်။ "ငါဆယ်လီတွေကို မကြိုက်တာက အွန်လိုင်းပေါ်က ရုပ်သံဒရမ်မာတွေ ရုပ်ရှင်တွေ အကုန်လုံးက စုတ်စုတ်ပြတ်ပြတ်တွေ ဖြစ်နေလို့ပဲ။ အင်တာနက်ပေါ်မှာ Fanclub ဆိုတဲ့ ယဉ်ကျေးမှုတစ်ခုတောင် ရှိတယ်။ တရုတ်နိုင်ငံတစ်နိုင်လုံးမှာ ပြောင်မြောက်တဲ့လက်ရာဆိုတာ များများစားစား မရှိသလောက်ပဲ။ ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေအပိုင်းမှာ တရုတ်ရိုးရာယဉ်ကျေးမှုတွေက နိုင်ငံခြားကို ဘယ်တော့မှ ပြန့်နှံ့မသွားခဲ့ဘူး"
"ပြည်ပနိုင်ငံတွေနဲ့ယှဉ်ရင် တရုတ်အနုပညာလောကက အရမ်းဆိုးရွားနေတယ်။ ဒီလုပ်ငန်းကို ငါ အမြဲတမ်း မုန်းတီးနေခဲ့တယ်။ တရုတ်အနုပညာလောကတစ်ခုလုံးကို ပြောင်းလဲနိုင်မယ့် လူတစ်ယောက်ယောက်တော့ ပေါ်လာဖို့ ငါမျှော်လင့်မိတယ်။ အနုပညာလောကထဲက စုတ်စုတ်ပြတ်ပြတ် အခြေအနေကို ပြောင်းလဲပေးဖို့ မျှော်လင့်မိတယ်။ အခုလက်ရှိ တရုတ်ရိုးရာယဉ်ကျေးမှုတွေကို နိုင်ငံခြားသားတွေ ရှောင်ဖယ်နေကြတာ ရပ်တန့်စေချင်တယ်။ တရုတ် ရိုးရာယဉ်ကျေးမှုကို ကမ္ဘာကြီးသိအောင် ချပြစေချင်တယ်။ တရုတ်ရိုးရာယဉ်ကျေးမှုကို ဆက်ပြီး အဓွန့်ရှည်ပါစေ။ တရုတ်ရုပ်ရှင်တွေကို နိုင်ငံခြားသားတွေ မြင်သွားကြပါစေ။ ဟောလိဝုဒ်အောက် မနိမ့်ကျစေရဘူး။ နင်လုပ်ဖို့လိုတာက ခေတ်တစ်ခေတ်ကို ပြောင်းလဲပေးဖို့ပဲ။ အဲ့တာမျိုး မင်း လုပ်နိုင်ပါ့မလား"
စုယွဲ့လင်းက လင်းဖန်ကို ကြည့်ကာ မေးလိုက်ပါသည်။
လင်းဖန် ပြုံးပြီး စုယွဲ့လင်းကို ပြောလိုက်၏။ "အန်ဒီ ကျွန်တော် အဲ့တာမျိုး မလုပ်နိုင်ပါဘူး"
စုယွဲ့လင်းက မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် လင်းဖန် ဆက်ပြောလိုက်၏။ "မစ္စတာလုရွှင်း တစ်ချိန်တုန်းက ပြောခဲ့တဲ့ ဂန္တဝင်စကားတစ်ခွန်း ရှိတယ်။ ဆေးပညာကို သင်ယူရုံနဲ့ တရုတ်နိုင်ငံကို မကယ်တင်နိုင်ဘူး။ အဲ့တာကြောင့် နိုင်ငံတော်နဲ့ လူတွေရဲ့ တွေးခေါ်ပုံကို လွှမ်းမိုးနိုင်ဖို့ သူ့ဖောင်တိန်ကိုပဲ အသုံးပြုခဲ့တယ်။ အန်တီ၊ ခေတ်တစ်ခေတ်ကို ပြောင်းလဲဖို့ဆိုတာ လူတစ်ဦးတစ်ယောက်တည်းက လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ခေတ်တစ်ခေတ်မှာ ရှိနေတဲ့ လူတွေရဲ့ ပူးပေါင်းကြိုးစားအားထုတ်မှုကို လိုအပ်တယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လက်ရှိကဏ္ဍမှာတော့ အကောင်းဆုံး ကြိုးစားသွားမယ်ဆိုတာ အာမခံပေးနိုင်ပါတယ်"
လင်းဖန်က ရှားဝမ်ချွေ့လက်ကို ကိုင်ပြီး ပြုံးလိုက်၏။ "ပြီးတော့ အန်တီ ကျွန်တော့်ကို ရှားဝမ်ချွေ့နဲ့ လက်ထပ်ခွင့် ကျိန်းသေပေါက်ပေးလိမ့်မယ်ဆိုတာလည်း ကျွန်တော်သိပြီးသားပါ။ ကျွန်တော် ရှားဝမ်ချွေ့ကို... တစ်သက်လုံး ကာကွယ်ပေးသွားပါ့မယ်လို့ ကတိပေးနိုင်ပါတယ်"
လင်းဖန်၏ စကားကိုကြားပြီးနောက် စုယွဲ့လင်း ခေတ္တတိတ်ဆိတ်သွားပြန်သည်။ သူမမျက်လုံးထဲမှာ ထူးဆန်းသည့် တောက်ပမှု တစ်ခု ရှိနေသည်။
လင်းဖန်က... တကယ်ခြားနားပါသည်။
စုယွဲ့လင်းပြုံးကာ ပြောလိုက်၏။ "ဒါဆို နင့်အဖြေကို ငါမျှော်နေမယ်။ နင်ပြောတာမှန်ပါတယ်။ နင်နဲ့ ဝမ်ချွေ့ရဲ့ လက်ထပ်ပွဲကို ငါ မကန့်ကွက်ပါဘူး။ သူက ငါ့သမီးပါ။ အဲ့တာကြောင့် နင့်လက်ထဲမှာရှိနေရင် ငါစိတ်အေးရမယ်။ ဒါပေမယ့် သူက လက်ထပ်ဖို့ ငယ်လွန်းသေးတယ်။ နင်တို့ လက်ထပ်ချင်ရင် ၂ နှစ် ၃ နှစ်လောက်နေမှ စဉ်းစားကြပါလား"
လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ အန်တီ"
စုယွဲ့လင်းပြောလိုက်သည်။ "နောက်တစ်ခု ကျန်သေးတယ် လင်းဖန်။ ငါ ရှောင်းယွီအပေါ် အကြွေးတွေ အများကြီး တင်နေတယ်။ သူ့မှာ ဘယ်လိုအကျင့်စရိုက်မျိုးရှိသလဲဆိုတာလည်း ငါသိတယ်။ ရှားဝမ်ချွေ့ကို ဂရုစိုက်သလိုမျိုး သူ့ကိုလည်း နင်ဂရုစိုက်ပေးလိမ့်မယ်လို့ ငါမျှော်လင့်မိတယ်။ သူ့ဘဝတစ်ခုလုံးကို ငါနင့်ဆီ ယုံယုံကြည်ကြည်နဲ့ အပ်ထားတယ်လို့ ပြောလို့ ရတယ်။ သူ တစ်ခုခုဖြစ်ရင် နင့်ဆီ ကျိန်းသေပေါက် ငါရောက်လာခဲ့မယ်"
လင်းဖန်ပြန်ဖြေလိုက်သည်။ "စုရှောင်းယွီက ကျွန်တော့်ရဲ့ အရမ်းကောင်းတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ရှောင်းယွီကို ကျွန်တော် ဂရုစိုက်ပါ့မယ်။ အန်တီ့ကို အဲ့တာတော့ ကတိပေးနိုင်တယ်"
စုရှောင်းယွီက လင်းဖန်ကို အများကြီး ကူညီပေးခဲ့သည်။ လင်းဖန်သူ့ကို ဂရုမစိုက်လို့ဖြစ်ပါ့မလား။
သို့သော်လည်း ရှားဝမ်ချွေ့၏ ခံစားချက်တွေကိုတော့ လင်းဖန် ထည့်တွက်ရပါမည်။
ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က သူ့ကောင်မလေးဖြစ်သည်။
ရှားဝမ်ချွေ့ လင်းဖန်ကိုကြည့်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ငါစိတ်မဆိုးပါဘူး~ နင်လုပ်ချင်တာလုပ်လို့ ရတယ်"
လင်းဖန်က ပျော်ရွှင်သော အရိပ်အယောင်ဖြင့် ပြုံးလိုက်ပါသည်။
ယခု ရှားဝမ်ချွေ့နဲ့ သူ လက်ထပ်ဖို့ ကိစ္စ ပြေလည်သွားပါပြီ။
ရှားဝမ်ချွေ့အမေ လိုချင်တာကို လုပ်ပေးနိုင်သရွေ့ လက်ထပ်နိုင်ပါလိမ့်မည်။
အစကတည်းက လင်းဖန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ သူ့မှာ ငွေမရှားတော့ပါ။ ရှားဝမ်ချွေ့မိဘများ၏ သဘောတူညီမှုကို ရနိုင်တာနဲ့ လက်ထပ်လို့ ရပါပြီ။
လက်ထပ်ပြီးနောက် ဘာအလုပ်မှ လုပ်စရာ မလိုတော့ပါ။ ဘဝကို ပျော်ပျော်နေလို့ ရပါပြီ။
ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေ ရိုက်ဖို့က လင်းဖန်နဲ့ မဆိုင်ပါ။
ခေတ်တစ်ခေတ်ကို ပြောင်းလဲဖို့ကလည်း လင်းဖန် တစ်ယောက်တည်း လုပ်နိုင်မှာ မဟုတ်ပါ။
သမိုင်းကြောင်းများတွင် နိုင်ငံခြားပြဿနာလှုပ်ရှားမှုများမှစလို့ ရက်တစ်ရာပြန်လည်ဖွဲ့စည်းရေးမှ ရှင်းဟိုင်းတော်လှန်ရေးအထိ လူပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်သည်။
လင်းဖန်က သူ့ကိုယ်သူ ဒီလောက်ရည်မှန်းချက်ကြီးမားသည်ဟုတော့ မထင်ပေ။
သူ့မှာ ငွေမရှားပါ။ ဘဝကို ပျော်ပျော်နေနိုင်ပါသည်။
ယခု သူ့မှာ ကောင်မလေးတစ်ယောက်ရှိကာ မိဘတွေလည်း သက်ရှိထင်ရှားရှိသေးသည်။ သုံးစွဲဖို့ငွေလည်း လုံလုံလောက်လောက်ရှိသည်။ ကလေးနည်းနည်းယူပြီး ပျော်ပျော်ရွှင်ရွှင်ဘဝနဲ့ နေနိုင်ပါပြီ။
သို့သော်လည်း လက်တွေ့က လင်းဖန်၏ လှလှပပ စိတ်ကူးယဉ်အိပ်မက်ကို ဖျက်ဆီးလိုက်ပါသည်။
ရှားဝမ်ချွေ့အမေပြောတာ မှန်သည်။ ရှားဝမ်ချွေ့က ငယ်ပါသေးသည်။
သူ့အိပ်မက်က သက်တောင့်သက်သာဘဝနဲ့ နေထိုင်ဖို့ ဖြစ်သည်။ သူ့မိသားစုက ကျန်းမာပြီး သူ့ဘဝကလည်း ပျော်ရွှင်ဖို့ကောင်းသည်။ ဖိအားတွေအများကြီး မခံစားရသရွေ့ အဆင်ပြေပါသည်။
သို့သော် ရှားဝမ်ချွေ့အတွက်ကကော။
သူမက အသက် ၂၃ နှစ်အရွယ်သာ ရှိသေးသည်။ မိန်းကလေးတစ်ယောက်၏ ဘဝမှာ အလှပဆုံးအချိန် ဖြစ်သည်။
သူမ၏ အိပ်မက်က ကြယ်ပွင့်တစ်ပွင့်ဖြစ်လာဖို့ ဖြစ်ကာ ပရိတ်သတ်အတွက် လက်ရာကောင်းများစွာကို ရိုက်ကူးပေးဖို့ ဖြစ်သည်။
သူမ၏ ခံစားချက်များကို လင်းဖန် လျစ်လျူရှုလို့မရပါ။ သူတို့ယခု လက်ထပ်လိုက်ပါက ရှားဝမ်ချွေ့၏ လုပ်ငန်းအပေါ် သက်ရောက်မှု ကြီးကြီးမားမား ရှိသွားပါလိမ့်မည်။
ရှားဝမ်ချွေ့အမေနဲ့ စကားပြောကြည့်ပြီးနောက် လင်းဖန် တာဝန်တစ်ခု ရှိသွားသလို ခံစားလိုက်ရပါသည်။
သူ့မှာ အစွမ်းအစရှိပါက အနုပညာလုပ်ငန်းကို ဆက်လုပ်လို့ ရသည်။
ရှားဝမ်ချွေ့ကို တရုတ်နိုင်ငံမှာ နံပါတ် ၁ ဆယ်လီတစ်ယောက်ဖြစ်အောင် လုပ်ပေးမည်ဟုပင် ကတိပေးခဲ့ပါသည်။ ထိုကတိကိုတောင် မတည်နိုင်သေးပါ။ သူ အပျင်းထူလို့ ဖြစ်ပါ့မလား။
ရှားဝမ်ချွေ့လည်းရှိသလို ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းတွေများစွာလည်း ရှိသေးသည်။
လင်းဖန်မှာ စနစ်နဲ့ မြင့်မားသည့် စွမ်းရည်ရှိသည်။
ယခုလက်ရှိ အနုပညာလောကအခြေအနေက ရှားဝမ်ချွေ့အမေ၏ ဆန္ဒတစ်ခုတည်းသာ မဟုတ်ဘဲ ရှားဝမ်ချွေ့၏ ဆန္ဒလည်း ဖြစ်သည်။
ထိုအချိန်တွင် လင်းဖန်၏ အရှိန်အဝါများ ပြောင်းလဲသွားသည်။
ဒါဆိုလည်း ဒီခေတ်ကို သူ ကြိုးစားပြောင်းလဲကြည့်ရသေးတာပေါ့။