← Chapters

ရုပ်ရှင်လောကသို့ အဆင့်မြှင့်တင်ခြင်း

Vol. 30 Ch. 448

ရုပ်ရှင်လောကသို့ အဆင့်မြှင့်တင်ခြင်း

Vol. 30 Ch. 448

သို့သော်လည်း စုရှောင်းယွီနဲ့ စကားနည်းနည်းပြောပြီးနောက် လင်းဖန် အများကြီး နေလို့ကောင်းသွားပါသည်။

ယခုမှ သူ စိတ်အေးသွားရသည်။

ထိုအချိန်တွင် စနစ်၏ အသံ ထွက်ပေါ်လာခဲ့သည်။

"ဒင်... စနစ်အား အဆင့်မြှင့်တင်နေပါပြီ"

"စနစ်ကိုအောင်မြင်စွာ အဆင့်မြှင့်တင်လိုက်ပါပြီ။ သခင်လေးအတွက် မစ်ရှင်: ကျားရှင်းဖျော်ဖြေရေးမှာ အကောင်းဆုံး ကြိုးစားပြီး တရုတ်အနုပညာလောက၏ လက်ရှိအခြေအနေကို ပြောင်းလဲဖို့ အကောင်းဆုံး ကြိုးစားပါ။ ခေတ်တစ်ခုကို သခင်လေး ပြောင်းလဲရပါမယ်"

"သခင်လေးရဲ့ လက်ရှိ ငွေကြေး: ၁ ဘီလီယံ"

"မှတ်ချက်: ကျားရှင်းဖျော်ဖြေရေးကို သခင်လေး ပြင်းပြင်းထန်ထန် အဆင့်မြှင့်တင်ပေးလို့ ရပါပြီ။ ကျားရှင်းဖျော်ဖြရေး ဝန်ထမ်းများရဲ့ အကျိုးခံစားခွင့်များကို တိုးမြှင့်ခြင်း၊ ရုပ်ရှင် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို တိုးမြှင့်ခြင်းများ ဆောင်ရွက်လို့ ရပါပြီ။ ကုန်ကျစရိတ်က ပိုများလေလေ ဒီတစ်သုတ် ပြီးဆုံးသွားသောအခါ ၂ ဆတိုးနိုင်မည့် ဆုကြေးက ပိုများလေလေ ဖြစ်ပါတယ်။ မှတ်ချက်: ၄ လ တစ်ခါ စာရင်းရှင်းပါမယ်။ ဝန်ထမ်းများအတွက် ကုန်ကျစရိတ်က ကျိုးကြောင်းဆီလျော်မှု ရှိရမည်ဖြစ်ပြီး သာမန်စံနှုန်းထက် အများကြီး ပိုမြင့်မားလို့ မရနိုင်ပါ"

လင်းဖန် မျက်လုံးများ အရောင်လင်းလက်သွားသည်။

တစ်နည်းအားဖြင့် အနာဂတ်တွင် သူ တကယ် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာတော့မည်။ ငွေကို ရေလိုသုံးနိုင်သည့် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်သည်။

ဖျော်ဖြေရေးကုမ္ပဏီများ ငွေရရှိနိုင်မည့် အကောင်းဆုံးနည်းလမ်းက ရုပ်သံဒရမ်မာများ ရုပ်ရှင်များကို ရိုက်ကူးပြီး ငွေတွေအများကြီး ယူဖို့ ဖြစ်သည်။ သို့သော်လည်း ကုန်ကျစရိတ်များကို နုတ်ပြီးမှ ကုမ္ပဏီက အကျိုးအမြတ်ခံစားရမှာ ဖြစ်သည်။

ဥပမာအားဖြင့် ရုပ်ရှင်တစ်ကားမှ ၁ ဘီလီယံ ရသော်လည်း ရိုက်ကူးမှု ကုန်ကျစရိတ်က ၁.၁ ဘီလီယံဖြစ်လျှင် သူငွေတွေဆုံးရှုံးပါလိမ့်မည်။

ဒါက အနုပညာလောကမှ ရုပ်ရှင်ကောင်းတွေ၊ ရုပ်သံဒရမ်မာကောင်းတွေ မထုတ်လုပ်နိုင်သည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။

ဆယ်လီများ၏ အနုပညာကြေးက မြင့်မားလွန်းတာကြောင့် ဖြစ်ပါသည်။

ရုပ်သံဒရမ်မာတစ်ခုမှာ ထုတ်လုပ်မှုဘက်ဂျက် သန်း ၃၀၀ ရှိသော်လည်း ဆယ်လီတွေကို ငှားဖို့အတွက်နဲ့ သန်း ၂၈၀ လောက် သုံးလိုက်ရပါက လက်ရာကောင်းကောင်း ဘယ်လိုရိုက်နိုင်တော့မှာလဲ။

ယခင်တုန်းက အနောက်အရပ်သို့ခရီးသွားခြင်းကို ရိုက်ကူးခဲ့စဉ်တုန်းက အဓိကသရုပ်ဆောင်တွေတောင် ရိုက်ကူးရေးပစ္စည်းများကို ကူသယ်ပေးခဲ့ရသည်။ ယခုတော့ အဓိကသရုပ်ဆောင်တွေက မဟုတ်မမှန် စာသားတွေ ပြောရင်တောင် နောက်ခံအသံ သွင်းလို့ ရနေပါပြီ။ သူတို့ အလွန်အလိုလိုက်ခံထားရသည့်ပုံစံပင်။

စနစ်အဆင့်မြှင့်တင်ပြီးနောက် လင်းဖန်က ဆယ်လီများကို ပျိုးထောင် ငှားရမ်းနိုင်ပြီး ကုမ္ပဏီ ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကိုလည်း ကြီးကြီးမားမား တိုးမြင့်ပေးနိုင်တော့မည်။ သူ ငွေများများဖြုန်းလေလေ များများပြန်ရလေလေ ဖြစ်သည်။

ထို့နောက် လင်းဖန်ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို အများကြီး တိုးမြှင့်လိုက်မည်။ ဒါဆို ငွေတွေ ရူးလောက်စရာကောင်းအောင် ဝင်လာပါလိမ့်မည်။

စနစ်အဆင့်မြှင့်တင်ပြီးနောက် ငွေရဖို့ နည်းလမ်းသစ်တစ်ခုကို လင်းဖန် ရှာတွေ့သွားပါသည်။

ထို့ကြောင့် လင်းဖန် ယုံကြည်ချက်တချို့ ရှိလာသည်။

ငပျင်းတစ်ယောက် လုပ်ရတာ ကောင်းပါသည်။ သို့သော် ငွေများများရနိုင်ပါက လင်းဖန် အလွန် ပျော်ရွှင်ပါလိမ့်မည်။

နေ့လည်ခင်းတွင် ကုမ္ပဏီသို့ ရောက်လာပြီးနောက်...

ဝန်ထမ်းတွေအားလုံး အလုပ်လုပ်နေဆဲဖြစ်တာကို လင်းဖန် သတိထားမိသည်။

လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို့က အန်ဒိုစာ ၂ ခုကို ထပ်လက်ခံထားသည်။

ထန်ရှင်းရန်လေးလည်း ရှိသည်။ သူမကလည်း အန်ဒိုစာကောင်းကောင်း ၂ ခုကို လက်ခံထားသည်။ သူမအခု အတော်လေး နာမည်ကြီးနေပါပြီ။

ပြောစရာမလိုအောင် အနုပညာလောကထဲမှာ လင်းကျင်းကျင်းနဲ့ ရှုယန်တို့၏ တိုးတက်မှုများကလည်း အတော်လေး ကောင်းမွန်ပါသည်။

လင်းဖန် ပြန်လာတာကို ဝန်ထမ်းတွေ တွေ့သွားတော့ အလွန်ပျော်ရွှင်သွားကြသည်။

"ဘော့စ်လင်း ကျားရှင်းဖျော်ဖြေရေးက အခု အရမ်း နာမည်ကြီးနေပြီ"

"ဟုတ်တယ်။ ဖျော်ဖြေရေးကုမ္ပဏီတွေအများကြီးက ကျားရှင်းဖျော်ဖြေရေးနဲ့ အလုပ်လုပ်ချင်နေကြတယ်။ ရုပ်သံဒရမ်မာရိုက်ဖို့ ကျားရှင်းဖျော်ဖြေရေးရဲ့ ဆယ်လီတွေကို ငှားရမ်းချင်တဲ့ ကုမ္ပဏီတွေလည်း အများကြီး ရှိတယ်"

"ကျွန်တော်တို့ ကုမ္ပဏီက အခု အရမ်းရေပန်းစားနေပြီ။ အန်ဒိုစာရိုက်ကူးဖို့ ဆယ်လီတွေလိုချင်တဲ့ ကုမ္ပဏီတွေလည်း ရှိသေးတယ်"

"ဘော့စ်လင်း ကျားရှင်းဖျော်ဖြေရေးဆီ ကူးလာချင်တဲ့ ဆယ်လီတွေ ဝန်ထမ်းတွေလည်း အများကြီး ရှိတယ်။ ကျွန်မတို့ ကုမ္ပဏီက အရမ်း ဆွဲဆောင်မှုရှိနေပြီ"

ဝန်ထမ်းများစွာက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေပါသည်။ ကျားရှင်းဖျော်ဖြေရေးမှာ အလုပ်လုပ်ရတာ အလွန် သက်တောင့်သက်သာ ရှိလွန်းပါသည်။

ဒီက အလုပ်ပတ်ဝန်းကျင်ကလည်း မဆိုးပါ။ နေ့တိုင်း ဆယ်လီတွေကို မြင်နိုင်သည်။ တကယ့် ကောင်းချီး တစ်ခုလိုပင်။

စုမူချင်း သူတို့နားကို ရောက်လာသည်။ လင်းဖန်ကိုမြင်တော့ သူမ ပြုံးလိုက်သည်။ "ဘော့စ်လင်း ပြန်လာပြီလား"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "အင်း ပြန်လာပြီ။ ငါ မရှိတုန်း ကုမ္ပဏီ တစ်ခုခု ဖြစ်သေးလား"

စုမူချင်းက စာတမ်းတစ်ခုကို ထုတ်ပြီး ပြောလိုက်သည်။ "လင်းခဲ့ရှင်းနဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးချင်တဲ့ ကုမ္ပဏီက ၃ ခု ရှိပါတယ်။ တခြား ကုမ္ပဏီ ၂ ခုက ချူးယောင်ယောင်နဲ့ ရိုက်ကူးချင်နေတယ်။ ရှားဝမ်ချွေ့နဲ့ရိုက်ကူးချင်တဲ့ ကုမ္ပဏီက ၄ ခု ရှိပါတယ်။ နောက်ထပ် ကုမ္ပဏီတချို့က ဘော့စ်လင်းကို ဇာတ်ညွှန်းရေးခိုင်းချင်နေပြီး တစ်ပိုင်းကို ၆၀၀,၀၀၀ ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်"

လင်းဖန်ပြောလိုက်သည်။ "ဒါဆို ရှုယန်တို့က ဘယ်လို ဆုံးဖြတ်လဲ"

စုမူချင်း ရှင်းပြလိုက်သည်။ "တခြားကုမ္ပဏီတွေရဲ့ ကမ်းလှမ်းမှုကို အားလုံး ငြင်းခဲ့ကြပါတယ်။ ဘော့စ်လင်း ပြန်လာမှာကိုပဲ စောင့်နေကြတယ်"

လင်းဖန်ကျေနပ်စွာဖြင့် ပြောလိုက်သည်။ "ဟုတ်တာပေါ့။ အခုခေတ် အနုပညာရှင်တွေက အရမ်း စိတ်မရှည်တတ်ကြဘူး။ တခြားဆယ်လီတွေက ပိုက်ဆံကြောင့် ဇာတ်ညွှန်းတွေကို လက်ခံချင် လက်ခံကြလိမ့်မယ်။ ဒါပေမယ့် ငါတို့ကုမ္ပဏီက ဆယ်လီတွေကတော့ မတူဘူး"

စုမူချင်းက နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အဲ့တာ စီအီးအိုလင်းရဲ့ ဇာတ်ညွှန်းကြောင့်ပေါ့။ ဘော့စ်လင်းရဲ့ ရုပ်သံဒရမ်မာကို တခြားကုမ္ပဏီတွေကတောင် မယှဉ်နိုင်ဘူး"

စုမူချင်း ဆက်ပြောလိုက်သည်။ "ဒါနဲ့ ဘော့စ်လင်း ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေးက ဘော့စ်လင်း ဒီနေ့ပြန်လာမယ်မှန်း သိလို့ ဘော့စ်လင်းနဲ့ တွေ့ဖို့ ရှန်ဟိုင်းမြို့ကို ကိုယ်တိုင်ရောက်လာကြပါပြီ"

လင်းဖန် တုန်လှုပ်သွားသည်။ ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေး

ထိုအဖွဲ့အစည်းက Show တိုင်းကို ကြီးကြပ်ကွပ်ကဲရသည့် အရေးပါအဖွဲ့အစည်းတစ်ခုဖြစ်သည်။

ထို့အပြင် ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေးမှာ အလုပ်လုပ်နေကြသည့် လူတွေကလည်း ခေါင်းဆောင်ကြီးတွေသာ ဖြစ်သည်။

ရုပ်ရှင်နဲ့ ရုပ်သံဒရမ်မာတိုင်းကို ထုတ်လွှင့်နိုင်ခြင်း မထုတ်လွှင့်နိုင်ခြင်းအတွက် ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေး၏ ထောက်ခံချက်ကို လိုအပ်သည်။

"ဘယ်သူရောက်လာတာလဲ" လင်းဖန် မေးလိုက်သည်။

"ဘော့စ်လင်း ဘော့စ်တွေ အများကြီး ရောက်လာတာပါ။ စီအီးအို ကျန့်ခွန်းလည်းပါတယ်" စုမူချင်း ပြောလိုက်သည်။၊

"ခေါင်းဆောင်ကြီးတွေချည်းပါလား" လင်းဖန်အနည်ငယ်အံ့အားသင့်သွားရပါသည်။

ဒီလိုဘော့စ်ကြီးတွေက ကျားရှင်းဖျော်ဖြေရေးကို ဘာကြောင့် ကိုယ်တိုင်ရောက်လာရသလဲ လင်းဖန် မသိပါ။

ဘယ်ဖျော်ဖြေရေးကုမ္ပဏီမဆို ဆက်လက်ဖွံ့ဖြိုးတိုးတက်ချင်ပါက ယန်ကျိုးရုပ်သံစီမံခန့်ခွဲရေး၏ ထောက်ခံချက်ကို လိုအပ်သည်။ ဒါက အံ့သြစရာ မဟုတ်ပါ။

"ခေါင်းဆောင်ကို ချက်ချင်း ဆက်သွယ်လိုက်" လင်းဖန် အချိန်မဆွဲရဲပေ။

ရုံးခန်းထဲတွင်...

လင်းဖန် တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့ပါသည်။ ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေးမှ ခေါင်းဆောင်ကြီးများအားလုံး ရောက်နေတာကို မြင်လိုက်ရပါသည်။

"လင်းဖန် နောက်ဆုံးတော့ မင်းကိုတွေ့ရပြီပေါ့။ ငါတို့က အပြင်လူတွေ မဟုတ်ပါဘူး။ သူစိမ်းဆန်စရာ မလိုဘူး" ကျန့်ခွန်းက မတ်တပ်ရပ်ပြီး လင်းဖန်နဲ့ လက်ဆွဲနှုတ်ဆက်လိုက်ပါသည်။

"ခေါင်းဆောင်ကျန့်နဲ့ တခြားခေါင်းဆောင်ကြီးတွေ ဘာလို့ ကျားရှင်းဖျော်ဖြေရေးကို လာခဲ့ကြတာလဲမသိဘူး" လင်းဖန်က လိုရင်းကိုသာ မေးလိုက်သည်။

ခေါင်းဆောင်ကျန့်က လင်းဖန်ကိုကြည့်ကာ ပခုံးပုတ်လိုက်ပါသည်။

"လင်းဖန် မင်းရိုက်ကူးတဲ့ရုပ်သံဒရမ်မာတိုင်းက ကောင်းလွန်းတယ်။ အထူးသဖြင့် ဓားထုတ်ခြင်းအနုပညာဆို အများကြီး ပိုကောင်းတယ်။ နိုင်ငံတော်ထဲက ကြည့်ရှုသူတွေအများစုက သဘောကျကြပြီး အဖွဲ့အစည်းကလည်း မင်းရဲ့ အစွမ်းအစကို အသိအမှတ်ပြုပါတယ်။ မင်းကို တောင်းဆိုစရာရှိလို့ လာခဲ့တာပါ"

လင်းဖန် မှင်သက်သွား၏။ "ဘာများလဲ"

ခေါင်းဆောင်ကျန့်က ပြုံးကာ ပြောလိုက်သည်။ "လင်းဖန် ငါတို့တရုတ်ရုပ်ရှင်ဇာတ်ကားတွေက ကမ္ဘာကြီးကို မထိုးဖောက်နိုင်တာမင်းလည်း သိပါတယ်။ ပြည်တွင်းရုံတင်ငွေတွေကတောင် တော်တော် အခြေအနေဆိုးနေတာ။ လူတွေက နိုင်ငံခြား ရုပ်ရှင်အကြီးစားတွေကိုပဲ သဘောကျကြတယ်။ မကြာသေးခင်က ငါတို့တရုတ်ရုပ်ရှင်တွေက တိုးတက်မှာ မဟုတ်ဘူးလို့ နိုင်ငံခြား မီဒီယာတွေကတောင် ပြောလာတယ်။ ငါတို့ ပြန်ချေပလို့တောင် မရဘူး"

"အဲ့တာကြောင့် ကျားရှင်းဖျော်ဖြေရေးက ရုပ်ရှင်လောကဆီကိုလည်း ခြေလှမ်းပေးဖို့ အဖွဲ့အစည်းက မျှော်လင့်နေတာပါ။ မင်းတို့ အခက်အခဲရှိရင် အဖွဲ့အစည်းက ထောက်ပံ့ပေးလိမ့်မယ်။ မင်းကို ထောက်ခံပေးဖို့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ ရှိပြီး တတ်နိုင်သမျှ အမြန်ဆုံး ထောက်ခံချက် ရအောင် ကူညီပေးလိမ့်မယ်။ မင်းမှာ အခက်အခဲရှိရင် အဖွဲ့အစည်းကို အကူအညီတောင်းလို့ ရတယ်"

"လင်းဖန် မင်းတို့ ကျားရှင်းဖျော်ဖြေရေးက ရုပ်ရှင်လောကထဲဝင်ရောက်ဖို့ ဆန္ဒရှိလား။ ပြီးတော့ အဖွဲ့အစည်းက မင်းကို ရန်ပုံငွေအတွက်လည်း တစ်နှစ်ကို သန်း ၅၀၀ ကူညီပေးသွားမှာပါ" ခေါင်းဆောင်ကျန့်က လင်းဖန်ကို ကြည့်လိုက်ပါသည်။

လင်းဖန်လည်း ခေါင်းဆောင်ကျန့်ကို မယုံကြည်နိုင်စွာကြည့်လိုက်ပါသည်။

ရိုက်ကူးရေးလုပ်ငန်းစဉ်များက အချိန်အလွန်ကြာမြင့်ပါသည်။ ရုပ်ရှင်ကို ထုတ်လုပ်ပြီးနောက် ရုံတင်ပြသဖို့အတွက် စစ်ဆေးမှုလုပ်ငန်းစဉ်များစွာကို ဖြတ်သန်းရသေးသည်။

ယခု ယန်ကျိုးရုပ်ရှင်စီမံခန့်ခွဲရေးကတောင် လင်းဖန်ကို ကိုယ်တိုင် လာတွေ့နေလေပြီ။ ဆိုလိုတာက ရုပ်သံဒရမ်မာဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် ထုတ်လုပ်ပါက အမြန်ဆန်ဆုံး စစ်ဆေးပေးကြလိမ့်မည်။ အနုပညာလောကထဲက သူ့လမ်းကြောင်းမှာ ချောမွေ့သွားပြီဟု ဆိုနိုင်ပါသည်။

All Chapters