← Chapters

ဘော့စ်လင်းက ချမ်းသာလွန်းတယ်

Vol. 30 Ch. 449

ဘော့စ်လင်းက ချမ်းသာလွန်းတယ်

Vol. 30 Ch. 449

ခေါင်းဆောင်ကြီးများ၏ မျှော်လင့်စောင့်စားနေသော မျက်လုံးများကို ကြည့်ရင်း လင်းဖန် ပြုံးလိုက်မိသည်။

လင်းဖန်ရင်ထဲတွင် နွေးထွေးသွား၏။

သူ့မှာ နိုင်ငံတော်၏ အထောက်အပံ့ ရှိနေပါပြီ။

နိုင်ငံတော်၏ အထောက်အပံ့နဲ့သာဆို လင်းဖန်၏ အနာဂတ် ရုပ်ရှင်၊ ရုပ်သံဒရမ်မာရိုက်ကူးမှုများက အလွန်ချောမွေ့နေပါလိမ့်မည်။

နိုင်ငံတော်၏ အကူအညီဖြင့်သာဆို ဘာအန္တရာယ်မှ ရှိမှာ မဟုတ်တော့ပေ။

ဒီတစ်ခေါက် အခက်ခဲဆုံး စစ်ဆေးမှုကိုတောင် အမြန်ဆုံး ကျော်လွန်နိုင်လိမ့်မည်။

လင်းဖန်၏ ရုပ်ရှင်နှင့် ရုပ်သံဒရမ်မာများကို ၄ လကြာတိုင်း အချိန်မှီ ထုတ်လွှင့်နိုင်တော့မည်။

လင်းဖန်ပြောလိုက်သည်။ "ခေါင်းဆောင်ကျန့်နဲ့ ခေါင်းဆောင်ကြီးတို့အားလုံးပဲ၊ ကျားရှင်းဖျော်ဖြေရေးက ရုပ်ရှင်လောကထဲ ဝင်ရောက်ဖို့ အမြဲတမ်း စိတ်ကူးရှိခဲ့တာပါ။ ကျွန်တော် အကောင်းဆုံးကြိုးစားမယ်ဆိုရင်တောင် ခေတ်တစ်ခေတ်ကိုတောင် မပြောင်းလဲနိုင်ပေမယ့် လက်ရာကောင်းတွေကို ကြိုးစားရိုက်ကူးသွားမှာပါ"

လင်းဖန် တောက်ပစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးများက ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။

ကျန့်ခွန်းလည်း ကျေနပ်အားရစွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ။ ဒါဆို ငါတို့ မင်းဆီက သတင်းကောင်းကို စောင့်နေမယ်နော်။ မင်းကုမ္ပဏီအကောင့်ထဲကို ယွမ် သန်း ၅၀၀ လွှဲပေးလိုက်မယ်။ နောက်ပိုင်း အခက်အခဲ တစ်စုံတရာ ရှိလာရင် ငါတို့ကို အကူအညီလာတောင်းလို့ ရပါတယ်"

လင်းဖန်ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကြီးတို့။ ဘာပဲဖြစ်ဖြစ် ကျားရှင်းဖျော်ဖြေရေးက ရုပ်ရှင်လောကထဲမှာ အကောင်းဆုံး ကြိုးစားသွားမှာပါ"

ခေါင်းဆောင်ကြီးများပြန်သွားပြီးနောက် ယွမ် သန်း ၅၀၀ က ကျားရှင်းဖျော်ဖြေရေးအကောင့်ထဲကို အမြန်ဆုံး ရောက်လာခဲ့ပါသည်။

လင်းဖန်၏အကောင့်ထဲရှိ ၁ ဘီလီယံယွမ်နှင့် ပေါင်းလိုက်ပါက ကျားရှင်းဖျော်ဖြေရေးမှာ အရင်းအနှီး ၁.၅ ဘီလီယံယွမ် ရှိနေပါပြီ။

ခေါင်းဆောင်ကြီးများ ပြန်သွားတာကို မြင်သောအခါ ရှုယန် တုန်လှုပ်သွားသည်။ သူ ရှေ့တိုးလာပြီး လင်းဖန်၏ ပခုံးကို ဖက်လိုက်ပါသည်။ "လင်းဖန် မင်းက တစ်ခုခုတော့ တစ်ခုခုပဲ။ ဒီလို ခေါင်းဆောင်ကြီးတွေတောင် ငါတို့ ကုမ္ပဏီကို ရောက်လာတယ်။ သူတို့ ဘာလို့ လာကြတာလဲ"

လင်းကျင်းကျင်းလည်း လင်းဖန်ဘေးကို လျှောက်လာပြီး စိတ်ဝင်တစား ပြောလိုက်ပါသည်။ "ဟုတ်တယ်။ အဲ့ဒီခေါင်းဆောင်ကြီးတွေက ပုံမှန်ဆို အရမ်းလေးနက်ကြပြီး သူများတွေနဲ့ အလွယ်တကူ မတွေ့တတ်ကြဘူး။ ငါ့မှာတောင် အခုထိ မထုတ်လွှင့်ရသေးတဲ့ ရုပ်သံဒရမ်မာတစ်ကား ရှိနေသေးတယ်"

လင်းခဲ့ရှင်းက လင်းကျင်းကျင်းကို နောက်မှ ဖက်လိုက်ပြီး မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပါသည်။ သူမ လင်းဖန်ကို ကြည့်လိုက်သည်။ သူမလည်း မိတ်ကပ်တွေ လိမ်းလာပါသည်။ မိတ်ကပ် အနည်းငယ် လိမ်းပြီးနောက် သူမပုံစံက ပို၍ပင် ကြည့်ကောင်းသွားပါသေးသည်။

လင်းဖန် ပြုံးကာ ပြောလိုက်၏။ "အဲ့ဒီ ခေါင်းဆောင်ကြီးတွေက ကျားရှင်းဖျော်ဖြေရေးကို ရုပ်ရှင်လောကထဲ ဝင်စေချင်တယ်။ ငါတို့ တရုတ်ရုပ်ရှင်တွေက အခြေအနေ မကောင်းဘူးလေ။ နိုင်ငံခြားမီဒီယာတွေကတောင် သရော်နေကြပြီ"

ထိုစကားကိုကြားတော့ လင်းခဲ့ရှင်း ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်တယ်။ ဒါပေမယ့် ရွေးချယ်စရာ မရှိဘူး။ တရုတ်နိုင်ငံမှာ ရုပ်ရှင်ရိုက်ကူးတဲ့ ကုန်ကျစရိတ်တွေက အရမ်းများတယ်။ ဆယ်လီသရုပ်ဆောင်တစ်ယောက်ကို ငှားရတာတနဲ့တင် ပိုက်ဆံတွေ အများကြီး ကုန်နေပြီ။ တချို့ ဖျော်ဖြေရေးကုမ္ပဏီတွေက လူတွေအာရုံစိုက်လာအောင် နာမည်ကျော်ဆယ်လီတွေကို ငှားရမ်းကြတယ်။ ငွေတွေအများကြီးသုံးပေမယ့် သူတို့ထုတ်လုပ်တဲ့ ရုပ်ရှင်တွေက စုတ်ပြတ်နေတုန်းပဲ"

လင်းဖန် ဆက်ပြောလိုက်သည်။ "ခေါင်းဆောင်ကြီးတွေက ထောက်ပံ့တဲ့အနေနဲ့ ကုမ္ပဏီကို သန်း ၅၀၀ တောင် ပေးသွားသေးတယ်..."

ရှုယန် "..."

လင်းခဲ့ရှင်း "..."

လင်းကျင်းကျင်း "..."

ရှုယန် ပျော်ရွှင်သွားသည်။ "လခွမ်း... မင်း... မင်းဘာပြောလိုက်တယ်။ သန်း ၅၀၀ ဟုတ်လား။ ငါတို့ကုမ္ပဏီကို သန်း ၅၀၀ တန်းပေးသွားတာ အရမ်းရက်ရောတာပဲ"

လင်းကျင်းကျင်းလည်း မှင်သက်သွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ "ဘော့စ်လင်းက အတော်ဆုံးပဲ။ အဲ့ဒီ ခေါင်းဆောင်ကြီးတွေက ဘော့စ်လင်းရဲ့ အစွမ်းအစကို သဘောကျလို့ ကုမ္ပဏီကို ကူညီဖို့ သန်း ၅၀၀ ထုတ်ပေးသွားတာ ဖြစ်မယ်။ သန်း ၅၀၀ တောင်နော်။ အများကြီးပဲ"

လင်းခဲ့ရှင်းလည်း ခေါင်းငြိမ့်လိုက်ပါသည်။ "သူက ဘော့စ်လင်းကိုး၊ သူများနဲ့ တူပါ့မလား။ ဘော့စ်လင်း ပြန်လာတာနဲ့ ခေါင်းဆောင်ကြီးတွေကတောင် သူ့ကို အသည်းအသန် တွေ့ချင်နေကြတယ်။ ဘော့စ်လင်းက အတော်ဆုံးဆိုတဲ့ သဘောပဲ~"

ကောင်မလေးနှစ်ယောက်က လင်းဖန်ကို ဖားယားကြသည်။ သို့သော်လည်း လင်းဖန်က အသားကျနေပြီဖြစ်ပါသည်။

သူတို့ပြောတာ အမှန်ပဲဖြစ်သည်။ လင်းဖန် ငြင်းလို့ မရပါ။

ထိုအချိန်တွင် ဖန်တုံတုံက မုန့်တွေနဲ့ အပြေးရောက်လာသည်။ "အား သန်း ၅၀၀ တောင်လား။ ဘော့စ်ဖေးက အရမ်းတော်တာပဲ။ ဘော့စ်လင်း သက်ရှည်ကျန်းမာပါစေ။ စစ်တပ်တစ်တပ်လုံးကိုတောင် သူတစ်ယောက်တည်း အနိုင်ယူသွားနိုင်တယ်"

လင်းကျင်းကျင်းက ဖန်တုံတုံကို စိတ်ဆိုးစွာ ကြည့်လိုက်ပါသည်။ "နင်စကားမပြောတတ်ရင် မပြောနဲ့။ ဘယ်လို စကားတွေ လာပြောနေတာလဲ။ အရှက်မရှိလိုက်တာ"

ဖန်တုံတုံ ရယ်မောလိုက်ပါသည်။ သူ့အသားအရေက အလွန်ထူသည်။

"နာရီဝက် နေရင် ကုမ္ပဏီအစည်းအဝေးပွဲ ကျင်းပမယ်" လင်းဖန် ဆုံးဖြတ်လိုက်သည်။

နာရီဝက်ကြာသောအခါ ကုမ္ပဏီအစည်းအဝေးခန်းတွင်...

လင်းဖန် ဝင်လာတော့ ရုံးခန်းထဲက လူတိုင်း မတ်တပ်ရပ်လိုက်ကြသည်။

ရှားဝမ်ချွေ့လည်း ရှိနေပါသည်။ လင်းဖန်ဘေးက ပထမထိုင်ခုံမှာ ထိုင်နေသည်။ သို့သော်လည်း သူများတွေလိုပဲ သူမလည်း လင်းဖန်ကို အလုပ်မှာ လေးစားပါသည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က ကျားရှင်းဖျော်ဖြေရေး၏ စီအီးအိုတစ်ယောက်ဖြစ်သည်။ သူ့မှာ ဝန်ထမ်းတွေရာချီပြီး ရှိပါသည်။

"မင်္ဂလာပါ ဘော့စ်လင်း"

"မင်္ဂလာပါ ဘော့စ်လင်း"

"မင်္ဂလာပါ ဘော့စ်လင်း"

နှုတ်ဆက်သံများ တစ်ပြိုင်တည်း ထွက်ပေါ်လာခဲ့သည်။

လက်ထောက်စုမူချင်းက လင်းဖန်ထိုင်ခုံဘေးတွင် မတ်တပ်ရပ်နေပါသည်။ လင်းဖန်ဘေးက ခုံတစ်ခုံက လွတ်နေ၏။

"စုမူချင်း နင်လည်း ထိုင်လေ" လင်းဖန်ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ" လက်ထဲက စာရွက်စာတမ်းများကို ကိုင်လျက် စုမူချင်း ထိုင်လိုက်ပါသည်။

လင်းဖန် ဘေးပတ်လည်ကိုကြည့်ပြီး ပြောလိုက်ပါသည်။ "ဒီနေ့ အစည်းအဝေးမှာ ပြောချင်တာက နည်းနည်းပဲ ရှိပါတယ်။ အတိုချုံးပဲ ပြောလိုက်မယ်"

"ပထမဆုံး ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းခေါ်ယူမှုကို တိုးမြှင့်မယ်။ ကျားရှင်းဖျော်ဖြေရေးမှာ စုစုပေါင်း အထပ် ၃ ထပ် ရှိပြီး နောက်ထပ် ၃ ထပ်လောက် ထပ်တိုးချဲ့ရမယ်။ T1 အဆောက်အဦးတစ်ခုလုံးက ကျားရှင်းဖျော်ဖြေရေး ပိုင်တာပဲ။ အဲ့တာကြောင့် ငါတို့လုပ်ဖို့လိုတာဆိုလို့ ၄ ထပ်မြောက်ကနေ ၆ ထက်မြောက်အထိ လိုအပ်တဲ့ ပရိဘောဂတွေ ဝယ်ဖြည့်ဖို့ပဲ ရှိတယ်။ ငါပြောခဲ့သလိုပဲ ပရိဘောဂတွေအားလုံးက အဆင့်အမြင့်ဆုံး ဖြစ်ရမယ်။ ဝန်ထမ်းတိုင်းရဲ့ ခုံတွေကကြီးရမယ်။ နည်းပညာဝန်ထမ်းတွေရဲ့ ပစ္စည်းတွေကလည်း အကောင်းဆုံးဖြစ်ရမယ်။ အရင်ဆုံး ဘက်ဂျက် ၁၀ သန်း ပေးထားလိုက်မယ်။ လုံလောက်မလား" လင်းဖန်မေးလိုက်သည်။

စုမူချင်း အနည်းငယ် မှင်သက်သွားသည်။ ဘော့စ်လင်း ၁၀ သန်းက... များလွန်းပါတယ်"

လင်းဖန်ပြောလိုက်၏။ "၁၀ သန်းက မများပါဘူး။ ငါလိုချင်တာက အကောင်းဆုံးတွေချည်းပဲ။ ကျားရှင်းဖျော်ဖြေရေးက အနုပညာလောကထဲက တစ်ခုတည်းသော ကုမ္ပဏီ ဖြစ်ချင်တယ်။ ဘက်ဂျက် မလောက်ရင် ငါ့ကို ထပ်တောင်းလို့ ရတယ်"

လင်းဖန် ငွေတွေ အများကြီး အသုံးပြုချင်ရသည့် အကြောင်းအရင်းက စနစ်အဆင့်မြှင့်တင်လိုက်ခြင်းကြောင့် ဖြစ်သည်။ ၄ လအတွင်း ကျားရှင်းဖျော်ဖြေရေးမှ သုံးစွဲလိုက်သည့် ငွေကြေးအားလုံးကို ပြန်ရပါမည်။ ငွေကို များများသုံးလေလေ များများပြန်ရလေလေ ဖြစ်သည်။ အမှန်ပင်။ ရုပ်ရှင် သို့မဟုတ် ရုပ်သံဒရမ်ာများကိုတော့ ၄ လအတွင်း ထုတ်လွှင့်ရပါမည်။ မဟုတ်ပါက ငွေတွေ ပြန်ရမှာ မဟုတ်ပါ။

စုမူချင်းက နာခံစွာဖြင့် ခေါင်းငြိမ့်ပြီး မှတ်သားထားလိုက်ပါသည်။ သူမ အားလုံးကို ကောင်းမွန်အောင် လုပ်ရမယ်။ ဒါမှ လင်းဖန် စိတ်ပူစရာမလိုမှာပဲ ဖြစ်သည်။

သို့သော်လည်း တခြားသူတွေအာားလုံး အနည်းငယ် မှင်သက်သွားကြသည်။

လင်းဖန်က... ရက်ရောလွန်းပြီး ချမ်းသာလွန်းတာကြောင့် ဖြစ်သည်။

အစကတည်းက ဒီ T1 အဆောက်အဦးကို ကျားရှင်းဖျော်ဖြေရေးက ပိုင်ဆိုင်ထားတာ ဖြစ်သည်။ သို့သော်လည်း ၄ ထပ်မြောက်မှ ၆ ထပ်အထိကို မသုံးခဲ့ကြပေ။

ယခုလင်းဖန်က သူတို့ကို ၄ ထပ်မြောက်မှ ၆ ထပ်မြောက်အထိ ပရိဘောဂတွေ ဝယ်ယူပြီး အလှဆင်ဖို့ ဘက်ဂျက် ၁၀ သန်း ပေးထားပါပြီ။

သူက တကယ့် သန်းကြွယ်သူဌေးကြီးပဲဖြစ်သည်။

"ဒုတိယတစ်ခုက အနာဂတ်မှာ ကျားရှင်းဖျော်ဖြေရေးက ရုပ်ရှင်လုပ်ငန်းကိုလည်း အာရုံစိုက်ရမယ်။။ ဒါပေါ့ ရုပ်သံဒရမ်မာတွေလည်း ဆက်ရိုက်သွားမှာပါ။ အဲ့တာကြောင့် ငါတို့ကုမ္ပဏီက လူသစ်တွေ ခေါ်ယူဖို့ လိုတယ်။ ဇာတ်ညွှန်းဆရာတွေ၊ ဒါရိုက်တာတွေ၊ ဝန်ထမ်းတွေ အများကြီး ခေါ်ယူရမယ်။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုအတွက် အရေးအကြီးဆုံးအရာက တက်သစ်စတွေကို ပျိုးထောင်ပေးဖို့ပဲ။ အဲ့တာကြောင့် ကျားရှင်းဖျော်ဖြေရေးက ကျားမ မရွေး တက်သစ်စတွေကို မြေတောင်မြှောက်ပေးဖို့ ကြိုးစားမယ်။ ကြယ်ပွင့်တွေကို ဖန်တီးမယ့် အစီအစဉ်တစ်ခု ငါ့မှာ ရှိတယ်။ တက်သစ်စတွေကို အားကြိုးမာန်တက် ပျိုးထောင်ပေးပြီး ကုမ္ပဏီကို တက်သစ်စတွေနဲ့ ဖြည့်ဆည်းသွားမယ်။ တက်သစ်စတွေကို ပျိုးထောင်တဲ့နေရာမှာ အရေးအကြီးဆုံးက သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ပဲ။ သူတို့ နောက်ကြောင်း မရှင်းရင် ငါတို့ သုံးမှာ မဟုတ်ဘူး" လင်းဖန် ပြောလိုက်သည်။

အားလုံး ခေါင်းငြိမ့်လိုက်ကြသည်။

အထူးသဖြင့် လင်းကျင်းကျင်းနဲံ လင်းခဲ့ရှင်းတို့က လင်းဖန်ကိုပိုပြီး လေးစားသွားကြသည်။

ခေါင်းဆောင်တစ်ယောက် စကားပြောသောအခါ တကယ်ပဲ သူများနဲ့ မတူ ခြားနားတတ်ပါသည်။

All Chapters