#ပိတ်မိနေသော သားရဲ၏ တိုက်ပွဲ#
Vol. 67 Ch. 952
နတ်ဆိုးနက်ချီ၏ အားဖြည့်မှုအောက်တွင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများက အသိစိတ်ပျောက်ဆုံးနေသော်လည်း ၎င်းတို့၏ ကိုယ်ခွန်အားနှင့် စွမ်းဆောင်ရည် အသီးသီးက ကြီးမားစွာ တိုးလာခဲ့သည်။
နတ်ဆိုးနက်ချီ၏ အားဖြည့်မှုအောက်၌ နတ်ဗိုလ်ချုပ်အစောပိုင်းအဆင့် မှော်သားရဲတစ်ကောင်တွင် အနည်းဆုံး အလယ်အလတ်အဆင့် သို့မဟုတ် ပိုမြင့်သည့် ခွန်အားရှိသည်ဟု ဆို၍ရသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ခုနကလေးကပြခဲ့သော ထူးခြားသည့် ခွန်အားကို ထုတ်ဖော်လျှင်ပင် ဒီနတ်ဗိုလ်ချုပ်အဆင့်သားရဲ၏ ပြိုင်ဘက်မဟုတ်ဟု ကျုံ့ချန်ကောင်း၊ ကျောင်းယန်နှင့် ချီ၀မ်တို့ တွေးတောကြသည်။
တစ်ဦးချင်းတိုက်ပွဲတွင် ကျုံ့ချန်ကောင်းတွင်ပင်လျှင် နတ်ဗိုလ်ချုပ် အလယ်အလတ်အဆင့် နတ်ဆိုးသားရဲတစ်ကောင်ကို သတ်ရန်အတွက် အကြွင်းမဲ့ယုံကြည်ချက်မရှိပါ။
စစ်သားများ ဒီမြင်ကွင်းကို မြင်သောအခါ အားလုံးထိတ်လန့်သွားကြ၏။
အနောက်မြို့ရိုးကို စောင့်ကြပ်နေသည့် ဗိုလ်ချုပ်၏ အမူအရာကလည်း အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
"အစွမ်းကုန်တားကြ၊ မြိုရိုးက ဒီသားရဲရဲ့ တိုက်ခိုက်မှုကို မခံနိုင်ဘူး"
ကျားအသွင်မှော်သားရဲက ခြေလက်အင်္ဂါများကို လှုပ်ရှားပြီး မြို့ရိုးဆီသို့ ခက်ထန်သောသားရဲတစ်ကောင်ပမာ တိုး၀င်လာသည်။
ဒီမှော်သားရဲကသာ မြို့ရိုးကို တိုက်ခိုက်လိုက်ပါက ပျက်စီးနေသည့်မြို့ရိုးက တစ်ချက်တည်းနှင့် ပြိုကျသွားပေလိမ့်မည်။
ထိုအချိန်တွင် သားရဲအုပ်က တိုက်ရိုက်၀င်လာပြီး ရှင်းနင်မြို့ကလည်း ဆင်းရဲဒုက္ခဝေဒနာခံစားမှုထဲ ကျရောက်သွားကြပေလိမ့်မည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကလည်း ဒါကိုတွေးမိသည်မှာ ရှင်းနေသည်။
"ငါတို့သူ့ကို မြို့ရိုးကို တိုက်ခွင့်ပေးလို့မရဘူး" ယဲ့ချိုးပိုင်ချက်ချင်းပြတ်သားစွာပြောသည်။
"ငါတို့တိုက်ပွဲမြေပြင်ကိုပြောင်းပြီး ဒီမှော်သားရဲကို အရင်ကိုင်တွယ်ရမယ်"
ဒီနေရာတွင် ယဲ့ချိုးပိုင်လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားက စတင်တုန်ခါလာပြီး ဓားဟစ်သံများကို ထုတ်လွှတ်သည်။
အင်မော်တယ်ဓားကနေ ပုံရိပ်ယောင်ဝိဉာဉ်တစ်ခု ပြေးထွက်လာကာ ဓားပိုင်နက်ထဲသို့ ပေါင်းစပ်သွားသည်။
ဒါကဓားဝိဉာဉ်ဖြစ်ပြီး ဓားဝိဉာဉ်က ဓားပိုင်နက်ထဲတွင် ပေါင်းစပ်သွားသည့်အခိုက်အတန့်၌ အင်မော်တယ်ဓားဓားချီအမျှင်တန်းများက လေဟာနယ်ထဲသို့ အဆက်မပြတ်အသံပြုရင်း ကန့်လန့်ဖြတ်တည်ရှိနေသည်။
သုံးပေရှည်ဓားသွားများက စုစည်းပြီး ယဲ့ချိုးပိုင်ရှေ့ ကောင်းကင်၌ လွင့်မြောနေသည်။
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်ရင်း ရှေ့သို့ ညွှန်ပြသည်။
သုံးပေရှည်ဓားသွားများက မက်မွန်ပွင့်များပမာ ကောင်းကင်မှ ကျဆင်းလာကြပြီး ပြေး၀င်လာသော သားရဲအုပ်ထံ ပစ်၀င်သွား၏။
ဂျုန်း......!
ကျယ်လောင်သောအသံများ ထွက်ပေါ်နေသည်။
ဖုန်မှုန့်များလိမ့်တက်လာပြီးနောက် မရေမတွက်နိုင်လောက်သည့် မှော်သားရဲများက ဒီဓားသွားများအောက်တွင် သေဆုံးသွားကြရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ အကြည့်အောက်တွင် မုဖူရှမ်းခေါင်းညိတ်ကာ ကောင်းကင်ပေါ် ထိုးတက်သွား၏။
သူ့လက်အစုံ၌ မိုးကြိုးစွမ်းအားရှိနေပြီး တစ်ဘက်က ခရမ်းရောင်ဖြစ်ပြီး ကျန်တစ်ဘက်က ရွှေရောင်ဖြစ်သည်။
ဒါက ဆန်းကြယ်ယင်ခရမ်းမိုးကြိုးနှင့် ကောင်းကင်အပြစ်ပေးနတ်မိုးကြိုးနှစ်ခုပင်။
မုဖူရှန်း၏လက်အစုံက ဓားပိုင်နက်အစွန်း၌ ဖိသိပ်ကျဆင်းလာသည်။
မိုးကြိုးစင်းနှစ်ခုက မိုးကြိုးလှောင်အိမ်တစ်ခုဖန်တီးပြီး ဓားပိုင်နက်၏ ယာယီဗလာကျင်းနေသည့်နေရာကို တိုက်ရိုက်ပင် လွှမ်းခြုံပစ်သည်။
ရလဒ်အဖြစ် အဆုံးမဲ့သားရဲအုပ်က ဟာကွက်ကို အချိန်မီမဖြည့်နိုင်ကြပေ။
၎င်းတို့က မိုးကြိုးလှောင်အိမ်နှင့် ထိမှန်သွားသည်နှင့် ဖျက်ဆီးခြင်းမိုးကြိုးစွမ်းအားကြောင့် အပိုင်းပိုင်းအစစကွဲထွက်သွားပြီး သွေးနက်များက မြေပေါ်၌ ပြန့်သွားကြ၏။
ယဲ့ချိုးပိုင် မိုးကြိုးလှောင်အိမ်ထဲသို့ ပျံသန်းသွားသည်။ မှော်အမှုန့်၏ ဆွဲဆောင်မှုအောက်တွင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲက ဦးတည်ချက်ကို ပြောင်းပြီး မြို့ရိုးဆီသို့ ပြေးမလာတော့ဘဲ ယင်းအစား မိုးကြိုးလှောင်အိမ်ဆီသို့ ပြေးသွားသည်။
ဒါကိုမြင်သော် မုဖူရှန်း မိုးကြိုးလှောင်အိမ်ကို ထိန်းသိမ်းထားရင်း ဖန်ချန်းကိုပြောသည်။
"ဂျူနီယာညီလေးဖန်၊ အစ်ကိုကြီးနဲ့ပူးပေါင်းပြီး အဲဒီနတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို အမြန်ဆုံးကိုင်တွယ်တော့"
ဖန်ချန်ခေါင်းညိတ်ပြီး မိုးကြိုးလှောင်အိမ်ထဲသို့ ၀င်သွားသည်။
ယဲ့ချိုးပိုင်တို့၏ လုပ်ဆောင်ချက်များကသားရဲအများအပြားကို သံသယမရှိ ဆွဲဆောင်သွားခဲ့သည်။
သူတို့က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲ၏ ပစ်မှတ်ထားခြင်းကို ခံနေရသည်သာမက ပတ်၀န်းကျင်က မှော်သားရဲများကလည်း လင်းနို့မီးတောက်များပမာ မိုးကြိုးလှောင်အိမ်ရှိရာသို့ ပြေး၀င်လာကြသည်။
၎င်းတို့က မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့၏ နည်းလမ်းများကြောင့် ဒါကရှားပါးပြီး ကြီးမားသည့် အခွင့်အလမ်းတစ်ခုပင်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ဒီမြင်ကွင်းကို ဘယ်လိုကိုင်တွယ်နေသလဲဆိုတာ ကျုံ့ချန်ကောင်း ကြည့်မနေဘဲ ယင်းအစား ကျောင်းယန်နှင့် ချီ၀မ်တို့ကိုခေါ်ပြီး အော်ဟစ်သည်။
"အရင်အစီအစဉ်အရ တခြားတစ်ဘက်ကို ကိုင်တွယ်ဖို့ မင်းတို့နှစ်ယောက်က ငါနဲ့ ပူးပေါင်းကြ"
နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲက ယဲ့ချိုးပိုင်တို့ကို အဆုံးသတ်ပြီးနောက်တွင် နတ်ဗိုလ်ချုပ်အဆင့်သားရဲများသာမက အဆုံးမဲ့မှော်သားရဲများပါ သူတို့သုံးယောက်ကို ပစ်မှတ်ထားကြပေလိမ့်မည်။ သူတို့က မြို့ရိုးကနေ ပြေးထွက်သွားကြသည် မဟုတ်ပေလော။
ကျောင်းယန်နှင့် ချီ၀မ်တို့နှစ်ယောက်စလုံး ကျုံ့ချန်ကောင်း၏ အမိန့်ကိုကြားပြီးနောက် အစီအရင်စာလိပ်များကို ထုတ်လိုက်ကြပြီး မနီးမဝေးက နောက်ထပ်နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲဆီသို့ ကျုံ့ချန်ကောင်းနောက်ကနေ လိုက်သွားကြသည်။
.....
ဒီတဒင်္ဂတွင် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲက ဒေါသတကြီးဟိန်းသံကို ထုတ်လွှတ်ပြီးနောက် ၎င်း၏ သွေးဆာနေသော မျက်လုံးများက ပုန်ကန်မှုနှင့် ပြည့်နှက်နေပြီး ယဲ့ချိုးပိုင်ကို စိုက်ကြည့်နေသည်။
၎င်းချဉ်းကပ်လာတော့မည့်အချိန်တွင် မုဖူရှန်း ယဲ့ချိုးပိုင်၏ သတိပေးချက်ကို စောင့်မနေဘဲ သူ့လက်ဖဝါးအစုံကို မြှောက်လိုက်သည်။
မိုးကြိုးလှောင်အိမ်ထဲတွင် အပေါက်တစ်ပေါက်ပေါ်လာပြီး နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို ပြေး၀င်စေပြီး ပိတ်ဆို့ပစ်သည်။
ဒါက ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့ကို တခြားမှော်သားရဲများ၏ သက်ရောက်မှုကို မခံရဘဲ ပြီးပြည့်စုံသည့် စစ်မြေပြင်အခြေအနေတစ်ခုကို ပေးဆောင်ခဲ့သည်။
ရှောင်ဟိုင်ဒီမြင်ကွင်းကို ကြည့်နေသည်။
ဒီတိုက်ပွဲတွင် တတ်နိုင်သရွေ့ သူတိုက်ခိုက်မည်မဟုတ်။
သူသွေးကြောစွမ်းအားကို သုံးလိုက်ပါက နတ်ဆိုးဘုရင်ပိုင်နက်က ထိုလူများက သူ့ကိုရှာတွေ့သွားမည်ဖြစ်ကာ ပြဿာနာများသွားပေလိမ့်မည်။
ယဲ့ချိုးပိုင်နှင့် ဖန်ချန်းတို့က နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲနှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသည်။
ဒီကျားအသွင်မှော်သားရဲက လုံး၀မရပ်တန့်ဘဲ ပစ်မှတ်ကို ဖျက်ဆီးမှရတော့မည့်အလား ယဲ့ချိုးပိုင်ထံ ပြေး၀င်လာတာကို ဘယ်တော့မှ မရပ်ခဲ့ပေ။
ဒါကိုမြင်သော် ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်လိုက်၏။ ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို လက်ထဲတွင်ကိုင်ရင်း သူကျားပုံသဏ္ဍာန်မှော်သားရဲဆီသို့ ပြေးသွားသည်။
ဒီအခိုက်အတန့်မှာပင် သူ့ကိုယ်ထဲတွင် အင်မော်တယ်ချီက ရုတ်တရက်ပေါက်ကွဲသွားပြီး အင်မော်တယ်ဓားကို အင်မော်တယ်ဆန္ဒဖြင့် ၀န်းရံပစ်သည်။
အဆုံးမဲ့ရှင်ခြင်းဆန္ဒများက ဓားကနေထွက်လာပြီး ကျားပုံသဏ္ဍာန်မှော်သားရဲ၏ ခေါင်းကို ပိုင်းဖြတ်ပစ်သည်။
ဓားက လေတိုးသံတစ်ချက်နှင့်အတူ လေဟာနယ်ထဲတွင် အသံများကို ရေးဆွဲသွား၏။
"နတ်ဆိုးချိုးဖျက်ခြင်း"
အင်မော်တယ်ဆန္ဒလှိုင်းများက ယဲ့ချိုးပိုင်းကို ၀န်းရံထားသည်။
တစ်ချိန်တည်းမှာပင် ဖန်ချန်းကလည်း ဘေးကနေ ရှိုးပွဲကို ကြည့်မနေဘဲ သူ့ခန္ဓာမျက်နှာပြင်၌ ငွေရောင်အလင်းတန်းများ ပေါ်လာပြီး ငွေရောင်အလင်းအောက်ကနေ သွေးရောင်အလင်းက ခပ်ရေးရေးထွက်လာသည်။
မြင့်မြတ်အစီအရင်အကျဉ်းထောင်ခန္ဓာကျင့်စဉ်၊ ငွေအရေပြားနှင့် သွေးကြွက်သားကို အသက်သွင်းလိုက်လေပြီ။
အသက်၀င်လာသည့်အချိန်မှာပင် ဖျက်ဆီးခြင်းအော်ရာက သူ့ကိုယ်ကနေ ထိုးထွက်လာသည်။
အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်!
ထို့နောက် သူယဲ့ချိုးပိုင်နှင့်အတူ ကျားပုံသဏ္ဍာန်သားရဲ၏ မေ့စေးကို ထိုးနှက်ပစ်သည်။
ဒီတဒင်္ဂမှာပင် မိုးကြိုးလှောင်အိမ်ထဲတွင် အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲသွားခဲ့သည်။
စစ်သားများက မြို့ကိုကာကွယ်ရင်း ဒီမြင်ကွင်းကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့ကြသည်။
အကယ်၍ ယဲ့ချိုးပိုင်တို့သာ ကျားပုံသဏ္ဍာန်မှော်သားရဲကို မကိုင်တွယ်နိုင်ပါက အနောက်မြို့ရိုးက သားရဲအုပ်၏ ကျုးကျော်မှုကို သေချာပေါက် ခံနိုင်ရည်ရှိတော့မည်မဟုတ်။
မြို့ကိုစောင့်ကြပ်နေသည့် စစ်သားများ၏ အကြည့်အောက်တွင် ယဲ့ချိုးပိုင် ကျားပုံသဏ္ဍာန်မှော်သားရဲ၏ခေါင်းကို အရင်ဆုံးပိုင်းဖြတ်ပစ်သည်။
ခရက်ခ်.....!
ယဲ့ချိုးပိုင်၏ ဓားအောက်တွင် မာကျောသည့်အရေပြား၌ ဒဏ်ရာကြီးတစ်ခုပေါ်လာသည်။
ဒဏ်ရာက နက်ရှိုင်းလွန်းသဖြင့် အရိုးများကိုပင် မြင်နိုင်သည်။
ကျားပုံသဏ္ဍာန်မှော်သားရဲ ချက်ချင်းဆိုသလို စိတ်မချမ်းမြေ့ဖွယ်ရာ ဟစ်ကြွေးသည်။ ၎င်း၏ခေါင်းက ယဲ့ချိုးပိုင်၏ ဓားနှင့် ဖိထားခြင်းကို ခံနေရသည်။
သို့စေကာမူ ၎င်းခေါင်းငုံ့လိုက်သည့် အခိုက်အတန့်၌ ဖန်ချန်းကလည်း မှော်သားရဲ၏ မေးရိုးအောက်တွင် ပေါ်လာပြီး အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်နှင့် ရစ်ပတ်ထားသည့် လက်သီးက အောက်ကနေ ပြင်းထန်စွာ ထိမှန်သည်။
ဂျုန်း......!
သူထိုးနှက်လိုက်စဉ် ကျားပုံသဏ္ဍာန်မှော်သားရဲ၏ မေ့စေးက အမှန်တကယ် မြင်သာစွာပင် ကြေမွသွားပြီး ပါးစပ်ကနေ သွေးနက်များစီးတွေလာကြသည်။
အရိုးကျိုးသံများကို အဆက်မပြတ် ကြားနေရသည်။
မြို့စောင့်ဗိုလ်ချုပ်က သူ့ရှေ့က မှော်သားရဲအနည်းငယ်ကို သတ်ပြီးနောက် သူထိတ်လန့်သွားပုံရသည်။
သူတို့နှစ်ယောက်က နတ်စစ်သည်နယ်ပယ်များသာဖြစ်သည့်တိုင် ယခုလိုခမ်းနားလှသည့် အင်မော်တယ်ချီရှိသည်။
ဒါ့အပြင် သူတို့၏ပူးပေါင်းအားက နတ်ဆိုးနက်ချီဖြင့် အားဖြည့်ထားသည့် နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကိုပင် ဆွဲချပစ်ခဲ့ကြသည်။
ဒါဘယ်လိုမွန်းစတားတွေလဲ!
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှာ ဒီလိုလူမျိုးတွေ တကယ်ပဲရှိခဲ့တာလား!
အပိုင်း(953) coming။