#တိမ်ပြာဓားထပ်မံပေါ်ပေါက်လာခြင်း#
Vol. 67 Ch. 939
သုံးယောက်တစ်ယောက် ရင်ဆိုင်နေရသည့်တိုင် သူအဆိုးဘက်တွင် ရှိမနေပါ။
တိမ်ပြာဓားဂိုဏ်း၏မျက်လုံးထဲတွင် ထိုသုံးယောက်က လူရိုင်းနယ်မြေတစ်ခုလုံးက ကြောက်ရပြီး ခုခံနိုင်စွမ်းမရှိသော တည်ရှိမှုများဖြစ်သော်လည်း ယဲ့ချိုးပိုင်ရှေ့တွင် သူတို့က ပုရွက်ဆိတ်များပမာ။
သုံးယောက်စလုံးက တစ်ချိန်တည်းတွင် တိုက်ခိုက်လာပြီး ယဲ့ချိုးပိုင်၏ဓားကြောင့် တိုက်ရိုက်ပင် ပိုင်းဖြတ်ခံရသည်။
ဂိုဏ်းအကာအကွယ်ဓားအစီအရင်ထဲတွင် တိမ်ပြာဓားဂိုဏ်းအကြီးအကဲများက သက်ပြင်းချသည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ ဂိုဏ်းချုပ်ယဲ့က ဂိုဏ်းချုပ်ယဲ့ဖြစ်နေတုန်းပဲ၊ သူက အရမ်းအစွမ်းထက်နေတုန်းပဲ"
"တိမ်ပြာဓားဂိုဏ်းကို ထူထောင်ခဲ့တုန်းက သူ့ခွန်အားက ငါတို့နဲ့အရမ်းမကွာလှဘူး၊ အခုတော့ သူ့နောက်ကျောကို ဖြတ်မြင်ရဖို့တောင် ခက်ခဲနေပြီ၊ ငါဒါကို မြင်နိုင်စွမ်းတောင် မရှိတော့ဘူး"
တိမ်ပြာဓားဂိုဏ်း၏ အကြီးအကဲများက အခြေခံအားဖြင့် လူရိုင်းဒေသတွင် အားအကောင်းဆုံးဓားသမားများဖြစ်ကြသည်။
ဟောင်တျန်းဘာတစ်ခုမှ မပြောသော်လည်း နှုတ်ခမ်းကိုက်ပြီး ယဲ့ချိုးပိုင်၏ကျောကို ကြည့်ရင်း ရုတ်တရက် လက်သီးဆုပ်လိုက်သည်။
သူလည်း သူ့ဆရာလို ဓားသမားတစ်ယောက် ဖြစ်လာချင်သည်။
လူတစ်ယောက်နှင့်ဓားတစ်လက်က ထောင်ချီသောစစ်တပ်တစ်တပ်နှင့်ပင် ယှဉ်နိုင်ပြီး ကမ္ဘာကြီးထဲတွင် ပြိုင်ဘက်ကင်းတည်ရှိမှု ဖြစ်လာနိုင်သည်။
ဂေါင်ယု သူ့ရှေ့ကမြင်ကွင်းကို အထိတ်တလန့် ကြည့်နေမိသည်။
ကောင်းကင်အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်က ကျင့်ကြံသူသုံးယောက်က ကောင်းကင်အင်မော်တယ်နယ်ပယ် အလတ်အလတ်အဆင့်ကို ဘာမှမလုပ်နိုင်ဘူးလား!
ဒါ့အပြင် ယဲ့ချိုးပိုင်က သူတို့တိုက်ခိုက်မှုများကို အလွယ်တကူပင် ကိုင်တွယ်နိုင်သည်။
ဒါဘယ်လိုဖြစ်လာတာလဲ!
အကယ်၍ သူတို့သာ တစ်ဘက်လူ၏ ကျင့်ကြံခြင်းနယ်ပယ်ကို မမြင်ပါက နတ်နယ်ပယ်ကို တက်လှမ်းနေသည့် ကျွမ်းကျင်သူတစ်ယောက်ကို ရင်ဆိုင်နေရသည်ဟုပင် သူတို့တွေးမိကြပေလိမ့်မည်။
ယခုအချိန်တွင် ယဲ့ချိုးပိုင်က သူတို့ကို ဒီခံစားချက်အား ပေးဆောင်နေသည်။
"မင်းတို့မှာ တခြားနည်းလမ်းတွေ မရှိတော့ဘူးလား" ယဲ့ချိုးပိုင် ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို ကိုင်ထားပြီး ဓားပိုင်နက်အလယ်ဗဟိုတွင် ရှိနေသည်။ သူ့အမူအရာက တည်ငြိမ်နေသော်လည်း သူ့မျက်လုံးများကမူ သတ်ဖြတ်ခြင်းဆန္ဒနှင့် ပြည့်နှက်နေပြီး ရှေ့ကလူသုံးယောက်ကို စိုက်ကြည့်နေသည်။
"ဒါပဲဆိုရင်တော့ သေမင်းဝိဉာဉ်နန်းတော်ရဲ့ ပန်းတိုင်က အောင်မြင်မှာမဟုတ်ဘူး"
ဒါကိုကြားသောအခါ ကန်ရှင်းယွဲ့ နောက်ထပ်သည်းမခံနိုင်တော့သဖြင့် ဂေါင်ယုနှင့် လော့ကျန်းတို့ကို ကြည့်လိုက်၏။
"ငါတို့အခုမလုပ်ဘူးဆိုရင် ဒီလူကို ဘာတစ်ခုမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး"
လော့ကျန်းနှင့် ဂေါင်ယုတို့၏ အမူအရာများက ကြည့်ရဆိုးသွားကြသည်။ သူတို့မျက်နှာများက ဖြူရော်နေပြီး မျက်သူငယ်အိမ်များကမူ အနည်းငယ် တုန်ယင်နေလေသည်။
သူတို့၏နှလုံးသားထဲတွင် ပြင်းထန်သည့် တိုက်ပွဲတစ်ခုဖြစ်ပျက်နေသည့်အသွင်။
သို့စေကာမူ ယဲ့ချိုးပိုင်၏ ဓားပိုင်နက်မှ ထက်ရှမှုကို ထပ်မံခံစားမိသောအခါ အံကြိတ်ရင်း လက်ချောင်းများကို ကိုက်လိုက်ကြပြီး လေထဲတွင် လွှဲယမ်းလိုက်ကြ၏။
ပြန့်ကြဲသွားသောသွေးများက သူတို့သုံးယောက်ရှေ့တွင်ရပ်သွားသည်။
ပထမက ဒါကအဆောင်တစ်ခုနှင့်တူသော်လည်း သူတို့သုံးယောက်ဒါကို ပြီးပြည့်စုံအောင်လုပ်ပြီး အတူတကွ ပေါင်းစည်းလိုက်ကြစဉ် ဒါက ကြီးမားသည့် 'သေမင်း' အက္ခရာတစ်ခုဖြစ်သည်။
သေမင်းအဆောင်ကနေ အလွန်အမင်းသွေးစွန်းနေသည့်အော်ရာအမျှင်တန်းများ ထွက်လာသည်။
သေမင်းအဆောင် ပြီးပြည့်စုံသွားသည်နှင့် ကန်ရှင်းယွဲ့နှင့်ကျန်နှစ်ယောက်၏ မျက်နှာများက ပိုပို၍ပင် ဖြူဖျော့လာကြပြီး သူတို့အော်ရာများကလည်း ပိုမိုအားနည်းလာကြ၏။
တကယ်တမ်းတွင် သူတို့ပါးစပ်ထောင့်စွန်းကနေ သွေးများပင် စီးကျနေလေပြီ။
လော့ကျန်း လက်ဖျံနှင့် ပါးစပ်က သွေးများကို သုတ်ပြီး ရက်စက်သည့်အမူအရာတစ်ခုကို ပြသကာ ကျယ်လောင်စွာရယ်မောသည်။
"ဟားဟားဟား၊ ယဲ့ချိုးပိုင်၊ ဒါက မင်းကျရှုံးမှုအတွက် အကြောင်းရင်းပဲ၊ မင်းက အရမ်းမောက်မာပြီးတော့ ငါတို့ကို အခွင့်အရေးတွေ လုံလုံလောက်လောက် ပေးခဲ့တယ်"
သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သေမင်းသင်္ကေတက ထိုးတက်လာပြီး သွေးနီရောင်ကွန်ရက်တစ်ခုအဖြစ် ဖြည်းဖြည်းချင်း ပြောင်းသွားသည်။
ဧရာမကွန်ရက်ကြီးထဲတွင် ငရဲကနေ တွားတွားထွက်လာပုံရသည့် သွေးရောင်သေမင်းတစ်ဦးက လက်ထဲတွင် မီးဓားတစ်လက်ကို ကိုင်ထားပြီး ကျန်တစ်ဘက်တွင် လုံးဝိုင်းသော ဒိုင်းတစ်ခုကိုကိုင်ထားသည်။
၎င်း၏အော်ရာက အတော်လေး ကြောက်စရာကောင်းသည်။
လျန်ဖုန်းပင်လျှင် တစ်ခုခုမှားနေတာကို ပြောနိုင်သည်။ သူအလျင်အမြန်ပင် ရှီရှန်းနှင့် ရှောင်ဟိုင်တို့ကိုလှည့်ပြီး စိုးရိမ်တကြီး အော်ဟစ်သည်။
"မြန်မြန်ဂိုဏ်းချုပ်ကို သွားကူညီကြ၊ သူဒါကို တစ်ယောက်တည်း မကိုင်တွယ်နိုင်လောက်ဘူး"
သို့စေကာမူ ရှီရှန်းပြုံးသည်။
"မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီးက ဒီလိုကိစ္စသေးသေးလေးတွေကို ကိုင်တွယ်နိုင်ပါတယ်၊ ဒါ့အပြင် ဒါကသူ့ကိစ္စမို့ သူကိုယ်တိုင်ပဲ ကိုင်တွယ်ချင်လိမ့်မယ်"
ဘေးက ရှောင်ဟိုင်ညည်းတွားသည်။
"ငါဒါကိုသာ အစောကြီးကတည်းက သိခဲ့မယ်ဆိုရင် အစ်မကြီးနောက်က လိုက်သွားပါတယ်၊ အစ်ကိုကြီးမှာ အဲမှာ သေချာပေါက် တိုက်ပွဲတွေအများကြီးရှိမှာပဲ၊ ဒီမှာတော့ ငါ့အတွက်ဘာမှ လုပ်စရာမရှိဘူး"
ဒါကိုကြားသောအခါ ရှီရှန်းရယ်မောလိုက်လေသည်။
"စီနီယာအစ်ကို၊ သည်းခံလိုက်ပါဦး၊ အစ်ကိုကြီး ဒီမှာပြီးသွားတဲ့အခါကျရင် အစ်ကို ဒုတိယစီနီယာအစ်မနဲ့ ကျန်တဲ့သူတွေကို သွားကူညီလို့ရတာပဲလေ"
ဒါကိုကြားသောအခါ ရှောင်ဟိုင် ဘေးကနေ တုံ့ဆိုင်းဆိုင်းခေါင်းညိတ်သည်။
လျန်ဖုန်း ဒီမြင်ကွင်းကို ဘေးကနေကြည့်နေပြီး ဘာထပ်ပြောရမှန်းမသိတော့။
သို့စေကာမူ ယဲ့ချိုးပိုင်၏ညီများက သူနှင့် အတော်လေးအဆင်ပြေလွန်းသဖြင့် စိုးရိမ်နေစရာတော့ လိုမည်မဟုတ်။
ယခုအချိန်တွင် ဂေါင်ယု ယဲ့ချိုးပိုင်ကို ကြည့်ပြီး နှာခေါင်းရှုံ့သည်။
"ဒီတော့ မင်းဒါကိုဘယ်လိုကိုင်တွယ်မလဲ"
ယဲ့ချိုးပိုင် လုံး၀ကြောက်ရွှံ့ခြင်းမရှိဘဲ သွေးရောင်သေမင်းကို တည်ငြိမ်စွာကြည့်ပြီးနောက် သူတို့သုံးယောက်ကို ကြည့်သည်။
"ပုံမှန်အားဖြင့်ဆိုရင် ငါရန်သူကို ဘာအခွင့်အရေးမှ ပေးမှာမဟုတ်ဘူး"
သူတို့သုံးယောက်စလုံး ကြက်သေသေသွားကြ၏။
ယဲ့ချိုးပိုင်ဆက်ပြောသည်။
"ဒါပေမယ့် မင်းတို့က တိမ်ပြာဓားဂိုဏ်း၊ လူရိုင်းဒေသနဲ့ အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးမှာ ဒီလိုရူးသွပ်တဲ့အရာမျိုးကို လုပ်ခဲ့ကြတယ်၊ မင်းတို့ကို ဘယ်လိုလုပ် ဒီလောက် အလွယ်တကူ ခွင့်လွှတ်နိုင်မှာလဲ"
"လူတစ်ယောက်မှာ မျှော်လင့်ချက်တစ်ခုရှိနေပြီး အဲဒီမျှော်လင့်ချက် လုံး၀ကြေမွပျက်စီးသွားတဲ့အခါကျမှ သူတကယ့် စိတ်ပျက်အားငယ်မှုကို ခံစားနိုင်လိမ့်မယ်.."
စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ယဲ့ချိုးပိုင် လက်ထဲက ခေးအောစ့်အနှစ်သာရ အင်မော်တယ်ဓားကို ဓားအိမ်ထဲထည့်လိုက်၏။
ထို့နောက် ရှေးဟောင်းအော်ရာနှင့် ဓားအိမ်နှင့်ဓားတစ်လက်က ယဲ့ချိုးပိုင်လက်ထဲတွင် ပေါ်လာသည်။
ဒီဓားပေါ်လာသည့် အခိုက်အတန့်၌ ပတ်၀န်းကျင်က ဓားဆန္ဒများက လုံး၀ရပ်သွားပုံရပြီး ဂေါင်ယုလက်ထဲက ဓားပင် လုံး၀ငြိမ်သက်သွားခဲ့သည်။
တိမ်ပြာဓား!
ကန်ရှင်းယွဲ့နှင့် ကျန်နှစ်ယောက်က ယဲ့ချိုးပိုင်လက်ထဲကဓားကိုကြည့်ရင်း သူတို့အမူအရာများက ချက်ချင်းလေးနက်သွားကြ၏။
ဒါက သူ့ရဲ့ဝှက်ဖဲများလား!
ဒါကသူတို့အတွေးများပင်။
ရှောင်ဟိုင်နှင့် ရှီရှန်းတို့ ဒီမြင်ကွင်းကို မြင်သောအခါ လျန်ဖုန်းနှင့် တိမ်ပြာဓားဂိုဏ်းက လူများကို ကာကွယ်ရန်အတွက် သူတို့စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင် သူတို့တွေးနေမိကြသည်။ ကြည့်ရတာ အစ်ကိုကြီး တကယ်ဒေါသထွက်နေပုံပဲ!
မူလက ဒီသွေးရောင်သေမင်းကို သတ်ပစ်ရန်အတွက် ယဲ့ချိုးပိုင်တိမ်ပြာဓားကို မလိုအပ်ပါ။
သို့စေကာမူ တစ်ဘက်လူ၏ မျှော်လင့်ချက်ကို ဖျက်ဆီးကာ အသည်းကြေမွရအောင် လုပ်ရန်အတွက် သူတိမ်ပြာဓား၏ ပကတိစွမ်းအားကို သုံးရန်ရွေးချယ်ခဲ့သည်။
ဒီထက်ဘာမှမပိုပေ။
သွေးရောင်သေမင်းက ဒေါသတကြီးဟိန်းသံကို ထုတ်လွှတ်ပြီး သွေးမီးဓားကို ကိုင်လျက် ယဲ့ချိုးပိုင်အား အပေါ်ကနေ အောက်အထိ ပိုင်းချပစ်သည်။
အသံလှိုင်းများက တဟူးဟူးမြည်နေသည်။
သွေးမီးဓားချက်အောက်တွင် လောင်ကျွမ်းမည်းတူးနေသည့် အက်ကြောင်းနက်တစ်ခု အာကာသထဲတွင် ပေါ်လာသည်။
အက်ကြောင်းတစ်ခုစီရှိနေသည့် အာကာသတိုင်းတွင် သွေးရောင်မီးတောက်များနှင့် လောင်ကျွမ်းနေသည်။
ယဲ့ချိုးပိုင် ဓားအိမ်ကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်နှင့် ဓားလက်ကိုင်ကို ကိုင်ထားသည်။
သူ့လက်ရှိခွန်အားနှင့်ဆိုပါက တိမ်ပြာဓားကို သူဘယ်လောက်အထိ ဆွဲထုတ်နိုင်မလဲဆိုတာ ယဲ့ချိုးပိုင်မသိပေ။
ထို့ကြောင့် ဒါကသတ်ဖြတ်ရန်အတွက်တင် မဟုတ်ဘဲ သူတိမ်ပြာဓား၏ စွမ်းအားဆယ်ရာခိုင်နှုန်းကို ထုတ်လွှတ်နိုင်မလားဆိုတာ မြင်ရရန်အတွက် သူ့ခွန်အားကို စမ်းသပ်ချင်သည်။
ဝုန်း......!
ယဲ့ချိုးပိုင်၏လက်အစုံက စတင်အားသုံးလိုက်လေရာ ဓားအပိုင်းသေးတစ်ပိုင်းက ဖြည်းဖြည်းချင်းပေါ်လာသည်။
ဒီတဒင်္ဂမှာပင် ကြောက်မက်ဖွယ်ရာဓားချီက ဓားအိမ်ထဲကနေ ပေါက်ကွဲထွက်လာပြီး ပတ်ပတ်လည်က လေဟာနယ်က ဘက်ပေါင်းစုံ၌ ပြိုကျသွား၏။
တခြားသူများ၏အမြင်ထဲတွင် ဒီဓားချီက ကမ္ဘာကြီးထဲက အသန့်စင်ဆုံးဓားတာအိုကို ကိုယ်စားပြုသည်။ သို့မဟုတ် ဒါက ဓားများ၏ မဟာဓားတာအိုဟုဆိုပါက ပိုမှန်သည်။
ဂေါင်ယုနှင့် ကျန်နှစ်ယောက်တို့က ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေခဲ့ကြသည်။
ဂေါင်ယုလက်ထဲက သုံးပေရှည်အစိမ်းရောင်ဓားပင်လျှင် သူ့လက်ထဲက ချိုးဖျက်လွတ်မြောက်ပြီး တိမ်ပြာဓားကို အညံ့ခံချင်သည့်အလား အရူးအမူးတုန်ခါနေသည်။
သူ့ကိုယ်ထဲက အင်မော်တယ်ချီက အလွန်အမင်း ကြောက်စရာကောင်းသည့် နှုန်းတစ်ခုနှင့် ကုန်ခမ်းနေတာကို ယဲ့ချိုးပိုင်ခံစားနိုင်ပါသည်။
သို့စေကာမူ ဒီအတွက်ကြောင့် သူမရပ်ဘဲ ထပ်ထုတ်နေပြီး ဒီတစ်ကြိမ်တွင် တိမ်ပြာဓားကို တစ်၀က်တိတိဆွဲထုတ်နိုင်ခဲ့သည်။
ဒီတဒင်္ဂမှာပင် ကမ္ဘာဖျက်ဓားတစ်စင်းက ယဲ့ချိုးပိုင်နောက်တွင် ဖြည်းဖြည်းချင်း ပေါ်လာသည့်အလားပင် ထင်ရသည်။
အပိုင်း(940) coming။