#အားလုံးကိုဖမ်း#
Vol. 67 Ch. 940
လုချန်ရှန်း ယဲ့ချိုးပိုင်ကို ဒီထိပ်တန်းအဆင့် ရှေးဟောင်းပစ္စည်းဖြစ်သော တိမ်ပြာဓားကို ပေးပြီးကတည်းက သူစုစုပေါင်း အကြိမ်ရေအနည်းငယ်သာ သုံးဖူးသည်။
ဒါ့အပြင် အရင်ကသုံးတုန်းက သူအများကြီး မဆွဲထုတ်ခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ အင်မော်တယ်ချီအဖြစ် ပြောင်းလဲမှုအပြီးတွင် အင်မော်တယ်တွေ့ဆုံခြင်းအမှတ်အသား၊ သူ့၏ လက်ရှိဓားတာအိုနယ်ပယ် တိုးတက်မှုကိုပါ ပေါင်းစပ်လိုက်ပါက ယဲ့ချိုးပိုင် တိမ်ပြာဓားကို တစ်၀က်တိတိ ဆွဲထုတ်နိုင်နေလေပြီ။
ဓားဆန္ဒက အရူးအမူးသိပ်သည်းနေပြီး ယဲ့ချိုးပိုင်အနီးတစ်ဝိုက်တွင် ဆူပွက်နေသည်။
ယဲ့ချိုးပိုင်ရှိနေသည့်နေရာကလွဲပြီး သူ့အနား မီတာအနည်းငယ်အတွင်းက လေဟာနယ်က လုံး၀ပြိုကွဲသွားရသည်။
တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင်နောက်တွင် ဓားဆန္ဒများက ပုံရိပ်ယောင်ကမ္ဘာဖျက်ဓားတစ်လက်အဖြစ် သိပ်သည်းသွား၏။
၎င်းကအရာရာတိုင်းကို ဖျက်ဆီးနိုင်သည့်အလား အလွန်အမင်းကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ထုတ်လွှတ်သည်။
ဒီအော်ရာကို ခံစားမိသောအခါ ကန်ရှင်းယွဲ့၊ လော့ကျန်း သို့မဟုတ် ဂေါင်ယုဖြစ်စေ သူတို့၏မျက်နှာများက သွေးဆုတ်ဖြူရော်သွားကြသည်။
သူတို့ ယဲ့ချိုးပိုင်အား တွေဝေစွာကြည့်ရင်း စိတ်ပျက်အားငယ်နေသည့် အကြည့်များကို ပြသကြသည်။
သူတို့ရှေ့ကလူက သူတို့ဘယ်တော့မှ အနိုင်မယူနိုင်သည့် တည်ရှိမှုတစ်ခုပင်။
ဒါက လောလောဆယ်သူတို့တွေးနေသည့် အရာဖြစ်သည်။
တကယ်တမ်းတွင် သူတို့ထွက်ပြေးရန်နှင့် ခုခံရန်ကိုပင် မေ့လျော့သွားခဲ့ကြသည်။
သို့စေကာမူ ဒီကမ္ဘာဖျက်ဓားဆန္ဒက သူတို့ကို ပိတ်ဆို့ထားပြီး မြေကြီးပေါ်၌ အမြစ်တွယ်အောင် လုပ်ထားသည့်အလားပင်။
ယဲ့ချိုးပိုင်၏ မျက်နှာကလည်း အနည်းငယ် ဖြူရော်နေသည်။
သူတိမ်ပြာဓားကို တစ်၀က်တိတိ ဆွဲထုတ်နိုင်ခဲ့သော်လည်း သူ့စွမ်းအင်အများကြီးကို ကုန်ဆုံးသွားစေခဲ့သည်။
အင်မော်တယ်ချီကုန်ခမ်းမှုဖြစ်စေ၊ သူ့စိတ်စွမ်းအင်ဖြစ်စေ အတော်လေးများပြားသည်။
သွေးရောင်သေမင်းက ဒီအချိန်မှာပင် ယဲ့ချိုးပိုင်အား ပိုင်းဖြတ်လာသည်။
ယဲ့ချိုးပိုင် ဒီမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေပြီး သူ့လက်ထဲက တိမ်ပြာဓားက အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
သူ့နောက်က ပုံရိပ်ယောင်ကမ္ဘာဖျက်ဓားကလည်း ဒီအချိန်မှာပင် သွေးရောင်သေမင်းကို ပိုင်းဖြတ်ပစ်သည်။
ကမ္ဘာဖျက်ဓားလှုပ်ရှားစဉ် အသံတစ်သံမှ မပြုခဲ့ပေ။
အာကာသက အလိုအလျောက်ပြိုကျသွား၏။
သွေးရောင်သေမင်း၏ဓားက ကမ္ဘာဖျက်ဓားနှင့် တိုက်မိသောအခါ သွေးနီမီးဓား၌ ခုခံရန်အတွက် အခွင့်အလမ်းပင် မရှိဘဲ တစ်လက်မချင်းကျိုးပဲ့ပြီး သွေးရောင် အလင်းစက်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့စေကာမူ ကမ္ဘာဖျက်ဓားက ဒီနေရာတွင်မရပ်ဘဲ သွေးရောင်သေမင်းခန္ဓာကို ရုတ်တရက် ပိုင်းဖြတ်ပစ်သည်။
သွေးရောင်သေမင်းက ကမ္ဘာတုန်လှုပ်ဖွယ်ရာဟစ်ကြွေးသံကို ထုတ်လွှတ်ပြီးနောက် ၎င်း၏ကိုယ်ခန္ဓာက အဆုံးမဲ့ဓားဆန္ဒကြောင့် ချေမွဖျက်ဆီးခံရသည်။
သွေးရောင်သေမင်း ကမ္ဘာကြီးကနေ အတိအလင်း ပျောက်ကွယ်သွားသောအခါ ယဲ့ချိုးပိုင် ကန်ရှင်းယွဲ့နှင့် ကျန်နှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်လိုက်၏။
သူတို့သုံးယောက်တွင် နောက်ထပ်တိုက်ခိုက်ရေးစိတ်ဓာတ်များ မရှိတော့ဘဲ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေတာကို မြင်ရသောအခါ ယဲ့ချိုးပိုင် ထပ်ပြီး နှောင့်နှေးမနေတော့ပါ။
ကမ္ဘာဖျက်ဓား ပျောက်ကွယ်သွားမည့်အချိန်တွင် သူတို့သုံးယောက်ကို ညင်သာစွာ ပွတ်တိုက်ပြီး ဖြတ်သွားသည်။
ရုပ်ခန္ဓာဖြစ်စေ၊ ဝိဉာဉ်သို့မဟုတ် သွေးကြောဖြစ်စေ ယခုအခိုက်အတန့်၌ သူတို့ကမ္ဘာကြီးထဲကနေ လုံး၀ပျောက်ကွယ်သွားကြပြီး ပြန်လည်မွေးဖွားခြင်းစက်၀န်းထဲ ၀င်ရန်အတွက် အခွင့်အရေးပင်မရှိခဲ့။
ဒီအရာအားလုံးကို လုပ်ပြီးနောက် ယဲ့ချိုးပိုင် နောက်ဆုံးတော့ နောက်ထပ်မကိုင်တွယ်နိုင်တော့သဖြင့် တိမ်ပြာဓားကို အလျင်အမြန် သိမ်းဆည်းလိုက်သည်။
သူ့ခန္ဓာက အနည်းငယ်ယိမ်းယိုင်နေသည်။
လျန်ဖုန်းဒါကိုမြင်သောအခါ ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်ကို ထောက်ကူပေးသည်။
"အားလုံးအဆင်ပြေလား"
ယဲ့ချိုးပိုင် သက်ပြင်းတစ်ချက်ရှုပြီးနောက် ဖြူရော်နေသည့်မျက်နှာနှင့်အတူ ပြုံးရင်း ခေါင်းခါယမ်းသည်။
"ဘာမှမဖြစ်ပါဘူး၊ မြန်မြန်ဂိုဏ်းရဲ့ ဆုံးရှုံးမှုတွေကို ရေတွက်လိုက်၊ သူတို့ရဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေကို ကူညီလိုက်၊ ဒီလိုဆိုမှ သူတို့မိသားစုတွေကို တိမ်ပြာဓားဂိုဏ်းက ထာ၀ရကာကွယ်ပေးနိုင်မှာ"
"တစ်ချိန်တည်းမှာပဲ အကူအညီတောင်းဖို့ ထွက်သွားတဲ့ တပည့်တွေနဲ့ အကြီးအကဲတွေကိုလည်း ပြန်ခေါ်လိုက်"
ဒါကိုကြားသောအခါ လျန်ဖုန်း လေးလံစွာ ခေါင်းညိတ်သည်။
ဒီတစ်ကြိမ်တွင် တိမ်ပြာဓားဂိုဏ်းက ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
ဂိုဏ်းအတွက် တိုက်ပွဲ၌ မရေမတွက်နိုင်လောက်သည့် အကြီးအကဲများနှင့် ပါရမီရှိ တပည့်များသေဆုံးခဲ့ကြရသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်ပြောတာက သူတို့လုပ်ရန် လိုအပ်သည့်အရာပင်။
သို့စေကာမူ ဒါကိုတွေးမ်သောအခါ လျန်ဖုန်းထပ်ပြီး ၀မ်းနည်းလာရသည်။
လျန်ဖုန်း၏အတွေးများကို ခန့်မှန်းမိသဖြင့် ယဲ့ချိုးပိုင်ပြုံးပြသည်။
"ကျန်းချောင်မြန့်အဆင်ပြေပါတယ်၊ သူမကြာခင် ပြန်လာလိမ့်မယ်"
မည်သို့ပင်ဆိုစေကာမူ သူ့ဆရာလှုပ်ရှားနေပြီဖြစ်လေရာ ကျန်းချောင်မြန့်က အဆင်ပြေသွားလေပြီ။
ဒါကိုကြားသောအခါ လျန်ဖုန်းကြက်သေသေသွားပြီးနောက် အံ့ဩစွာ ခေါင်းညိတ်သည်။
ဒီအချိန်မှာပင် ရှောင်ဟိုင်နှင့် ရှီရှန်းတို့ လျှောက်လာကြသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးဒီမှာ နေပြီး ဂိုဏ်းကိစ္စတွေကို ကိုင်တွယ်ရင်း ခနအနားယူလိုက်လေ၊ ကျွန်တော်တို့ အစ်မကြီးနဲ့ ညီလေးမုကို သွားကူညီလိုက်မယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ငါအနားယူပြီး ပြန်ကောင်းလာတဲ့အခါကျရင် ဂိုဏ်းကိစ္စတွေကို လျန်ဖုန်းနဲ့ ကျန်တဲ့သူတွေကို လွှဲပြောင်းပေးပြီး အမြန်ဆုံးပြန်လာမယ်"
လျန်ဖုန်းမျက်လုံးလိမ့်လိုက်မိသည်။
မင်းအသံက အရင်က ဒီဂိုဏ်းကို မင်းကပဲ စီမံကိုင်တွယ်ခဲ့ဖူးသလိုပါလား!
.....
တခြားတစ်ဘက်တွင် ဟုန်ရင် နင်းချန်ရှင်း၊ မု၀မ်အာ၊ ကျောက်တုံးလေးနှင့် ဖန်ချန်းတို့ကို မုမိသားစုက ကိစ္စရပ်များကို အရင် ဖြေရှင်းရန်အတွက် ခေါ်သွားသည်။
မုမိသားစုခေါင်းဆောင် သူ့သမီး၏ လက်ရှိစွမ်းအားကို မြင်ရသောအခါ သူသက်ပြင်းချလိုက်မိသည်။
သူ့သမီး၏စွမ်းအားကို သူမမြင်နိုင်တော့ပါ။
သူ မု၀မ်အာကို လုချန်ရှန်းနောက်က လိုက်ပြီး သူ့တပည့်ဖြစ်လာခြင်းကနေ မတားဆီးမိခဲ့သည့်အပေါ် ၀မ်းသာမိသည်။
ထို့နောက် သူတို့က ပညာသင်ခန်းမနှင့် တိမ်ဖီးနစ်အင်ပါယာကို ကိုင်တွယ်ရန်အတွက် သွားကြသည်။
ဂိုဏ်းနှစ်ဂိုဏ်းကဆက်နွှယ်နေပြီဖြစ်သဖြင့် အတူတကွ ကယ်တင်၍ရပေသည်။
သူတို့ခွန်အားက သေမင်းဝိဉာဉ်နန်းတော်က နတ်ဘုရင်နယ်ပယ် ကျင့်ကြံသူများနှင့် မကြုံတွေ့ရသရွေ့ သူတို့ကိုဘာမှမလုပ်နိုင်ပေ။
.....
ဟွမ်ချင်းနှင့် လျိုကျိယုတို့ကမူ မုဖူရှန်းနောက်မှ လိုက်သွားကြသည်။
လုချန်ရှန်း၏ စုံစမ်းစစ်ဆေးမှုအရ နတ်ဘုရင်နယ်ပယ်ကျွမ်းကျင်သူအားလုံးနီးပါးက အကန့်အသတ်မဲ့နယ်မြေတွင် စုစည်းနေကြသည်။
သို့စေကာမူ သူတို့နှစ်ယောက်၏ အကူအညီနှင့်ဆိုပါက ဘာပြဿာနာမှ ရှိလာမည်မဟုတ်။
ယခုလောလောဆယ်၌ လုချန်ရှန်း လျှို့ဝှက်တာအိုကျောင်းတော်အထက်က ကောင်းကင်၌ ပျံသန်းနေသည်။
ဒီနေရာက လူရိုင်းဒေသတစ်ခုလုံး၏ ဗဟိုချက်ပမာဖြစ်လာခဲ့ပြီး ဂိုဏ်းတိုင်းက လျှို့ဝှက်တာအိုကျောင်းတော်တွင် စုစည်းနေကြသည်။
လျှို့ဝှက်တာအိုကျောင်းတော်ကို ဒီနေရာ၏ ဗဟိုချက်အဖြစ် တည်ဆောက်ထားခြင်းပင်။
လုချန်ရှန်း သူ့အော်ရာကို လုံး၀မဖုံးကွယ်ထားသဖြင့် လူတိုင်းနီးပါးက သူ့တည်ရှိမီာကို ခံစားမိကြသည်။
"သူပြန်လာပြီ...."
"လူရိုင်းဒေသက နောက်ဆုံးတော့ ကယ်တင်ခံရပြီ"
ဒီတဒင်္ဂတွင် လုချန်ရှန်း အောက်က အရာတိုင်းကို ငုံ့ကြည့်လိုက်စဉ် အားလုံးက လုံး၀ဖျက်ဆီးခံထားရသည်။
သူရင်းနှီးကျွမ်း၀င်နေသည့် အရာတိုင်းက ပြိုကွဲပျက်စီးနေပြီဖြစ်ကာ ကျိုးပဲ့နေသည့် နံရံများက သွေးများနှင့်ဖုံးနေပြီး ဆန္ဒမရှိတာကို ဖော်ပြနေသည်။
ဒီမြင်ကွင်းက သူတို့အညံ့ခံရန်ကို ငြင်းဆန်ကာ အသက်များကို ဆော့ကစားနေရသည့်တိုင် ခုခံနေခဲ့သည့်မြင်ကွင်းများပင်။
လုချန်ရှန်းမျက်လုံးထဲတွင် ဒီမြင်ကွင်းများက ဆက်လက်လင်း၀င်းလာသည်။
ဒီနေရာတွင် လုချန်ရှန်း၏ မျက်နှာက မည်းမှောင်သွားပြီး လက်ထဲက အကြွင်းအကျန်ဝိဉာဉ်ကို ထုတ်ယူလိုက်၏။
သူတစ်ဦးချင်းစီရှာရန်အတွက် အစီအစဉ်မရှိပါ။
သူတို့ကို တစ်ဦးချင်းရှာနေရမည့်အစား နေရာတိုင်းကနေ ခေါ်နိုင်လောက်သည်။
လုချန်ရှန်းဒီအတိုင်းပင် လုပ်ခဲ့ပြီး အကြွင်းအကျန်ဝိဉာဉ်ပေါ်၌ အထူးချိပ်စည်းတစ်ခုကို သုံးပြီး သေမင်းဝိဉာဉ်နန်းတော်၏ အသိစိတ်နှင့် ဆက်သွယ်လိုက်သည်။
"မင်းတို့ အဆင့်နိမ့်ကြယ်နယ်မြေကို အုပ်ချုပ်ချင်ကြတာမလား၊ ငါ့ကို သတ်နိုင်သရွေ့ မင်းတို့အောင်မြင်သွားပြီ၊ ငါမင်းတို့ကို ဒီနေရာမှာ စောင့်နေမယ်"
ဒီအချိန်တွင် လုချန်ရှန်း နောက်ထပ် အရင်ကကဲ့သို့ သတိထားခြင်းမရှိတော့။
ဒေါသက သူ့ကို သတိထားမှုနည်းသွားစေပြီး အနည်းဆုံးတော့ ဒီတစ်ကြိမ် သူအရာအားလုံးကို လုပ်ဆောင်ရပေမည်။
သို့စေကာမူ သူသိသောအရာတစ်ခုရှိသည်။
သေမင်းဝိဉာဉ်နန်းတော်၏ ခွန်အားနှင့် သူ့အခြေအနေကို လှုပ်ယမ်းရန်ဟူသည် မဖြစ်နိုင်ပေ။
တကယ်တမ်းတွင် ကြီးစိုးရိမ်အတွက် မဟာအစီအစဉ်တစ်ချို့နှင့် တိတ်တိတ်ပုန်းနေပြီး နှစ်သောင်းချီကြာအောင် ပြပွဲတစ်ခုကို လုပ်နေသော မွန်းစတားတစ်ဦးတော့ ရှိနိုင်လောက်သည်။
လုချန်ရှန်းတွင်လည်း ဝှက်ဖဲများစွာရှိသည်။
ဥပမာအားဖြင့် နတ်ဘုရားသတ်ဓားအစီအရင်ဖြစ်သည်။
နောက်ထပ်ဥပမာတစ်ခုက သူအချိန်အတန်ကြာ မသုံးခဲ့သော ကိုးသွယ်မြေအောက်အစီအရင်ဖြစ်သည်။
အနည်းဆုံးတော့ ဒါတွေက မွန်းစတားအိုကို ကိုင်တွယ်ဖို့အတွက် လုံလောက်တာထက် ပိုနေပြီမလား!
ဒါပေမယ့် ငါနှစ်တစ်သန်းကြာကျင့်ကြံခြင်းကို အသုံးပြုရဦးမယ်!
လုချန်ရှန်း ရုတ်တရက် အနည်းငယ် ခေါင်းကိုက်လာသလို ခံစားလိုက်ရသည်။
အပိုင်း(941) coming။