← Chapters

#‌မင်းတို့နန်းတော်သခင် မင်းတို့ကိုမပြောခဲ့ဘူးလား#

Vol. 67 Ch. 941

#‌မင်းတို့နန်းတော်သခင် မင်းတို့ကိုမပြောခဲ့ဘူးလား#

Vol. 67 Ch. 941

ယခုအချိန်တွင် နယ်နိမိတ်မဲ့ကမ္ဘာ၌ နတ်ဘုရင်နယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦးသာ ကျန်နေခဲ့သည်။ 

သူတို့ကလက်ပိုက်ပြီး အဆက်မပြတ် ခုခံနေကြသည့် အောက်ကလူများအား နှာခေါင်းရှုံ့သည်။ 

ပုရွက်ဆိတ်များက ခုခံနေဆဲပင်။ 

ထိုသူများက သေဆုံးရမည်ဆိုလျှင်ပင် အော်ဟစ်ကာ ရှေ့သို့တက်လာပြီး ၀မ်းနည်းဖွယ်ရာ သေဆုံးကြရသည်။ 

သူတို့အမြင်အရ ဒါကအခုအချိန်တွင် တစ်ခုတည်းသော ပျော်စရာဖြစ်သည်။ 

ဒါက ပုရွက်ဆိတ်လေးများ တစ်ကောင်ပြီးတစ်ကောင် သေဆုံးပြီး သူတို့ဝိဉာဉ်စွမ်းအားများ စုပ်ယူခံနေရတာကို ကြည့်ရှုခြင်းပင်။ 

ချက်ချင်းဆိုသလို အနက်၀တ်လူတစ်ယောက် နှာခေါင်းရှုံ့သည်။ 

"ခုခံတာကို လက်လျှော့ဖို့အတွက် အချိန်ကျပြီ၊ ဒီလိုသာဆက်ဖြစ်နေမယ်ဆိုရင် မင်းရဲ့ နယ်နိမိတ်မဲ့ကမ္ဘာက ပုရွက်ဆိတ်အားလုံး သေဆုံးရလိမ့်မယ်"

မုကျန်းထင် ဒီမြင်ကွင်းကို ပြတ်သားသည့် အမူအရာဖြင့် ကြည့်နေပြီး သူ့မျက်လုံးများက ပူဆွေးမှုနှင့် ပြည့်နှက်နေသည်။ 

ဒီစကားလုံးများကို ကြားပြီးနောက် သူအော်ဟစ်လိုက်သည်။ 

"နယ်နိမိတ်မဲ့ကမ္ဘာက အညံ့ခံမယ့်အစား သေပဲသေလိုက်မယ်"

"အဲဒီလူပြန်လာတဲ့အခါကျရင် မင်းတို့သေရမယ့်အချိန် ရောက်လာလိမ့်မယ်"

အို!

အနက်၀တ်အမျိုးသမီးတစ်ဦး ဒါကို ကြားသောအခါ သိချင်နေသည့် အမူအရာတစ်ခုကို ပြသလိုက်သည်။ 

"ဒီလိုပုရွက်ဆိတ်တွေနေတဲ့ နေရာမျိုးမှာ ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ လူတစ်ယောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ၊ ဘယ်လိုဟာသလဲ"

သို့စေကာမူ သူမစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် တည်ငြိမ်နေသည့်တိုင် ဒေါသနှင့် ပြည့်နှက်နေသည့် မိုးကြိုးကဲ့သို့ အသံတစ်သံက သူတို့အသိစိတ်ပင်လယ်ထဲ ၀င်ရောက်လာခဲ့သည်။ 

"မင်းတို့ အဆင့်နိမ့်ကြယ်နယ်မြေကို အုပ်ချုပ်ချင်ကြတာမလား၊ ငါ့ကို သတ်နိုင်သရွေ့ မင်းတို့အောင်မြင်သွားပြီ၊ ငါမင်းတို့ကို ဒီနေရာမှာ စောင့်နေမယ်"

ဒီအသံက သူတို့အသိစိတ်ထဲကိုပင် ၀င်လာခဲ့လေရာ နှစ်ယောက်စလုံး အံ့ဩသင့်သွားကြ၏။ 

ဒီလိုနေရာမျိုးတွင် နတ်ဝိဉာဉ်အသံပို့လွှတ်ခြင်းကို အသုံးပြုနိုင်သည့်လူတစ်ယောက် အမှန်တကယ် ရှိနေသည်လား။ 

ဒါ့အပြင် ဒီနတ်ဝိဉာဉ်အသံပို့လွှတ်ခြင်းက သာမန်နတ်ဝိဉာဉ်အသံပို့လွှတ်ခြင်းမဟုတ်ပေ။ 

သာမန်အခြေအနေများတွင် ရင်းနှီးနေသော အခြေအနေရပ်များအောက်၌ နတ်ဝိဉာဉ်အသံပို့လွှတ်ခြင်းကို အောင်မြင်စွာသုံးတာက သူတို့အတွက် မထူးဆန်းပါ။ 

သို့သော် သူတို့တစ်ခါမှ မတွေ့ဆုံဖူးသည့်နေရာမျိုးတွင် သူတို့၌ ဝိဉာဉ်များကို ကာကွယ်ရန်အတွက် အကာအကွယ်များရှိသည်။ 

ဒါ့အပြင် သေမင်းဝိဉာဉ်နန်းတော်တွင် ဝိဉာဉ်အတွက် အထူးကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်သည်။ 

ထို့ကြောင့် ဒီအဆင့်ကိုရောက်နိုင်သောသူက သာမန်လူဖြစ်မည်မဟုတ်။ 

"ကြည့်ရတာ ဒီလူရိုင်းဒေသမှာ ငါတို့နဲ့ တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီတဲ့လူတွေ တကယ်ရှိနေပုံပဲ"

အနက်၀တ်လူနှာခေါင်းရှုံ့ရင်း လက်အစုံကို ဖြန့်လိုက်သည်။ 

အမျိုးသမီးက ရယ်မောသည်။ 

"သူဒီလိုပြောလာမှတော့ တစ်ချက်သွားကြည့်ကြရအောင်၊ ဒီလိုသာဆိုရင် ငါတို့အတွက် အချိန်အများကြီး သက်သာသွားတာပေါ့"

"ဒီလူက အဲဒီပုရွက်ဆိတ်ဘုရင်ပြောနေတဲ့ လူဖြစ်လောက်တယ်"

ထိုလူကသာမန်လူတစ်ယောက် မဟုတ်သော်လည်း ဝိဉာဉ်နှင့် ဒီအတိုင်းအတာအထိ ဆက်သွယ်ရန် အထူးနည်းလမ်းတစ်ချို့ကို သုံးတာလည်းဖြစ်နိုင်သည်။ 

နတ်ဘုရင်နယ်ပယ်အထွတ်အထိပ်အဆင့်များဖြစ်ကြသည့် သူတို့အတွက် တစ်ဘက်လူက နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက် မဟုတ်သရွေ့ အဆင်ပြေပါသည်။ 

နတ်အင်ပါယာနယ်ပယ်ဆိုမှသာ သူတို့လုပ်ဆောင်ရန်အတွက် ကြောက်ကြပေလိမ့်မည်။ 

နတ်သခင်နယ်ပယ်အတွက်မူ နတ်သခင်နယ်ပယ်ကျွမ်းကျင်သူတစ်ယောက်တွင် သူတို့ကိစ္စရပ်များ၌ ၀င်ရောက်စွက်ဖက်ရန်အတွက် ဘယ်လိုလုပ် အချိန်ရှိမည်နည်း။ 

သူတို့က အဆင့်နိမ့်ကြယ်နယ်မြေကို ကြည့်ချင်စိတ်ပင် ရှိမည်မဟုတ်။ 

နှစ်ယောက်စလုံး ချက်ချင်းပျောက်ကွယ်သွားကြ၏။ 

ဒါက မုကျန်းထင်ကို ကြက်သေသေသွားစေသည်။ 

သူတို့ဘာလို့ထွက်သွားကြရတာလဲ!

ငါ့စကားလုံးတွေကို သူတို့ကြောက်လို့များလား!

ဒါကသေချာပေါက် မဖြစ်နိုင်ဘူးလေ!

.....

ဒီအခိုက်အတန့်၌ လူရိုင်းဒေသတွင် ဒီအရာများအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်ရှန်း တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ 

ယခုတွင်မူ လူရိုင်းဒေသ၏ ခြိမ်းခြောက်မှုကို စံအိမ်တော်က လုံး၀ဖယ်ရှားပစ်ခဲ့လေပြီ။ 

ကျန်သောသူများက လုချန်ရှန်းကို ကြည့်နေကြသည်။ 

လုချန်ရှန်းက ပတ်ပတ်လည်လေဟာနယ်၌ တစ်ခုခုကိုစီစဉ်နေပြီး ထို့ထဲတွင် ဓားများ၊ အစီအရင်များနှင့် အဆောင်များပါ၀င်သည်။ 

သူတို့ဒါကို လုံး၀နားမလည်နိုင်ကြပေ။ 

အမွေးတိုင်တစ်တိုင်စာခန့်အကြာတွင် ကောင်းကင်က ရုတ်တရက် မှောင်မိုက်သွားသည်။ 

မရေမတွက်နိုင်လောက်သည့် လက်စားချေလိုသော ဝိဉာဉ်များက မြည်ဟီးကြလေရာ ဒါက လူတိုင်း၏အမူအရာများကို ဖြူရော်သွားစေသည်။ 

သူတို့အရင်က ဒီမြင်ကွင်းကိုမြင်ဖူးသည်။ 

ဒါက ထိုလူများ လူရိုင်းဒေသကို ကျူးကျော်၀င်ရောက်စဉ်က မြင်ကွင်းပင်။ 

လုချန်ရှန်းကလည်း လက်ကိုဝှေ့ယမ်းရင်း သူပြင်ဆင်ထားသည့်အရာများကို ဖုံးကွယ်ထားလိုက်သည်။ 

ဤသည်က အလစ်သုတ်တိုက်ခိုက်မှု၏ သက်ရောက်မှုကို အောင်မြင်နိုင်သည်သာမက ပိုအရေးကြီးတာက တစ်ဘက်လူက သူ့စီစဉ်မှုများကို ရှာတွေ့သွားနိုင်ပါက ဒါက တစ်ဘက်လူ၏ ခွန်အားက အနည်းဆုံးတော့ သူ့ထက်အားမနည်းဟု ဆိုလိုနေခြင်းပင်။။

ထိုအချိန်တွင် သူ ကိုးသွယ်မြေအောက်အစီအရင်ကို အသက်သွင်းရန်အတွက် ပြင်ဆင်ရပေတော့မည်။ 

အကယ်၍ ရှာမတွေ့သွားခဲ့ပါက ဒါက တစ်ဘက်လူက ပုရွက်ဆိတ်လေးနှစ်ကောင်ဟုသာ ဆိုလိုနေခြင်းဖြစ်သည်။ 

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လုချန်ရှန်းရှေ့တွင် ဆင်းသက်လာသည်။ 

လုချန်ရှန်းကိုကြည့်ရင်း အနက်၀တ်လူ သိချင်စိတ်ဖြင့်ပြောသည်။ 

"မင်းက မရင်းနှီးတဲ့လူတစ်ယောက်ပဲ၊ မင်းငါတို့ဆီမှာ အသံပို့လွှတ်နိုင်တာဆိုတော့ မင်းက အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရမယ်၊ ဒီတော့ မင်းအရင်က အဆင့်မြင့်ကြယ်နယ်မြေကို ရောက်ဖူးမှာပေါ့"

အနက်၀တ်အမျိုးသမီးက  လေးနက်သည့်အမူအရာဖြင့် ပြောသည်။ 

"တစ်ခုခုမှားနေပြီ"

လုချန်ရှန်း ရုတ်တရက် အနက်ရောင်၀တ်စုံ ၀တ်ဆင်ထားသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ 

မဖြစ်နိုင်တာ!

ဒါကိုတကယ်ပဲရှာတွေ့သွားတာလား!

ဒါဆိုရင်တော့ အရာတွေက ထိန်းချုပ်မှုက လွတ်သွားပြီ!

အနက်၀တ်လူခေါင်းလှည့်ကာ မေးသည်။ 

"ဘာမှားနေတာလဲ"

"သူတို့အော်ရာတွေအားလုံး ပျောက်ကွယ်သွားပြီ"

အနက်၀တ်အမျိုးသမီး၏ စကားလုံးများကို ကြားသောအခါ အနက်၀တ်လူ၏ အမူအရာက လေးနက်သွားပြီးနောက် အာရုံခံကြည့်လိုက်စဉ် သူ့အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။ 

လုံး၀ပျောက်ကွယ်သွားတာက သူတို့ရုပ်သေးများ၏ အော်ရာများသာမက သူ့တို့အဖော်နှစ်ယောက်၏ အော်ရာပင်လျှင် ကမ္ဘာကြီးထဲတွင် ဘယ်တော့မှ မပေါ်လာခဲ့သည့်အလား ခြေရာမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။ 

သို့စေကာမူ ဒီလူနှစ်ယောက်က လူရိုင်းဒေသတွင်ရှိနေတာကို သူတို့သိကြသည်။ 

အဆင့်နိမ့်ကြယ်နယ်မြေတစ်ခုလုံးတွင် အကန့်အသတ်မဲ့ဒေသနှင့် လူရိုင်းဒေသတို့ကသာ အညံ့မခံကြသေးပါ။ 

"မင်းဘာလုပ်လိုက်တာလဲ" အနက်၀တ်လူက လုချန်ရှန်းအား လေးနက်သည့် အမူအရာဖြင့် ကြည့်လိုက်သည်။ 

သူတို့စကားများကို ကြားသောအခါ လုချန်ရှန်းကျယ်လောင်စွာ ရယ်မောလိုက်သည်။ 

ကောင်းတယ်၊ ကောင်းတယ်!

ကြည့်ရတာ သူတို့ရှာမတွေ့သွားပုံပဲ!

သတိပေးချက်အတုပဲ၊ ဟမ့်!

"နင်ဘာကိုရယ်နေတာလဲ" အနက်၀တ် အမျိုးသမီးအော်ဟစ်သည်။ 

"နင်တကယ်ပဲ ဘာလုပ်ခဲ့တာလဲ"

"ငါဘာလုပ်ခဲ့တာလဲ" လုချန်ရှန်းပြန်ဖြေသည်။ 

"အဖြေက သိသာမနေဘူးလား"

လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ သူတို့၏နှလုံးများက အောက်ခြေအထိ နစ်မြှုပ်သွားကြ၏။ 

ဒီ၀တ်စုံဖြူနှင့်လူက အမှန်တကယ် ဘာလုပ်ခဲ့လေသနည်း။ 

လုချန်ရှန်းနောက်ထပ်အချိန်မဖြုန်းတီးချင်တော့။ 

စစ်မြေပြင်တွင် အချိန်ဆွဲခြင်းက စစ်ရေးနည်းဗျူဟာပညာရှင်များအတွက် မဟာတားမြစ်ချက်တစ်ခုပင်။ 

"မင်းတို့မသိဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး၊ မကြာခင်အချင်းချင်းဆုံကြရမှာပဲလေ၊ အိုး....ဒါမမှန်ဘူး"

လုချန်ရှန်းပြောသည်။ 

"သူတို့ဝိဉာဉ်က ဖျက်ဆီးခံလိုက်ရပြီဆိုတော့ မင်းတို့ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး"

သူတို့နှစ်ယောက်စလုံး ငြိမ်ငြိမ်လေးထိုင်မနေနိုင်တော့ပေ။ သူတို့၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားကြပြီး အရင်ဆုံး ကျောက်စိမ်းဆွဲသီးတစ်ခုကိုပစ်ပြီး လုချန်ရှန်းကို အစွမ်းကုန် ချက်ချင်း တိုက်ခိုက်ကြသည်။ 

လုချန်ရှန်းဒါကိုမြင်သော်လည်း မြေပေါ်၌ အမြစ်တွယ်နေသည့်ပမာ ရပ်နေပြီး သူ့လက်ချောင်းများက အနည်းငယ် လှုပ်ရှားသွားခဲ့ကြသည်။ 

ရုတ်ချည်းဆိုသလို ဓားအများအပြားက သူတို့နှစ်ယောက်ပတ်လည်၌ ပေါ်လာပြီး ဓားထိပ်များက သူတို့အားညွှန်ပြနေစဉ် အော်ရာက ထိုးတက်လာသည်။ 

မိုးနှင့်မြေကို ဖျက်ဆီးနိုင်သည့် အော်ရာအမျှင်စများက ၀င်ရောက်လာပြန်သည်။ 

အောက်ကလူများ၏ အကြည့်အောက်တွင် သူတို့ ဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေကြသည်။ 

ဒီဓားအစီအရင်ကို သုံးပါက လူရိုင်းဒေသတစ်ခုလုံးပင်လျှင် ဖျက်ဆီးခံရနိုင်လောက်သည်။ 

သူတို့၏အမူအရာများက သိသိသာသာပင် ပြောင်းလဲသွားကြပြီး ဒီအော်ရာကို ခုခံရန်အတွက် ယုံကြည်မှုမရှိပေ။ 

"ဒီဓားအစီအရင်ကဘာလဲ"

"မင်းကတကယ်ပဲ ဘယ်သူလဲ"

လုချန်ရှန်းတစ်ခဏမျှ တွေးလိုက်သည်။ 

"မင်းတို့နန်းတော်သခင် မင်းတို့ကို နတ်ဘုရားသတ်ဓားအစီအရင်အကြောင်း မပြောထားဘူးလား"

သေမင်းဝိဉာဉ်နန်းတော်သခင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ပေါ်လာရန်အတွက် ဝိဉာဉ်ကိုသုံးခဲ့စဉ်က ဒီဓားအစီအရင်ကို စမ်းကြည့်ဖူးသည်။ 

လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ သူတို့အမူအရာများက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ 

တစ်ဘက်လူက သူတို့နန်းတော်သခင်ကို သိနေသည့်တိုင် သူ့သဘောထားက အတော်လေး တည်ငြိမ်နေသည်။ 

ဒါက တစ်ဘက်လူက အနည်းဆုံးတော့ သေမင်းဝိဉာဉ်နန်းတော်သခင်နှင့် တန်းတူအဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်ဟု ဆိုလိုနေခြင်းပင်။ 

ဒီအခိုက်အတန့်မှာပင် ကျောက်စိမ်းဆွဲသီးက ရုတ်တရက်ပေါက်ကွဲသွားပြီး လေဟာနယ်ထဲတွင် အာကာသတယ်လီပို့အစီအရင်တစ်ခု ပေါ်လာခဲ့သည်။ 

အပိုင်း(942) coming။ 

All Chapters