← Chapters

#‌ဝိဉာဉ်အရှင်သခင်ရောက်လာခြင်း#

Vol. 67 Ch. 942

#‌ဝိဉာဉ်အရှင်သခင်ရောက်လာခြင်း#

Vol. 67 Ch. 942

လူသေများ၏ဝိဉာဉ်များက မုန်တိုင်းတစ်စင်းပမာ မြေပြင်ကို ဖြတ်သန်းကာ အော်ဟစ်နေကြ၏။

မူလက နက်မှောင်နေသည့် ကောင်းကင်က ပို၍ပင် မှောင်မိုက်လာပြီး မြေကြီးက တုန်ခါကာ အက်ကွဲလာသည်။ 

လူရိုင်းဒေသက မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများက ကောင်းကင်က ဝိဉာဥ်မုန်တိုင်းကို ကြည့်ရင်း ရုတ်ချည်းဆိုသလို သူတို့စိတ်များ ဗလာကျင်းသွားသည့်ပမာ ခံစားလိုက်ရသည်။ 

လုချန်ရှန်း၏ အချိန်မီကာကွယ်ပေးမှာကြောင့်သာ သူတို့ပြန်လည်တည်ငြိမ်အောင် လုပ်နိုင်ခဲ့ပြီး သူတို့၏ဝိဉာဉ်များက ဝိဉာဉ်မုန်တိုင်းကြောင့် စုပ်ယူမခံခဲ့ရပေ။ 

လုချန်ရှန်း ကျောက်စိမ်းဆွဲသီးကို ကြည့်လိုက်စဉ် အာကာသတယ်လီပို့အစီအရင်တစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အော်ရာအားလုံးက အာကာသတယ်လီပို့အစီအရင်ကနေ ထွက်လာသည်။ 

ဒါကိုမြင်သောအခါ အနက်၀တ်အမျိုးသားနှင့် အမျိုးသမီးတို့က တိုက်ခိုက်နေတာကို ရပ်လိုက်ကြသည်။ 

နတ်ဘုရားသတ်ဓားအစီအရင်ကို ရင်ဆိုင်ရပါက သူတို့တွင် ခုခံရန်အတွက် နေရာမရှိတာကို သူတို့ကောင်းကောင်းနားလည်ကြသည်။ 

ဒီကျောက်စိမ်းဆွဲသီးတွင် သေမင်းဝိဉာဉ်နန်းတော်သို့ ဦးတည်ထားသည့် အာကာသတယ်လီပို့အစီအရင်တစ်ခုရှိသည်။ 

တယ်လီပို့အစီအရင်ကနေ အနက်၀တ်လူတစ်ယောက်ထွက်လာသည်။ 

ဒါကိုမြင်သောအခါ အနက်၀တ်အမျိုးသားနှင့် အမျိုးသမီးတို့က ချက်ချင်းဒူးထောက်လိုက်ကြပြီး ခေါင်းငုံ့ကာ လေးစားစွာ ပြောလိုက်ကြ၏။ 

"ဝိဉာဉ်အရှင်သခင်ကို နှုတ်ဆက်ပါတယ်"

ဝိဉာဉ်အရှင်သခင်က အတော်လေးအရပ်ရှည်ပုံရသည်။ 

သို့စေကာမူ ဖြူရော်ကာ ပါးလွှာသည့် မျက်နှာကိုကြည့်ပြီး ဒီကျယ်ပြောသည့် အနက်ရောင်၀တ်ရုံအောက်တွင် အလွန်ပင် ပိန်လှီသည့်လူတစ်ယောက် ပုန်းနေတာကိုမြင်နိုင်သည်။ 

လုချန်ရှန်း ဝိဉာဉ်အရှင်သခင်ကို မြင်သောအခါ လွှတ်ခနဲပြောလိုက်မိသည်။ 

"ခင်ဗျား ကျောက်ကပ်ရတနာတစ်ပုလင်း လိုချင်လား"

ဝိဉာဉ်အရှင်သခင် အနည်းငယ်မျက်မှောင်ကြုတ်သည်။ 

ကျောက်ကပ်ရတနာ!

အဲဒါကဘာလဲ!

လုချန်ရှန်းလက်ဝှေ့ယမ်းသည်။ 

"ဒါကိုစိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး"

ဝိဉာဉ်အရှင်သခင် တယ်လီပို့အစီအရင်ထဲက ထွက်လာသောအခါ သူ့အော်ရာကို မထုတ်လွှတ်ထားသည့်တိုင် အောက်က ကျင့်ကြံသူများကို အသက်ရှူကျပ်သလို ခံစားရစေသည်။ 

သူတို့လှမ်းကြည့်ရုံမျှနှင့် သူတို့ဝိဉာဉ်များက စုပ်ယူခံလိုက်ရသည့်အလားပင်။ ခုခံရန်အတွက် အခွင့်အရေးဟူ၍ လုံးဝမရှိဘဲ ဒီလိုလူကို ရင်ဆိုင်ရသောအခါ သူတို့က ပုရွက်ဆိတ်များနှင့်တူသည်။ 

ဒီလူက ကျူးကျော်သူအုပ်စုရဲ့နောက်ကွယ်က ဉာဏ်ကြီးရှင်လား!

ဒီလိုခွန်အားမျိုးကို ငါတို့ခုခံနိုင်တာ တကယ်ပဲ သေချာလို့လား!

ဝိဉာဥ်အရှင်သခင်ကို မြင်လိုက်ရသည့် အခိုက်အတန့်၌ လူတိုင်း၏နှလုံးသားက စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေကြ၏။ 

သူတောင်မနိုင်နိုင်လောက်ဘူးလား!

ဒီအချိန်မှာပင် ဝိဉာဉ်အရှင်သခင် ပတ်၀န်းကျင်ကို အာရုံခံကြည့်သည်။ 

နတ်ဘုရားသတ်ဓားအစီအရင်ကို မြင်သော အခိုက်အတန့်၌ ဝိဉာဉ်အရှင်သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ 

ဒီအော်ရာနှင့် သူအတော်လေးရင်းနှီးသည်။ 

အရင်က သူ့ဝိဉာဉ်ကိုယ်ပွားအမျှင်စတစ်ခုက နတ်ဘုရားသတ်ဓားအစီအရင်ကြောင့် ပျက်စီးသွားခဲ့ရသည်။ 

"မင်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူလား"

အရင်က ထိုလူက သူ့နာမည်ကို အမှောင်ပိုင်နက်က လျိုကျိယုဟုပင် လိမ်ခဲ့သည်။ 

လုချန်ရှန်းခေါင်းညိတ်သည်။ 

ယခုအချိန်တွင် လုချန်ရှန်း၌ ဘာကိုမှ ဖုံးကွယ်ထားရန်အတွက် ရည်ရွယ်ချက်မရှိပါ။ 

အဘယ်ကြောင့်ဆိုသော် ဒီကျူးကျော်သူများကို သတ်ပြီးနောက် တခြားဘယ်သူ့ကိုမှ မသိစေဘဲ သေမင်းဝိဉာဉ်နန်းတော်ကို လုံး၀ဘယ်လိုဖျက်ဆီးပစ်ရမလဲဆိုတာကို သူစိုးရိမ်နေသောကြောင့်ပင်။ 

ဟောင်တျန်းဂိုဏ်းကို လှုပ်ရှားဖို့ ပြောရမလား၊ ဒါမှမဟုတ် ငါကိုယ်တိုင်သွားသင့်လား!

ဝိဉာဉ်အရှင်သခင်က ကိုယ်တိုင်ရောက်လာပြီး သူ့ကို အာကာသတယ်လီပို့အစီအရင်တစ်ခုပင် ပေးခဲ့သည်။ 

ဒါက ကောင်းကင်ဘုံက လမ်းဖွင့်ပေးသည့် အခွင့်အရေးတစ်ခုပေတည်း။ 

ဝိဉာဉ်အရှင်သခင် သူ့၀န်းကျင်က ဓားကိုးလက်ကို ကြည့်လိုက်သည်။ 

ဓားတိုင်းက ကမ္ဘာကြီးထဲက အရှုပ်ထွေးဆုံးနှင့် အစွမ်းထက်နိယာမစွမ်းအားနှင့် ပြည့်နှက်နေသည့်အပြင် ပရမ်းပတာအစကတည်းက တည်ရှိခဲ့ပေသည်။ 

သူ့အမူအရာက အလွန်အမင်း လေးလံသွားသည်။ 

ထိုအချိန်က သူကဝိဉာဉ်ကိုယ်ပွားတစ်ခုသာ ဖြစ်သဖြင့် ဒီနတ်ဘုရားသတ်ဓားအစီအရင်ကို မခုခံနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ 

သို့သော် သူ့ပင်မခန္ဓာက ဒီကမ္ဘာပေါ်သို့ ဆင်းသက်လာပြီး အနီးကပ်ထပ်မံ အာရုံခံပြီးနောက်တွင် သူမမြင်နိုင်သေးတာကို သဘောပေါက်သွားသည်။ 

"မင်းကတကယ်ပဲ ဘယ်သူလဲ"

ဝိဉာဉ်အရှင်သခင် လေးနက်သည့် အမူအရာဖြင့် မေးသည်။ 

"မင်းခွန်အားနဲ့ဆိုရင် ဒီကျက်တီးကုန်းမြေနဲ့ ကိုက်ညီအောင် လုပ်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး၊ ဒီနေရာက အရာတွေက မင်းလို ကျွမ်းကျင်သူတစ်ယောက်ရဲ့ မွေးဖွားမှုကို မခံနိုင်ဘူး"

လုချန်ရှန်းပြောသည်။ 

"ကျုပ်နာမည်လုချန်ရှန်း"

လုချန်ရှန်း!

ဝိဉာဉ်အရှင်သခင်အနည်းငယ် အံ့ဩသင့်သွားသည်။ 

"မင်းနာမည်ကို ငါတစ်ခါမှ မကြားဖူးဘူး၊ ကြည့်ရတာ မင်းက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံပဲ၊ ဒီတော့ မင်းဘယ်ဂိုဏ်းက လာသလဲဆိုတာ ငါရှာဖွေမေးကြည့်ရတော့မှာပေါ့"

လုချန်ရှန်းပြောသည်။ 

"ခင်ဗျားနောက်မှ မေးနေစရာမလိုဘူး၊ ဘာလို့လဲဆိုတော့ ခင်ဗျားမှာ အခွင့်အရေး မရှိတော့ဘူးလေ"

လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ အားလုံးထိတ်လန့်သွားကြ၏။ 

ဝိဉာဉ်အရှင်သခင်၏ မျက်လုံးများကလည်း တဖြည်းဖြည်းမည်း‌မှောင်လာသည်။ သူ့တွင် မကောင်းသည့်ခံစားချက်တစ်ခု ရှိနေသော်လည်း သူမေးလိုက်သေးသည်။ 

"အခွင့်အရေးမရှိတော့ဘူး၊ မင်းဘာကို ဆိုလိုချင်တာလဲ"

သူဒါကိုအတည်ပြုချင်ပုံရသည်။ 

လုချန်ရှန်း၏လက်ချောင်းများက လေထဲတွင် ဦးတည်ရာမဲ့လှုပ်ရှားနေသည်။ 

သို့စေကာမူ လှုပ်ရှားမှုတိုင်းနှင့်အတူ နတ်ဘုရားသတ်ဓားအစီအရင်ထဲက ဓားကိုးလက်က ၎င်းတို့၏တည်နေရာများကို အနည်းငယ်စီ ပြောင်းပစ်ပြီး အလွန်အမင်း ကြောက်စရာကောင်းသည့် အော်ရာအမျှင်စများက ဆက်လက်စိမ့်ထွက်နေသည်။ 

လုချန်ရှန်းသက်ပြင်းချသည်။ 

"ကျုပ်သာ ကျုပ်နာမည်ကို ပြောခဲ့မယ်ဆိုရင် ဖြစ်နိုင်ချေနှစ်ခုတည်းပဲရှိတယ်"

အနက်၀တ်အမျိုးသားနှင့် အမျိုးသမီးတို့ကလည်း သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ကြ၏။ ဒီဖြစ်နိုင်ချေနှစ်ခုက ဘာတွေလဲဆိုတာ သူတို့လည်း သိချင်ကြသည်။ 

"ပထမတစ်ခု" လုချန်ရှန်းလက်ညိုးကို ဆန့်တန်းလိုက်စဉ် ဓားတစ်လက်က အနက်၀တ်လူအပေါ်၌ မြောလွင့်သွား၏။ သူဆက်ပြောသည်။ 

"ကျုပ်တပည့်လက်ခံတဲ့အခါ ဒါမှမဟုတ် ကျုပ်အတွက် ခြိမ်းခြောက်မှု လုံးဝမရှိတော့တဲ့အခါကျမှ နာမည်ကို ပြောတတ်တယ်"

ဒီဖြစ်စဉ်အတွင်း အနက်၀တ်လူက နတ်ဘုရားသတ်ဓားအစီအရင်ထဲက ဓားတစ်လက်ကြောင့် ပိတ်ဆို့ခံလိုက်ရသည်။ 

ပိတ်ဆို့ခံလိုက်ရသောအခါ အနက်၀တ်လူက ကြောက်လန့်နေသည့် အမူအရာတစ်ခုကို ပြသသည်။ သူ ကောင်းကင်ဘုံတာအိုက သူ့ကို သုတ်သင်ပစ်တော့မည့် ခံစားချက်ကို ခံစားရနေလေရာ ရုန်းကန်ချင်သော်လည်း အသုံးမ၀င်ပေ။ 

"ဒုတိယတစ်ခု" လုချန်ရှန်း လက်ခလယ်ကို မြှောက်လိုက်စဉ် နောက်ထပ် ဓားတစ်လက်က အနက်၀တ်အမျိုးသမီးအပေါ်သို့ ဆင်းသက်လာသည်။ 

"ကျုပ်ရှေ့ကရန်သူကို သတ်နိုင်ပြီး သူ့နောက်ကွယ်က အင်အားစုအားလုံးကို ဖျက်ဆီးနိုင်ပြီလို့ အတည်ပြုနိုင်တဲ့အခါကျမှ ကျုပ်နာမည်က လုချန်ရှန်းလို့ ပြောလေ့ရှိတယ်"

နောက်ဆုံးစကားလုံး ကျဆင်းလာသည်နှင့် ဓားနှစ်လက်က တစ်ချိန်တည်းတွင် ဆင်းသက်လာကာ အနက်၀တ်အမျိုးသားနှင့် အမျိုးသမီးခေါင်းပေါ်သို့ တိုက်ရိုက် ထိုးဖောက်သွား၏။ 

ဒီအချိန်တွင် အသက်ဓာတ်အားလုံး၊ ကံကြမ္မာတိုင်းနှင့် ဝိဉာဉ်စွမ်းအားအားလုံးက ဖြတ်တောက်ခံရပြီး အနက်၀တ်လူနှင့် အမျိုးသမီးတို့က အသက်ရှိနေသည့် လက္ခဏာမပြဘဲ ကောင်းကင်မှ ကျဆင်းလာကြသည်။ 

ဝိဉာဉ်အရှင်သခင်၏ အလွန်အမင်း ကြည့်ရဆိုးနေသည့် အကြည့်အောက်တွင် လုချန်ရှန်း ထပ်မံညွှန်ပြလိုက်စဉ် သူတို့၏ကိုယ်များက ကျဆင်းလာရင်း အလိုလိုလောင်ကျွမ်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အလောင်းများက ပျောက်ကွယ်သွားခဲ့သည်။ 

ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် လုချန်ရှန်းလက်အစုံကို သုတ်ပြီး ဝိဉာဉ်အရှင်သခင်ကို ထူးမခြားနားစွာကြည့်သည်။ 

"စိတ်မရှိပါနဲ့၊ ဒါက အကျင့်ဆိုးတစ်ခုမို့ပါ၊ ဒါလုပ်ပြီးနောက်မှာ ခန္ဓာကို မဖျက်ဆီးရရင် ကျုပ် စိတ်သက်သာရာမရလို့ပါ"

ဝိဉာဉ်အရှင်သခင် ဒေါသကို ဖုံးကွယ်ကာ ဖိနှိပ်လိုက်သည်။ 

"မင်းငါ့ကိုလည်း ဒီလိုလုပ်ချင်တာလား"

"တခြားဘာများထပ်လုပ်နိုင်သေးလို့လဲ" လုချန်ရှန်းရယ်မောသည်။ 

"ဒါက နည်းနည်းဈေးကြီးတယ် ထင်ရပေမယ့် ကျုပ်နာမည်ကိုသိရခြင်းရဲ့ အဖိုးအခတစ်ခုလို့ မှတ်ယူလိုက်ပါမယ်"

"ဘယ်သူနိုင်မလဲဆိုတာကို မသိရသေးပါဘူး၊ မင်းငါ့ကို သတ်နိုင်မယ်ဆိုတာ ဘယ်လိုလုပ် ဒီလောက်ထိ သေချာနေရတာလဲ"

"ကျုပ် တစ်ရာရာခိုင်နှုန်းမသေချာဘူးဆိုရင် ဒါကို မလုပ်ဘူး"

ဒီနေရာတွင် ယဲ့ချိုးပိုင် ကောင်းကင်သို့ လက်ညိုးထိုးလိုက်သည်။ 

ရုတ်ချည်းဆိုသလို နတ်ဘုရားသတ်ဓားအစီအရင်ထဲက ဓားကိုးလက်က စတင်လည်လာပြီး ဝိဉာဉ်အရှင်သခင်ကို တိုက်ရိုက်၀န်းရံပစ်သည်။ 

ဒီအော်ရာကို ခံစားမိသောအခါ ဝိဉာဉ်အရှင်သခင်၏ အမူအရာက အနည်းငယ် လေးနက်သွား၏။ သူ့လက်ပေါ်က အနက်ရောင်၀တ်ရုံက ရုတ်တရက်တုန်ခါသွားပြီး တစ္ဆေဟစ်ကြွေးသံတစ်သံက ကမ္ဘာကြီးအတွင်း ပဲ့တင်ထပ်လာခဲ့သည်။ 

ဧရာမဝိဉာဉ်စွမ်းအားတစ်ခုက ကောင်းကင်ပေါ် ထိုးတက်သွားပြီး သူတို့နှစ်ယောက်စလုံးကို လွှမ်းခြုံပစ်သည်။ 

ဝိဉာဉ်အရှင်သခင် ကောင်းကင်ပေါ်သို့ လွင့်မြောရင်း သူ့အနက်ရောင်၀တ်ရုံက လေမတိုက်သည့်တိုင် တလူလူလွင့်မြောနေသည်။ 

သူလုချန်ရှန်းအား ငုံ့ကြည့်သည်။ 

"သေမင်းဝိဉာဉ်ပိုင်နက်ကို ချိုးဖျက်နိုင်တဲ့အခါကျမှ မင်းဒါကိုထပ်ပြီး ပြောစမ်းပါ"

ပိုင်နက်ကို ချိုးဖျက်ရမယ်!

လုချန်ရှန်းလှည့်ကြည့်လိုက်သည်။ 

ဒါက နတ်ဘုရားသတ်ဓားအစီအရင်ကိုတောင် လိုအပ်ပုံမပေါ်ဘူးဘဲ!

ဒါကိုတွေးမိသောအခါ လုချန်ရှန်းပြုံးမိသည်။ 

သူ့မျက်လုံးများက ခရမ်းရွှေရောင်အလင်းနှင့်အတူ လင်း၀င်းသွား၏။ 

ကောင်းကင်အကဲခတ်မျက်လုံး!

အကြည့်တစ်ချက်တည်းနှင့် ပိုင်နက်၏ အားနည်းချက်ကို သူမြင်နိုင်သည်။ 

ထို့နောက် နတ်ဝိဉာဥ်တစ်ခုက သူ့မျက်ခုံးကြားတွင် သိပ်သည်းလာပြီး နတ်ဝိဉာဉ်ဓားတစ်လက်အဖြစ် ပြောင်းကာ ဒါကို ထိုးဖောက်ပစ်သည်။ 

ဝိဉာဉ်အရှင်သခင်၏ ကြက်သေသေကာ တုန်လှုပ်နေသည့် အမူအရာအောက်တွင် ဝိဉာဉ်ပိုင်နက်က တစ်ချက်တည်းနှင့် ပြိုကွဲသွားရသည်။ 

အပိုင်း(943) coming။ 

All Chapters