← Chapters

#‌သန့်စင်ခြင်း#

Vol. 67 Ch. 943

#‌သန့်စင်ခြင်း#

Vol. 67 Ch. 943

ဝိဉာဉ်ပိုင်နက်က အတော်လေးထူးခြားသည့် ပိုင်နက်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။ 

ဒါက ကြားခံတစ်ခုအဖြစ် အသုံးပြုရန်အတွက် အသုံးပြုသူ၏ ဝိဉာဉ်စွမ်းအားကို မှီခိုအားကိုးရပြီး စွမ်းအားက ယှဉ်၍ မရနိုင်လောက်အောင် ကြောက်စရာကောင်းသည်။ 

ပုံမှန်အားဖြင့် နယ်ပယ်တူက ကျွမ်းကျင်သူတိုင်းက ဝိဉာဉ်အရှင်သခင်ကို အတော်လေး သတိထားကြသည်။ 

သူတို့၏ဝိဉာဉ်ကိုသာ ဝိဉာဉ်ပိုင်နက်အတွင်း ဆုံးရှုံးသွားပါက သူတို့က အလွန်အမင်း အန္တရာယ်များသည့် အခြေအနေကို ကျရောက်သွားပေလိမ့်မည်။ 

ဝိဉာဉ်က တိုက်ရိုက်ဝါးမြိုခံရတာပင် ဖြစ်နိုင်သည်။ 

သို့စေကာမူ လုချန်ရှန်းကို ရင်ဆိုင်ရသောအခါတွင်မူ သူ့တွင်ရှိသင့်သည့် ကိုယ်ပိုင်စွမ်းအားကို သုံးခဲ့သည့်တိုင် လုချန်ရှန်း၏ အလွယ်တကူအနိုင်ယူခြင်းကို ခံရသည်။ 

ဝိဉာဉ်ပိုင်နက်ပြိုကွဲသွားသည်နှင့် တစ်ပြိုင်နက် ကမ္ဘာကြီးထဲက သေမင်းဝိဉာဉ်များက ဒီရေပမာ ဆုတ်ခွာသွားကြပြီး ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားကြ၏။ 

တစ်ချိန်တည်းမှာပင် ဝိဉာဉ်အရှင်သခင်၏ ဖြူရော်နေသော မျက်နှာက မကျန်းမမာဖြစ်နေသည့်ပမာ နီမြန်းသွားပြီး ပါးစပ်အပြည့် သွေးတစ်လုပ်အန်ကာ သူ့အော်ရာ စတင်တဖြည်းဖြည်းအားနည်းလာသည်။ 

လူရိုင်းဒေသကလူများက ဝိဉာဉ်အရှင်သခင်ကို ကြည့်ရင်း ထိတ်လန့်နေသည့် အမူအရာများကို ပြသကြသည်။ 

ဒီနတ်ဘုရားကဲ့သို့စွမ်းအားပင်လျှင် လုချန်ရှန်းရှေ့တွင် အကြည့်တစ်ချက်တည်းနှင့် ပြိုကွဲသွားနိုင်သည်။ 

ဒီလိုဆိုပါက လုချန်ရှန်း ဘယ်အဆင့်ကိုပင် ရောက်နေလေသနည်း။ 

ဒါကသူတို့အတွက် ပုံဖော်ကြည့်ရန် ခက်ခဲသည်။ 

သို့စေကာမူ ပုံဖော်ကြည့်ရန်မလို။ 

အနည်းဆုံးတော့ သူတို့သိတာက လုချန်ရှန်း လူရိုင်းဒေသနှင့် အဆင့်နိမ့်ကြယ်နယ်မြေကို သေချာပေါက် ကာကွယ်ပေးမည်သာ။ 

ပထမက သူတို့စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသော်လည်း ယခုတွင်မူ အချိန်အတန်ကြာ ဖိနှိပ်ထားခဲ့ရသည့် ခံစားချက်များက ဒီမြင်ကွင်းကြောင့် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ဆူနာမီလှိုင်းကဲ့သို့ အားပေးသံများထွက်လာသည်။ 

ဒီလူအုပ်စုက လူရိုင်းဒေသ၏ ထိပ်ဆုံးတွင် ရှိနေပြီဖြစ်သည့်တိုင် အချိန်အတန်ကြာ ဖိနှိပ်ခံရပြီးနောက် မျှော်လင့်ချက်ရောင်ခြည်ကို တွေ့သောအခါ သူတို့ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမည်နည်း။ 

ဝိဉာဉ်အရှင်သခင် လုချန်ရှန်းကို အထိတ်တလန့်ကြည့်ပြီး မေးသည်။ 

"ဒီအစွမ်းကို မင်းဘယ်က ရခဲ့တာလဲ"

လုချန်ရှန်းကအရမ်းအားကောင်းလေရာ သူ့အဖို့ လုချန်ရှန်းအား မသိရန်ဟူသည် မဖြစ်နိုင်ပေ။ 

"မင်းက ဝိဉာဉ်ပိုင်နက်ကို အကြည့်တစ်ချက်တည်းနဲ့ ချိုးဖျက်ပစ်နိုင်တယ်၊ နတ်အင်ပါယာနယ်ပယ် ကျွမ်းကျင်သူတစ်ယောက်တောင် ဒီလိုမလုပ်နိုင်ဘူး၊ မင်းက နတ်သခင်ခုနှစ်ယောက်ထဲကလည်း မဟုတ်ဘူး၊ မင်းကတကယ်ပဲ ဘယ်သူလဲ"

မည်သို့ပင်ဆိုစေကာမူ ဝိဉာဉ်အရှင်သခင်ကလည်း နတ်အင်ပါယာနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။ 

နတ်အင်ပါယာနယ်ပယ်အထက်က နတ်သခင်နယ်ပယ်တစ်ဦးကသာ ဝိဉာဉ်ပိုင်နက်ကို တစ်ချက်ကြည့်ရုံနှင့် ဖြိုခွဲနိုင်သည်။ 

ဒါကိုတွေးမိသောအခါ ဝိဉာဉ်အရှင်သခင် လေးနက်သည့် အမူအရာဖြင့် ပြောသည်။ 

"ငါအဆင့်နိမ့်ကြယ်နယ်မြေကနေ ဆုတ်ခွာပြီး ဒီနေရာကို နောက်ဘယ်တော့မှ မထိတော့ဘူး၊ တစ်ချိန်တည်းမှာပဲ ဒီနေရာကို ပြန်လည်တည်ဆောက်ဖို့အတွက် သေမင်းဝိဉာဉ်နန်းတော်ရဲ့ အရင်းအမြစ်တွေကိုလည်း သုံးမယ်၊ မင်းငါ့ကို သွားခွင့်ပေးနေသရွေ့ပေါ့၊ ဘယ်လိုသဘောရလဲ"

လုချန်ရှန်း ဝိဉာဉ်အရှင်သခင်ကို လက်ညိုးထိုးလိုက်စဉ် နတ်ဘုရားသတ်ဓားအစီအရင်မှ ဓားကိုးလက်က ဝိဉာဉ်အရှင်သခင်အနီးတွင် စတင်လည်ပတ်သည်။ 

ထို့နောက် သူဖြည်းဖြည်းလေးပြောသည်။ 

"ကျုပ်က ခင်ဗျား ကျက်တီးကုန်းမြေလို့ ခေါ်တဲ့နေရာက လာတာပဲ၊ အခုခင်ဗျားက ဒီနေရာကိုတောင် ဖျက်ဆီးလိုက်ပြီ‌ဆိုတော့ ကျုပ်ခင်ဗျားကို ဘယ်လိုလုပ်လွှတ်နိုင်မလဲ"

"သေမင်းဝိဉာဉ်နန်းတော်က အဆင့်မြင့်ကြယ်နယ်မြေမှာ အားကောင်းတဲ့ဂိုဏ်းတစ်ဂိုဏ်းလို့ မှတ်ယူခံရတယ်၊ မင်းဒါကို မစဉ်းစားချင်တာ သေချာလား" ဝိဉာဉ်အရှင်သခင် ဆက်လက်သက်ညှာပေးရန်အတွက် တောင်းဆိုနေသည်။ 

"ခင်ဗျားအချိန်ဆွဲဖို့ ကြိုးစားနေတာဆိုရင်တော့ ဒါကအချိန်ဖြုန်းတာပဲ" လုချန်ရှန်း လက်ချောင်းကို အပေါ်သို့ညွှန်လိုက်သည်။ 

ရုတ်တရက် နတ်ဘုရားသတ်ဓားအစီအရင်မှ ဓားတစ်လက်က ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဝိဉာဉ်အရှင်သခင်၏ နောက်ဘက် ကီလိုမီတာငါးဆယ်အကွာသို့ ရောက်သွားသည်။ 

ထိုနေရာ၌ ကြီးမားသည့်ဝိဉာဉ်တစ်ခုက အရူးအမူးသိပ်သည်းနေသည်။ 

ဒီဝိဉာဉ်သာပေါက်ကွဲသွားပါက အချိန်မီ မပြင်ဆင်နိုင်ခဲ့လျှင် လူရိုင်းဒေသတစ်ခုလုံးက အပိုင်းပိုင်းအစစ ကွဲအက်သွားပေလိမ့်မည်။ 

ယခုအချိန်တွင်မူ လုချန်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် ဓားကဝိဉာဉ်ကို ထိုးဖောက်သွား၏။ 

ဝိဉာဉ်အရှင်သခင် ဒါကိုသတိထားမိသောအခါ သူ့အမူအရာက အတော်လေး ကြည့်ရဆိုးသွားသည်။ 

မျှော်လင့်မထားစွာပင် လုချန်ရှန်းက သူ့အစီအစဉ်များကို မြင်နိုင်နေသည်။ 

သူသနားညှာတာပေးရန်အတွက် တောင်းဆိုနေရသည့်အကြောင်းရင်းက လုချန်ရှန်းကို အာရုံလွှဲပြောင်းပြီး သူ့တိုက်ခိုက်မှုကို ‌နှောင့်နှေးစေရန်အတွက် ဖြစ်သည်။ ဒီလိုဆိုပါက သေမင်းဝိဉာဉ်စွမ်းအားကို သူသိပ်သည်းအောင် လုပ်နိုင်ပေလိမ့်မည်။ 

သို့သော် လုချန်ရှန်း သဘောမတူတာက ရှင်းနေသည်။ 

"ခင်ဗျားမှာ တခြားလှုပ်ရှားမှုတွေ ရှိသေးလား" ရုတ်တရက် လုချန်ရှန်းမေးသည်။ 

"မစိုးရိမ်ပါနဲ့၊ ခင်ဗျားမှာ တခြားလှုပ်ရှားမှုတွေကို သုံးဖို့အတွက် အခွင့်အရေးမရှိဘူး"

ရန်သူကိုရင်ဆိုင်ရသောအခါ သူတတ်နိုင်သမျှ သူတို့ကို အမြန်ဆုံးသတ်ပစ်မည်သာ။ 

သူဘာကြောင့်စောင့်ရမည်နည်း။ သူအချိန်ဆွဲပြီး တစ်ဘက်လူက ဝှက်ဖဲများနှင့် ထောက်ခံမှုတစ်ချို့ကို ခေါ်ဆိုသည်အထိ စောင့်နေရမည်ဆိုပါက အသတ်ခံရမည့်သူက သူဖြစ်လာရပေလိမ့်မည်။ 

ထို့နောက် လုချန်ရှန်း၏ ထိန်းချုပ်မှုအောက်တွင် နတ်ဘုရားသတ်ဓားအစီအရင်က ဝိဉာဉ်အရှင်သခင် စကားပြောတာကိုပင် စောင့်မနေတော့ဘဲ သူ့အား ချက်ချင်း ထိုးဖောက်သွား၏။ 

ဒီအခိုက်အတန့်မှာပင် နိယာမစွမ်းအားအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြပြီး အတော်လေးကို သဟဇာတဖြစ်နေသည်။ ပေါင်းစပ်ခြင်းကနေ ပေါက်ကွဲထွက်လာသည့်စွမ်းအားက မဟာတာအိုကို ဖျက်ဆီးရန်အတွက်ပင် လုံလောက်နေလေပြီ။ 

ဝိဉာဉ်အရှင်သခင် ဒီမြင်ကွင်းကို ကြည့်နေသည်။ 

ဓားကိုးလက်က သူ့က်ု မထိုးဖောက်သေးသော်လည်း မဟာတာအိုကိုပင် ဖျက်ဆီးနိုင်သည့် ဒီအော်ရာအမျှင်စက ဒီအာကာသထဲတွင် သူ့အားတင်းကျပ်စွာ ဖိနှိပ်ထားသည်။ 

သူခုခံချင်သဖြင့် သူ့ဝိဉာဉ်က ထွက်လာပြီး လက်ဖဝါးနှင့် ရိုက်ချလိုက်သော်လည်း စွမ်းအားက သူ့လက်ဖဝါးက်ု ဖြတ်သန်းသွားစဉ် ဒီအော်ရာ၏ တိုက်ရိုက်ဝါးမြိုခြင်းကို ခံရသည်။ 

ခုခံရန်အတွက် နည်းလမ်းဟူ၍ မရှိပေ။ 

နတ်ဘုရားသတ်ဓားအစီအရင်၏ ပိတ်ဆို့ခြင်းကို ခံနေရသရွေ့ နိယာမစွမ်းအား မဟာတာအိုတိုင်းက နတ်ဘုရားသတ်ဓားအစီအရင်၏ ဖျက်ဆီးခြင်းအော်ရာကြောင့် တိုက်ရိုက်ဖျက်ဆီးခြင်းကို ခံစားရပေလိမ့်မည်။ 

ယခုလို ကြောက်မက်ဖွယ်ရာဓားအစီအရင်ကိုပင် ဖန်တီးနိုင်သည့်အပေါ် ဝိဉာဉ်အရှင်သခင်၏ မျက်လုံးများက နောင်တနှင့် အားကိုးရာမဲ့မှုဖြင့် ပြည့်နှက်နေသည်။ 

သူနောင်တရတာက ဘာလို့ ဒီအဆင့်နိမ့်ကြယ်နယ်မြေကို ရန်စမိခဲ့သလဲဆိုတာကိုပင်။ 

သူအားကိုးရာမဲ့ရခြင်းက ယခုလိုကျက်တီးကုန်းမြေတွင် ယခုဘိုပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ယောက် ပေါ်လာလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။ 

အဆင့်နိမ့်ကြယ်နယ်မြေ၏ ကံတရားနှင့် ဝိဉာဉ်ချီသိပ်သည်းမှုအရ ခေတ်တိုင်းတွင် အံ့ဖွယ်ပါရမီရှင်တစ်ချို့ ပေါ်လာရန်အတွက် ဖြစ်နိုင်ချေရှိနေဆဲပင်။ 

ဥပမာအားဖြင့် လုချန်ရှန်းကဲ့သို့ လူတစ်ယောက်ဖြစ်သည်။ 

သူဒါကိုတွေးနေစဉ် နတ်ဘုရားသတ်ဓားအစီအရင်မှ ဓားကိုးလက်က သူ့ခန္ဓာအား ထိုးဖောက်သွားလေပြီ။ 

ရုပ်ခန္ဓာတင်မက နတ်ဝိဉာဉ်ပင်လျှင် ဒီအခိုက်အတန့်၌ တိတ်တဆိတ် ပျက်စီးသွားရသည်။ 

အဆင့်မြင့်ကြယ်နယ်မြေမှ ဒုတိယတန်းစားအင်အားစုတစ်ခုဖြစ်သည့် သေမင်းဝိဉာဉ်နန်းတော်၌ ဝိဉာဉ်အရှင်သခင်က နှစ်သောင်းချီကြာ ကြံစည်ခဲ့သော်လည်း ဒီအခိုက်အတန့်၌ အဖျက်ဆီးခံလိုက်ရသည်။ 

ဝိဥာဥ်အရှင်သခင်၏ သေဆုံးမှုကို မြင်ရသောအခါ လူအများသက်ပြင်းချသလို လူတိုင်း နောက်ဆုံးတော့ စိတ်သက်သာရာရသွားကြသည်။ 

ထို့နောက် သူတို့အားလုံးက ကိုင်းရှိုင်းသည့်အမူအရာများဖြင့် လုချန်ရှန်းရှေ့တွင် ဒူးထောက်လိုက်ကြသည်။ 

ယခုအချိန်တွင် လုချန်ရှန်းက သူတို့နှလုံးသားထဲက နတ်ဘုရားတစ်ပါးဖြစ်လာပုံရပြီး လူရိုင်းဒေသတစ်ခုလုံးကို ကာကွယ်ပေးသည့် နတ်ဘုရားဖြစ်သည်။ 

သို့သော် ဒါက လုချန်ရှန်းအတွက် အဆုံးသတ်မဟုတ်သေး။ 

ပေါင်းပင်များကို ရှင်းလင်းရန်အတွက် အမြစ်များကို ဖယ်ရှားပစ်ရန် လိုအပ်သည်။

သူရှေ့က တယ်လီပို့အစီအရင်ကို ကြည့်လိုက်၏။ 

လုချန်ရှန်း ထူးဆန်းသည့်နေရာတစ်နေရာသို့ ပို့ဆောင်မခံရစေရန်အတွက် ပထမဆုံး သေချာအောင် စစ်ဆေးပြီးနောက် ခြိမ်းခြောက်မှု မရှိတော့သည့်အခါမှသာ သူ၀င်သွားသည်။ 

ဒါကိုမြင်သောအခါ လူတိုင်းကြက်သေသေသွားကြ၏။ လုချန်ရှန်းဘာလုပ်တော့မလဲဆိုတာကို သူတို့မသိကြပေ။ 

ချင်းတျန်နျန်နှင့် ကျန်သောသူများကသာ သိကြသည်။ 

လုချန်ရှန်း၏ စရိုက်နှင့်ဆိုပါက ဒီဂိုဏ်းက သေချာပေါက် ရပ်တန့်သွားလောက်သည်။

.....

ဒုတိယနေ့အပြီးတွင် သေမင်းဝိဉာဉ်နန်းတော်က ဆန်းကြယ်သည့်လူတစ်ယောက်ကြောင့် ဖျက်ဆီးခံလိုက်ရသည့် သတင်းက အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးအတွင်း ပျံ့သွားသည်။ 

အမှောင်ပိုင်နက်က လျှို့ဝှက်စွာ စုံစမ်းနေသည်။ 

ကြီးကြပ်ရေးဗိမာန်တော်ကလည်း ဆော်ဩစုစည်းခဲ့သော်လည်း သူတို့ဘာသဲလွန်စမှ မတွေ့ခဲ့ကြပါ။ 

သေမင်းဝိဉာဉ်နန်းတော်က တစ်ခါမှ မတည်ရှိခဲ့သည့်အလားပင်။ 

ဒါက ဒုတိယတန်းစား အင်အားစုတစ်ခုသာဖြစ်သော်လည်း အဆင်မြင့်ကြယ်နယ်မြေက လူများအတွက် အချက်ပြမှုတစ်ချို့ကို ထုတ်လွှင့်နေသည့်ပမာဖြစ်သည်။ 

.....

တခြားတစ်ဘက်တွင် ရက်ပေါင်းများစွာအကြာတွင် ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က တခြားနယ်မြေများစွာကို အောင်မြင်စွာ ရှင်းလင်းခဲ့ပြီး တိမ်ဖီးနစ်အင်ပါယာကို ပြန်လည်ဖွဲ့စည်းရန်အတွက် စတင်ခဲ့သည်။ 

မုဖူရှန်းကလည်း ဟွမ်ချင်းနှင့် လျိုကျိယုတို့ကို ခေါ်ဆောင်ပြီး သူ့လူများကို အန္တရာယ်ကနေ အလွယ်တကူ ကယ်ထုတ်နိုင်ခဲ့သည်။ 

ဒီနေ့မှာပင် ‌ထာ၀ရသက်တမ်းကမ္ဘာ၌ လျိုကျိယု အမှောင်ပိုင်နက်ကနေ သတင်းများ ပြန်လည်ယူဆောင်လာခဲ့သည်။ 

"အဆုံးမဲ့ကြယ်နယ်မြေက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှာ နတ်ဆိုးနက်ချီနဲ့ ပြည့်နှက်နေတဲ့ မြို့တစ်မြို့ရှိနေတယ်၊ ကျွန်တော်ထင်တာကတော့....." သူပြောရင်း ရှောင်ဟိုင်ကို ကြည့်လိုက်သည်။ 

အပိုင်း(944) coming။ 

All Chapters