#တစ်နှစ်တာကာလ#
Vol. 67 Ch. 944
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အဆင့်မြင့်ကြယ်နယ်မြေမှ ဒေသတစ်ခုဖြစ်ပြီး အစွမ်းထက်သော ဒေသတစ်ခုမဟုတ်ပါ။
ကြယ်ဒေသတစ်ခုလုံးတွင် ဒုတိယတန်းစားအင်အားစုနှစ်ခုကသာ အချင်းချင်း တိုက်ခိုက်ကြပြီး ကျန်သောအင်အားစုများက တတိယတန်းစားများဖြစ်ကြသည်။ တစ်ချို့အင်အားစုများကမူ တတိယတန်းစားကိုပင် မရောက်ကြသေးပါ။
လျိုကျိယု အမှောင်ပိုင်နက်ကနေ ယူဆောင်လာသောသတင်းက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ နတ်ဆိုးနက်ချီ၏ မွေးဖွားမှုပင်။
ဒါကဘာလဲဆိုတာ မရှင်းလင်းသော်လည်း တစ်ခုခုကနေ ထုတ်လွှတ်နိုင်သည့် နတ်ဆိုးနက်ချီဖြစ်ပြီး အထဲက နတ်ဆိုးနက်ချီက အလွန်အမင်းထူထဲကာ ကျယ်ပြောပြီး ဩဇာလွှမ်းမိုးမှု အတိုင်းအတာက ကြီးမားသည်။
ပတ်၀န်းကျင်က မြို့နှင့်သစ်တောများက နတ်ဆိုးနက်ချီ၏ တိုက်စားခြင်းကို ခံနေရသည်။
တစ်ချို့သားရဲများက မူလက အတော်လေး တည်ငြိမ်နေကြသော်လည်း နတ်ဆိုးနက်ချီ၏ တိုက်စားမှုအောက်တွင် ၎င်းတို့က သားရဲရိုင်းများပမာ ဖြစ်လာခဲ့ပြီး ပတ်၀န်းကျင်က မြို့များကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ခဲ့သည်။
ဒါ့အပြင် ဒါက ပတ်၀န်းကျင်သို့ ပျံ့နှံ့လာသည့် လက္ခဏာများကိုလည်း ပြသသည်။
ဒီလက္ခဏာအားလုံးက ဒီတစ်ကြိမ် နတ်ဆိုးနက်ချီပေါ်ပေါက်လာခြင်းက မရိုးရှင်းဘူးဆိုတာကို ညွှန်ပြနေသည်။
လျိုကျိယု သတင်းကို ပြန်ယူလာခဲ့ရသည့် အကြောင်းရင်းက ဒါက ရှောင်ဟိုင် သို့မဟုတ် နတ်ဆိုးဘုရင်ပိုင်နက်နှင့် ဆက်စပ်နိုင်သည်ဟု သူယူဆသောကြောင့်ပင်။
လျိုကျိယု၏စကားလုံးများကို ကြားပြီးနောက် လူတိုင်း ရှောင်ဟိုင်ကို ကြည့်လိုက်ကြသည်။
သို့စေကာမူ ရှောင်ဟိုင်ခေါင်းခါယမ်းသည်။
"အလျင်လိုစရာမလိုပါဘူး"
အလျင်လိုစရာမလိုဘူးလား!
လူတိုင်းအံ့ဩသင့်သွားကြ၏။
"ကျွန်တော့်လက်ရှိခွန်အားနဲ့ဆိုရင် နတ်ဆိုးနက်ချီက ကျွန်တော့်ဝိဉာဉ်အပိုင်းအစဆိုရင်တောင် ကျွန်တော်စုပ်ယူနိုင်မှာ မဟုတ်ဘူး၊ ကျွန်တော့်ခန္ဓာက နောက်ဝိဉာဉ်အပိုင်းအစကို ခံနိုင်ရည်မရှိသေးဘူး"
"ကျွန်တော်တို့သွားမယ်ဆိုရင်တောင် ဘာမှမတတ်နိုင်ဘဲ ကြည့်နေရုံပဲ တတ်နိုင်မယ်၊ ဒါကအသုံးမဝင်ဘူး"
"ဒါ့အပြင် ဒါက သူတို့ ကျွန်တော့်ကို ဆွဲဆောင်ဖို့အတွက် ချထားတဲ့ ထောင်ချောက်တစ်ခုလည်း ဖြစ်နိုင်တယ်"
ဘေးက မုဖူရှန်းသဘောတူသည့်အသွင် ခေါင်းညိတ်သည်။
"အဆင့်မြင့်ကြယ်နယ်မြေမှာ သူတို့အစ်ကိုကို ဘာမှမလုပ်နိုင်ဘူး၊ ဒါ့အပြင် အဲဒီကျရှုံးမှုအပြီးမှာ တစ်ဘက်က အားကောင်းတဲ့ လက်ရွေးစင်လူတွေကို ထပ်ပြီး စေမလွှတ်ခဲ့ဘူး၊ ဒါက အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတွေက ပိုနိမ့်ကျတဲ့ ကြယ်နယ်မြေတွေကို အလွယ်တကူ မဆင်းလာနိုင်ဘူးလို့ ဆိုလိုနေတာပဲ"
လျိုကျိယုခေါင်းညိတ်သည်။
"မှန်တယ်၊ အဆင့်မြင့်ကြယ်နယ်မြေမှာ နတ်သခင်အဆင့်ဂိုဏ်းတွေတောင် အလွယ်တကူ ရန်မစရဲတဲ့ ဂ်ိုဏ်းတစ်ဂိုဏ်းရှိတယ်၊ အဲဒါကို ကြီးကြပ်ရေးဗိမာန်တော်လို့ ခေါ်တယ်"
"ကြီးကြပ်ရေးဗိမာန်က လူတွေက အလယ်အလတ်နဲ့ အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးမှာ ရှိတယ်၊ သူတို့က အဆင့်မြင့်ကြယ်နယ်မြေက ကျင့်ကြံသူတွေကို နိမ့်ကျတဲ့ကြယ်နယ်မြေကိုသွားပြီး မကောင်းမှုတွေ မကျူးလွန်နိုင်အောင် စောင့်ကြည့်ထားကြတယ်"
"ဒီထဲမှာ အဆင့်နိမ့်ကြယ်နယ်မြေတော့ မပါဘူးပေါ့၊ ဘာပဲဆိုဆို အဆင့်မြင့်ကြယ်နယ်မြေက တခြားဂိုဏ်းတွေကလည်း ဒီနေရာကို စိတ်မ၀င်စားကြဘူးလေ"
ရှောင်ဟိုင် လက်အစုံကို ဖြန့်လိုက်သည်။
"ဒါဆိုတကယ်ဖြစ်နိုင်လောက်တယ်၊ ဒီနတ်ဆိုးနက်ချီကို နတ်ဆိုးဘုရင်ပိုင်နက်က ဖြစ်စေတာဖြစ်ရမယ်"
"ပန်းတိုင်က ကျွန်တော့်ကို အဲဒီကို ဖျားယောင်ခေါ်ဆောင်ဖို့ပဲ"
ဒီမြင်ကွင်းကိုကြည့်ရင်း လုချန်ရှန်း ကျေနပ်စွာခေါင်းညိတ်သည်။
အင်း၊ သူကြီးပြင်းလာပြီပဲ!
နောက်ဆုံးတော့ သူစိတ်လိုက်မာန်ပါ မလုပ်တော့ဘူးဘဲ!
လျိုကျိယု အနည်းငယ်အံ့ဩသင့်နေသည်။ ဘယ်တုန်းက ရှောင်ဟိုင်ဒီလောက်ထိ တည်ငြိမ်လာခဲ့သလဲဆိုတာ သူနားမလည်ပေ။
"ဒါဆို ငါသွားပြီးစစ်ဆေးကြည့်လိုက်မယ်လေ"
"ဘာပဲဆိုဆို ငါကအမှောင်ပိုင်နက်က ကြယ်ငါးပွင့်ကွပ်မျက်သူတစ်ယောက်ပဲ၊ ဒီအရာတွေကို စစ်ဆေးရင်းနဲ့ မသတီစရာ အရာတစ်ခုကို ငါရှာတွေ့နိုင်တာပဲလေ"
အရေးအကြီးဆုံးက သူတို့ကိုသူသာ သတိမပေးပါက သူ့တွင် ဒီလိုကိုယ်ပိုင်လက္ခဏာ တစ်ခုရှိနေတာကိုပင် သူတို့မေ့သွားကြမှာကို လျိုကျိယုကြောက်သည်။
လုချန်ရှန်းထရပ်ကာ ခေါင်းညိတ်သည်။
"သွားပြီးစစ်ဆေးကြည့်လိုက်၊ ဒါသာမှန်နေရင် ရှောင်ဟိုင် ဒါကိုမစုပ်ယူသေးခင် သူ့ခွန်အားကို တိုးမြှင့်ဖို့လိုတယ်"
"ဒီကာလအတောအတွင်း မင်းတို့ကျင့်ကြံခြင်းကို အင်မော်တယ်နယ်ပယ်ကို အရင်ဆုံးမြှင့်တင်ကြ၊ မဟုတ်ရင် မင်းတို့ငါ့ကို အဆင့်မြင့်ကြယ်နယ်မြေမှာ အရှက်ရစေလိမ့်မယ်"
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများခေါင်းညိတ်သည်။
သူတို့၏ကောင်းကင်အင်မော်တယ်နယ်ပယ် ကျင့်ကြံခြင်းနှင့်အတူ အင်မော်တယ်ချီအဖြစ် အပြည့်အ၀ပြောင်းလဲပစ်ခဲ့ပြီ ဖြစ်သော်လည်း ဒါက အဆင့်မြင့်ကြယ်နယ်မြေတွင် မလုံလောက်သေးပါ။
ကျောက်စိမ်းရေကန်သူတော်စင်မိန်းမပျိုနှင့် ရွှေတောင်ပံဂဠုန်ကလန်က ပါရမီရှင်များကဲ့သို့ အဆင့်မြင့်ကြယ်နယ်မြေက အံ့ဖွယ်ပါရမီရှင်များက နတ်ဘုရင်နယ်ပယါကို ရောက်နေကြလေပြီ။
ဒီကာလအတောအတွင်း လုချန်ရှန်း သူတို့၏ကျင့်ကြံခြင်းကို ပို၍တည်ငြိမ်အောင် လုပ်စေချင်သည်။
သူထာ၀ရသက်တမ်းကမ္ဘာက အင်မော်တယ်ချီကို သိပ်သည်းစေရန်အတွက် အစီအရက်တစ်ခု ဖန်တီးလိုက်သည်။
ဒါက သူအင်မော်တယ်နယ်မြေတွင် ရှိစဉ်က ဖင်းယန်ချိုင့်ဝှမ်း၌ ကူးပြောင်းရေးလမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့သည့်အတွက်ကြောင့်ပင်။
ဒီလမ်းကြောင်းက ဖင်းယန်ချိုင့်ဝှမ်းက အင်မော်တယ်ချီကို ထာ၀ရသက်တမ်းကမ္ဘာသို့ ကူးပြောင်းပေးနိုင်သည်။
အစီအရင်လေးနှင့်ပါ ပေါင်းစပ်လိုက်ပါက ဒါက အင်မော်တယ်ချီကို မြန်မြန်နိုးစေပြီး ထာ၀ရသက်တမ်းကမ္ဘာတစ်ခုလုံးအတွင်း ပျံ့စေသည်။
တစ်ချိန်တည်းမှာပင် အင်မော်တယ်ချီကို ပို၍ သိပ်သည်းလာစေသည်။
ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့က ဒီနေရာတွင် ကျင့်ကြံကြသည်။
နင်းချန်ရှင်းက အင်မော်တယ်နယ်မြေက ယူလာသည့် ရှေးဟောင်းစာအုပ်များကို ဆက်လက်ဖတ်ရှုနေသည်။
ရှောင်ဟိုင်ကမူ ဟွမ်ချင်း၏ နတ်ဖီးနစ်မီးတောက်အောက်တွင် သူ့ခန္ဓာကို စတင်ပြုပြင်မွမ်းမံသည်။
လုချန်ရှန်း၏ လမ်းညွှန်မှုအောက်တွင် မု၀မ်အာ ဆေးလုံးများကို စတင်သန့်စင်သည်။
ကျောက်တုံးလေးကိုမူ အာကာသအရှုပ်အထွေးထဲတွင် ဆက်ထားပြီး ကျင့်ကြံရန်အတွက် အာကာသစွမ်းအားကို ဆက်လက်စုပ်ယူစေသည်။
ရှီရှန်းအတွက်မူ လုချန်ရှန်း ထာ၀ရသက်တမ်းကမ္ဘာ၌ လေ့ကျင့်ခန်းမတစ်ခု တည်ဆောက်ခဲ့သည်။
ကျင့်ကြံခြင်းခန်းမထဲတွင် ကြယ်စွမ်းအားက အလွန်အမင်းကြွယ်၀သည်။ ကျင့်ကြံရန်အတွက် အင်မော်တယ်ချီကို စုပ်ယူနေရမည့်အစား ရှီရှန်းအတွက် စွမ်းအားကို တိုးမြှင့်ရန်အတွက် ကြယ်စွမ်းအားကို တိုက်ရိုက်စုပ်ယူတာက ပိုကောင်းသည်။
အချိန်အနည်းငယ်ကျန်နေပါသေးသည်။
ယဲ့ချိုးပိုင် မျက်နှာပြပြီး ဟောင်တျန်းကို သင်ကြားပေးရန်အတွက် တိမ်ပြာဓားဂိုဏ်းကို သွားကာ ဟောင်တျန်းအား ကိုးပေရှည် ကြယ်ကြွေဓားကို လက်လွှဲပေးသည်။
ဟောင်တျန်း၏ လက်ရှိခွန်အားနှင့်ဆိုပါက သူ ကိုးပေရှည်ကြယ်ကြွေဓား၏ စွမ်းအားကို ထိန်းချုပ်နိုင်နေလေပြီ။
ဟုန်ရင်နှင့် နင်းချန်ရှင်းကမူ တိမ်ဖီးနစ်အင်ပါယာနှင့် ပညာသင်ခန်းမကို ပြန်လည် တည်ဆောင်ရန်အတွက် မကြာခဏဆိုသလို ညွှန်ကြားပေးသည်။
နှစ်တစ်၀က်အကြာတွင် ဖန်ချန်းက နတ်စစ်သည်နယ်ပယ်သို့ အရင်ဆုံးချိုးဖျက်၀င်ရောက်သွားခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူက နတ်စစ်သည်နယ်ပယ်တစ်၀က်အဆင့်ဖြစ်ပြီး နတ်စစ်သည်နယ်ပယ်နှင့် ခြေလှမ်းတစ်လှမ်းသာ ဝေးကွာသည်မဟုတ်ပေလော။
နောက်ထပ်ခြောက်လကုန်ဆုံးသွားပြီးနောက် ဟုန်ရင်အဆင့်ချိုးဖျက်ပြီး နတ်စစ်သည်နယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားခဲ့သည်။
ဟုန်ရင်အဆင့်ချိုးဖျက်ပြီး သုံးရက်အကြာတွင် မုဖူရှန်းကလည်း နတ်စစ်သည်နယ်ပယ်ကို အောင်အောင်မြင်မြင်နှင့် ရောက်သွားခဲ့သည်။
ထို့နောက် ယဲ့ချိုးပိုင်၊ ရှီရှန်း၊ ကျောက်တုံးလေးနှင့် မု၀မ်အာတို့ကလည်း လိုက်လာသည်။
ရှောင်ဟိုင်နှင့် နင်းချန်ရှင်းတို့ကလည်း အများကြီး တိုးတက်လာခဲ့ကြပြီး နတ်စစ်သည်နယ်ပယ် ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်နိုင်နေလေပြီ။
သူတို့အဆင့်ချိုးဖျက်ပြီးနောက် ဖန်ချန်းထပ်မံချိုးဖျက်ကာ နတ်စစ်သည်နယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်သွားခဲ့သည်။
ဒီကာလအတောအတွင်း စံအိမ်တော်က တပည့်များက နယ်ပယ်များတွင် တိုးတက်လာခဲ့သည်သာမက ကျွမ်းကျင်မှုနယ်ပယ် အသီးသီးတွင်လည်း ချိုးဖျက်မှုများ လုပ်ခဲ့ကြသည်။
တစ်နှစ်ကျော်ပင် ကြာမြင့်သွားပြီဟု ဆို၍ရပြီး ဒါက စံအိမ်တော်က တပည့်အားလုံး၏ ယေဘုယျစွမ်းအားကို တိုးမြှင့်ပေးခဲ့သည်။
လုချန်ရှန်းကလည်း ပျင်းရိမနေခဲ့ပေ။
ဒီတစ်နှစ်တာကာလအတွင်း ထိုကောင်စုတ်လေးများ၏ ခွန်အားကို တိုးမြှင့်အောင် လုပ်ဖို့ ကူညီရန်အတွက် နည်းလမ်းများကို သူတွေးတောနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အင်မော်တယ်နယ်မြေ၀င်ပေါက်က နတ်ဆိုးနယ်မြေကို ဖိနှိပ်မှုက အချိန်အများကြီးမကျန်တော့ပါ။
ဒီကန့်သတ်ထားသည့် ကာလအတွင်း သူတို့ကို သူပိုမြန်မြန်ကြီးထွားလာအောင် လုပ်ပေးရမည်။
မဟုတ်ပါက အချိန်ကျလာပါက သူလှုပ်ရှားနိုင်သော်လည်း တစ်ဘက်လူ၏ စွမ်းအားက ကြီးမားပြီး သူပင်လျှင် မကိုင်တွယ်နိုင်သည့် အခွင့်အလမ်းတစ်ခုလည်း ရှိသေးသည်။ ထိုအချိန်တွင် တစ်ဘက်လူက တိုက်ရိုက်လှည့်ပတ်ပြီး သူ့အိမ်ထဲ ခိုး၀င်လာပေလိမ့်မည်။
ထိုအချိန်တွင် ဒီကလေးအုပ်စု၌ သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် စွမ်းရည်ရှိကြမည်လား။
ထို့ကြောင့် သူတို့နတ်စစ်သည်နယ်ပယ်ကို ချိုးဖျက်ပြီးနောက် လုချန်ရှန်း သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များ၊ သွေးကြောများနှင့် လက်နက်များဖြင့် စတင်ရန် စီစဉ်ခဲ့သည်။
ဒီကာလအတွင်း အဆင့်မြင့်ကြယ်နယ်မြေ၊ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ နတ်ဆိုးနက်ချီက အရှိန်နှင့် ပျံ့နေသည်။
ရလဒ်အဖြစ် အနည်းဆုံး ကြယ်ဒေသ၏ နှစ်ဆယ်ရာခိုင်နှုန်းကို နတ်ဆိုးနက်ချီက လွှမ်းခြုံပစ်လေပြီ။
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှ ဒုတိယတန်းစားအင်အားစုနှစ်စုက ဒီကိစ္စနှင့်ပတ်သက်ပြီး ဘာမှလုပ်နိုင်စွမ်းမရှိကြပါ။
မည်သို့ပင်ဆိုစေကာမူ ဂိုဏ်းမှကျွမ်းကျင်သူများက နတ်ဆိုးနက်ချီ၏ ဗဟိုပိုင်းကို လုံး၀ချဉ်းကပ်လာခြင်းမရှိလေရာ သူတို့ အကူအညီတောင်းဆိုရန်သာ တတ်နိုင်တော့သည်။
ဒီထဲတွင် နတ်ဆိုးဘုရင်ပိုင်နက်လည်းပါဝင်ပေသည်။
အပိုင်း(945) coming။