#သွေးအဆီအနှစ်တစ်၀က်၊ သွေးကြောဆင့်ကဲဖြစ်စဉ်#
Vol. 67 Ch. 945
နတ်ဆိုးဘုရင်ပိုင်နက်က နတ်ဆိုးနက်ချီကို အကောင်းဆုံးနားလည်ထားသည်။
သို့စေကာမူ နတ်ဆိုးဘုရင်ပိုင်နက်က ပထမတန်းစားအင်အားစုတစ်ခုဖြစ်လေရာ သူတို့၏ အကူအညီကို တောင်းခံလိုပါက ပေးဆပ်ရမည့်ဈေးနှုန်းက အတော်လေး မြင့်မားပေလိမ့်မည်။
ဒါ့အပြင် သူတို့အား ဆွဲဆောင်နိုင်တာ ဘာတစ်ခုမှမရှိပါက ဖိတ်ခေါ်ရန်အတွက် ခက်ခဲလောက်သည်။
အစက နတ်ဘုရားဆင်းသက်ခြင်းကြယ်ပိုင်နက်မှ ဂိုဏ်းနှစ်ဂိုဏ်းက သူတို့ နတ်ဆိုးဘုရင်ပိုင်နက်က်ု ဖိတ်ခေါ်နိုင်မလားဆိုတာ ကြိုးစားကြည့်ချင်ရုံသာဖြစ်သည်။
သို့စေကာမူ နတ်ဆိုးဘုရင်ပိုင်နက်က အလျင်အမြန်ပင် လူများစေလွှတ်လိုက်သည်။
ထိုသူက မိုလီဖြစ်သည်။
သူကလက်ရှိ နတ်ဆိုးဘုရင်ပိုင်နက်၏ နတ်ဆိုးသခင်မိုဂျီ၏ ညာလက်ရုံးဖြစ်သည်။
နတ်ဆိုးဘုရင်ပိုင်နက်က မိုလီလို ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်လိမ့်မည်ဟု မထင်ထားသဖြင့် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက တစ်ခဏကြာ အံ့ဩသင့်သွားကြ၏။
မိုလီ ထိုနေရာတွင်ပင် တောင်းဆိုချက်ကို တိုက်ရိုက်ပြောသည်။
"မင်းတို့ငါတို့ကို ဘာတစ်ခုမှ ပေးစရာမလိုပါဘူး၊ ဒါပေမယ့် မင်းတို့ နတ်ဆိုးနက်ချီထဲက ငါတို့လိုချင်တာတစ်ခုခုကို တွေ့ခဲ့ရရင်တော့ ဒါကို ငါတို့နတ်ဆိုးဘုရင်ပိုင်နက်က ပိုင်ဆိုင်မယ်"
"မင်းတို့လုပ်ရမှာက ငါတို့ကို သတင်းအချက်အလက်တွေပေးဖို့ပဲ၊ တစ်ချိန်တည်းမှာပဲ အပြင်ပကမ္ဘာက တစ်ယောက်ယောက် ရောက်လာတာနဲ့ ငါတို့ကိုချက်ချင်းသတင်းပို့၊ နားလည်လား"
မိုလီ၏စကားလုံးများကို ကြားသောအခါ ဂိုဏ်းနှစ်ဂိုဏ်းက ဒေါသမထွက်ခဲ့ကြပေ။
မည်သို့ပင်ဆိုစေကာမူ တစ်ဘက်လူက အရမ်းအစွမ်းထက်ပါသည်။
ဒါ့အပြင် သူတို့တခြားတန်ဖိုးများ ပေးစရာမလို။ မိုလီက နတ်ဆိုးနက်ချီထဲက ပစ္စည်းကိုသာ လိုအပ်သည်။
ဘာလို့မဖြစ်နိုင်ရမည်နည်း။
ဒါ့အပြင် နတ်ဆိုးနက်ချီထဲက အရာကို သူတို့လိုလားတောင့်တသော်လည်း ယခုလို ကြီးမားသည့် သက်ရောက်မှုတစ်ခုကို ဖန်တီးနိုင်သည့်အပေါ် ဒါက သေချာပေါက် ရတနာတစ်မျိုးကြောင့် ဖြစ်ရမည်သာ။
သို့စေကာမူ သူတို့ ဗဟိုချက်ဒေသကို ၀င်ပင်မ၀င်နိုင်ကြ။ သူတို့ဒါကိုရနိုင်လျှင်ပင် ထိန်းချုပ်နိုင်လောက်မည်မဟုတ်။
ဒီအစား သူတို့နတ်ဆိုးဘုရင်ပိုင်နက်က ကျေးဇူးကြွေးတစ်ခုကို ရအောင်ယူ၍ရသည်။
သူတို့အကျပ်အတည်းကို ဖြေရှင်းရန်အတွက် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသ၌ နတ်ဆိုးဘုရင်ပိုင်နက်၏ အကူအညီကို ရမည်သာမက နတ်ဆိုးဘုရင်ပိုင်နက်နှင့်လည်း ဆက်သွယ်နိုင်ပေလိမ့်မည်။
ဒါက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သတ်ခြင်းပေတည်း။
.....
တစ်ချိန်တည်းမှာပင် လျိုကျိယု ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်လာပြီး သတင်းများကို လုချန်ရှန်းနှင့် ကျန်သောသူများအား ပြောပြလိုက်သည်။
"ငါတို့အတည်ပြုနိုင်တာက ဒီတစ်ကြိမ် နတ်ဆိုးနက်ချီက အဲဒီနတ်ဆိုးဘုရင်ပိုင်နက်နဲ့ လုံး၀မသက်ဆိုင်ဘူး၊ ဒါပေမယ့် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက နတ်ဆိုးဘုရင်ပိုင်နက်က မိုလီကို ကူညီပေးဖို့အတွက် ဖိတ်ခေါ်ထားတယ်"
ရှောင်ဟိုင်မေးသည်။
"နတ်ဆိုးနက်ချီထဲမှာ ဘာရှိသလဲဆိုတာ ခင်ဗျားမှန်းဆနိုင်လား"
ဒါကိုကြားသော် လျိုကျိယုခေါင်းခါယမ်းသည်။
"နတ်ဆိုးနက်ချီက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသမှာ ကြီးမားတဲ့သက်ရောက်မှုရှိတယ်ဆိုပေမယ့် အဆင့်မြင့်ကြယ်နယ်မြေက အင်အားစုတွေက အခြေခံအားဖြင့် အထဲကပစ္စည်းကို စိတ်မ၀င်စားကြဘူး၊ ဒါကြောင့် အမှောင်ပိုင်နက်က စုံစမ်းစစ်ဆေးဖို့အတွက် ဘယ်သူ့ကိုမှ မစေလွှတ်ခဲ့ဘူး"
အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးတွင် နတ်ဆိုးနက်ချီကို လိုအပ်သည့်ဂိုဏ်းများစွာမရှိပါ။
အမှောင်ပိုင်နက်က စုံစမ်းစစ်ဆေးရန်အတွက် အတော်လေးကြိုးစားအားထုတ်ခဲ့မည်ဆိုလျှင်ပင် ဒါကဆုံးရှုံးမှုတစ်ခုသာ။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
ဒါကထောင်ချောက်မဟုတ်တာကို သူအတည်ပြုနိုင်ပြီဖြစ်သဖြင့် နတ်ဆိုးနက်ချီက သူနှင့် တကယ်ပင် ဆက်နွှယ်နေလောက်သည်။
"ကောင်းပြီ၊ ဒီလိုဆိုရင်တော့ ငါသေချာပေါက် မင်းကို တားနိုင်မှာမဟုတ်တော့ဘူး"
လုချန်ရှန်းထရပ်သည်။
"ရှောင်ဟိုင်၊ ငါနဲ့အတူလာခဲ့"
လုချန်ရှန်း ရှောင်ဟိုင်ကလွဲပြီး လူတိုင်းကို ထပ်မံတိုးတက်အောင် လုပ်ပေးခဲ့သည်။
ဥပမာအားဖြင့် ယဲ့ချိုးပိုင်၏ဓားပိုင်နက်ကို လုချန်ရှန်းပြုပြင်ပြောင်းလဲပေးခဲ့သည်။
လက်ရှိဓားပိုင်နက်က ဓားဝိဉာဉ်ကို အထဲတွင် အပြည့်အ၀ပေါင်းစပ်နိုင်သည်သာမက ယဲ့ချိုးပိုင် ထိန်းချုပ်ရန်လည်းမလိုပေ။
တစ်ချိန်တည်းမှာပင် ဓားပညာရပ်မျိုးစုံကို ဓားပိုင်နက်အဖြစ် ပေါင်းစပ်နိုင်သေးသည်။
ဥပမာအားဖြင့် ခေးအောစ့်အနှစ်သာရဓားပညာဖြစ်သည်။
နောက်ဥပမာတစ်ခုက ရှေးဦးမူလဓားကျမ်းပင်။
လက်ရှိပြန်လည်မွေးဖွားခြင်းလှံက ဟုန်ရင်နယ်ပယ်ကို အမီမလိုက်နိုင်တော့သဖြင့် လုချန်ရှန်း ဟုန်ရင်အတွက် သင့်တော်သည့် လက်နက်တစ်ခု သွန်းထုရတော့သည်။
ထို့ကြောင့် သူ မိုးမခပင်ဆီက မိုးမခကိုင်းတစ်ကိုင်းကိုငှားယူပြီး လှံထိပ်ပိုင်းအဖြစ် အသုံးပြုခဲ့သည်။ ထို့နောက် သန့်စင်ရန်အတွက် ပြန်လည်မွေးဖွားခြင်းကိုးသွယ်ဆန်းကြယ်သံနှင့် နတ်ဖီးနစ်မီးတောက်တို့ကို သုံးခဲ့ကာ ကြီးထွားလာနိုင်သည့် လှံရှည်ကို ဖန်တီးခဲ့သည်။
လုချန်ရှန်းဒါကို သူတော်စင်မိုးမခဖီးနစ်မီးလှံဟု ခေါ်ဆိုခဲ့သည်။
ယခုအချိန်တွင် သူတော်စင်မိုးမခဖီးနစ်မီးလှံက နတ်အင်ပါယာနယ်ပယ်အဆင့်ကို ရောက်နေသည်မှာ ရှင်းနေသည်။
လုချန်ရှန်း သူ့ ကွန်ဖြူးရှပ်တာအိုနှင့်အတူ ရှေးဦးမူလချီကို နင်းချန်ရှင်းစိတ်ထဲတွင် ပေါင်းစပ်ခဲ့ပြီး သင်္ကေတစကားလုံးကိုးလုံးကို အပြည့်အ၀နားလည်ရန်အတွက် ကူညီပေးခဲ့သည်။
ရှီရှန်းက ကြယ်တာအိုနိယာမ၏စွမ်းအားကို နားလည်သဘောပေါက်လာခဲ့သည်။
ကျောက်တုံးလေးတွင် မည်သည့်သတ်ဖြတ်ခြင်းနည်းစနစ်မှ မရှိလေရာ လုချန်ရှန်း သူ့အတွင် အာကာသစွမ်းအားနှင့်အတူ သတ်နိုင်သည့် နည်းစနစ်တစ်ခု ဖန်တီးပေးခဲ့သည်။
မုဖူရှန်းကိုမူ ကိုးသွယ်ရှေးဦးမူလမိုးကြိုးကျင့်စဉ်မှ လေးခုမြောက်နတ်မိုးကြိုးဖြစ်သည့် တိုင်ဂျီယင်ယန်ကျင့်၀တ်နတ်မိုးကြိုးကို အပြည့်အ၀ကျွမ်းကျင်သွားစေရန်အတွက် ကူညီပေးခဲ့သည်။
မု၀မ်အာကိုမူ ဆေးလုံးကျမ်းနှင့် ပြီးပြည့်စုံစေပြီး နဂါးကိုးကောင်ဝိဉာဉ်သန့်စင်ဆေးပြင်းဖိုကို အားဖြည့်ပေးခဲ့သည်။
ဖန်ချန်းနှင့်ပတ်သက်ပြီး စိုးရိမ်နေစရာမလိုပေ။ လုချန်ရှန်း သူ့ထံသို့ စုပ်ယူနိုင်ရန်အတွက် အစီအရင်အနည်းငယ် တိုက်ရိုက် ပစ်လိုက်သည်။
ရလဒ်အဖြစ် ဖန်ချန်းက နတ်စစ်သည်နယ်ပယ် နောက်ပိုင်းအဆင့်ကို တက်လှမ်းတော့မည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြင့်မြတ်အစီအရင် အကျဉ်းထောင်ခန္ဓာကျင့်စဉ်မှ ဒုတိယအဆင့်ဖြစ်သည့် သွေးကြွက်သားက ဖန်ချန်းကိုယ်၏ ၈၀ရာခိုင်နှုန်းနီးပါးကိုပင် ဖုံးလွှမ်းနေလေပြီ။
နောက်ဆုံးတစ်ယောက်က ရှောင်ဟိုင်ဖြစ်သည်။
လုချန်ရှန်းသူ့ကို ညီညာပြန့်ပြူးသည့် နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"ရက်များစွာကြာအောင် မင်းခွန်အားကို ဘယ်လိုတိုးတက်လာအောင် ကူညီနေရမလဲဆိုတာ ငါတွေးနေခဲ့တာ"
"မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံခြင်းကနေ ရုပ်ခန္ဓာကို အားဖြည့်တာက တိုးတက်လာနိုင်တယ်၊ ကောင်းကင်ဘုံကိုးသွယ်နတ်ဆိုးတင်းပုတ်နဲ့ဆိုရင် မင်းရဲ့ကျင့်ကြံခြင်းနည်းစနစ်ကို အားဖြည့်နေစရာမလိုဘူး"
"ဒီအကြောင်းကို တွေးပြီးနောက်မှာ မင်းရဲ့၀မ်းတွင်းအသိကို ပိုအားကောင်းစေပြီး အနာဂတ်မှာ ပိုကူညီနိုင်တဲ့ အချက်တစ်ချက်ပဲ ရှိတော့တယ်"
ရှောင်ဟိုင်ပဟေဠိဖြစ်သွားရသည်။
လုချန်ရှန်းအဖြေပေးသည်။
"သွေးကြော"
သွေးကြော!
ရှောင်ဟိုင်ကြက်သေသေသွားသည်။
"ကျွန်တော့်သွေးကြောကို ဘယ်လိုတိုးတက်လာအောင် လုပ်ရမလဲ"
"မင်းရဲ့သွေးကြောကို မင်းတိုးတက်အောင် လုပ်နိုင်တာပေါ့၊ ဒါပေမယ့် ဒါက အရမ်းကန့်သတ်ချက်ရှိတယ်" လုချန်ရှန်း လက်ချောင်းကို ဆန့်လိုက်သောအခါ သွေးအဆီအနှစ်တစ်စက် ပေါ်လာခဲ့သည်။
ရုတ်ချည်းဆိုသလို ပတ်ပတ်လည်က လေဟာနယ်က ဆွဲငင်အားအဆထောင်ချီကို ဖိသိပ်ခံလိုက်ရပုံရပြီး မြေကြီးပင်လျှင် ကွဲအက်သွားရသည်။ ဒီကနေတဆင့် အသက်ရှုကျပ်လှသည့် ဖိအားကို ရှောင်ဟိုင်လည်း ခံစားရပါသည်။
သွေးအဆီအနှစ်တစ်စက်က ဒီလိုအရာမျိုးကို လုပ်နိုင်သည်။
သူ့ဆရာ၏သွေးကြောစွမ်းအားက ဘယ်လောက်ပင် အားကောင်းလေသနည်း။
"သွေးကြောကိုမြှင့်တင်တာက တခြားအားကောင်းတဲ့ သွေးကြောစွမ်းအားတစ်ခုနဲ့ ပေါင်းစပ်တာထက် မပိုပါဘူး၊ ဒါပေမယ့် သွေးကြောပေါင်းစပ်ခြင်းဖြစ်စဉ်က အရမ်းအန္တရာယ်များတယ်၊ အမှားအသေးလေး တစ်ခုရှိလာရင်တောင် မင်းတိုက်ရိုက် သေသွားနိုင်တယ်"
လုချန်ရှန်းပြောသည်။
"အံ၀င်ခွင်ကျဖြစ်တာနဲ့ ပတ်သက်ပြီးတော့ ဘာပြဿာနာမှ ရှိမှာမဟုတ်ပါဘူး"
မည်သို့ပင်ဆိုစေကာမူ သူ့တွင် ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သည့် ရှေးဦးမူလရှိသည်။
"တစ်ခုတည်းသော ပြဿာနာက မင်းရဲ့လက်ရှိရုပ်ခွန်အားက ငါ့သွေးအဆီအနှစ်တစ်စက်ကို ခံနိုင်ရည်ရှိမလားဆိုတာကို ငါမသိဘူး"
"အရင်က ဟွမ်ချင်း သေလုမျောပါး ဖြစ်ခဲ့ရတယ်"
ထိုအချိန်က ဟွမ်ချင်း၏နယ်ပယ်က ရှောင်ဟိုင်ထက် အများကြီးပိုမြင့်သည်။
ရှောင်ဟိုင်ပြောသည်။
"ဆရာဒီလိုပြောလာမှတော့ ဆရာ့မှာလည်း ယုံကြည်ချက်ရှိမှာပဲလေ၊ ကျွန်တော်လည်း ဒီဖြစ်စဉ်ကို ခံနိုင်ရည်ရှိမရှိဆိုတာ ကြည့်ချင်တယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဆရာ၊ လုပ်လိုက်ပါ" ရှောင်ဟိုင် ပြတ်သားသည့် အမူအရာဖြင့်ပြောသည်။
"ကျွန်တော်ဒါကို သည်းခံနိုင်ပါတယ်"
ဒါကိုမြင်သော် လုချန်ရှန်းတုံ့ဆိုင်းမနေတော့ဘဲ လက်ကိုအနည်းငယ် ဝှေ့ယမ်းလိုက်စဉ် အစီအရင်အနည်းငယ်က သူ့ပတ်လည်၌ မြင့်တက်လာသည်။
တစ်ချိန်တည်းမှာပင် မိုးမခပင်က အစိမ်းရောင်အလင်းတန်းကို ထုတ်လွှတ်ပေးလေရာ ရှောင်ဟိုင်၏ခန္ဓာကို လွှမ်းခြုံသွားသည်။
ပြင်ဆင်မှုအားလုံးပြီးစီးသောအခါ သူ သွေးအဆီအနှစ်ကို ရှောင်ဟိုင်နှလုံးထဲ ထည့်သွင်းလိုက်သည်။
သွေးအဆီအနှစ် ရှောင်ဟိုင်ကိုယ်ထဲ ၀င်သွားသည့်အခိုက်အတန့်၌ ရှောင်ဟိုင်၏ လည်မြိုမှ အလွန်အမင်းကျယ်လောင်သည့် အော်သံတစ်သံ ထွက်လာသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက စိုးရိမ်နေသည့် အမူအရာများနှင့် လှမ်းကြည့်လာကြသည်။
သွေးအဆီအနှစ်က သူ့နှလုံးထဲ၀င်သွားသောအခါ ကြီးမားသည့်ဖိအားတစ်ခုက အတွင်းကနေ ရှောင်ဟိုင်၏ ကိုယ်တွင်းအင်္ဂါများကို ဆုတ်ဖြဲပစ်ချင်နေသည့်အလားပင်။
ဒီကဲ့သို့နာကျင်မှုမျိုးက ဝိဉာဉ်အပိုင်းအစတစ်ခုနှင့် ပေါင်းစပ်ခြင်းထက် ပိုဆိုးသည်။
လုချန်ရှန်း ရှောင်ဟိုင်၏ကိုယ်ခန္ဓာကို စူးစိုက်ကြည့်နေသည်။
အကယ်၍ တစ်ခုခုမှားယွင်းသွားပါက ရှောင်ဟိုင်ကို ကာကွယ်ရန်အတွက် သူအကောင်းဆုံး ကြိုးစားမည်သာ။
အပိုင်း(946) coming။