← Chapters

#‌နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသဆီသို့#

Vol. 67 Ch. 946

#‌နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသဆီသို့#

Vol. 67 Ch. 946

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကုန်ဆုံးသွားခဲ့သည်။ 

ဒီသုံးရက်ကာလအတောအတွင်း ရှောင်ဟိုင်၏ ‌အော်ဟစ်သံများက ဘယ်တော့မှ မရပ်တန့်ခဲ့ပေ။ 

သူ့အသံကအက်ရှနေပြီဖြစ်ကာ မျက်ရည်ကျလုနီးပါး ခံစားချက်ကိုပင် ခံစားနေရလေပြီ။ 

ရှောင်ဟိုင်ရှိနေသောနေရာကို အစီအရင်တစ်ခုက ၀န်းရံထားသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ လှမ်းကြည့်ကြစဉ် အစီအရင်က သွေးမြူများနှင့် ပြည့်နှက်နေတာကိုပင် မြင်နိုင်သည်။ 

ရှောင်ဟိုင်ဘာတွေလုပ်နေသလဲဆိုတာ သူတို့မသိကြသော်လည်း သူတို့ဆရာသာ ရှိမည်ဆိုပါက သူက ရှောင်ဟိုင်အား သေချာပေါက် ဘာတစ်ခုမှ ဖြစ်ခွင့်ပေးမည်မဟုတ်။ 

ဒါကတော့ သေချာပေသည်။ 

ဟွမ်ချင်း မိုးမခပင်ဘေးတွင် ရပ်နေပြီး အဝေးကနေ ရှောင်ဟိုင်ကို ကြည့်နေသည်။ ထို့နောက် သူမတိုးတိုးလေးပြောသည်။ 

"အရင်က ကျွန်မနယ်ပယ်က ရှောင်ဟိုင်ထက် အများကြီးပိုမြင့်တယ်ဆိုပေမယ့် လုချန်ရှန်းရဲ့ သွေးအဆီအနှစ်တစ်စက်ကို ပေါင်းစပ်ပြီးနောက်မှာ ကျွန်မသေလုမျောပါးတောင် ဖြစ်ခဲ့ရတယ်"

မိုးမခပင်က ထူးမခြားနားစွာပြောသည်။ 

"အရင်တုန်းက မင်းသူ့သွေးအဆီအနှစ်ကို ပေါင်းစပ်ရုံတင်မက နဂါးမျိုးနွယ်စုရဲ့ အသန့်စင်ဆုံးသွေးကြောကိုလည်း ပေါင်းစပ်ခဲ့တယ်၊ မင်းတို့မျိုးနွယ်စုနှစ်စုက မော်တယ်ရန်သူတွေပဲ၊ ဒီတော့ ပေါင်းစပ်ခြင်းဖြစ်စဉ်က သဟဇာတဖြစ်မှာမဟုတ်ဘူးလေ"

ဒါကိုကြားသော် ဟွမ်ချင်းခပ်ရေးရေးပြုံးသည်။ 

"ရှောင်ဟိုင် ပေါင်းစပ်မှုကို အပြီးသတ်ဖို့အတွက် ဘယ်လောက်ထိ အချိန်ယူရမလဲဆိုတာ ကျွန်မသိချင်မိတယ်"

လုချန်ရှန်းက ဒီစိတ်ကူးကို အကြံပြုလာခဲ့လေရာ သူ့တွင်အကြွင်းမဲ့ယုံကြည်မှုတော့ ရှိရပေမည်။ သူဒီလိုအရာမျိုးကို အတော်လေး ဂရုစိုက်တတ်သည်။ 

.....

ဒီလိုနှင့် နောက်တစ်လကုန်ဆုံးသွားခဲ့သည်။ 

ရှောင်ဟိုင်၏ အော်ဟစ်သံများကလည်း အလယ်ဗဟိုကိုပင် ရောက်နေသည့်အလား တိတ်တဆိတ်အော်ဟစ်သံအဖြစ် ပြောင်းလဲသွားခဲ့သည်။ 

သူ့အသံကြိုးက စုတ်ပြဲနေပြီဖြစ်ကာ သူစကားပင် မပြောနိုင်တော့။ 

ဒီနေ့မှာပင် လုချန်ရှန်း၏ သွေးအဆီအနှစ်အစက်လေးက ရှောင်ဟိုင်၏သွေးကြောနှင့် အပြည့်အ၀ ပေါင်းစပ်သွားခဲ့သည်။ 

ရှောင်ဟိုင်၏ ကျိုးကြေနေသည့်ကိုယ်ခန္ဓာကလည်း အနှီမျက်စိနှင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။ 

‌အလွန်အမင်းကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုက ပေါက်ကွဲသွားခဲ့သည်။ 

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြ၏။ 

"နောက်ဆုံးတော့ အောင်မြင်သွားပြီ"

ဟွမ်ချင်းအနည်းငယ်အံ့ဩသင့်နေသည်။ 

"တစ်လလား၊ ဒါက ကျွန်တော်မျှော်လင့်ထားတာထက် သာလွန်နေတယ်"

မိုးမခပင်ပြောသည်။ 

"သူ့သွေးအဆီအနှစ်တိုးတက်မှုနဲ့ဆိုရင် ရှောင်ဟိုင်ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းက ပိုမြင့်တဲ့အမြင့်ကန့်သတ်ချက်တစ်ခုကို ရောက်သွားလိမ့်မယ်"

ဒီအခိုက်အတန့်မှာပင် လုချန်ရှန်း အစီအရင်ကို ဖယ်ရှားလိုက်၏။ 

သူ့ကိုယ်ခန္ဓာကို ရှောင်ဟိုင်၏ သွေးကြောစွမ်းအားကို အားဖြည့်ပေးရန်အတွက် လုံး၀ကို မှီခိုအားကိုးနေရသည်။ 

ပြန်လည်ကုသအားဖြည့်သည့်ဖြစ်စဉ်က အရင်ကထက်ပိုမြန်ဆန်နေတာ သိသာထင်ရှားနေသည်။ 

တစ်ချိန်တည်းမှာပင် ရှောင်ဟိုင်၏ သွေးကြောထဲတွင် ရွှေရောင်အော်ရာအမျှင်တန်းများက သွေးထဲတွင်စီးဆင်းနေပြီး လေးလံကာ ကြွယ်၀သည်။ 

သူ့သွေးစွမ်းအင်က အရင်ကထက်ပို၍ အားကောင်းလာခဲ့သည်။ 

လက်ဖက်ရည်တစ်ခွက်ခန့် အချိန်အတွင်းမှာပင် သူ့၏ကျိုးကြေနေသော ကိုယ်ခန္ဓာက လုံး၀ကောင်းမွန်သွားသည်။ 

ရှောင်ဟိုင်ထရပ်ပြီး လက်မောင်းကို ခါယမ်းပစ်စဉ် မကုန်ခမ်းနိုင်သောစွမ်းအားတစ်ခုကို သူခံစားနိုင်သည်။ 

သူ့ကိုယ်ထဲက ခွန်အားအရကြည့်မည်ဆိုပါက နတ်စစ်သည်နယ်ပယ် အထွတ်အထိပ်အဆင့်တစ်ဦးပင်လျှင် ရှောင်ဟိုင်၏ ပြိုင်ဘက်မဟုတ်တော့ပါ။ 

ဒီအချိန်မှာပင် လုချန်ရှန်းပြောသည်။ 

"ငါ့သွေးအဆီအနှစ်တစ်စက်က မင်းသွေးကြောနဲ့ အပြည့်အ၀ ပေါင်းစပ်သွားတယ်ဆိုပေမယ့် အထဲကစွမ်းအားကို မင်းအပြည့်အ၀ မစုပ်ယူရသေးဘူး"

"သွေးအဆီအနှစ်ကို စုပ်ယူဖို့အတွက်ကတော့ သွေးအဆီအနှစ်ထဲက စွမ်းအားကို အပြည့်အ၀စုပ်ယူနိုင်ဖို့အတွက် မင်းအဆက်မပြတ် တိုက်ခိုက်ပြီး တိုက်ပွဲမှာ ကြီးထွားလာဖို့လိုတယ်"

ဒါကိုကြားသောအခါ ရှောင်ဟိုင်သူ့ကိုယ်ထဲသို့ ကြည့်ရှုလိုက်သည်။ 

တကယ်တမ်းတွင်လည်း သူ့သွေးကြောထဲက ရွှေရောင်အော်ရာ၁၀ရာခိုင်နှုန်းကိုသာ သူယခုအချိန် လုံး၀အသုံးပြုနိုင်သည်။ 

၁၀ရာခိုင်နှုန်းလေးဖြစ်သည့်တိုင် ဒါက သူ့ခွန်အားကို အများကြီးတိုးလာစေသည်။ 

ဒါကပင် လုချန်ရှန်း၏ သွေးအဆီအနှစ်က ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲဆိုတာကို ပြသနေသည်။ 

ယခုအချိန်တွင် သူသာနောက်ထပ် ဝိဉာဉ်အပိုင်းအစကို စုပ်ယူပါက ရှောင်ဟိုင်တွင် အနည်းဆုံး ၉၀ရာခိုင်နှုန်း ယုံကြည်မှုရှိသည်။ 

ထို့နောက်တွင်မူ ရှောင်ဟိုင် အဆင့်မြင့်ကြယ်နယ်မြေကို သွားရန်အတွက် ပြင်ဆင်တော့သည်။ 

ဟုန်ရင်နှင့် နင်းချန်ရှင်းတို့က အဆင့်နိမ့်ကြယ်နယ်မြေတွင် တိမ်ဖီးနစ်အင်ပါယာနှင့် ပညာသင်ခန်းမကို တည်ဆောက်ရန် လိုအပ်သေးပြီး တစ်ချိန်တည်းမှာပင် အဆက်မပြတ် သင်ကြားပို့ချရန်နှင့် တိမ်ဖီးနစ်အင်ပါယာ၏ လွှမ်းမိုးမှုကို တိုးချဲ့ရန်အတွက် အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သွားရမည်ဖြစ်သည်။ 

ဟုန်ရင်၏နောက်ထပ်ပစ်မှတ်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ကြယ်နယ်မြေနှလုံးသားဖြစ်သည်။ 

မု၀မ်အာကမူ လုချန်ရှန်းနှင့်အတူ အဂ္ဂိရတ်ပညာကို ဆက်လက်လေ့ကျင့်နေသည်။ 

တခြားတစ်ဘက်တွင် ရှီရှန်းက ကြယ်တာယာကောင်းကင်တာအိုကျင့်ကြံခြင်းမြေ၌ ကျင့်ကြံနေသည်။ မည်သို့ပင်ဆိုစေကာမူ တခြားနေရာများက ဒီနေရာက ကြယ်တာယာကောင်းကင်တာအိုနိယာမလောက် ကြွယ်၀ရန်ဟူသည် မဖြစ်နိုင်ပေ။ 

ကျောက်တုံးလေးကလည်း အလားတူပင်။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ဖန်ချန်းတို့ကမူ ရှောင်ဟိုင်နှင့်အတူ အဆင့်မြင့်ကြယ်နယ်မြေကို အရင်ဆုံးလိုက်သွားပြီး ရှောင်ဟိုင်အား နတ်ဆိုးနက်ချီကို စုံစမ်းစစ်ဆေးရာ၌ ကူညီရန် ဆုံးဖြတ်လိုက်ကြ၏။ 

လုချန်ရှန်း သူတို့ကို ထိုနေရာသို့ တိုက်ရိုက်သွားခွင့်မပေးပေ။ 

မည်သို့ပင်ဆိုစေကာမူ နတ်ဆိုးဘုရင်ပိုင်နက်က လူများက ထိုနေရာတွင်ရှိကြသည်။ ရှောင်ဟိုင် ဒီတစ်ကြိမ်သွားပါက သူ့ကိုယ်ပိုင်လက္ခဏာကို သေချာပေါက် ထုတ်ဖော်ပြသရပေလိမ့်မည်။ 

သူ့အတွက် အဆင့်မြင့်ကြယ်နယ်မြေ၌ ခွန်အားကို လူသိရှင်ကြားထုတ်ပြရန်ဟူသည် မဖြစ်နိုင်ပါ။ 

လုချန်ရှန်း အကြံတစ်ခုရလာသည်။ 

သူ့ခွန်အားကို သူမထုတ်ဖော်နိုင်သည်သာမက ရှောင်ဟိုင်နှင့် ကျန်သောသူများကလည်း သူတို့ထက် ကျင့်ကြံခြင်းနယ်ပယ် အများကြီး ပိုမြင့်သောသူများ လိုက်ဖမ်းမည့်အရေးကနေလည်း ပြီးပြည့်စုံစွာ ကာကွယ်နိုင်မည်ဖြစ်သည်။ 

......

လုချန်ရှန်း သူတို့လေးယောက်ကို ဟောင်တျန်းနတ်ဂိုဏ်းသို့ ခေါ်ဆောင်သွားသည်။ 

မှန်ပေသည်။ သူတို့အား ခြိမ်းခြောက်မည့်အရေးကနေ ကာကွယ်ရန်အတွက် ဟောင်တျန်းနတ်ဂိုဏ်း၏ အကာအကွယ်ကို အသုံးပြု၍ရသည်။ 

လုချန်ရှန်း ရှောင်ဟိုင်နှင့် ကျန်သောသူများကို လက်ညိုးထိုးပြသည်။ 

"ကျေးဇူးပြုပြီး ဒီကောင်စုတ်လေး လေးယောက်ကို ဂရုစိုက်စောင့်ရှောက်ပေးပါဦး"

နတ်သခင်ဟောင်တျန်း အနည်းငယ် ကြက်သေသေသွားသည်။ 

"သူတို့က စီနီယာရဲ့တပည့်တွေလား၊ ဒါပေမယ့် သူတို့ကိုဘာလို့ ကျုပ်ရဲ့ဟောင်တျန်းဂိုဏ်းက ကာကွယ်စောင့်ရှောက်စရာလိုလို့လဲ၊ စီနီယာကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးတာက ပိုမကောင်းဘူးလား"

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းက သူ့ထက်အများကြီး အားကောင်းတာကို နတ်သခင်ဟောင်တျန်းသိပါသည်။ 

သူက ဒဏ္ဍာရီလာနယ်ပယ်ဖြစ်သည့် အစစ်အမှန်နတ်ဘုရားနယ်ပယ်ကိုပင် ရောက်နေနိုင်သည်။ 

လုချန်ရှန်းခေါင်းခါယမ်းသည်။ 

"ကျုပ်အတွက် မျက်နှာပြဖို့ဆိုတာက အဆင်မပြေဘူး"

ထို့နောက် သူနတ်သခင်ဟောင်တျန်းကို ရှောင်ဟိုင်၏ ကိုယ်ပိုင်လက္ခဏာအား ပြောပြလိုက်သည်။ နတ်သခင်ဟောင်တျန်း ရှောင်ဟိုင်အား အံ့ဩသင့်တကြီး ကြည့်ပြီးနောက်‌ လေးနက်စွာခေါင်းညိတ်သည်။ 

အရင်က နတ်ဆိုးဘုရင်ပိုင်နက်အကြောင်း သူလည်း အနည်းငယ်သိထားသည်။ 

မျှော်လင့်မထားစွာပင် အဆင့်မြင့်ကြယ်နယ်မြေတစ်ခုလုံးကို အရင်က တုန်လှုပ်သွားစေခဲ့သည့် နတ်ဆိုးသခင်က စီနီယာလု၏ တပည့်အဖြစ် အမှန်တကယ် ပြန်လည်မွေးဖွားလာခဲ့သည်။ 

"ကျုပ်နားလည်ပါတယ်၊ စီနီယာလုဆိုလိုတာက သူတို့ထက် နယ်ပယ်ပိုမြင့်တဲ့ သူတွေကို ကျုပ်တို့ခွင့်မပြုသေးသရွေ့ အဆင်ပြေတယ်မလား"

လုချန်ရှန်းခေါင်းညိတ်သည်။ 

အကယ်၍ အရာအားလုံးကိုသာ လုပ်ပေးနေရမည်ဆိုပါက သူတို့ခွန်အားကို ဘယ်လိုလုပ် ကျင့်ကြံနိုင်တော့မည်နည်း။ 

ဒါ့အပြင် သူတို့၏လက်ရှိခွန်အားနှင့် သူပေးထားသည့် အာကာသသိုလှောင်အိတ်လေးနှင့်ဆိုပါက နယ်ပယ်တူ သို့မဟုတ် အနည်းငယ့်ပိုမြင့်သည့် ပါရမီရှင်များကို ကိုင်တွယ်ရာ၌ သူတို့တွင် ဘာဖိအားမှရှိမည်မဟုတ်။ 

ဒါကို မြင်သောအခါ နတ်သခင်ဟောင်တျန်းခေါင်းညိတ်သည်။ 

"ကျုပ်နားလည်ပါပြီ၊ ကျုပ်ကိုပဲ လက်လွှဲထားခဲ့လိုက်ပါ၊ တခြားနတ်သခင်တွေက တိုက်ခိုက်ချင်တယ်ဆိုရင်တောင် ကျုပ်သူတို့ကို အသက်နဲ့တမျှ ကာကွယ်ပေးသွားမယ်"

"ဒီလိုဆိုရင် ခင်ဗျားဘာမှလုပ်စရာမလိုဘူး"

လုချန်ရှန်း မည်းမှောင်နေသည့်အမူအရာဖြင့် ပြောသည်။ 

"ဒီကောင်စုတ်လေးတွေက ကိုယ့်ကိုကိုယ် အထင်ကြီးကြပြီး နတ်သခင်တွေကို ရန်စရဲတယ်ဆိုရင်တော့ သူတို့ကို ဒီအတိုင်းပစ်ထားလိုက်၊ ကိုယ့်ကိုကိုယ်ကာကွယ်ကြပါစေ"

ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ဖန်ချန်းနှင့် ရှောင်ဟိုင်တို့မှာ ရယ်ရမလား၊ ငိုရမလားမသိကြတော့။ 

မျှော်လင့်ထားတဲ့အတိုင်းပဲ၊ ဆရာလုပ်ရမယ့်အရာတွေက အတော်များနေတုန်းပဲ!

နတ်သခင်ဟောင်တျန်းကလည်း စိတ်ရှုပ်ထွေးသွားရသည်။ 

စီနီယာလု သူ့တပည့်တွေအပေါ် နည်းနည်းရက်စက်လွန်းမနေဘူးလား!

သို့စေကာမူ ဒါက သူ့စီနီယာ၏ မိသားစုကိစ္စသာဖြစ်လေရာ ၀င်မစွက်ဖက်တာက ပိုကောင်းသည်။ 

"ကောင်းပြီ၊ သူတို့ကို ဒီမှာထားခဲ့လိုက်မယ်၊ သူတို့ ဆူပူကြိမ်းမောင်းတာ ဒါမှမဟုတ် ဆိုဆုံးမတာ တစ်ခုခုနဲ့ ထိုက်တန်လာတယ်ဆိုရင် ကျုပ်မျက်နှာကို ငဲ့ညှာထောက်ထားနေစရာမလိုဘူး"

လုချန်ရှန်းလက်ဝှေ့ယမ်းကာ သူတို့စကားပြောတာကိုပင် စောင့်မနေတော့ဘဲ ပျောက်ကွယ်သွားလေတော့သည်။ 

နတ်သခင်ဟောင်တျန်း အကူအညီမဲ့စွာပြုံးရင်း ရှောင်ဟိုင်နှင့်ကျန်သောသူများအား ကြည့်လိုက်သည်။ သူလက်ဝှေ့ယမ်းကာ ကျောက်စိမ်းဆွဲသီးသုံးခုကို ထုတ်ယူပြီးနောက် သူတို့အားပေးသည်။ 

"ဒီကျောက်စိမ်းဆွဲသီးတွေထဲမှာ ငါ့ဝိဉာဉ်ကိုယ်ပွားအမျှင်စတစ်ခုစီပါတယ်၊ အရေးကြီးတဲ့ အခြေအနေကျရင် ငါပေါ်လာခဲ့မယ်"

"မင်းတို့ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ဘယ်အချိန်သွားချင်လဲ"

ရှောင်ဟိုင်ပြောသည်။ 

"အခု"

ဟောင်တျန်းခေါင်းညိတ်ရင်း အသိပေးသည်။ 

"ငါမင်းတို့နဲ့အတူ အဲကိုစောင့်ကြပ်လိုက်ပါပေးဖို့အတွက် အကြီးအကဲတွေကို ပြောလိုက်မယ်၊ ဒါပေမယ့် အရင်က တိုက်ပွဲမှာ နတ်ဆိုးဘုရင်ပိုင်နက်နောက်မှာ နတ်သခင်အဆင့်ဂိုဏ်းနှစ်ဂိုဏ်းရှိတာကို မင်းသိထားသင့်တယ်၊ ဒီတော့ နိမ့်ချပြီးနေဖို့ ကြိုးစားပါ၊ မင်းတို့မဖြေရှင်းနိုင်ဘူးဆိုရင် ငါနဲ့ ဆွေးနွေးဖို့အတွက် ကျောက်စိမ်းဆွဲသီးကို အသုံးပြုလိုက်ရုံပဲ"

ရှောင်ဟိုင်နှင့်ကျန်သောသူများ ကျေးဇူးတင်စွာပြောသည်။ 

"ကျေးဇူးပါ၊ စီနီယာ"

‌"ကောင်းပြီ၊ သွားကြတော့"

အပိုင်း(947) coming။ 

All Chapters