#အစည်းအဝေးခန်းမ
Vol. 67 Ch. 947
နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက ဟောင်တျန်းနတ်ပိုင်နက်နှင့် အင်မတန်ဝေးသည်။
ထို့ကြောင့် ဟောင်တျန်းနတ်ဂိုဏ်းက မဟာအကြီးအကဲ ရှောင်ဟိုင်နှင့် ကျန်သောသူများကို ခေါ်သွားသောအခါ သူတို့ ကြယ်ပိုင်နက်အသီးသီးက တယ်လီပို့အစီအရင်များကနေ အဆက်မပြတ် ဖြတ်သန်းခဲ့ရသည်။
သို့တိုင်အောင် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ရောက်ရန်အတွက် လတစ်၀က်ပင် ကြာမြင့်သွားခဲ့သည်။
လမ်းတစ်လျှောက်တွင် မဟာအကြီးအကဲက ရှောင်ဟိုင်နှင့် ကျန်သောသူများကို နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အင်အားစုအခွဲများနှင့် အခြေအနေကို ပြောပြသည်။
"နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အင်အားစုတွေက ရှုပ်ထွေးနေပြီး ထူးခြားတဲ့ အင်အားစုတွေမရှိဘူး၊ အဲဒီဒုတိယတန်းစားဂိုဏ်းနှစ်ဂိုဏ်းကပဲ သင့်တော်တယ်"
မဟာအကြီးအကဲပြောသည်။
"တစ်ခုက နတ်ခန္ဓာဂိုဏ်းလို့ခေါ်တဲ့ ခန္ဓာပြုပြင်မွမ်းမံတဲ့ဂိုဏ်းတစ်ဂိုဏ်းဖြစ်ပြီး ကျန်တစ်ခုက နတ်အစီအရင်ဂိုဏ်းလို့ခေါ်ပြီး အစီအရင်တွေနဲ့ ကျော်ကြားတယ်"
"ပုံမှန်အားဖြင့် ဂိုဏ်းနှစ်ဂိုဏ်းက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက လျှို့ဝှက်နယ်မြေတွေရဲ့ ၈၀ရာခိုင်နှုန်းကို ခွဲဝေကြပြီး ကျန်တဲ့၂၀ရာခိုင်နှုန်းကို အောက်က ဂိုဏ်းတွေက တိုက်ခိုက်ကြရတယ်"
"ဒါက မင်းတို့အရမ်းကြီး အာရုံစိုက်ထားစရာလိုတဲ့ အရာတွေတော့မဟုတ်ပါဘူး"
"နတ်သခင်ပြောစကားအရဆိုရင် နတ်ဆိုးဘုရင်ပိုင်နက်က ဒီခရီးစဉ်မှာ မင်းတို့အနီးကပ်အာရုံစိုက်ရမယ့်ဂိုဏ်းပဲ၊ နတ်ဆိုးနက်ချီနဲ့ ပတ်သက်ပြီး နတ်ဆိုးဘုရင်ပိုင်နက်က လက်ရှိနတ်ဆိုးသခင်ရဲ့ ညာလက်ရုံးမိုလီကို စေလွှတ်ခဲ့တယ်"
ဒီနေရာတွင် မဟာအကြီးအကဲ ရှောင်ဟိုင်ကို ကြည့်လိုက်၏။ ရှောင်ဟိုင် အမူအရာကင်းမဲ့နေတာကို မြင်ရသောအခါ သူဆက်ပြောသည်။
"နတ်ဆိုးဘုရင်ပိုင်နက်ရောက်လာတဲ့အခါ နတ်ခန္ဓာဂိုဏ်းနဲ့ နတ်အစီအရင်ဂိုဏ်းတို့ကနတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ၀င်လာကြတဲ့ ကျင့်ကြံသူတွေကို စောင့်ကြည့်ဖို့အတွက် လူအများကြီး စေလွှတ်ခဲ့တယ်ဆိုတာ ငါတို့ဟောင်တျန်းနတ်ဂိုဏ်းရဲ့ သူလျှိုတွေ ရှာတွေ့ခဲ့တယ်"
ဒါကိုကြားသော် ရှောင်ဟိုင်ချက်ချင်းပြောသည်။
"သူတို့ ကျွန်တော့်ကို ရှာနေကြတာပဲ"
ဒါကမှန်းဆကြည့်ရန် မခက်ခဲပါ။
နတ်ဆိုးနက်ချီထွက်ပေါ်လာမှုက ဒီလောက်ကြီးမားသည့်ဧရိယာကို သက်ရောက်ခဲ့သည်။
ထို့နောက် အထဲကပစ္စည်းက သေချာပေါက် နတ်ဆိုးချီနှင့် ဆက်စပ်နေသည့် ရတနာတစ်ခုဖြစ်ရပေလိမ့်မည်။
နတ်ဆိုးဘုရင်ပိုင်နက်၏ ထင်မြင်ချက်အရ ရှောင်ဟိုင် ဒီနေရာကိုသွားပြီး စွန့်စားရန်အတွက် ဖြစ်နိုင်ချေကြီးမားသည်ဟု သူတို့ထင်ကြသည်။
"ငါတို့လည်း ဒါကိုတွေးမိကြပါတယ်" မဟာအကြီးအကဲခေါင်းညိတ်သည်။
"ကံကောင်းချင်တော့ သူတို့မင်းတို့မျက်နှာတွေကို မမှတ်မိကြဘူး၊ ရှောင်ဟိုင်တစ်ယောက်တည်းပဲ ရုပ်ပြောင်းထားဖို့လိုတယ်"
"တစ်ချိန်တည်းမှာပဲ ငါမင်းတို့အတွက် ကိုယ်ပိုင်လက္ခဏာအတုတစ်ခု စီစဉ်ပေးထားတယ်၊ မင်းတို့က ဟောင်တျန်းနတ်ပိုင်နက်က ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်တဲ့ ကြယ်တိမ်တိုက်ဂိုဏ်းက အတွင်းပိုင်းတပည့်တွေ ဖြစ်ပြီး ဒီကို လေ့ကျင့်ဖို့အတွက် ရောက်လာကြတာ"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ရှေ့တိုးပြီးနောက် ပြုံးပြသည်။
"ကျေးဇူးပါစီနီယာ"
မဟာအကြီးအကဲလက်ဝှေ့ယမ်းပြသည်။
"မင်းတို့က အဲဒီစီနီယာရဲ့တပည့်တွေပဲ၊ ဒီတော့ ငါတို့ဟောင်တျန်းနတ်ဂိုဏ်းက မင်းတို့ကို အစွမ်းကုန်ကာကွယ်ပေးရမှာပဲလေ"
"ကောင်းပြီ၊ ငါတို့နတ်ဘုရားဆင်းသက်ခြင်း ကြယ်ဒေသကို ရောက်လုနီးပါးဖြစ်နေပြီ၊ ငါအရင်သွားလိုက်မယ်၊ မင်းတို့အကူအညီလိုရင် ဆက်သွယ်ဖို့အတွက် ကျောက်စိမ်းဆွဲသီးကို သုံးလို့ရတယ်"
ထို့နောက် မဟာအကြီးအကဲ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေတော့သည်။
သူတို့ခွန်အားအရ နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းတို့၏ ဝိုင်းရံမှုကနေ သူတို့ အလွယ်တကူ ဖြတ်ကျော်နိုင်ပါသည်။
ထိုစဉ် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ဂိုဏ်းနှစ်ဂိုဏ်းက လူများက တားလိုက်ကြသည်။
ချပ်၀တ်၀တ်ဆင်ထားသည့် လူရှည်တစ်ယောက်က ရှေ့တိုးကာပြောသည်။
"မင်းတို့ဘယ်ကလဲဆိုတာနဲ့ ဘာကြောင့် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ၀င်ချင်ရသလဲဆိုတာ ငါသိလို့ရမလား"
အစ်ကိုကြီးတစ်ယောက်အနေနှင့် ယခုလိုအချိန်အခါမျိုးတွင် ယဲ့ချိုးပိုင်ရှေ့ထွက်လာရမည်သာ။
"ကျုပ်တို့က ဟောင်တျန်းနတ်ပိုင်နက်က ကြယ်တိမ်တိုက်ဂိုဏ်းကပါ၊ ကျုပ်တို့ နေရာတိုင်းမှာ လေ့ကျင့်နေကြတာပါ၊ နတ်ဆိုးနက်ချီ မွေးဖွားလာတာကို ကြားလိုက်ရတော့ ကျုပ်တို့ဒီကို လေ့ကျင့်ဖို့အတွက် ရောက်လာကြတာပါ"
ထို့နောက် မဟာအကြီးအကဲ ကြိုတင်ပြင်ဆင်ပေးထားခဲ့သည့် ကိုယ့်ပိုင်အထောက်အထားတုံကင်များကို ပေးလိုက်သည်။
လူရှည်ကြီး လှမ်းယူပြီးကြည့်သည်။ တစ်ခဏမျှ အာရုံခံကြည့်ပြီးနောက် သူခေါင်းညိတ်ကာ ပြန်ပေးသည်။
သူ့အမူအရာက အနည်းငယ် နူးညံ့သွား၏။
ကြယ်တိမ်တိုက်ဂိုဏ်းက ဟောင်တျန်းနတ်ပိုင်နက်တွင် ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်းဖြစ်သော်လည်း သူတို့ဂိုဏ်းနှစ်ဂိုဏ်းထက် သေချာပေါက်ပိုအားကောင်းသည်။
ထို့ကြောင့် သူတို့နှင့် ထိုက်တန်သော လေးစားမှုကိုတော့ ပေးရပေမည်။
"ကောင်းပါပြီ၊ ဒါပေမယ့် လူတွေကိုတော့ စစ်ဆေးရဦးမယ်" ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မကျေမနပ်ဖြစ်သွားကြမည်ကို စိုးရိမ်သည့်အလား လူရှည်ကြီးက ဆက်ပြောသည်။
"နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက အခုကြီးမားတဲ့ အကျပ်အတည်းကို ရင်ဆိုင်နေရတာပါ၊ ဒါကြောင့် ကျုပ်တို့ဂရုစိုက်ရပါမယ်၊ အားလုံးပဲ ကျုပ်တို့ကို ခွင့်လွှတ်ကြမယ်လို့ မျှော်လင့်ပါတယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ထို့နောက်လူရှည်ကြီး ကြေးမုံတစ်လက်ကို ထုတ်ယူသည်။ ကြေးမုံက ရိုးရှင်းကာ ပေါ်လွင်နေသော်လည်း အထဲတွင် အာကာသစွမ်းအားတစ်ချို့ရှိသည်။
ဒါကိုမြင်ကွင်းများအား တစ်ဆင့်ပို့ရန်အတွက် အသုံးပြုသည်မှာ သိသာထင်ရှားနေသည်။
လူရှည်ကြီးက ကြေးမုံကိုကိုင်ပြီး ယဲ့ချိုးပိုင်တို့ရှေ့တွင်ရပ်လိုက်စဉ် သူတို့ကိုယ်၌ အာကာသစွမ်းအားကနေ ဖြစ်ပေါ်လာသည့် အဖြူရောင်အလင်းတန်းတစ်ခု လင်း၀င်းသွားသည်။
အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် လူရှည်ကြီး တခြားတစ်ယောက်နှင့်အတူ ဒါကို အတည်ပြုနေပုံရသည်။
ရှောင်ဟိုင် ဒီမြင်ကွင်းကို တည်ငြိမ်စွာကြည့်နေသည်။
ကြည့်ရသည်မှာ သူ့ခန့်မှန်းထားတာက မမှားပေ။ နတ်ဆိုးဘုရင်ပိုင်နက်က ဒီပိုင်နက်တွင် အကာအကွယ်များကို အမှန်တကယ်ပင် ချထားလေသည်။
များမကြာမီမှာပင် လူရှည်ကြီးက ယဲ့ချိုးပိုင်တို့ကို ပြုံးပြသည်။
"ကောင်းပါပြီ၊ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက မကြာသေးခင်က မငြိမ်းချမ်းဖြစ်နေခဲ့တာမို့ ကျေးဇူးပြုပြီး ဂရုစိုက်ကြပါ၊ ခင်ဗျားတို့ စိတ်ဝင်စားမယ်ဆိုရင် ကျုပ်တို့ရဲ့ နတ်ခန္ဓာဂိုဏ်းကို ဧည့်သည့်အဖြစ်လာလို့ ရပါတယ်"
"သေချာတာပေါ့"
ထို့နောက်သူတို့ လှေကိုထိန်းချုပ်ပြီး နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသထဲသို့ ၀င်လိုက်ကြသည်။
တိမ်များကြားကနေ ကျယ်ပြောလှသည့် ကုန်းမြေတစ်ခုပေါ်လာသည်။
သူတို့အဝေးတစ်နေရာသို့ ကြည့်သောအခါ ထိုနေရာက ကောင်းကင်၌ ဖုံးအုပ်ထားသည့် နတ်ဆိုးနက်ချီများ ရှိနေတာကို သဘောပေါက်သွားကြ၏။
သူတို့ နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို ၀င်လိုက်သည့်အခိုက်အတန့်၌ ရှောင်ဟိုင်၏ကိုယ်က တုန်ယင်သွားပြီး သူ့မျက်လုံးများက နတ်ဆိုးနက်ချီဖြင့် ချက်ချင်းဖုံးလွှမ်းသွားသည်။
မုဖူရှန်းဒါကိုမြင်သောအခါ သူ့အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး အော်ရာကို ဖုံးကွယ်ထားသည့် အဆောင်တစ်ချို့ကို ချက်ချင်းထုတ်ယူပြီး ရှောင်ဟိုင်အား ပေးလိုက်သည်။
ထို့နောက် သူဝိဉာဉ်စွမ်းအားကို အသံထဲတွင် အသုံးပြုပြီး ရှောင်ဟိုင်ရှိရာသို့ အော်ဟစ်သည်။
"စီနီယာအစ်ကို"
ဒီအသံကိုကြားသောအခါ ရှောင်ဟိုင်ရုတ်တရက် သတိ၀င်လာပြီး သူ့မျက်လုံးထဲက နတ်ဆိုးနက်ချီက ဒီရေပမာ ပြန်နောက်ဆုတ်သွားကြ၏။
"ဘယ်လိုနေလဲ" ယဲ့ချိုးပိုင်ရှေ့တိုးကာမေးသည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"ဒီနေရာက နတ်ဆိုးနက်ချီနဲ့ ကျွန်တော်အရမ်းရင်းနှီးနေတယ်၊ အထဲကပစ္စည်းက ကျွန်တော်နဲ့ ဆက်စပ်နိုင်ချေပိုများတယ်"
"အင်း၊ ဒါဆို နတ်ဆိုးဘုရင်ပိုင်နက်က မရသေးခင် ငါတို့ဒီပစ္စည်းကို ရဖို့လိုတယ်" ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ဘေးက ဖန်ချန်းမေးသည်။
"အခုဘာလုပ်ကြမလဲ"
"အရမ်းရိုးရှင်းပါတယ်" မုဖူရှန်းပြောသည်။
"ပထမဆုံးအချက်က သတင်းအချက်အလက်တွေစုစည်းဖို့ပဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"သတင်းအချက်အလက်တွေက အရမ်းကြီး မခက်ခဲလောက်ပါဘူး"
ယဲ့ချိုးပိုင်၏အပြုံးကိုမြင်ရသောအခါ မုဖူရှန်း၏နှလုံးသားက တုန်ယင်သွား၏။ သူမကောင်းသည့်ခံစားချက်တစ်ခုကို ရနေသည်။
"နတ်ဆိုးနက်ချီကိစ္စက အဲဒီဂိုဏ်းနှစ်ဂိုဏ်းကို ခေါင်းကိုက်စေတာမလား၊ ဒီလိုဆိုမှတော့ ကူညီသူပိုရှိလာလေလေ၊ ပိုကောင်းလေလေပဲပေါ့"
"ဒီတော့ နတ်ခန္ဓာဂိုဏ်းကို အရင်သွားပြီး ငါတို့ကူညီချင်တယ်လို့ သွားပြောကြရအောင်၊ ဒါဆိုငါတို့ သတင်းအချက်အလက်တွေရမှာပဲမလား"
"တိုက်ဆိုင်စွာပဲ ခုနကအစောင့်တွေက ငါတို့ကို နတ်ခန္ဓာဂိုဏ်းကို ဧည့်သည်အဖြစ် ဖိတ်ခေါ်နေကြတယ်လေ"
နားထောင်ပြီးနောက်တွင် မုဖူရှန်း မျက်နှာကို ဖုံးထားလိုက်မိသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ထပ်ပြီး ဒီလိုနည်းလမ်းပဲလား!
သို့စေကာမူ ယဲ့ချိုးပိုင်ဒါကို ပြောသည်ဖြစ်စေ၊ မပြောသည်ဖြစ်စေ ဒါက သေချာပေါက် အမြန်ဆုံးနည်းလမ်းပင်။
ဆုံးဖြတ်ချက်ချပြီးနောက် သူတို့အုပ်စုက နတ်ခန္ဓာဂိုဏ်းသို့ ဦးတည်လိုက်ကြ၏။
နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းတို့က မြို့ကိုတိုက်ခိုက်နေကြသော သားရဲများရှိရာဘက်သို့ ဦးတည်နေကြသည့် ကျင့်ကြံသူများကို စုစည်းရန်အတွက် သူတို့ မြို့လယ်တွင် အစည်းအဝေးခန်းမကို အထူးတလည် တည်ဆောက်ထားသည်။
ဒါ့အပြင် ကျင့်ကြံသူများကို ဆွဲယူနိုင်ရန်အတွက် သူတို့အလွန်အမင်း ရက်ရောသည့် ဆုလာဘ်များကိုပင် ပြင်ဆင်ပေးထားသည်။
ယဲ့ချိုးပိုင်တို့ရောက်လာကြသည်။
ဒီတဒင်္ဂတွင် အစည်းအဝေးခန်းမက လူများနှင့် ပြည့်နှက်နေကြပြီး ဒီလူများက အလင်းဖန်သားပြင်ရှေ့တွင် ရပ်နေကြသည်။
ဖန်သားပြင်က တာ၀န်များနှင့် ပြည့်နှက်နေသည်။
ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်သည့် လျှောက်လာပြီး ယဲ့ချိုးပိုင်တို့ ကြည့်နေစဉ်မှာပင် မေးလိုက်လေသည်။
"ရှင့်တို့က ရင်းနှီးပုံမပေါ်ပါဘူး၊ ဒါက ဒီနေရာမှာ ရှင့်တို့ရဲ့ ပထမဆုံးအကြိမ်မလား၊ ဘယ်လိုတာ၀န်မျိုးကို ရှင်တို့လက်ခံချင်လဲ"
အပိုင်း(948) coming။