← Chapters

#‌ပြင်ဆင်ခြင်း၊ ထွက်ခွာခြင်း#

Vol. 67 Ch. 948

#‌ပြင်ဆင်ခြင်း၊ ထွက်ခွာခြင်း#

Vol. 67 Ch. 948

အစည်းအဝေးခန်းမကို နတ်ခန္ဓာဂိုဏ်းနှင့် နတ်အစီအရင်ဂိုဏ်းတို့က တည်ဆောက်ထားခြင်းပင်။ ဆုလာဘ်များကိုလည်း ဂိုဏ်းနှစ်ဂိုဏ်းက ပေးဆောင်ကြသည်။ 

တစ်ချိန်တည်းမှာပင် သားရဲရိုင်းများကြောင့် ထိခိုက်ခံရသည့် မြို့အများအပြား ရှိလာခဲ့ပြီး အကွာအဝေးကလည်း တဖြည်းဖြည်း ကျယ်ပြန့်လာလေရာ ဂိုဏ်းနှစ်ဂိုဏ်းက တာ၀န်ဆုလာဘ်များ၌ အလွန်အမင်း ရက်ရောကြသည်။ 

ဒါကမရေမတွက်နိုင်လောက်သည့် တစ်ကိုယ်တော်ကျင့်ကြံသူများနှင့် တခြားဂိုသူဏ်းများကို သူတို့စွမ်းဆောင်ရည်အတွင်းမှ တာ၀န်များအား လက်ခံရန် ဆန္ဒရှိစေသည်။ 

ယဲ့ချိုးပိုင်တို့ရောက်လာသောအခါ ဘေး၌ ကျစ်လျစ်လှပသည့် ကောင်မလေးတစ်ယောက် လျှောက်လာပြီး တိုက်ရိုက်ပင် မေးသည်။ 

"ကျွန်မတို့အဖွဲ့မှာ ပါ၀င်ဖို့အတွက် ရှင့်တို့ စဉ်းစားချင်ကြလား"

ယဲ့ချိုးပိုင်လှည့်ကြည့်လိုက်စဉ် မျက်ခုံးပင့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာမေးသည်။ 

"ဘာလို့ငါတို့ကို ရွေးရတာလဲ"

သူတို့က တစ်ဦးကိုတစ်ဦး မသိကြသဖြင့် ဒီအခြေအနေက မယုံနိုင်စရာကောင်းသည်။ 

"ကျွန်မရှင့်တို့ကို အကြောင်းပြချက်တစ်ခု ပေးပါမယ်"

ထို့နောက်တွင်ချက်ချင်းဆိုသလို အပြုံးနှင့် လူရှည်ကြီးတစ်ယောက် လျှောက်လာပြီး အမျိုးသမီး၏ပခုံးကို ပုတ်လိုက်၏။ 

ဒါကိုမြင်သောအခါ အမျိုးသမီးက ထိုလူနောက်တွင် ဆုတ်သွားသည်။ 

ထို့နောက် ထိုလူကရှင်းပြသည်။ 

"မင်းတို့နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသကို မကြာသေးခင်က ၀င်လာတုန်းက မင်းတို့က ဟောင်တျန်းနတ်ပိုင်နက်က ကြယ်တိမ်တိုက်ဂိုဏ်းကလာကြတယ်ဆိုတာ ငါကြားခဲ့တယ်"

"တစ်ချိန်တည်းမှာပင် မင်းတို့ရဲ့ နတ်စစ်သည်နယ်ပယ်ခွန်အားကို မြင်ရတော့ ဒါက ငါတို့အသင်းအတွက် အရမ်းသင့်တော်တယ်လို့ ငါခံစားရတယ်"

ဒီလူဘက်ခြမ်း၌ စုစုပေါင်းလူသုံးယောက်ရှိသည်။ 

မိတ်ဆက်ပေးပြီးနောက်တွင် ထိုလူ၏နာမည်က ကျုံ့ချန်ကောင်းဖြစ်ပြီး တိတ်ဆိတ်နေသော သူက ချီ၀မ်ဖြစ်ကာ အမျိုးသမီးက ကျောင်းယန်ဖြစ်သည်။ 

ချီ၀မ်နှင့် ကျောင်းယန်တို့က နတ်စစ်သည်နယ်ပယ် အထွတ်အထိပ်အဆင့်များဖြစ်ကြပြီး ကျုံ့ချန်ကောင်းက နတ်ဗိုလ်ချုပ်နယ်ပယ် အစောပိုင်းအဆင့်ဖြစ်သည်။ 

ကျုံ့ချန်ကောင်းက နတ်ခန္ဓာဂိုဏ်းမှလာပြီး ချီ၀မ်နှင့် ကျောင်းယန်တို့ကမူ နတ်အစီအရင်ဂိုဏ်းသားများပင်။ 

ဖန်ချန်းသိချင်စိတ်ဖြင့်မေးသည်။ 

"ဒီနေရာမှာ ငါတို့ထက်ပိုအားကောင်းတဲ့ သူတွေအများကြီးပဲလေ၊ သူတို့ထဲက မရှာကြည့်ကြတော့ဘူးလား"

သို့စေကာမူ ကျုံ့ချန်ကောင်းတောက်ပစွာ ပြုံးသည်။ 

"ငါတို့ထက်ပိုအားကောင်းတဲ့သူတွေက ငါတို့ကို အသင်းဖော်တွေအဖြစ် လာရှာကြမှာ မဟုတ်ဘူး၊ တချိန်တည်းမှာပဲ နတ်စစ်သည်နယ်ပယ်‌က လူတွေအများကြီးရှိတယ်ဆိုရင်တောင် အများစုမှာ အသင်းတွေရှိနေကြပြီ၊ ငါတို့တစ်ကိုယ်တော်ကျင့်ကြံသူတွေကိုလည်း မရှာချင်ကြဘူးလေ၊ ဘာပဲဆိုဆို မင်းတို့ကလည်း ဟောင်တျန်းနတ်ပိုင်နက်ကဆိုတော့ မင်းတို့ရဲ့အခြေခံအုတ်မြစ်က အဲဒီတစ်ကိုယ်တော်ကျင့်ကြံသူတွေထက် ပိုပြီးအားကောင်းမှာပဲလေ"

"ဒါကြောင့် ငါတို့နဲ့အတူ ပါ၀င်လိုက်ပါ၊ တာ၀န်အတွင်းမှာ မင်းတို့ရဲ့ပါ၀င်မှုအရ ငါတို့ဆုလာဘ်တွေကို ခွဲဝေပေးမယ်လေ"

မုဖူရှန်းနှင့် ယဲ့ချိုးပိုင်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။ 

ထို့နောက်တွင်သာ သူတို့ ဒီလူသုံးယောက်၏ စေ့ဆော်မှုကို ခပ်ရေးရေးမှန်းဆနိုင်ခဲ့သည်။ 

"ဆိုလိုတာက ဆုလာဘ်တွေကို ခွဲဝေပေးမယ့်လူက မင်းပေါ့"

ကျုံ့ချန်ကောင်း ခေါင်းညိတ်သည်။ 

"သေချာတာပေါ့၊ ငါကအသင်းခေါင်းဆောင်ပဲလေ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။ 

"ငါနားလည်ပြီ"

သူကအကြောင်းပြချက်မရှိဘဲ သူတို့အားရှာတွေ့ခဲ့ပြီး ယခုလို ရှင်းပြ၍မရနိုင်သည့် အကြောင်းပြချက်တစ်ခုကိုပင် ပေးခဲ့သည်။ 

တစ်ဘက်လူတွင် နောက်ကွယ်က လှုပ်ရှားမှုမရှိဘူးဆိုတာ ဘယ်သူကယုံမည်နည်း။ 

ဒါ့အပြင် ဘာကြောင့် သူတို့ကိုရှာဖွေရလေသနည်း။ 

သူတို့ကနတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသက မဟုတ်တာကို တစ်ဖက်က သိနေသည်မှာသိသာထင်ရှားနေသည်။ သူတို့နောက်ကွယ်က ဂိုဏ်းများက ပြဿာနာရှာမည်ဆိုလျှင်ပင် သူတို့ကို ရှာဖွေလာရန်ဟူသည် မဖြစ်နိုင်။ ထို့ကြောင့် နေရာတွင်တင် ဖြေရှင်းရုံသာ တတ်နိုင်တော့သည်။ 

ဒါ့အပြင် သူတို့၏ပျမ်းမျှနယ်ပယ်က ယဲ့ချိုးပိုင်တို့ထက် မြင့်မားသည်။ 

ထို့နောက် တာ၀န်ပြီးသွားပါက ဆုလာဘ်များကို သူတို့ခွဲဝေပေးမယ်ဆိုတာက ဖြစ်နိုင်ချေတစ်ခုသာဖြစ်သည်။ 

သို့စေကာမူ ကြည့်ရသည်မှာ ဒီဖြစ်နိုင်ချေက အတော်လေးမြင့်မားပုံပင်။ 

ကျုံ့ချန်ကောင်းပြုံးသည်။ 

"ဒီတော့ မင်းတို့ ငါတို့နဲ့ပူးပေါင်းချင်လား"

ယဲ့ချိုးပိုင်ပြောသည်။ 

"ငါတို့ဒါကိုဆွေးနွေးဖို့လိုတယ်"

"သေချာတာပေါ့" ကျုံ့ချန်ကောင်း နားလည်သည့်အသွင် ခေါင်းညိတ်ပြီးနောက် ဘေးသို့ဆုတ်သွားသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက အသံလွှင်ပစ္စည်းများကနေတဆင့် ဆက်သွယ်ကြသည်။ 

"သူတို့ အခမဲ့တိုက်ခိုက်သူတွေကို ရှာဖွေနေတာ သိသာနေတာပဲ" မုဖူရှန်းပြောသည်။ 

"ဒါဆိုဘာလုပ်ကြမလဲ" ရှောင်ဟိုင်မျက်မှောင်ကြုတ်သည်။ 

"ကျွန်တော်တို့ သူတို့ကို တိုက်ရိုက်ငြင်းပစ်သင့်လား"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။ 

"ငြင်းစရာမလိုဘူး၊ ဒီအစား သူတို့ကိုလည်း ငါတို့အသုံးပြုနိုင်တာပဲ၊ သူတို့က နတ်အစီအရင်ဂိုဏ်း၊ နတ်ခန္ဓာဂိုဏ်းတွေကပဲလေ၊ ငါတို့မတတ်နိုင်တဲ့ သတင်းအချက်အလက်တွေနဲ့ သူတို့သေချာပေါက် ထိတွေ့နိုင်လိမ့်မယ်"

"ပြဿာနာမရှိဘူးဆိုရင် ကောင်းကောင်းပူးပေါင်းကြရ‌အောင်၊ ပြဿာနာရှိတယ်ဆိုရင်လည်း ဒါတွေကိုဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခုတော့ ရှိမှာပါ"

ဖန်ချန်းခေါင်းညိတ်သည်။ 

"သူတို့နယ်ပယ်က ကျွန်တော်တို့ထက် မြင့်တယ်ဆိုပေမယ့် သူတို့ကိုကိုင်တွယ်ဖို့ဆိုတာက မခက်ခဲပါဘူး"

ယဲ့ချိုးပိုင် မုဖူရှန်းကို ကြည့်လိုက်သည်။ 

"ညီလေးမု၊ ဒီရှုထောင့်မှာ မင်းမှာအကြံတွေပိုများတယ်၊ ဒီတော့ ဒါကိုမင်းအတွက် ချန်ထားခဲ့မယ်နော်"

မုဖူရှန်းကောင်းကင်သို့ မော့ကြည့်လိုက်သည်။ 

အား......!

ဆရာ၊ ကျွန်တော်လုပ်ချင်တာ ဒါမဟုတ်ဘူးနော်!

ဒါက အစ်ကိုကြီးရဲ့အကြံအစည်ပါ!

ဆွေးနွေးမှုအပြီးတွင် ယဲ့ချိုးပိုင် ကျုံ့ချန်ကောင်းဆီသို့ ရောက်လာပြီး ပြုံးသည်။ 

"ငါတို့သဘောတူတယ်"

‌နက်မှောင်သည့်အပြုံးတစ်ပွင့် ကျုံ့ချန်ကောင်း၏မျက်လုံးများ၌ ဖြတ်သန်းသွားပြီးနောက် ခေါင်းညိတ်ကာ လက်ကို ဆန့်ထုတ်သည်။ 

"ဒါဆိုငါမင်းတို့ကို ဂရုစိုက်ပေးရမှာပေါ့"

ယဲ့ချိုးပိုင်ကလည်း လက်ဆွဲနှုတ်ဆက်သည်။ 

"တွေ့ရတာ၀မ်းသာပါတယ်'

"ကောင်းပြီ၊ ငါတို့တာ၀န်တစ်ခုရွေးချယ်ပြီးပြီဆိုပေမယ့် မင်းတို့ဒါကို လက်ခံနိုင်မလားဆိုတာ တစ်ချက်ကြည့်ခွင့်ပေးမယ်"

ထို့နောက် ကျုံ့ချန်ကောင်း လက်ကို ဆန့်ထုတ်လိုက်သောအခါ စာလိပ်တစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာပြီး ယဲ့ချိုးပိုင်အား လက်လွှဲပေးသည်။ 

ယဲ့ချိုးပိုင်လှမ်းယူကာ တာ၀န်၏ လိုအပ်ချက်များကို တစ်ချက်ကြည့်လိုက်သည်။ 

မြို့ငယ်လေးတစ်မြို့၌ မှော်သားရဲအများကြီးမရှိပေ။ အခြေခံအားဖြင့် ၎င်းတို့က ကောင်းကင်အင်မော်တယ်နယ်ပယ်နှင့် နတ်စစ်သည်နယ်ပယ်များအတွက် အဓိကဖြစ်သည်။  

ရှေ့ပိုင်းက နတ်ဗိုလ်ချုပ်နယ်ပယ်က မှော်သားရဲအနည်းငယ်သာရှိသည်။ 

ဒါက နတ်ခန္ဓာဂိုဏ်း၏ ဩဇာလွှမ်းမိုးမှုနယ်ပယ်အတွင်းရှိသည်။ 

သူလုပ်ရမှာက မှော်သားရဲရိုင်းများကို ခုခံရန်အတွက် မြို့ကိုကူညီပေးရန်ဖြစ်သည်။ 

နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲသုံးကောင်၏ မှော်အူတိုင်းများကို ရယူနိုင်ခြင်းဖြင့် အောင်မြင်သည်ဟု ယူဆ၍ရသည်။ 

အလုံးစုံဆိုရပါက တာ၀န်၏ ခက်ခဲမှုက အရမ်းကြီးမမြင့်ပေ။ 

ကျုံ့ချန်ကောင်းပြုံးသည်။ 

"ဘယ်လိုလဲ၊ မင်းအဆင်ပြေလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"ဒါကပြဿာနာကြီးတခုမဟုတ်ပါဘူး"

"ဒါဆိုကြည့်ရတာ အားလုံးရဲ့စွမ်းအားက အားမနည်းပုံပဲ" ကျုံ့ချန်ကောင်း၏ မျက်လုံးများက အနည်းငယ်လင်း၀င်းသွားပြီးနောက် ပြုံးလိုက်၏။ 

"နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲသုံးကောင်ကို ကိုင်တွယ်ဖို့အတွက် ငါတို့နည်းဗျူဟာတစ်ချို့သုံးဖို့ လိုသေးတယ်"

ဒါကိုကြားသောအခါ ကျုံ့ချန်ကောင်းက သူတို့ကို စမ်းသပ်နေတာကို သိသည့်အပေါ် ယဲ့ချိုးပိုင်ခပ်ရေးရေးပြုံးသည်။ 

"မင်းကခေါင်းဆောင်ပဲလေ၊ မင်းအပေါ် မူတည်ပါတယ်"

"ကောင်းပြီ၊ ဒါဆိုအဆင်သင့်ပြင်ထားကြ၊ မနက်ဖြန် မြို့တံခါး၀မှာစုဆုံပြီး ထွက်ကြရအောင်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

.....

အစည်းအဝေးခန်းမကနေ ထွက်လာပြီးနောက် ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့် ဖန်ချန်းတို့က တည်းခိုခန်းတစ်ခုတွင် တည်းခို‌နေထိုင်ကြပြီး မုဖူရှန်းကမူ သတင်းအချက်အလက်များ စုစည်းရန်အတွက် ထွက်သွားသည်။ 

တစ်ဘက်လူက မကောင်းတာလုပ်တော့မှာကို သူသိထားပြီဖြစ်လေရာ တစ်ဘက်လူနှင့်ပတ်သက်သည့် သတင်းတစ်ချို့ကို စုစည်းရန်အတွက် အကောင်းဆုံး ကြိုးစားရပေမည်။ ထို့နောက်တွင်သာ သူအစီအစဉ်ကောင်းတစ်ခုကို ဆုံးဖြတ်နိုင်ပေလိမ့်မည်။ 

ဟူး၊ ငါကငါ့အစ်ကိုကြီးကို တကယ်စိုးရိမ်နေတာပဲ!

မုဖူရှန်း မောပန်းနွမ်းနယ်မှုကို ထုတ်ဖော်ပြသသည်။ 

ဒါကနောက်ဆုံးတော့ သူ့ဆရာဘာကြောင့် ဒီလောက်ခေါင်းကိုက်ရသလဲဆိုတာကို သူနားလည်သွားတာကို ဆိုလိုနေခြင်းပင်။ 

ကျုံ့ချန်ကောင်းက အဆင့်မြင့်လူတစ်ယောက် မဟုတ်လေရာ သတင်းအချက်အလက်များကို စုစည်းစဉ် မုဖူရှန်း အဆောင်အနည်းငယ်ကို သုံးရုံသာ။ 

ပတ်၀န်းကျင်ကို မေးနေစဉ် မုဖူရှန်း၏ အနက်ရောင်၀တ်ရုံက သူ့မျက်နှာကို တစ်ချိန်လုံး ဖုံးကွယ်ထားပြီး သူ့အော်ရာကိုပင် ဖျောက်ထားသည်။ အဆောင်ပေါ်က သူ့အော်ရာ အရိပ်အယောင်များကိုပင် မုဖူရှန်းဖျက်ပစ်ခဲ့သည်။ 

တစ်ချိန်တည်းမှာပင် ထိုအဆောင်များက အဆောင်စာအုပ်ထဲက ကြောက်စရာကောင်းသည့် အဆောင်များထက် ပို၍ လူသုံးများသည်။ 

သူတို့အဆင့်တွင် ငွေကြေးက အဆောင်များ၊ ဆေးလုံးများ၊ အစီအရင်စာလိပ်များနှင့် လက်နက်များဖြစ်သည်။ 

ငွေကြေးက နောက်ထပ်မလိုအပ်တော့။ 

မုဖူရှန်း နေ၀င်သောအခါမှသာ သတင်းအချက်အလက်များနှင့်အတူ ပြန်လာခဲ့သည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ကျင့်ကြံနေတာကို ရပ်လိုက်ကြပြီး မေးသည်။ 

"ဘယ်လိုလဲ"

မုဖူရှန်းမျက်လုံးလိမ့်လိုက်မိသည်။ 

အစ်ကိုတို့ကျိန်းသေပျော်နေကြတာပဲလေ!

ထို့နောက်သူပြောသည်။ 

"ကျောင်းယန်နဲ့ ချီ၀မ်တို့က နတ်အစီအရင်ဂိုဏ်းက သာမန်အတွင်းဂိုဏ်းတပည့်တွေပါပဲ"

"အိုး၊ ဒီလိုဆိုရင် ခေါင်းဆောင်ကျုံ့ချန်ကောင်းက မရိုးရှင်းဘူးပေါ့" ရှောင်ဟိုင်မေးသည်။ 

"မှန်တယ်" မုဖူရှန်းခေါင်းညိတ်သည်။ 

"ကျုံ့ချန်ကောင်းက အတွင်းဂိုဏ်းတပည့်တစ်ယောက်ဆိုပေမယ့် သူ့အဖေက နတ်ခန္ဓာဂိုဏ်းရဲ့ အတွင်းဂိုဏ်းအကြီးအကဲတစ်ယောက်ဖြစ်တယ်၊ ဒါ့အပြင် သူက အစည်းအဝေးခန်းမမှာလည်း စကားပြောပိုင်ခွင့်ရှိတယ်"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ကြည့်ရတာ ဒီခရီးစဉ်အောင်မြင်ခဲ့ရင်တောင် ကျုံ့ချန်ကောင်းမှာ တကယ်ပဲ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေရင် ဆုလာဘ်တွေခွဲဝေမှုက ငြိမ်းချမ်းချင်မှ ငြိမ်းချမ်းလိမ့်မယ်"

အပိုင်း(949) coming။ 

All Chapters