← Chapters

#‌မနက်ဖြန်သားရဲအုပ်ကြီး တိုက်ခိုက်တော့မယ်#

Vol. 67 Ch. 949

#‌မနက်ဖြန်သားရဲအုပ်ကြီး တိုက်ခိုက်တော့မယ်#

Vol. 67 Ch. 949

တာ၀န်လိုအပ်ချက်များအရ စစ်ကူများလိုအပ်နေသည့်မြို့က ရှင်းနင်မြို့ဟုခေါ်သည့် မြို့ငယ်လေးတစ်မြို့ပင်။ 

ဒါကို မြို့တော်၀န်စံအိမ်က အုပ်ချုပ်သည်။ 

မြို့တော်၀န်စံအိမ်မှ အားအကောင်းဆုံးလူက နတ်ဗိုလ်ချုပ်နယ်ပယ်တစ်၀က်အဆင့်သာဖြစ်သည်။ 

ထို့ကြောင့် နတ်ဗိုလ်ချုပ်နယ်ပယ်သားရဲများ ဦးဆောင်သည့် သားရဲတပ်ကြီးကို ခုခံရန်ဟူသည် အလွန်အမင်းခက်ခဲသည်။ သူတို့ ပြင်ပကမ္ဘာက အကူအညီကို အားကိုးရုံသာ တတ်နိုင်ကြသည်။ 

နောက်တစ်နေ့တွင် ကျုံ့ချန်ကောင်း၊ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ ရောက်လာကြသည်။ 

မြို့တော်၀န်စံအိမ်က ချက်ချင်းဆိုသလို သူတို့အားကြိုဆိုသည်။ 

မြို့တော်၀န်ရှင်းနင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေသော်လည်း သူ့မျက်လုံးများကမူ မောပန်းမှုနှင့် လေးနက်မှုများနှင့် ပြည့်နှက်နေပြီး လျှောက်လာစဉ် လက်နှစ်ဖက်ဆုပ်ကာ အပြုံးဖြင့်ပြောသည်။ 

"လာကူညီပေးတဲ့အတွက် ကျေးဇူးပါ၊ ရှင်းနင်မြို့ပြည်သူအားလုံးကိုယ်စား ငါကပဲ ကျေးဇူးတင်ပါတယ်"

ကျုံ့ချန်ကောင်း ရှေ့သို့တိုးလိုက်သည်။ 

"ခင်ဗျားက အရမ်းကြင်နာတာပဲ၊ လက်ရှိအခြေအနေကို ပြောကြရအောင်"

မြို့တော်၀န်ရှင်းနင်ခေါင်းညိတ်သည်။ 

"လက်ရှိမှာ မင်းတို့အသင်းအပြင် တခြားအသင်းတစ်သင်းကလည်း မြို့ကို ရောက်နေပြီ၊ သူတို့ကို ခေါ်ဖို့အတွက် ငါတစ်ယောက်ယောက် စေလွှတ်ထားပါပြီ၊ သူတို့မကြာခင် ရောက်လာကြလိမ့်မယ်၊ အချိန်ကျလာတဲ့အခါကျမှ ပြောကြတာပေါ့"

အသင်းများစွာက ဒီတာ၀န်ကို လက်ခံသည်က ပုံမှန်သာဖြစ်သည်။ 

ကျုံ့ချန်ကောင်းအံ့ဩသင့်သွားခြင်းမရှိဘဲ ခေါင်းညိတ်ရင်း ဘေးကနေ တိတ်တဆိတ် စောင့်နေသည်။ 

ငါးမိနစ်အကြာတွင် နောက်အသင်းတစ်သင်းရောက်လာသည်။ 

သူတို့ကိုမြင်သောအခါ ကျုံ့ချန်ကောင်း မျက်မှောင်ကြုတ်လိုက်သည်။ 

"ယိုး၊ ဒါက ကျုံ့ချန်ကောင်းမလား၊ ငါတို့ဆီက ဒီတာ၀န်ကို ဘယ်သူလုယူချင်သလဲဆိုတာ ငါသိချင်နေမိတာ...."

ဒီလူကိုမြင်သောအခါ ကျုံ့ချန်ကောင်း အနည်းငယ် မျက်မှောင်ကြုတ်သည်။ 

"လန်ဟိုင်....."

ဘေးကနေ ကျောင်းယန်ရှင်းပြသည်။ 

"လန်ဟိုင်က နတ်ခန္ဓာဂိုဏ်းရဲ့ အတွင်းဂိုဏ်းတပည့်တစ်ယောက်ပဲ၊ ပုံမှန်ဆိုရင် သူက ကျုံ့ချန်ကောင်းနဲ့ အဆင်မပြေဘူး"

လန်ဟိုင်မျက်လုံးကျဉ်းလိုက်စဉ် တောက်ပသည့်အလင်းတစ်ခုက ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအပေါ် ကျရောက်လာသည်။ 

သူကအတော်လေးကောက်ကျစ်ပြီး ဘာတစ်ခုကိုမှ ဖုံးကွယ်မထားပေ။ 

ချက်ချင်းဆိုသလို လန်ဟိုင်နှာခေါင်းရှုံ့သည်။ 

"ဟီး၊ ကျုံ့ချန်ကောင်း၊ မင်းအသက်ရှင်လေလေ၊ ပိုဆိုးလေလေပဲ၊ ဒီတာ၀န်လေးကို လက်ခံဖို့အတွက်နဲ့ မင်းဒီလောက်လူအများကြီးကို ခေါ်လာတာလား"

"မင်းက နတ်ဗိုလ်ချုပ်နယ်ပယ် ကျွမ်းကျင်သူလေးပဲလေ၊ ငါတို့အသင်းနဲ့ ဘယ်လိုယှဉ်ပြိုင်မလဲ"

လန်ဟိုင်အသင်းတွင် ကျုံ့ချန်ကောင်းတို့ထက် ကျင့်ကြံသူတစ်ဦးလျော့နည်းသော်လည်း သူတို့ထဲကသုံးယောက်က နတ်ဗိုလ်ချုပ်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်ပြီး ကျန်သုံးယောက်က နတ်ဗိုလ်ချုပ်နယ်ပယ် တစ်၀က်အဆင့်ကိုပင် ရောက်နေကြလေပြီ။ 

အလုံးစုံခွန်အားတွင် လန်ဟိုင်ဘက်က အပေါ်ယံ၌ ကျုံ့ချန်ကောင်းဘက်ထက် အများကြီးပိုအားကောင်းသည်။ 

သူဒီလောက်မောက်မာနေသည်မှာ အံ့ဩသင့်စရာမရှိတော့။ 

ကျုံ့ချန်ကောင်း မည်းမှောင်သည့် အမူအရာဖြင့် ပြောသည်။ 

"ငါတို့နိုင်မနိုင်ဆိုတာအတွက် တိုက်ခိုက်ဖို့ လိုပါသေးတယ်"

သူဒါကိုပြောလိုက်သော်လည်း သူနှလုံးသားထဲကနေ ရေရွတ်လိုက်မိသည်။ 

လန်ဟိုင်ကလည်း ဒီဝေးလံခေါင်သီသည့် နေရာကတာ၀န်ကို စိတ်၀င်စားနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ 

လန်ဟိုင်နှာခေါင်းရှုံ့သည်။ 

"နှုတ်ခမ်းလှုပ်တာက ဘာအဓိပ္ပာယ်ရှိလို့လဲ၊ ငါတို့လောင်းကြေးထပ်မယ်ဆိုရင်ရော"

ဒါကိုကြားသော် ကျုံ့ချန်ကောင်း မျက်ခုံးပင့်လိုက်မိသည်။ 

"ဘာလောင်းကြေးလဲ"

"အထူးတာ၀န်ကို အရင်ပြီးမြောက်သူက တစ်ဘက်ကနေ ဂိုဏ်းအရင်းအမြစ်သုံးနှစ်စာကိုရမယ်၊ ဘယ်လိုလဲ"

သုံးနှစ်!

ကျုံ့ချန်ကောင်းမျက်မှောင်ကြုတ်လိုက်သည်။ ဒါက ပမာဏနည်းနည်းလေးမဟုတ်ပါ။ 

"ဘာလို့လဲ၊ ပြဿာနာတခုခုရှိလို့လား" လန်ဟိုင်နှာခေါင်းရှုံ့ရင်း ကျုံ့ချန်ကောင်းအား လှောင်ပြောင်သရော်စွာ စိုက်ကြည့်သည်။ 

"ဒါမှမဟုတ် မင်းကြောက်နေတာလား"

ကျုံ့ချန်ကောင်းနှင့် လန်ဟိုင်တို့က ဂိုဏ်းမှ ပြေလည်၍မရနိုင်သည့် ရန်သူများဖြစ်သည်။ 

ဒါတင်မကဘဲ သူတို့နှစ်ယောက်နောက်ကွယ်က အတွင်းဂိုဏ်းအကြီးအကဲများကလည်း အလားတူပင်။ 

ရလဒ်အနေနှင့် ဂိုဏ်းထဲတွင်ဖြစ်စေ၊ ဂိုဏ်းအပြင်ဘက်တွင်ဖြစ်စေ အမြဲလိုလို ထိပ်တိုက်တွေ့ဆုံနေကြသည်။ 

သူ့မျက်နှာအတွက် ကျုံ့ချန်ကောင်းတွင် သဘောတူရန်ကလွဲပြီး ရွေးချယ်စရာမရှိပါ။ 

ကျုံ့ချန်ကောင်းခေါင်းညိတ်တာကို မြင်သောအခါ လန်ဟိုင်မျက်လုံးကျဉ်းလိုက်သည်။ 

"မင်းနောင်တမရဖို့ ငါမျှော်လင့်ပါတယ်"

သူတို့နှစ်ယောက်စကားပြောနေစဉ် မြို့တော်၀န်ရှင်းနင်ကလည်း ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို သံသယဖြင့် ကြည့်နေသည်။ 

တကယ်တမ်းတွင် ဒီအသင်း၌ နတ်ဗိုလ်ချုပ်ကျွမ်းကျင်သူ တစ်ဦးတည်းသာရှိပြီး ကျန်သောသူများက နတ်စစ်သည်နယ်ပယ်များဖြစ်ကြသည်။ သူတို့တကယ်ပဲ တာ၀န်ကို ပြီးမြောက်နိုင်မှာလား!

သို့စေကာမူ ဒီသံသယကို သူလူကိုယ်တိုင် မပြောနိုင်ပေ။ 

ထိုနှစ်ယောက် ဆွေးနွေးမှုပြီးဆုံးသွားတာကို မြင်သောအခါ သူနှလုံးသားထဲက သံသယကို ဖိနှိပ်ရင်း ရယ်မောသည်။ 

"ကောင်းပြီ၊ ကောင်းပြီ၊ ငါတို့တန်ပြန်တိုက်ခိုက်မှုအကြောင်းကို ဆွေးနွေးကြရအောင်"

မည်သို့ပင်ဆိုစေကာမူ ယခုအချိန်က ရှင်းနင်မြို့အတွက် သေခြင်းရှင်ခြင်း အခိုက်အတန့်ဖြစ်လေရာ သူတို့အချိန်ဖြုန်း၍မရပေ။ 

"ဒါက ရှင်းနင်မြို့ပတ်၀န်းကျင်ရဲ့ မြေပုံပဲ"

စကားပြောနေစဉ် မြို့တော်၀န်ရှင်းနင် မြေပုံကိုဖြန့်လိုက်သည်။ 

လူတိုင်းကြည့်လိုက်ကြစဉ် အထဲတွင် မှော်သားရဲများ ယာယီ‌နေထိုင်သည့်နေရာများနှင့် နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲမျယး ပေါ်လာတတ်သည့် နေရာများကို အမှတ်အသားလုပ်ထားတာကို တွေ့လိုက်ရသည်။ 

တိုက်ခိုက်မှုအချိန်ကိုပင်လျှင် ရှင်းရှင်းလင်းလင်း မှတ်သားထားသည်။ 

မြို့တော်၀န်ရှင်းနင် လေးနက်သည့်အမူအရာဖြင့်ပြောသည်။ 

"ဒီမြေပုံပေါ်က သတင်းအချက်အလက်တွေက မြို့ထဲက ကျွမ်းကျင်သူတွေရဲ့ အသက်နဲ့ ဖလှယ်ထားတာတွေပဲ"

"ပိုအရေးကြီးတာကတော့ နောက်တစ်ကြိမ် သားရဲအုပ်တိုက်ခိုက်မှုက မနက်ဖြန်ဖြစ်လာလိမ့်မယ်"

ဒီအချိန်တွင် ဖန်ချန်းမေးသည်။ 

"သားရဲအုပ်ရဲ့တိုက်ခိုက်မှုအချိန်ကိုက်က ပုံသေလား"

မြို့တော်၀န်ရှင်းနင်ခေါင်းညိတ်သည်။ 

"မှန်တယ်၊ နတ်ဆိုးနက်ချီပေါက်ကွဲပြီး ပျံ့သွားတတ်တဲ့ တိကျတဲ့အချိန်တစ်ခုရှိတယ်၊ ဒါကသုံးရက်တစ်ခါပဲ"

"နတ်ဆိုးချီပျံ့သွားတဲ့အခါ အဲဒါက သားရဲအုပ်တိုက်ခိုက်မယ့်အချိန်ပဲ"

ဒီနေရာတွင် ရှင်းနင်မြို့တော်၀န် လေးနက်သည့်အမူအရာဖြင့် ပြောသည်။ 

"အခု ရှင်းနင်မြို့ရဲ့ရင်းမြစ်တွေက ကုန်ခမ်းနေပြီ၊ ကျွမ်းကျင်သူများစွာကလည်း စတေးခဲ့ကြတယ်၊ ငါတို့နောက်လာမယ့် ဝိုင်းရံမှုအတွက် အားလုံးကို အားကိုးရုံပဲ တတ်နိုင်တော့တယ်၊ ကျေးဇူးပြုပြီး မြို့ကို အစွမ်းကုန်ကာကွယ်ပြီး ကူညီပေးပါ၊ မဟုတ်ဘူးဆိုရင် ရှင်းနင်မြို့က ဆင်းရဲဒုက္ခနဲ့ ဝေဒနာခံစားမှုထဲ ကျသွားရလိမ့်မယ်..."

ကျုံ့ချန်ကောင်းပြုံးသည်။ 

"သေချာတာပေါ့၊ ကျုပ်တို့ဒီအတွက် ရောက်နေကြတာပဲလေ"

ဘေးကနေ လန်ဟိုင်လှောင်ပြောင်သည်။ 

"မြို့ကိုကာကွယ်တာက ရှောင်လွှဲလို့မရဘူး၊ မင်းမြို့ရံနံမှာ သေသွားဦးမယ်၊ သတိထားဦး"

ကျုံ့ချန်ကောင်း "မင်းလည်းအတူတူပဲ"

သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် လှောင်ပြောင်ရန်အတွက် အခွင့်အလမ်းတစ်ခုကို အမြဲလိုလိုရှာနေကြသည်။ 

"ကောင်းပြီ၊ အားလုံးပဲ၊ မင်းတို့ရဲ့ တန်ပြန်ဆောင်ရွက်မှုကို ဆွေးနွေးလို့ရပါတယ်၊ ဧည့်ခန်းတွေကို စီစဉ်ထားပြီးပါပြီ၊ မနက်ဖြန်ကာကွယ်မှုကို ကိုင်တွယ်နိုင်ဖို့အတွက် အကောင်းဆုံးအခြေအနေကို ထိန်းသိမ်းထားနိုင်ဖို့ ကောင်းကောင်းအနားယူကြပါ"

သူတို့ခေါင်းညိတ်ပြီး မြေပုံကိုကြည့်လိုက်ကြသည်။ 

မြေပုံပေါ်၌ အနီစက်ခုနှစ်စက်ရှိသည်။ 

ဒါက နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲခုနှစ်ကောင် ရှိသည်ဟု ဆိုလိုနေခြင်းပင်။ 

မြို့တော်၀န်၊ အောက်က မိသားစုခေါင်းဆောင်၊ လန်ဟိုင်ဘက်က လူသုံးယောက်နှင့် ကျုံ့ချန်ကောင်းတို့ကို ပေါင်းစပ်လိုက်ပါက နတ်ဗိုလ်ချုပ်နယ်ပယ် ကျွမ်းကျင်သူခြောက်ဦးသာရှိသည်။ 

ဘေးက ကျောင်းယန်မျက်မှောင်ကြုတ်သည်။ 

"ဒါကနည်းနည်းခက်ခဲလိမ့်မယ်"

ရှင်းနင်မြို့တွင် မြို့ရိုးသုံးခုရှိပြီး တောင်ဘက်တွင် သဘာ၀တောင်တန်းအတားအဆီးကြီးရှိသည်။ 

မြို့မြောက်ဘက်နံရံ၌ နတ်ဗိုလ်ချုပ်မှော်သားရဲ သုံးကောင်ရှိပြီး ဘေးနှစ်ဖက်စီတွင် နှစ်ကောင်စီရှိသည်။ 

မြောက်ပိုင်းမြို့ရိုးပေါ်က ဖိအားက အကြီးမားဆုံးပင်။ 

မြို့တော်၀န်ရှင်းနင်ပြောသည်။ 

"မြောက်ပိုင်းမြို့ရိုးကို လန်ဟိုင်နဲ့ သူ့လူတွေကိုင်တွယ်မယ်ဆိုရင်ရော"

မည်သို့ပင်ဆိုစေကာမူ လန်ဟိုင်၏အသင်းတွင် နတ်ဗိုလ်ချုပ်နယ်ပယ် ကျွမ်းကျင်သူသုံးဦးရှိသည်။ 

လန်ဟိုင်ခေါင်းညိတ်ပြီး ပြုံးသည်။ 

"ကျုပ်လည်းဒီလိုပဲတွေးနေတာ၊ အချိန်ကျလာတဲ့အခါကျရင် ကျုပ်အဲဒီနတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲတွေကို သတ်ပြီးတာနဲ့ တာ၀န်က ပြီးသွားလိမ့်မယ်"

ဒီနေရာတွင် လန်ဟိုင် ကျုံ့ချန်ကောင်းကိုပင် တစ်ချက်စိုက်ကြည့်လိုက်သေးသည်။ 

ကျုံ့ချန်ကောင်းနှာမှုတ်လိုက်သည်။ 

မြို့တော်၀န်ရှင်းနင်က ချက်ချင်းဆိုသလို သူ့အပေါ် ရေအေးနှင့်ပက်ဖြန်းလာသည်။ 

"အဲဒီမှော်သားရဲတွေကို လျှော့မတွက်နဲ့၊ နတ်ဆိုးနက်ချီရဲ့ တိုးတက်မှုအောက်မှာ သူတို့က သာမန်နတ်ဗိုလ်ချုပ်တွေထက် ပိုအားကောင်းတယ်"

ရက်တစ်၀က်ခန့်ကြာပြီးနောက် သူတို့၏ ကာကွယ်ရေးအမှတ်များကိုလည်း အတည်ပြုပြီးသွားလေပြီ။ 

မြို့တော်၀န်ရှင်းနင်က နောက်ထပ်နတ်ဗိုလ်ချုပ်တစ်ဦးကို ဦးဆောင်ပြီး အနောက်ဘက်မြို့ရိုးကို စောင့်ကြပ်ရန်အတွက် ထွက်သွားသည်။ 

ကျုံ့ချန်ကောင်းက အရှေ့ဘက်မြို့ရိုးတွင် စခန်းချသည်။ 

ဧည့်ခန်းထဲရောက်သောအခါ မုဖူရှန်းမေးသည်။

"ဘယ်လိုထင်လဲ"

ယဲ့ချိုးပိုင်ပြုံးသည်။ 

"ငါ့တံခါး‌ကို လာခေါက်နေတဲ့ အခွင့်အရေးတစ်ခုပဲ"

ဖန်ချန်းကလည်းပြုံးရင်း ခေါင်းညိတ်သည်။ 

"နှစ်ဘက်စလုံးမှာ ပဋိပက္ခတွေရှိတယ်၊ ကျုံ့ချန်ကောင်းမှာ တကယ်ပဲ ဒီလိုစိတ်ကူးမျိုးရှိနေရင် ကျွန်တော်တို့ဒါကို သုံးလို့ရနိုင်တယ်"

ရှောင်ဟိုင် သူတို့ကိုသတိပေးသည်။ 

"အချိန်ကျလာတဲ့အခါကျရင် ငါ့ခွန်အားကို ဖုံးကွယ်ထားရလောက်တယ်၊ ဘာပဲဆိုဆို နတ်ဆိုးဘုရင်ပိုင်နက်က လူတွေကလည်း ဒီကြယ်ပိုင်နက်မှာ ရှိနေကြတယ်လေ"

သုံးယောက်လုံးခေါင်းညိတ်ပြီး အနားယူကြသည်။ 

နောက်တစ်နေ့က ဖြည်းဖြည်းချင်း ရောက်လာခဲ့သည်။ 

အပိုင်း(950) coming။ 

All Chapters