#သန်းခေါင်ယံရောက်လာပြီ၊ ကောင်းကင်တွင် မြူနက်များပြည့်နှက်နေခြင်း#
Vol. 67 Ch. 950
သန်းခေါင်ယံမတိုင်ခင် နှစ်နာရီရှိသေးသည်။
ဒီအခိုက်အတန့်မှာပင် ကောင်းကင်က လုံး၀နက်မှောင်သွား၏။
နတ်ဆိုးနက်ချီက ရှင်းနင်မြို့ကို ၀န်းရံထားပြီဖြစ်ကာ အချိန်မရွေးပေါက်ကွဲသွားနိုင်သည်။
အရှေ့ဘက်မြို့ရိုး၌ စောင့်ကြပ်နေကြသည့် စစ်သားများတွင် အလျှော့မပေးသော အမူအရာများရှိနေကြပြီး သူတို့နေရာ၌ပင် ရပ်နေကြသည်။
မြို့ရိုးများက သားရဲအုပ်ကြောင့် ပြိုကျပျက်စီးနေသည့်တိုင် မြို့ကိုစောင့်ကြပ်နေကြသော စစ်သားများက ကျောကို ဖြောင့်ထားကြဆဲပင်။
သူတို့နောက်တွင် မိသားစုများရှိသလို သားရဲအုပ်၏ ဝါးမြိုခံရခြင်းကနေ ကာကွယ်ရမည့် သူတို့ဂရုစိုက်သောသူများ ရှိသလို ရှင်းနင်မြို့နှင့် သက်ရှိများကို ဒုက္ခရောက်ခြင်းကနေ ကာကွယ်ရန်ဖြစ်သည်။
သူတို့က လုံလောက်အောင် အားမကောင်းတာကို သိသည့်တိုင် မြို့ရိုး၌ သွေးနှင့်အသားနံရံများ တည်ဆောက်ရန်အတွက် ခန္ဓာများကို အသုံးပြုပြီး ပထမဆုံးကာကွယ်ရေးလိုင်းကို တည်ဆောက်ကြသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ယဲ့ချိုးပိုင် အနည်းငယ်မျက်မှောင်ကြုတ်သည်။
"ဒီစစ်သားတွေက ဒဏ်ရာရပြီး ပင်ပန်းနေကြပြီ၊ သူတို့ရဲ့တိုက်ခိုက်ရေးခွန်အားက ၅၀ရာခိုင်နှုန်းထက်တောင် လျော့နည်းနေပြီ"
ကျုံ့ချန်ကောင်း ယဲ့ချိုးပိုင်ကို စိုက်ကြည့်သည်။
"မလိုအပ်တာတွေအတွက် စာနာစိတ်ထားမနေနဲ့၊ ငါတို့တာ၀န်က နတ်ဗိုလ်ချုပ်အဆင့် မှော်သားရဲသုံးကောင်ကို သတ်ဖို့ပဲ"
ယဲ့ချိုးပိုင်ပြောသည်။
"မြို့ကိုကာကွယ်စဉ်မှာ သူတို့ကိုသတ်ဖို့ အခွင့်အလမ်းတစ်ခု ရှာရုံပဲလေ"
ကျုံ့ချန်ကောင်းမျက်မှောင်ကြုတ်သည်။
"လန်ဟိုင်နဲ့တခြားသူတွေက ကနဦးခြေလှမ်းလှမ်းသွားကြရင်ရော"
ရှောင်ဟိုင် ဘေးကနေ ကျုံ့ချန်ကောင်းကို စိုက်ကြည့်ပြီး ထူးမခြားနားစွာပြောသည်။
"မြို့ရိုးက ကျိုးပဲ့နေပြီး သားရဲအုပ်က မြို့ထဲကို ထိုးဖောက်လာကြပြီ၊ အဲဒီအချိန်ကျရင် နတ်ဗိုလ်ချုပ်အဆင့်သားရဲတွေကို ကိုင်တွယ်ဖို့အတွက် ပိုပြီးခက်ခဲသွားလိမ့်မယ်"
"ငါကအခုခေါင်းဆောင်ပဲ" ကျုံ့ချန်ကောင်း မည်းမှောင်နေသည့် အမူအရာဖြင့်ပြောလာသည်။
"ငါတို့အတွက် တာ၀န်ကို ပြီးမြောက်နေသရွေ့ အဆင်ပြေတယ်၊ အဲဒီနောက်ဖြစ်ပျက်လာတာတွေက ငါတို့ဂရုစိုက်ရမယ့် အရာတစ်ခုမဟုတ်ဘူး"
ရှောင်ဟိုင်တစ်ခုခုပြောချင်သော်လည်း ယဲ့ချိုးပိုင်သူ့ကို တားလိုက်သည်။
လန်ဟိုင်နှင့် လောင်းကြေးအပေါ် ကျုံ့ချန်ကောင်း အနည်းငယ်စိတ်ပူနေသေးသည်။
ဒါ့အပြင် ကျုံ့ချန်ကောင်း၏ ရည်ရွယ်ချက်ကလည်း မရိုးရှင်းပေ။
ဒီအချိန်တွင် သူ့ကိုနားချရန်မဖြစ်နိုင်ပါ။
နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတွေကို မသတ်ခင် သူတို့ဘာလို့ သားရဲအုပ်စုကို အရင်ခုခံနေရမည်နည်း။
နတ်ဆိုးနက်ချီ၏ ထိုးဖောက်မှုအောက်တွင် နတ်ဆိုးသားရဲများက ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားရပြီး မြို့ရိုးများကို အဆက်မပြတ်တိုက်ခိုက်ကာ ရှုထောင့်မျိုးစုံက တိုးတက်မှုအောက်တွင် ရှင်းနင်မြို့ကို ကျူးကျော်ကြသည်။
ယခုလိုအခြေအနေမျိုးတွင် သားရဲအုပ်ကိုသာ သူတို့ထိန်းချုပ်နိုင်ပါက နတ်အဆင့်သားရဲများက သူတို့အပေါ် အစွမ်းကုန် အာရုံစိုက်လာတော့မည်မဟုတ်။
မြိုရိုးကိုကာကွယ်ရန်အတွက် လူတစ်ချို့ကို တာ၀န်ပေးထားသရွေ့ မြိုရိုးကာကွယ်မှု အပိုင်းအစတစ်ခုကို အားကိုးရင်း အကောင်းဆုံးရွေးချယ်မှုက မှော်သားရဲများကို တိုက်ခိုက်ရန်အတွက် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေခြင်းပင်။
သူတို့သာပြေး၀င်ကာ နတ်အဆင့်မှော်သားရဲများကို တိုက်ခိုက်မည်ဆိုပါက သူတို့နတ်အဆင့်မှော်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရမည်သာမက ပတ်၀န်းကျင်က သားရဲအုပ်ကလည်း ဝိုင်းရံလာပေလိမ့်မည်။
ဒီအချိန်တွင် အကျိုးဆက်ကို ဘယ်သူမှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
.....
ရှင်းနင်မြို့ပတ်၀န်းကျင်က တဖြည်းဖြည်း နတ်ဆိုးနက်ချီဖြင့် ပြည့်နှက်နေပြီး နတ်ဆိုးချီ အဆက်မပြတ်ထိုးဖောက်နေစဉ် လေဟာနယ်ကို ဆူပွက်နေပုံရသည်။
လူတိုင်း မြို့ရိုးအပြင်ဘက်သို့ ကြည့်လိုက်ကြပြီး သူတို့အမူအရာများက တဖြည်းဖြည်း လေးနက်လာကြ၏။ အဘယ်ကြောင့်ဆိုသော် သန်းခေါင်ယံနီးနေပြီဆိုတာ သိနေကြသောကြောင့်ပင်။
မြေကြီးကစတင်တုန်ခါလာပြီး ရှင်းနင်မြို့ မြို့ရိုးတစ်ခုလုံးကလည်း စတင်တုန်ခါလာသည်။
မြို့ရိုးပေါ်မှ မြေနှင့်ဖုန်မှုန့်များ ဆက်တိုက်ကျနေပြီး ကောင်းကင်က တစ်ခုတည်းသော လရောင်ကို နတ်ဆိုးနက်ချီက ဖုံးကွယ်ထားကာ အမှောင်ထုက ဒီမြေကို လွှမ်းခြုံထားသည်။
ထိုစဉ် တစ်ယောက်အော်ဟစ်လိုက်သည်။
"မီးအလင်းအစီအရင်၊ အသက်သွင်း"
ရုတ်ချည်းဆိုသလို ရှင်းနင်မြို့တစ်ခုလုံးကို ဧရာမမီးတောက်ကြီးတစ်ခုလုံးက ခြုံငုံသွားပြီး ရှင်းနင်မြို့ကို အလင်းပေးနေသည်။
ရှင်းနင်မြို့သားများက ကောင်းကင်ကို မော့ကြည့်ပြီး မီးတောက်ကို အကြောက်တလန့်ကြည့်နေကြသည်။
သို့စေကာမူ သူတို့မျက်လုံးများကမူ အသက်အတွက် လိုလားသည့်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ရှင်းနင်မြို့က လူတစ်ချို့ကမူ ရင်ဘတ်ရှေ့တွင် လက်များကို တင်းတင်းဆုပ်ကာ မြေပေါ်သို့ ဒူးထောက်ကြသည်။
ဒီပြင်းထန်သောမီးတောက်က သူတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်အလားပင်။
မီးတောက်များ ပျောက်ကွယ်သွားသည့်အချိန်၊ အမှောင်ထုက မြို့ကို အပြည့်အ၀ ကျုးကျော်သွားချိန်က မျှော်လင့်ချက် ပျောက်ကွယ်သွားသည့်အချိန်ပင် ဖြစ်သည်။
ယဲ့ချိုးပိုင်နှင့် ကျန်သောသူများအပြင် စစ်သားများပါ အဝေးသို့ ကြည့်နေကြ၏။
ထိုနေရာ၌ အနက်ရောင်လိုင်းတစ်ကြောင်း သူတို့ထံပြေး၀င်လာနေပြီး အနက်ရောင်လိုင်းအနောက်တွင် ဖုန်များနှင့် ပြည့်နှက်နေသည့် ကောင်းကင်တစ်ခုရှိသည်။
ဒါကပိုနီးလာလေလေ၊ ရှင်းနင်မြို့က တုန်ခါမှုများက ပို၍ပင် ပြင်းထန်လာသည်။
မကြာမီ မှော်သတ္တဝါများ၏ အနက်ရောင်အစုအဝေးတစ်ခုက ကျယ်ပြောသည့် ပင်လယ်တစ်စင်းပမာ မျောလွင့်လာနေတာကို အနှီမျက်လုံးဖြင့်ပင် မြင်နိုင်သည်။
ထို့နောက် ရှင်းနင်မြို့တုန်ခါသွားစဉ် ကမ္ဘာတုန်လှုပ်ဖွယ်ရာအော်သံများနှင့်အတူ ရှင်းနင်မြို့ သုံးဘက်စလုံးက သားရဲအုပ်များက တစ်ချိန်တည်းတွင် ဟိန်းလိုက်ကြလေရာ ကောင်းကင်ကြီးပင်လျှင် တုန်ခါသွားရသည်။
ဒီမြင်ကွင်းကိုကြည့်ရင်း ရှောင်ဟိုင်၏ အကြည့်များက လေးနက်သွား၏။
ဒါကသူတို့ပြောနေကြသည့် အသေးစား သားရဲအုပ်စုပင်ဖြစ်သည်။
အကယ်၍ အကြီးစားသားရဲအုပ်ဆိုပါက ဘယ်လောက်ပင် ကြောက်စရာကောင်းမည်နည်း။
ဒီကနေတစ်ဆင့် နတ်ဆိုးနက်ချီက ၎င်းတို့ကို ဘယ်လောက်ထိ သက်ရောက်ခဲ့သလဲဆိုတာ မြင်နိုင်ပေသည်။
နတ်ဆိုးနက်ချီက ပိုပို၍ အားကောင်းလာခဲ့သည်။
ရှောင်ဟိုင်ကိုယ်ထဲက အော်ရာက ပို၍ပင် ပြင်းထန်လာပြီး ဒါကိုဖိနှိပ်ထားခြင်းကပင် ရှောင်ဟိုင်အား အများကြီး အားထုတ်ရစေသည်။
ထိုအချိန်တွင် ဗိုလ်ချုပ်အော်ဟစ်သည်။
"လူတိုင်းပဲ၊ ရန်သူကို တိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားကြ"
"ငါတို့နောက်မှာ ရှင်းနင်မြို့ရှိတယ်၊ ငါတို့သာ ဒီသားရဲအုပ်စုကို ကာကွယ်ရေးမျဉ်းကို ကျော်ဖြတ်ပြီး ငါတို့ခန္ဓာကိုယ်ပေါ် တက်နင်းခွင့်ပေးဖို့ဆိုရင် မင်းတို့မိသားစုတွေနဲ့ မြို့သားတွေကို အရင်တွေးကြ"
ဗိုလ်ချုပ်၏ ကျယ်လောင်သောအော်သံအောက်တွင် စစ်သားတိုင်းက နားကွဲလုနီးပါးအော်ဟစ်သံများကို တညီတညာတည်း ထုတ်လွှတ်ကြသည်။
ဝိဉာဉ်ချီတိုးလာခြင်းမရှိသည့်အပေါ် ယခုအခိုက်အတန့်၌ ဒီမြင်ကွင်းက အတော်လေး ၀မ်းနည်းစရာကောင်းလှသည်။
သားရဲအုပ်၏အနက်ရောင်လိုင်း ချဉ်းကပ်လာစဉ် ဗိုလ်ချုပ်ကအော်ဟစ်သည်။
"လေးတင်ကြ"
ရုတ်ချည်းဆိုသလို နောက်တန်းက စစ်သားများက ရှေ့တိုးကာ ကျောက်တုံးလေးများကို တင်ကြပြီး အပြည့်အ၀ဆွဲထားသည်။
တစ်ချိန်တည်းမှာပင် မြှားများက ထက်ရှစွာ လင်း၀င်းနေပြီး ရွှေရောင်မီးတောက်များက အများအပြားလင်း၀င်းလာသည်။
ဒါက မြင့်မြတ်မီးတောက်အမျှင်စတစ်ခု ပါဝင်သည့် အထူးမြှားများဖြစ်ပြီး နတ်ဆိုးနက်ချီကို ထိရောက်စွာ ထိန်းချုပ်နိုင်သည်။
"ပစ်လွှတ်ကြ"
ဗိုလ်ချုပ်၏အမိန့်နှင့်အတူ လေးကနေ ပစ်လွှတ်လိုက်သည့်မြှားများက သားရဲအုပ်စုထံ ပစ်၀င်သွားကြ၏။
ကောင်းကင်က ရွှေရောင်မီးမြှားများနှင့် ပြည့်နှက်သွားပြီး မော့ကြည့်လိုက်ပါက အနက်ရောင်ကောင်းကင်က ကြယ်များနှင့် ပြည့်နှက်သွားသည့်အလား ထင်ရသည်။
မီးပွားများက မြက်ခင်းများ၌ လင်း၀င်းသွားသည့်အလား ဒုံးပျံများပမာ ကျဆင်းလာကြ၏။
ရှေ့တန်းက နတ်ဆိုးသားရဲများက စိတ်မချမ်းမြေ့ဖွယ်ရာအော်ဟစ်ရင်း မြေပေါ်သို့ လဲကျနေကြသည်။
သို့စေကာမူ နောက်ကသားရဲအုပ်က လုံး၀ရပ်တန့်ခြင်းမရှိဘဲ ရှေ့တန်းက ကျသွားသည့် မှော်သားရဲများကို တိုက်ရိုက်တက်နင်ပြီး ရှေ့သို့ပြေးသွားကြ၏။
ဗိုလ်ချုပ် ဒီမြင်ကွင်းကိုမြင်သောအခါ ရက်စက်သည့်အမူအရာတစ်ခုကို ထုတ်ဖော်ပြသသည်။
"လေးဆက်ဆွဲကြ၊ ဆက်ပစ်ကြ"
ရွှေရောင်မီးမြှားများက မရေမတွက်နိုင်လောက်သည့် မှော်သားရဲများကို တစ်ကြိမ်ပြီးတစ်ကြိမ် သတ်ပစ်သည်။
သို့သော် သားရဲအုပ်ကို သားရဲအုပ်ဟု ခေါ်ရသည့်အကြောင်းရင်းက မှော်သားရဲအများအပြားရှိပြီး ဘယ်တော့မှ မရပ်တန့်တော့မည့် လှိုင်းများအလား ဖြစ်နေသောကြောင့်ပင်။
ထို့ကြောင့် ထိုမှော်သားရဲများက အလွန်မြန်ဆန်သည့် အမြန်နှုန်းကို ထိန်းသိမ်းထားရင်း မြို့ရိုးဆီသို့ ဆက်လက်ချဉ်းကပ်လာနေသည်။
စစ်သားများမြို့ရိုးပေါ်ရောက်လာစဉ် ဗိုလ်ချုပ်က လေးသမားများကို နောက်ဆုတ်ခိုင်းပြီး ထောက်ကူပေးရန်အတွက် လေးများကို ဆွဲစေသည်။
"မှော်သားရဲတွေကို မြို့ရိုးကို တိုက်ခိုက်ခွင့်မပေးနဲ့"
ထို့နောက် သူလက်ထဲကဓားကိုဆွဲထုတ်ပြီး ဓားချီနှင့်အတူ ပိုင်းဖြတ်ပစ်သည်။
တိုက်ပွဲက စတင်ပေတော့မည်။
ကျုံ့ချန်ကောင်း ဒီမြင်ကွင်းကို မြင်သောအခါ ပုံမှန်မဟုတ်စွာဖြင့် တည်ငြိမ်စွာပြောသည်။
"မစိုးရိမ်ကြနဲ့၊ မင်းတို့စွမ်းအားကို ထိန်းသိမ်းထားပြီး သားရဲအုပ်စုရဲ့ ဗဟိုကို အာရုံစိုက်ထားကြ"
၎င်းနောက်တွင် ကျားပုံသဏ္ဍာန် မှော်သားရဲကြီးနှစ်ကောင် ဖြည်းဖြည်းချင်းလျှောက်လာသည်။
အော်ရာက အလွန်အမင်းကြောက်စရာကောင်းပြီး ၎င်းတို့အနီးတစ်ဝိုက်ရှိ နတ်ဆိုးနက်ချီက အများအပြား၀န်းရံထားသည်။
ဒါက နတ်ဗိုလ်ချုပ်အဆင့်သားရဲနဖျစ်ကောင်ဖြစ်သည်။
"သားရဲအုပ်ရဲ့စွမ်းအားက ဆက်လက်အားနည်းလာပြီး ချဉ်းကပ်လာတဲ့အခါကျရင် ငါတို့တိုက်ခိုက်ကြမယ်" ကျုံ့ချန်ကောင်းညွှန်ကြားသည်။
သို့စေကာမူ ကျုံ့ချန်ကောင်းစကားပြောပြီးသည့်အခိုက်အတန့်၌ သူ့နောက်တွင် အင်မော်တယ်ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး လေဟာနယ်၌ ပြည့်နှက်သွားစေသည်။
အဆောင်စွမ်းအား၊ မိုးကြိုးစွမ်းအားနှင့် အစီအရင်စွမ်းအားတို့ကလည်း တစ်ချိန်တည်းမှာပင် ကောင်းကင်သို့ ထိုးတက်လာခဲ့သည်။
အပိုင်း(951) coming။