← Chapters

#‌နတ်ဆိုးလှုံ့ဆော်အမှုန့်#

Vol. 67 Ch. 951

#‌နတ်ဆိုးလှုံ့ဆော်အမှုန့်#

Vol. 67 Ch. 951

အင်မော်တယ်ဓား ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွားပြီး ဓားပိုင်နက်က ထွက်ပေါ်လာကာ အနောက်ပိုင်းမြို့ရိုးတစ်ခုလုံးကို ဖုံးလွှမ်းပစ်သည်။ 

တစ်ချိန်တည်းမှာပင် အဆောင်များက မြို့ရိုးပေါ် ကျဆင်းလာပြီး အကာအကွယ်ကို အားဖြည့်ပေးကာ မိုးကြိုးအမျှင်စများက စတင်ဖြတ်သန်းသွား၏။ 

ဒီမြင်ကွင်းကို မြင်သောအခါ ပတ်၀န်းကျင်က စစ်သားများ ကြက်သေသေသွားကြ၏။ 

ကျုံ့ချန်ကောင်း၊ ကျောင်းယန်နှင့် ချီ၀မ်တို့ကမူ ဒေါသထွက်သွားကြသည်။ 

"မင်းတို့ဘာလုပ်နေကြတာလဲ၊ မင်းတို့ဘာလုပ်နေကြတာလဲ"

ကျုံ့ချန်ကောင်းအော်ဟစ်သည်။ 

"ငါတို့အခုလုပ်ရမှာက အခွင့်အရေးကို စောင့်တိုင်းပြီး အဲဒီနတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲနှစ်ကောင်ကို ကိုင်တွယ်ဖို့အတွက် ခွန်အားကို ချွေတာထားဖို့ပဲ"

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။ 

"မြို့ရိုးကိုသာ ကျော်ဖြတ်နိုင်သွားရင် ကိုင်တွယ်ဖို့အတွက် ပိုပြီးခက်ခဲသွားလိမ့်မယ်"

"မင်းကခေါင်းဆောင်လား၊ ငါကခေါင်းဆောင်လား" ကျုံ့ချန်ကောင်း ဒေါသတကြီးရယ်မောသည်။ 

"ဘာပဲ၊ မင်းတို့တာ၀န်ရဲ့ဆုလာဘ်တွေကို မလိုချင်ကြတော့ဘူးလား"

ဘေးကချီ၀မ်ကလည်း လှောင်ပြောင်သည်။ 

"မင်းတို့သားရဲအုပ်ကို ခုခံပြီး မြို့ရိုးကို ဖျက်ဆီးခံရမယ့်အရေးကနေ ကာကွယ်ချင်တယ်ဆိုရင်တောင် မင်းတို့ခွန်အားနဲ့ မြို့ရိုးရဲ့ ပျက်စီးမှုပမာဏအရဆိုရင် အချိန်ကာလတစ်ခုလောက်ပဲ မင်းတို့ရုန်းကန်နိုင်မှာ"

ကျောင်းယန်ကလည်းပြောသည်။ 

"မြို့ရိုးကျိုးသွားတော့ရောဘာဖြစ်လဲ၊ ငါတို့ခွန်အားကို နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲနှစ်ကောင်ကို သတ်ဖို့အတွက်ပဲ အာရုံစိုက်ထားလို့ မရဘူးလား"

"မြို့ရိုးကျိုးသွားတာနဲ့ နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတွေက ပစ်မှတ်မဲ့သွားပြီး ကိုင်တွယ်ဖို့ ပိုတောင်ခက်ခဲလာလိမ့်မယ်" ဖန်ချန်းအေးစက်စွာပြောသည်။ 

"ဒီအတွေးအခေါ်ကို မင်းတို့နားမလည်ဘူးလား"

"ငါဂရုမစိုက်ဘူး" ကျုံ့ချန်ကောင်းအေးစက်စွာပြောသည်။ 

"ဒီလိုဆိုရင်တော့ မင်းတို့ကြိုက်သလိုလုပ်ကြ၊ ငါတို့ မှော်သားရဲကိုသတ်ပြီး တာ၀န်ကို ပြီးမြောက်တဲ့အခါကျရင် မင်းတို့ဆုလာဘ်ဝေစုကို ရမှာမဟုတ်ဘူး"

ဒီအချိန်မှာပင် ကျောင်းယန် အသံပို့လွှတ်လိုက်သည်။ 

"အစ်ကိုကျုံ့၊ သူတို့ကို ငါးစာအဖြစ်မသုံးဘူးဆိုရင် အဲဒီနတ်ဗိုလ်ချုပ်အဆင့်သားရဲနှစ်ကောင်ကို သတ်ဖို့ ခက်ခဲနိုင်လောက်တယ်၊ ဘာပဲဆိုဆို နတ်ဆိုးနက်ချီရဲ့ တိုးတက်မှုနဲ့ သူတို့ခန္ဓာစွမ်းအားတွေက ပိုပြီးအားကောင်းလာကြပြီ"

ကျုံ့ချန်ကောင်းနှာခေါင်းရှုံ့သည်။ 

"ကိစ္စမရှိဘူး၊ ဘာပဲဆိုဆို သူတို့ကို ငါးစာတွေအဖြစ် သုံးနိုင်သေးတာပဲ၊ ငါအဲဒါကို ယူလာခဲ့တယ်"

ဒါကိုကြားသော ချီ၀မ်လှောင်လိုက်သည်။ 

"ဒါလည်းကောင်းတာပဲ၊ သူတို့အတွက် ဘာကပိုကောင်းတယ်ဆိုတာ သူတို့မသိမှတော့ သူတို့အသက်တွေကို ကယ်တင်နိုင်သေးတယ်ဆိုပေမယ့် အစ်ကိုကျုံ့ အခုဒါကို သုံးပြီးပြီဆိုတော့ သူတို့အသက်တွေကို ထိန်းသိမ်းထားနိုင်မှာ မဟုတ်တော့ဘူး"

သူဘာကြောင့် နတ်စစ်သည်နယ်ပယ်က ယဲ့ချိုးပိုင်နှင့် ကျန်သောသူများကို ရှာဖွေရလေသနည်း။ 

ယင်းအစား ရင်းနှီးသည့်သူတစ်ယောက်ယောက်ကို ရှာပြီး နယ်ပယ်ပိုမြင့်သောသူတစ်ယောက်နှင့် အသင်းဖွဲ့၍ရသည်။ 

ဒါကရိုးရှင်းပါသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်သောသူများက ဟောင်တျန်းနတ်ပိုင်နက်ကဖြစ်ပြီး ဒီနေရာက နတ်ဘုရားဆင်းသက်ခြင်းကြယ်ဒေသနှင့် မိုင်ထောင်ချီခန့် ဝေးကွာတာကို ကျုံ့ချန်ကောင်းသိသွားပြီးနောက် သူကလည်း ဒုတိယတန်းစားဂိုဏ်းတစ်ဂိုဏ်း၏ အတွင်းဂိုဏ်းတပည့်တစ်ဦးဖြစ်နေလေရာ ယဲ့ချိုးပိုင်တို့သေသွားလျှင်ပင် ဘယ်လိုလုပ် သူတို့အား ပြဿာနာလာရှာနိုင်မည်နည်း။ 

သူတို့နယ်ပယ်က အရမ်းမြင့်နေလျှင်ပင် အသက်ရှင်ကျန်ပြီးနောက် တာ၀န်ဆုလာဘ်ကို အတင်းခွဲဝေပြီး တာ၀န်ကို အပြီးသတ်၍ရနိုင်သည်။ 

သို့စေကာမူ နတ်စစ်သည်နယ်ပယ်က ငါးစာတစ်ခုအဖြစ်သာ ထမ်းဆောင်ပေးနိုင်သည်။ ထိုအချိန်တွင် သူတို့တာ၀န်ဆုလာဘ်ကို မပေးခဲ့လျှင်ပင် နောက်ခံနှင့် ခွန်အား၏ ဖိအားအောက်တွင် ယဲ့ချိုးပိုင်တို့၌ အညံ့ခံရန်က လွဲပြီး ရွေးချယ်စရာမရှိပါ။ 

ဒါက ယဲ့ချိုးပိုင်တို့ကို ရှာဖွေရသည့် ကျုံ့ချန်ကောင်း၏ တကယ့်ရည်ရွယ်ချက်ပင်။ 

မဟုတ်ပါက ဘယ်လိုလုပ် သူ့ထက်နယ်ပယ်ပိုနိမ့်ကျသောသူတစ်ယောက်နှင့် သူအကြောင်းမဲ့ ပူးပေါင်းမည်နည်း။ 

ဒီကမ္ဘာထဲတွင် သူတော်ကောင်းအများကြီးမရှိပါ။ 

ကျုံ့ချန်ကောင်းနှင့် ကျန်သောသူများက သူတို့ကိုထပ်၍ အာရုံမစိုက်တော့တာကို မြင်ရသောအခါ ယဲ့ချိုးပိုင်ဂရုမစိုက်ဘဲ ယင်းအစား မုဖူရှန်းကိုကြည့်လိုက်သည်။ 

"ညီလေးမု၊ မင်းအဆောင်တွေနဲ့ မြို့ရိုးကို ဘယ်လောက်ကြာကြာပံ့ပိုးပေးထားနိုင်လဲ"

မုဖူရှန်းငုံ့ကြည့်လိုက်သောအခါ မြို့ရိုးကို ဖုံးအုပ်နေသည့် အဆောင်ပမာဏအများအပြားကို တွေ့လိုက်ရသည်။ 

အဆုံးမဲ့သားရဲအုပ်က မြို့ရိုးကို ဆက်လက်တိုက်ခိုက်နေကြသည်။ 

အဆောင်များ၏ အားဖြည့်မှုအောက်တွင် နားကွဲလုနီးပါးအသံများထွက်ပေါ်နေပြီး ဒီအသံနှင့်အတူ အဆုံးမဲ့တုန်ခါမှုတစ်ခုလည်းရှိသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ မုဖူရှန်းမျက်မှောင်ကြုတ်သည်။ 

"ကျွန်တော်တို့အများဆုံး တစ်ရက်လောက်ပဲ ကိုင်တွယ်ထားနိုင်တယ်"

"မြို့ရိုးအတွင်းပိုင်းတည်ဆောက်ပုံက ပျက်စီးနေပြီဖြစ်သလို အထဲက ကာကွယ်ရေးအစီအရင်တွေကလည်း ပြိုကွဲနေပြီ"

သားရဲအုပ်စုထဲက နတ်ဆိုးသားရဲများက အခြေခံအားဖြင့် ကောင်းကင်အင်မော်တယ် သို့မဟုတ် မြေအင်မော်တယ်နယ်ပယ်များဖြစ်ကြပြီး နတ်စစ်သည်နယ်ပယ်များတွင် ပါ၀င်ကြသည်။ 

မုဖူရှန်း၏ အဆောင်ကြောင့်သာ မဟုတ်ပါက ရက်တစ်၀က်ခန့်ပင် ကိုင်တွယ်ထားနိုင်မည်မဟုတ်။ 

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။ 

"ညီလေးဖန်၊ အစီအရင်ကိုပြင်ဆင်တော့"

"ငါ့ရဲ့ဓားပိုင်နက်နဲ့အတူ တိုက်ခိုက်ကြမယ်"

ဖန်ချန်းခေါင်းညိတ်ပြီးနောက် အမြစ်သုတ်ဖျက်ဆီးခြင်းအော်ရာတစ်ခုက သူ့ကိုယ်ကနေ ထွက်လာခဲ့သည်။ 

အမွေးတိုင်တစ်၀က်စာခန့် ကြာပြီးနောက် ဖန်ချန်းအော်ဟစ်သည်။ 

"ပြီးသွားပြီ"

ယဲ့ချိုးပိုင်ခေါင်းညိတ်ပြီး ရုတ်တရက် လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားနှင့် ပိုင်းဖြတ်လိုက်၏။ 

ရှေးဦးမူလဓားကျမ်း၊ နတ်ဆိုးချိုးဖျက်ခြင်း!

တစ်ချိန်တည်းမှာပင် ယဲ့ချိုးပိုင် ပိုင်းဖြတ်လိုက်စဉ် ဓားပိုင်နက်ထဲတွင် မရေမတွက်နိုင်လောက်သည့် အင်မော်တယ်ဓားနှင့် ဓားဆန္ဒများက လှုံ့ဆော်ခံရပြီး ဧရာမဓားဆန္ဒများအဖြစ် သိပ်သည်းသွားကြကာ အောက်က သားရဲအုပ်အား ခုတ်ဖြတ်သည်။ 

ဒါက ယဲ့ချိုးပိုင်အတွက် လုချန်ရှန်း၏ တိုးတက်မှုရလဒ်ပေတည်း။ 

ဓားပိုင်နက်ထဲတွင် ဓားပညာရပ်များကိုလည်း သုံးနိုင်ပြီး စွမ်းအားက အရင်ကထက် အဆများစွာ ပိုအားကောင်းသည်။ 

တစ်ချိန်တည်းမှာပင် ဖန်ချန်း ရုတ်တရက် ရှေ့သို့ညွှန်လိုက်စဉ် အမြစ်သုတ်သတ်ဖြတ်ခြင်းအစီအရင်က ချက်ချင်းပြန့်သွားပြီး မီးခိုးရောင်လက်ဖဝါးတံဆိပ်တစ်ခုက အောက်က သားရဲအုပ်စုထံ ဦးတည်သွားသည်။ 

မုဖူရှန်းကလည်း အလားတူပင် လုပ်ဆောင်လေရာ ဆန်းကြယ်ယင်ခရမ်းမိုးကြိုး၊ ကောင်းကင်အပြစ်ပေးနတ်မိုးကြိုး၊ ခြောက်ကိုးကောင်းကင်ဘုံမိုးကြိုး အစရှိသည့် နတ်မိုးကြိုးစွမ်းအားသုံးမျိုးက ဒီအခိုက်အတန့်၌ ကြီးမားသည့် မိုးကြိုးလုံးတစ်ခုအဖြစ် သိပ်သည်းသွားကာ အောက်သို့ ကျဆင်းလာခဲ့သည်။ 

တစ်ခဏအတွင်း ဓားဆန္ဒက ထိုးတက်လာပြီး ဖျက်ဆီးခြင်းအော်ရာနှင့် မိုးကြိုးအရည်တို့က ပြန့်သွားသည်။ 

ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်ရှေ့တွင် သားရဲအုပ်ရှိရာဘက်သို့ အပေါက်ကြီးတစ်ခု ပွင့်သွားခဲ့သည်။ 

ဒါက ပတ်ပတ်လည်က စစ်သားများအား ဖိအားအတော်များများ သက်သာစေသည်။ 

ဒီမြင်ကွင်းကိုမြင်သောအခါ စစ်သားများ၏ စိတ်ဓာတ်ကျပြီး အားငယ်မှုတို့အစား သူတို့စိတ်ဓာတ်များက ပြန်လည်မြှင့်တင်ပေးပြီး ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ဆက်တက်တန်ပြန်တိုက်ခိုက်ကြသည်။ 

ကျုံ့ချန်ကောင်းနှင့် ကျန်နှစ်ယောက် ထိတ်လန့်သွားကြ၏။ 

ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့က နတ်စစ်သည်နယ်ပယ် အလယ်အလတ်အဆင့်သာဖြစ်သည်။ 

ဒါတောင် သူတို့ဒီလိုစွမ်းအားမျိုးကို ထုတ်လွှတ်နိုင်တာလား!

ဖန်ချန်းက နတ်စစ်သည်နယ်ပယ် နောက်ပိုင်းအဆင့်ဖြစ်သော်လည်း သူဖန်တီူခဲ့သည့် အစီအရင်က ကျုံ့ချန်ကောင်းကို သတိ၀င်သွားစေသည်။ 

သူတို့ခွန်အားနဲ့ဆိုရင် သူတို့တကယ်ပဲ ဒီသားရဲအုပ် ပျောက်ကွယ်သွားတဲ့အထိ ကိုင်တွယ်ထားနိုင်မှာလား!

ကျုံ့ချန်ကောင်း၏ အမူအရာက မည်းမှောင်သွားသည်။ 

အကယ်၍ သူတို့သာ သားရဲအုပ်စု မကျသွားခင်အထိ အမှန်တကယ် ခုခံနိုင်မည်ဆိုပါက နတ်ဗိုလ်ချုပ်နယ်ပယ်သားရဲများက ထွက်သွားကြပေလိမ့်မည်။ 

ထိုအချိန်တွင် လန်ဟိုင်က တာ၀န်ကို ပြီးမြောက်သွားနိုင်သည်။ 

သူထပ်မစောင့်နိုင်တော့ပါ။ 

"ကျောင်းယန်၊ ချီ၀မ်၊ အသင့်ပြင်ကြ"

ကျုံ့ချန်ကောင်း အသံပို့လွှတ်လိုက်သည်။ 

ဒါကိုကြားသောအခါ ကျောင်းယန်နှင့် ချီ၀မ်တို့ခေါင်းညိတ်လိုက်ကြပြီး နတ်ဗိုလ်ချုပ်နယ်ပယ်တစ်၀က်အဆင့်အော်ရာက ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ 

တစ်ချိန်တည်းမှာပင် ကျုံ့ချန်ကောင်း ယဲ့ချိုးပိုင်ဘေးသို့ တယ်လီပို့ရောက်လာပြီး ဘေးက အိတ်လေးကို ချေမွပစ်သည်။ 

အဝါရောင်အမှုန့်များက ယဲ့ချိုးပိုင်အပေါ် ကျရောက်သွားကြသည်။ 

ဒါကိုမြင်သော် မုဖူရှန်း၏ အမူအရာက မည်းမှောင်သွားခဲ့သည်။ 

"နတ်ဆိုးလှုံ့ဆော်အမှုန့်၊ မင်းဘာကို ဆိုလိုတာလဲ"

မုဖူရှန်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဒီပစ္စည်းကို အနည်းငယ်နားလည်ခဲ့ပြီး ဒါက မှော်သားရဲများ၏ တိုက်ခိုက်မှုငို ဆွဲဆောင်နိုင်သည်။ 

ဒါက ဉာဏ်ရည်ဉာဏ်သွေးမရှိသည့် မှော်သားရဲများကိုသာ ဆွဲဆောင်နိုင်ပါသည်။ 

သို့စေကာမူ နတ်ဆိုးနက်ချီ၏ လွှမ်းမိုးမှုအောက်တွင် မှော်သားရဲများက ဉာဏ်ရည်ကို ဆုံးရှုံးသွားမှာ ကြာမြင့်နေလေပြီ။ 

ကျုံ့ချန်ကောင်းနှာ‌ခေါင်းရှုံ့သည်။ 

"မင်းတို့အမိန့်ကို နားမထောင်ချင်ကြမှတော့ နှလုံးသားမဲ့တဲ့အတွက် ငါ့ကိုအပြစ်မတင်နဲ့၊ အသက်ရှင်နိုင်ဖို့ ကြိုးစားတော့"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ကျုံ့ချန်ကောင်း မြို့ရိုးဆီသို့ ပျံသန်းသွားပြီး နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲများအထက်တွင် နောက်တစ်အိတ်ကို ပစ်လိုက်သည်။ 

အမှုန့်များက နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲတစ်ကောင်၏ ကိုယ်ထည်တစ်ခုလုံးတွင် ချက်ချင်းပျံ့သွားသည်။ 

ရုတ်တရက်ဆိုသလို ကျားပုံသဏ္ဍာန်မှော်သားရဲ၏ မျက်လုံးများက ချက်ချင်းနီရဲသွားပြီး ယဲ့ချိုးပိုင်ရှိရာဘက်သို့ ဟိန်းကာ မြင်ရိုင်းတစ်ကောင်ပမာ ယဲ့ချိုးပိုင်ဆီသို့ ပြေး၀င်လာသည်။ 

"နတ်ဗိုလ်ချုပ်အဆင့်မှော်သားရဲကို ရင်ဆိုင်တဲ့အခါ မင်းမှာ အသက်ရှင်ဖို့အခွင့်အလမ်း မရှိတော့မှာကို ငါစိုးရိမ်မိတယ်"

ကျုံ့ချန်းကောင်း ဒီမြင်ကွင်းအပေါ် နှာခေါင်းရှုံ့သည်။ 

ယဲ့ချိုးပိုင် ခပ်တိုးတိုးပြောသည်။ 

"ဒီလိုဖြစ်လာမှာမဟုတ်ဘူး"

အပိုင်း(952) coming။ 

All Chapters