စုံတွဲညစာစားပွဲ
Vol. 31 Ch. 465
မကြာမီ 'သိမ်းငှက်သူရဲကောင်း' ဇာတ်သိမ်းခန်း ရိုက်ကူးရေး စတင်ဖို့ အချိန်ရောက်လာခဲ့ပါပြီ။
နောက်ဆုံးဇာတ်ဝင်ခန်းက ဟွာတောင်ဓားညီလာခံ ဇာတ်ဝင်ခန်း ဖြစ်သည်။
ရုပ်သံဒရမ်မာထဲတွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ နောက်ဆုံးဇာတ်ဝင်ခန်းလည်း ဖြစ်သည်။
ရှားဝမ်ချွေ့ ဒီနေ့ဝတ်စားထားပုံကိုကြည့်ပြီး လင်းဖန်နှလုံးသား တုန်ခါသွားရသည်။
ရှားဝမ်ချွေ့ ဒီလောက်ထိ တက်ကြွ၊ရွှင်လန်းပြီး နတ်သမီးလေးလို လှပလိမ့်မည်ဟု တစ်ခါမှ ထင်မထားခဲ့မိပါ။
သူ့ဘေးမှာ ရပ်နေတဲ့ ကောင်မလေးက နတ်သမီးလေးများလား။
ရှားဝမ်ချွေ့က လင်းဖန်ရှေ့ကို ရောက်လာပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "အစ်ကိုကျင်း ဒီနေ့ ကျွန်မလှရဲ့လား"
၂ လ ကြာရိုက်ကူးရေးပြီးဆုံးသွားသောအခါ ရှားဝမ်ချွေ့သူ့ကို အစ်ကိုကျင်းဟု ခေါ်တာကို လင်းဖန် အသားကျနေပြီ ဖြစ်သည်။
လင်းဖဖန်ကလည်း ရှားဝမ်ချွေ့ကို ရုံအာဟုခေါ်သည်။ လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "ဒါပေါ့ ငါ့ရုံအာလေးက အရမ်းလှတာပဲ။ ကမ္ဘာပေါ်မှာ အလှပဆုံး မိန်းကလေးပဲ"
ရှားဝမ်ချွေ့ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး လင်းဖန်၏ အင်္ကျီလက်စကို ဆွဲကာ ဘယ်ညာယိမ်းလိုက်သည်။ "အစ်ကိုကျင်း ရုံအာ ညစာစားချင်တယ်"
လင်းဖန်ပြုံးလိုက်သည်။ "ရုံအာက အရသာ အရှိဆုံး စားတော်ပွဲတွေ ချက်ပြုတ်တတ်တဲ့ကောင်မလေး မဟုတ်ဘူးလား။ နင့်ရဲ့ စားတော်ပွဲတွေက ဟုံချီကုံးကိုတောင် ဆွဲဆောင်နိုင်တယ်"
ရှားဝမ်ချွေ့က ဝမ်းနည်းစွာပြောလိုက်သည်။ "ဒါပေမယ့် ရုံအာက အစ်ကိုကျင်းရဲ့ စားတော်ပွဲကိုပဲ စားချင်တာ"
လင်းဖန်က ရှားဝမ်ချွေ့ကို သိမ်မွေ့စွာနမ်းရှိုက်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ချွေ့ချွေ့ ဒီဇာတ်ဝင်ခန်းရိုက်ပြီးရင် သွားစားကြရအောင်~"
ရှားဝမ်ချွေ့ သိမ်မွေ့စွာခေါင်းငြိမ့်ပြီး လင်းဖန်ကိုကြည့်လိုက်ပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ နဖူးလေးကိုလည်း နမ်းလိုက်သည်။ သူ့အဝတ်အစားကိုချွတ်ပြီး သူမအတွက် လွှမ်းခြုံပေးလိုက်သည်။
တောင်ထိပ်က ရာသီဥတုမှာ အနည်းငယ် အေးစက်ပါသည်။ ဒီနေ့ နေလည်းမထွက်ဘဲ အနည်းငယ် မြူဆိုင်းနေသည်။
မနက် ၈ နာရီတွင် ဟွာတောင်ဓားညီလာခံဇာတ်ဝင်ခန်းကို ရိုက်ကူးရမှာ ဖြစ်သည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က မနက် ၆ နာရီမှာပင် တောင်ထိပ်သို့ ရောက်နေကြလေပြီ။
ဆောင်းဦးရာသီတွင် နေက နောက်ကျမှထွက်လာတတ်သည်။
လင်းဖန်က ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို အနောက်မှ ဖက်လိုက်သည်။ ရှားဝမ်ချွေ့က လင်းဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး မျက်လုံးမှိတ်လိုက်ပါသည်။
ထို့နောက် လင်းဖန် ဓာတ်ပုံ တစ်ပုံ ထုတ်လိုက်၏။
သူနဲ့ ရှားဝမ်ချွေ့တို့၏ ဓာတ်ပုံလေး ဖြစ်သည်။
ခဏကြာသောအခါ လင်းဖန်လည်း မျက်လုံးတွေကို မှိတ်ပြီး လှပသည့် ငြိမ်းချမ်းမှုကို ခံစားကြည့်လိုက်ပါသည်။
"ဝါး... နေထွက်လာပြီ နေထွက်လာပြီ" ရှားဝမ်ချွေ့ အံ့သြတကြီးပြောလိုက်ပါသည်။
မနက်ခင်းက အနည်းငယ် အေးသော်လည်း နေထွက်ချိန်က အလွန်လှပပါသည်။
"အရမ်းလှတာပဲ" ရှားဝမ်ချွေ့က ပေါ့ပါးစွာပြုံးလိုက်သည်။
နေထွက်ချိန်က အလွန်လှပသည်။ လင်းဖန် နေထွက်ချိန်ကို ခဏလောက်သာကြည့်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်သည်။
ရှားဝမ်ချွေ့ အဝေးက နေမင်းကြီးကို လက်ညှိုးထိုးပြရင်း လင်းဖန်ကို ကြည့်လိုက်သည်။ "လင်းဖန် နေထွက်ချိန်ကို ဘာလို့ မကြည့်တာလဲ"
လင်းဖန်က ရှားဝမ်ချွေ့၏ မျက်နှာလှလှလေးကို ပွတ်သပ်ပေးလိုက်ပါသည်။ "နေထွက်ချိန်က ဘယ်လောက်လှလှ နင့်လောက်တော့မလှပါဘူး"
ရှားဝမ်ချွေ့ တခစ်ခစ်ရယ်မောလိုက်သည်။ "သိပါတယ် နင်က သူများကို ပျော်အောင် ပြောတတ်တာပဲ"
လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "သူများကို ပျော်အောင် ပြောတာ မဟုတ်ပါဘူး။ အမှန်တိုင်း ပြောတာပါ"
ရှားဝမ်ချွေ့ နှုတ်ခမ်းများ ပြုံးမိသွားပါသည်။ သူမ လင်းဖန်ကို လှည့်ကြည့်လိုက်သည်။ "လင်းဖန် မျက်လုံးမှိတ်ထားလို့ ရမလား"
လင်းဖန် မျက်လုံးမှိတ်လိုက်ပါသည်။
ရှားဝမ်ချွေ့ ခြေဖျားထောက်ပြီး လင်းဖန်ကို နမ်းလိုက်ပါသည်။
အချိန်အတော်ကြာမှ လင်းဖန်စိတ်ပျက်လက်ပျက်ပြောလိုက်သည်။ "ဘာလို့ ငါ့လျှာကို ကိုက်တာလဲ"
ရှားဝမ်ချွေ့ မျက်စောင်းထိုးလိုက်သည်။ "မနေ့က ရှောင်းယွီကို နင်အကြာကြီးနမ်းတယ်လို့ကြားတယ်"
လင်းဖန် "ဟုတ်လား"
ရှားဝမ်ချွေ့ ထပ်မပြောတော့ဘဲ လင်းဖန်ကို ကြည့်လိုက်သည်။ "လင်းဖန် ငါတို့ ဘယ်တော့ လက်ထပ်ရမှာလဲ"
လင်းဖန်က ရှားဝမ်ချွေ့၏ ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ပြောလိုက်ပါသည်။ "လက်ထပ်ချင်တဲ့အချိန် လက်ထပ်လို့ရတယ်။ ဒါပေမယ့် လက်မထပ်ခင် တစ်ခုခု အတည်ပေါက် လုပ်ပေးလို့ ရမလား။ ငါ့လူပျိုဘဝကို ဘယ်နှနှစ်တောင် ထိန်းထားခဲ့ရလဲ ကြည့်ပါဦး..."
ရှားဝမ်ချွေ့ "အရှက်မရှိတဲ့ကောင်... အရှက်မရှိတဲ့ကောင်..."
နောက်ဆုံးတော့ ရိုက်ကူးရေး စတင်ဖို့ အချိန်ရောက်လာပါပြီ။
ဟွာတောင်ဓားညီလာခံတရားဝင် စတင်ခဲ့ပါသည်။
ရိုက်ကူးရေးပြီးဆုံးသွားသောအခါ ရုပ်သံဒရမ်မာ ရိုက်ကူးရေး အဆုံးသတ်သွားပါပြီ။
သိမ်းငှက်သူရဲကောင်း၏ ဇာတ်သိမ်းက ဟွာတောင်ဓားညီလာခံမဟုတ်ဘဲ နောက်ဆက်တွဲဇာတ်လမ်းသာာ ဖြစ်သည်။ သို့သော်လည်း ရိုက်ကူးရေးကို ဇာတ်လမ်းအတိုင်းလုပ်သွားမှာ မဟုတ်ပေ။
ဥပမာအားဖြင့် ဟွာတောင်ပေါ်မှာ သက်ဆိုင်ရာ ဇာတ်ဝင်ခန်းတွေအားလုံးကို အရင်ဆုံးရိုက်ကူးလိုက်မည်။
တစ်နေရာမှာ အကုန်လုံးရိုက်ကူးပြီးသွားမှ Content တွေကို ပြန်လည်တည်းဖြတ်မည်ဖြစ်သည်။
'သိမ်းငှက်သူရဲကောင်း' ရိုက်ကူးရေး တရားဝင်ပြီးဆုံးသွားပါပြီ။
ရိုက်ကူးရေး ၂ လတာအချိန်တွင် အားလုံး ပင်ပန်းသွားကြသည်။
လင်းဖန်နဲဲ့ ရှားဝမ်ချွေ့တို့တောင် ကောင်းကောင်း မအိပ်ခဲ့ရပါ။ ရုပ်သံဒရမ်မာ ရိုက်ကူးရေး ၂ လတာမှာ နှစ်ဝက် အချိန်နဲ့ ညီမျှပါသည်။
ဒီလိုရိုက်ကူးနိုင်ခြင်းက ကြိုတင်ပြင်ဆင်မှုများလုံလုံလောက်လောက် ပြုလုပ်ထားခြင်းကြောင့်သာဖြစ်သည်။
တကယ်တမ်း လက်တွေ့မှာ ရိုက်ကူးရေးလုပ်မည်ဆိုလျှင် ရုပ်သံဒရမ်မာတစ်ခုကို ၁ နှစ်လောက်ကြာအောင် ရိုက်ကူးရပါသည်။
အမှန်ပင်။ ဒီလိုတင်းကြပ်သည့် ရိုက်ကူးရေးအချိန်ဇယားများကြောင့် ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများကလည်း လစာအလွန်မြင့်မြင့်ရကြပါသည်။
ဘော့စ်လင်းက ချမ်းသာတာကြောင့် ဖြစ်သည်။
လုပမ်ခိုင်းက အလွန်အားရကျေနပ်သွားပြီး ပြုံးကာ ပြောလိုက်ပါသည်။ "ဘော့စ်လင်းရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတာပဲ။ ရှာဝမ်ချွေ့ရဲ့ သရုပ်ဆောင်စွမ်းရည်ကလည်း အရမ်းကောင်းတယ်။ တစ်ချိန်လုံး အမှားအယွင်း မရှိသလောက်ပဲ။ ခင်ဗျားတို့တွေ ဘယ်လို သရုပ်ဆောင်တာလဲတော့မသိဘူး။ ဘော့စ်လင်းရဲ့ ဇာတ်ညွှန်းရေး စွမ်းရည်ကလည်း အရမ်းအားကောင်းတယ်။ တစ်ဖက်မှာတော့ တချို့ သရုပ်ဆောင်တွေက ပြောရမယ့် စကားတွေကိုတောင် မကျက်နိုင်ကြဘူး။ ကွာခြားလိုက်တာ"
လင်းဖန်ပြုံးလိုက်သည်။ "ဒါရိုက်တာလု ချွေ့ချွေ့က ဘယ်သူလဲဆိုတာ မသိဘူးလား။ သူ့သရုပ်ဆောင်စွမ်းရည်တွေက သရုပ်ဆောင်ပေါင်းများစွာ မယှဉ်နိုင်တဲ့အရာပဲ"
လုပမ်ခိုင်းပျော်ရွှင်စွာဖြင့် ပြောလိုက်ပါသည်။ "ဒါပေါ့ ဒါပေါ့ ရှားဝမ်ချွေ့က ကျုပ်မြင်ဖူးသမျှထဲမှာ အလုပ်အကြိုးစားဆုံးပဲ။ လင်းခဲ့ရှင်းတောင် သူနဲ့ မယှဉ်နိုင်ဘူး"
စုရှောင်းယွီ ဒီမှာမရှိပေ။ 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း' ရိုက်ကွင်းသို့ ရောက်သွားပြီဖြစ်သည်။
ရှုယန်က ပို၍ပင် အလုပ်များပါသေးသည်။ လွန်ခဲ့သည့် တစ်လလောက်ကမှ ရိုက် Eaglle Shooting ဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးစီးသွားတာဖြစ်ပြီး သိမ်းငှက်သူရဲကောင်းရိုက်ကူးရေးဘက်ကို ပြောင်းလာခဲ့တာဖြစ်သည်။
သူက ရုပ်သံဒရမ်မာ ၂ ခုလုံးမှာ Role ပါဝင်ပြီး 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'၏ ခေါင်းဆောင်မင်းသား ဖြစ်သည်။ 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'၏ ရိုက်ကူးရေးပြီးမြောက်မှုက ပိုနှေးကွေးပါသည်။
လင်းဖန်က ရှားဝမ်ချွေ့၏ လက်လေးကိုကိုင်ပြီး နူးညံ့စွာ ပြုံးလိုက်ပါသည်။ "ချွေ့ချွေ့ နင့်ဇာတ်ဝင်ခန်းတွေကို ရိုက်ပြီးသွားပြီနော်။ ပြီးခဲ့တဲ့ ၂ လလုံးလုံး ပင်ပန်းသွားပြီ။ အိမ်ပြန်ပြီး ကောင်းကောင်းအနားယူလိုက်တော့"
ရှားဝမ်ချွေ့ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ "မနက်ဖြန် Variety Show ရိုက်ကူးရေးမှာ ပါရဦးမယ်။ နားဖို့အချိန်မရှိပါဘူး"
လင်းဖန်မျက်မှောင်ကြုတ်လိုက်ပြီး ရင်နာသွားပါသည်။ "ရိုက်ကူးရေးက မနက်ဖြန်ဟုတ်လား။ ဒါရိုက်တာလင်းကို ဖုန်းဆက်ပြီး မနက်ဖြန်နင့်မှာ အချိန်မရှိဘူးလို့ ပြောလိုက်မယ်။ နည်းနည်းလောက် အချိန်ပြန်ညှိခိုင်းလိုက်မယ်လေ"
လွန်ခဲ့သည့် ၂ လအတွင်း ရှားဝမ်ချွေ့က ခေါင်းဆောင်မင်းသမီးဖြစ်တာကြောင့် အနားယူချိန်မရှိသလောက် ရှားသည်။
အဝတ်အစားပေါင်းစုံကို ဝတ်ဆင်ရပြီး ရုံအာ ဇာတ်ကောင်နေရာမှာ ကြိုးကြိုးစားစား သရုပ်ဆောင်ခဲ့ရသည်။
သူမမှာ ဇာတ်ဝင်ခန်းအများကြီး မရှိသော်လည်း ဇာတ်ညွှန်းတွေကို ကျက်မှတ်ရပြီး ရုံအာ ဇာတ်ကောင်နေရာမှာ ကောင်းမွန်စွာ သရုပ်ဆောင်ရပါသည်။
ယခု သူမက ရုပ်သံဒရမ်မာတစ်ခုကို ရိုက်ကူးပြီးစီးခါစဖြစ်သော်လည်း Variety Show တစ်ခုတွင် ပါဝင်ရဦးမည်။
လင်းဖန်စကားကို ကြားသောအခါ ရှားဝမ်ချွေ့ ခေါင်းခါလိုက်ပါသည်။ "သူတို့ကို ဒုက္ခပေးစရာမလိုပါဘူး။ Variety Show ရိုက်တယ်ဆိုတာ သူများတွေရဲ့အချိန်ကို အများကြီး ညှိနှိုင်းရတယ်။ စူပါစတားတစ်ယောက်ဖြစ်ရတာ အလုပ်များပါတယ်။ ငါနေသားကျနေပါပြီ"
လင်းဖန် ခေါင်းခါလိုက်ပါသည်။ သူက ရှားဝမ်ချွေ့ကို နားစေချင်သော်လည်း သူမက တခြားသူတွေကို ဒုက္ခ မပေးချင်ပါ။
ဒီလိုကောင်မလေးကြောင့် လင်းဖန်အလွန်ပျော်ရွှင်ရသော်လည်း ရင်နာရပါသည်။
လင်းဖန် ရှားဝမ်ချွေ့၏ လက်ကိုကိုင်လိုက်ပြီး ပြုံးလိုက်ပါသည်။ "ထားလိုက်ပါတော့ ငါနင့်ကို တွန်းအား မပေးပါဘူး။ ဒါပေမယ့် ဒီနေ့ည ညစာအတူတူထွက်စားကြမယ်။ စုံတွဲညစာစားပွဲလေး ကျင်းပကြစို့"
ရှားဝမ်ချွေ့ နူးညံ့စွာ ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း"