← Chapters

လင်းခဲ့ရှင်းရဲ့ စတေးမှု

Vol. 31 Ch. 451

လင်းခဲ့ရှင်းရဲ့ စတေးမှု

Vol. 31 Ch. 451

တတိယဝင်လာသူက လင်းခဲ့ရှင်းဖြစ်သည်။

လင်းဖန်ရှေ့မှာ လင်းခဲ့ရှင်း ဝင်ထိုင်လိုက်သောအခါ လင်းဖန် ထပ်မံ မှင်သက်သွားရပြန်သည်။

လင်းခဲ့ရှင်းအကြောင်း ဖော်ပြဖို့ နည်းလမ်းတစ်ခုသာ ရှိပါသည်။

လင်းခဲ့ရှင်းက လှပလွန်းပါသည်။

သူမက ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ Queen တစ်ယောက်ဖြစ်ပြီး ဒီနှစ်မှ ဘွဲ့ရထားတာဖြစ်သည်။ သူမ၏ ရေပန်းစားမှုကလည်း အတော်လေး မြင့်မားသည်။

"မင်္ဂလာပါ ဘော့စ်လင်း~" လင်းခဲ့ရှင်းက လင်းဖန်ကို နှုတ်ဆက်လိုက်ပါသည်။

"နင့်အသက် ဘယ်လောက်ရှိပြီလဲ" လင်းဖန်မေးလိုက်သည်။

"၂၁ နှစ်ပါ" လင်းခဲ့ရှင်း ပြန်ဖြေလိုက်၏။

"အရပ်နဲ့ ကိုယ်အလေးချိန်ကကော..." လင်းဖန် မေးလိုက်သည်။

"အရပ် ၁၆၈ စင်တီမီတာ၊ ကိုယ်အလေးချိန် ၄၃.၈ ကီလိုဂရမ်ပါ" လင်းခဲ့ရှင်း ဆက်ဖြေလိုက်ပါသည်။ သူမ အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။ လင်းဖန်ကဘာကြောင့် သူမ၏ အသက်၊ အရပ်နဲ့ ကိုယ်အလေးချိန်တို့အကြောင်း စိတ်ဝင်စားနေတာလဲ။ သို့သော်လည်း သူမ မမေးရဲသဖြင့် ရိုးရိုးသားသား ဆက်ဖြေလိုက်ပါသည်။

"နင့်မှာ ကောင်လေး ရှိလား ဒါမှမဟုတ် ကြိုက်နေတဲ့သူ ရှိလား" လင်းဖန် ဆက်မေးသည်။

လင်းခဲ့ရှင်း မှင်သက်သွား၏။

လင်းဖန် ဘာပြောချင်နေတာလဲ မသိသော်လည်း သူမ ရင်ခုန်သွားသည်။

ဘုရားရေ လင်းဖန် သူမကို သဘောကျသွားတာလား။ သူမနဲ့ အတူတူ အိပ်ချင်လို့လား။

လင်းဖန်က ရုပ်ချောပြီး တော်လွန်းသည်။ လင်းခဲ့ရှင်း၏ အိုင်ဒေါလည်း ဖြစ်သည်။

သို့သော် လင်းဖန်မှာ ကောင်မလေးရှိပြီးသား မဟုတ်ဘူးလား။

လင်းခဲ့ရှင်း ချက်ချင်း နားလည်သွားပါသည်။

လင်းဖန်က အသစ်တစ်ယောက် ရှာချင်နေတာ ဖြစ်သည်။

ရှားဝမ်ချွေ့က အလုပ်အလွန်များသူ ဖြစ်သည်။ လင်းဖန် သူမနဲ့ တစ်ခုခု လုပ်ချင်တာ နားလည်ပေးလို့ ရပါသည်။ ဘာပဲဖြစ်ဖြစ် ယောက်ျားလေးတွေမှာ ဒီလို အတွေးတွေ ရှိတတ်ပါသည်။ ကြင်ယာတော်တွေနဲ့ ကိုယ်လုပ်တော်တွေ အများကြီး ပိုင်ဆိုင်ထားရသည့် ဘဝက ပျော်ဖို့ ကောင်းလိမ့်မည်။

လင်းခဲ့ရှင်း အတွေးများ လေလွင့်နေခဲ့သည်။ ဘော့စ်လင်း ဒီရုံးခန်းထဲမှာ လုပ်ချင်တာကို သူမ လက်ခံသင့်လား ငြင်းဆန်သင့်လား...

"ဘာတွေစဉ်းစားနေတာလဲ" လင်းဖန် အနည်းငယ် ကြောင်စီစီဖြစ်သွားပြီး လင်းခဲ့ရှင်းကို အသိစိတ် ပြန်ကပ်အောင် သတိပေးလိုက်ပါသည်။

"သြော် သြော်.. ကောင်လေး မရှိပါဘူး" လင်းခဲ့ရှင်းက ခပ်မြန်မြန် ရှင်းပြလိုက်ပါသည်။

ထို့နောက် လင်းဖန် မတ်တပ်ရပ်ပြီး လင်းခဲ့ရှင်းဆီသို့ လျှောက်လာခဲ့ပါသည်။

လင်းခဲ့ရှင်း အသက်ရှူသံတွေ မြန်ဆန်လာခဲ့သည်။ ဘော့စ်လင်း တကယ် ရောက်လာပါပြီ။

သူမ ဘာာလုပ်ရမလဲ။ လင်းခဲ့ရှင်း အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။

သူမ မျက်လုံးများ မှိတ်လိုက်သည်။ ဘာမှ မဖြစ်ချင်ယောင် ဟန်ဆောင်လိုက်၏။ ဘော့စ်လင်း လုပ်ချင်တာ လုပ်လို့ ရပါသည်။

သို့သော်လည်း လင်းဖန်က တံခါးကိုဖွင့်ကာ ပြောလိုက်သည်။ "ငါ သန့်စင်ခန်း သွားလိုက်ဦးမယ်။ ခဏစောင့်ဦး။"

လင်းခဲ့ရှင်း "..."

အီးဟီးဟီး ငါဘာလုပ်ရမလဲ။

သူမ အန္တရာယ်ရှိနေပြီဟု ထင်ခဲ့မိသည်။ သို့သော်လည်း လင်းဖန်မှာ ဒီလို အတွေးမျိုး မရှိပါ။

လင်းဖန် ပြန်လာတော့ လင်းခဲ့ရှင်းကိုကြည့်လိုက်ပြီး တစ်ခုခု ထူးဆန်းနေသလိုမျိုး ခံစားလိုက်ရပါသည်။ "နင် နေမကောင်းဘူးလား"

လင်းခဲ့ရှင်း ခေါင်းခါလိုက်သည်။ "မ... မဟုတ်ပါဘူး"

လင်းဖန် ဆက်ပြောလိုက်သည်။ "အင်း နင်က အရမ်းလှပါတယ်။ နင့်မှာ ကောင်လေး မရှိဘူး။ နင့်အရပ်နဲ့ ကိုယ်အလေးချိန်တွေကလည်း အသင့်အတင့်ပဲ။ ပြီးတော့ နင်က ပေကျင်းရုပ်ရှင်တက္ကသိုလ်ရဲ့ Queen မဟုတ်လား"

လင်းခဲ့ရှင်း ရှက်ရွံ့သွား၏။ "ဘော့စ်လင်း ကျွန်မထက် လှတဲ့ လူတွေ အများကြီး ရှိပါတယ်။ ကျွန်မက... Queen မဟုတ်ပါဘူး။ လျှောက်ပြောနေကြတာပါ"

လင်းဖန်ပြုံးလိုက်သည်။ "ကိုယ့်ကိုယ်ကို အထင်မသေးပါနဲ့။ အရင်တုန်းက နင်အရမ်းရေပန်းစားခဲ့တာပဲကို။ ဒါပေမယ့် ဟွာစဲပစ်ချားနဲ့ နင်နဲ့ အကြား ဖြစ်ခဲ့တဲ့ကိစ္စကြောင့် ရေပန်းစားမှု အများကြီး လျော့ကျသွားခဲ့တာ။ နောက်ပိုင်း ပြန်တက်လာပေမယ့် ငါမျှော်လင့်ထားသလောက်တော့ ဖြစ်မလာသေးဘူး။ ဒီကာလအတွင်း Variety Show တချို့မှာပါဖို့ အကြံပေးချင်တယ်။ Variey Shows တွေမှာ ပါရင် အဆင်ပြေသွားမှာပါ"

လင်းခဲ့ရှင်း ခေါင်းငြိမ့်လိုက်ပါသည်။ "ဘော့စ်လင်း စီစဉ်တာကို နားထောင်ပါ့မယ်~"

လင်းဖန် ဆက်မေးလိုက်သည်။ "အရင်က နင့်အခြေခံစာက ဘယ်လောက်လဲ"

ကုမ္ပဏီထဲမှာ ဆယ်လီတွေ အများကြီး ရှိသဖြင့် လင်းဖန်က အားလုံး၏ လစာကိုတော့ မမှတ်မိနိုင်ပါ။

လင်းဖန်က ခေါင်းခါလိုက်သည်။ "မလုပ်ပါနဲ့ ဘော့စ်လင်း။ ကျွန်မကို ဟွာစဲပစ်ချားရဲ့ လက်ကနေ ဘော့စ်လင်း ကယ်တင်ထားတာပါ။ ဘော့စ်လင်း ယွမ် သန်း ၂၀၀ တောင် အသုံးပြုခဲ့တယ်။ ကုမ္ပဏီအတွက် ကျွန်မ ငွေတွေ သိပ်တောင် ရှာမပေးရသေးဘူး။ အဲ့တာကြောင့် ကျွန်မ အန်ဒိုစာနဲ့ Vareity Shows တွေ ဘယ်လောက်များများ ကုမ္ပဏီအတွက် ငွေရှာပေးနိုင်မယ်ဆို လက်ခံဖို့ စီစဉ်ထားပါတယ်"

သူမ ဒီလို ပြောလိုက်သည့် အဓိကအကြောင်းအရင်းက ငွေလိုအပ်တာကြောင့် ဖြစ်သည်။

အထူးအစုပေါ်အမြတ်ခွဲတမ်းကြောင့် သူမ ၂၀ ရာခိုင်နှုန်းသာ ရပါသည်။

ထို့အပြင် အနုပညာကြေးလည်း မရပါ။ အရင်တုန်းက လင်းဖန်နဲ့ ချုပ်ဆိုထားသည့် စာချုပ်ကြောင့် ဖြစ်သည်။ လင်းဖန်က စာချုပ်လျော်ကြေးအတွက် သန်း ၂၀၀ ကူညီပေးခဲ့သည်။ ထိုငွေတွေကို သူ ဆုံးရှုံးလို့ မဖြစ်ပါ။

သူမ အနုပညာကြေးလည်း မရပေ။

သို့သော်လည်း လင်းခဲ့ရှင်းက ဗီလာကြီးထဲမှာ နေထိုင်ခွင့်ရသဖြင့် ဘာမှ အပြစ်မတင်ခဲ့ပါ။ နေ့တိုင်း အရသာရှိသည့် အစားအသောက်တွေကိုလည်း စားရသည်။

သို့သော်လည်း သူမ ငွေလိုအပ်နေဆဲ ဖြစ်သည်။

သူမ မောင်လေးမှာ ထူးခြားသည့် ရောဂါတစ်ခု ဖြစ်နေသည်။

နေ့တိုင်း ရှင်သန်ဖို့အတွက် အလွန်များပြားသည့် ဆေးဝါးစရိတ်များ လိုအပ်သည်။

နေ့စဉ် ဆေးဖိုးဝါးခက သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းလောက်အထိ ရှိပါသည်။

လင်းခဲ့ရှင်း ယခင်တုန်းက အလွန်ချမ်းသာခဲ့သော်လည်း အခုတော့ လုံးဝ ဆင်းရဲသွားပါပြီ။

ကုမ္ပဏီမှာ စည်းမျဉ်းသစ်တွေ ရှိသည်။ အနုပညာရှင်တွေက အန်ဒိုစာတွေ ရုပ်ရှင်တွေကို အလွယ်တကူ လက်ခံလို့ မရပါ။ လင်းခဲ့ရှင်း အချိန်ခဏလောက် ဘာလုပ်ရမှန်း မသိတော့ပေ။

ငွေလုံလုံလောက်လောက် မရှိပါက သူမ မောင်လေး သေသွားလိမ့်မည်။

ထို့အပြင် လင်းခဲ့ရှင်းက ချူးယောင်ယောင်ဆီကလည်း ယွမ် ၁ သန်း ချေးထားသေးသည်။ ပြန်မဆပ်နိုင်သေးပါ။

လင်းခဲ့ရှင်း၏ မိသားစုကလည်း ရုန်းကန်ရဦးမည်။ လင်းခဲ့ရှင်း ရရှိထားသည့် ငွေတွေအားလုံးကို အိမ်သို့ ပြန်ပို့ခဲ့ပါသည်။

လင်းဖန် မျက်မှောင်ကြုတ်လိုက်သည်။ "ဘယ်လောက်ရတာလဲလို့"

လင်းခဲ့ရှင်းပြောလိုက်၏။ "အနုပညာကြေး မရပါဘူး။ အန်ဒိုစာကြေးက ၂၀ - ၈၀ ရာခိုင်နှုန်းပဲ ရတာပါ"

လင်းခဲ့ရှင်း ငိုချင်သွားသည်။ သူမ မှားယွင်းနေသလို ခံစားနေရသည်။ သို့သော်လည်း သူများတွေကို အပြစ်တင်လို့ မရပါ။

သူများတွေက သူမကို ငွေတွေ အများကြီး ချေးစရာ အကြောင်း မရှိပေ။ သူမက သူများတွေကို ဒုက္ခမပေးချင်ဘဲ ကိုယ့်ဖာသာကိုယ်သာ အလုပ် ကြိုးစားချင်ပါသည်။

"နင် ဘာလို့ ငိုနေတာလဲ" လင်းဖန်မေးလိုက်သည်။

ထို့နောက် လင်းခဲ့ရှင်းက သူမ၏ မိသားစုအကြောင်းကို လင်းဖန်အား ပြောပြလို်ပါသည်။

ထိုအကြောင်းကို ကြားသောအခါ လင်းဖန် နားလည်သွားသည်။ လင်းခဲ့ရှင်း၏ မျက်လုံးနီနီများကို ကြည့်ရင်း သူမခေါင်းကို ပုတ်ပေးလိုက်ပါသည်။

"ဟုတ်ပါပြီ ငိုနေတာ ရပ်တော့" လင်းဖန် ပြောလိုက်သည်။

လင်းခဲ့ရှင်းက ခေါင်းမော့ပြီး လင်းဖန်ကို နီမြန်းနေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

ထို့ကြောင့် လင်းဖန်က သူမနဲ့ အတူအိပ်ချင်သည် ဆိုရင်တောင် သူမ လက်ခံပါလိမ့်မည်။

ဒါက သူမ၏ တစ်ခုတည်းသော အလုပ် ဖြစ်သည်။ ကျားရှင်းဖျော်ဖြေရေးကသာ သူမကို အန်ဒိုစာ လက်ခံခွင့် ပိတ်ပင်လိုက်ပါက သူမ ငွေရရှိနိုင်မည့် နည်းလမ်း မရှိတော့ပါ။

တခြားဘယ်ဖျော်ဖြေရေးကုမ္ပဏီကမှ သူမကို ဒီလောက်ထိ မြင့်မားသည့် လျော်ကြေး ပေးကြမှာ မဟုတ်ပါ။

သူမ၏ ဘဝက ကျားရှင်းဖျော်ဖြေရေးတွင်သာ ရှိသည်ဟု ဆိုနိုင်သည်။

"ဒီကိုခေါ်လိုက်ရတာက ပြောစရာကိစ္စ ၂ ခု ရှိလို့ပါ"

"ပထမတစ်ခုက နောက်နှစ်ကစပြီး ကုမ္ပဏီက နင့်ကို မြေတောင်မြောက်ပေးဖို့ အာရုံစိုက်လိမ့်မယ်။ နင့်ကို တရုတ်နိုင်ငံမှာ ထိပ်တန်းဆယ်လီတစ်ယောက်ဖြစ်အောင် လုပ်ပေးနိုင်တယ်လို့ ငါပြောနိုင်တယ်" လင်းဖန် ပြောလိုက်၏။

လင်းခဲ့ရှင်း အပျော်လွန်သွားပါသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်လင်း"

လင်းဖန်ဆက်ပြောလိုက်သည်။ "ဒုတိယတစ်ခုက နင့်လစာ။ ဒီနေ့ကစပြီး စာချုပ်သစ် တစ်ခု ချုပ်မယ်။ အရင် မမျှတတဲ့ စာချုပ်တွေက အကျုံးမဝင်တော့ဘူး။ ဒါပေမယ့် စာချုပ်သစ်ချုပ်ဖို့ လိုအပ်ချက်က နင် ကျားရှင်းဖျော်ဖြေရေးမှာပဲ အမြဲတမ်း နေသွားရမယ်ဆိုတာပဲ။ ငါပျိုးထောင်ထားတဲ့ အနုပညာရှင်ကို တခြားသူရဲ့ ကုမ္ပဏီဆီ ရောက်မသွားစေချင်ဘူး"

လင်းဖန် ပြုံးလိုက်သည်။ "ခုချိန်ကစပြီး နင်ရိုက်ကူးတဲ့ ရုပ်ရှင်တိုင်းရဲ့ လစာ ၃၀ ရာခိုင်နှုန်းကို ရလိမ့်မယ်။ ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ယူလိမ့်မယ်။ ကုမ္ပဏီရဲ့ အန်ဒိုစာ စည်းမျဉ်းအသစ်တွေကြောင့် အန်ဒိုစာတွေတော့ အများကြီး လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခြေခံလစာတော့ မရဘူး။ တစ်နှစ်လောက် ရိုက်ကူးရေး မလုပ်ရင်တောင် အခြေခံလစာ ရဦးမှာပဲ။ နင့်အတွက် စာချုပ်ကြေးနဲ့ ညီမျှတယ်"

လင်းခဲ့ရှင်းက အများကြီး မမျှော်လင့်ထားဘဲ မျက်လုံးများကို မော့ကြည့်လိုက်သည်။

ဒါက အနုပညာလောကဖြစ်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု လောက မဟုတ်ပါ။

စာချုပ်ကြေးနဲ့ အခြေခံလစာများက အရမ်းကြီး မြင့်မှာ မဟုတ်ပေ။

သို့သော်လည်း သူမ ရရှိမည့်ငွေနဲ့ သူမ မောင်လေးကို ကယ်တင်နိုင်ပါ့မလား မသိသေးပါ။

လင်းဖန်က စာချုပ်တစ်ခုကိုထုတ်ပြီး ပြောလိုက်သည်။ "နင့်စာချုပ်ကြေးက တစ်နှစ်ကို ၁၀ သန်းပါ။ နင့်အတွက် အခြေခံလစာဆိုလည်း ဟုတ်တယ်။ နင့်အကောင့်ထဲ အခုလွှဲပေးလိုက်လို့ ရတယ်။ ဒါပေမယ့် ဒီစာချုပ်ထဲမှာ နင် ကျားရှင်းဖျော်ဖြေရေးအတွက် ၁၀ နှစ်လောက် အနုပညာရှင် လုပ်ပေးရမယ်လို့ပါလိမ့်မယ်"

ထိုစကားကိုကြားလိုက်ရသောအခါ လင်းခဲ့ရှင်း မှင်သက်သွားခဲ့ရပါသည်။

ဒါ တကယ်ကြီး... ဖြစ်နိုင်ပါ့မလား။

အခြေခံလစာ ၁၀ သန်းတဲ့။

ဒီလိုသာဆို သူမ၏ မောင်လေးကို ကယ်တင်နိုင်ပါတော့မည်။

လင်းခဲ့ရှင်း၏ အမြင်တွင် လင်းဖန်က သူမ၏ ကျေးဇူးရှင် ဖြစ်သည်။

လင်းခဲ့ရှင်း စာချုပ်ကို တုန်ယင်နေသော လက်များဖြင့် ယူလိုက်သည်။ စာချုပ်ထဲက အကြောင်းအရာတွေကိုကြည့်ရင်း သူမ ပျော်ရွှင်စွာ ငိုကြွေးလိုက်ပါသည်။

တကယ်အမှန်ပင်။

လင်းဖန် ပေးထားသည့် ကတိများက အစစ်အမှန်ပဲ ဖြစ်ပါသည်။

လင်းခဲ့ရှင်း ဘာမှ မပြောနိုင်တော့ပေ။ သူမ လင်းဖန်ကို ဘယ်လိုကျေးဇူးတင်ရမှန်းမသိတော့ပါ။

ဘာပဲဖြစ်ဖြစ် အခြေခံလစာ ၁၀ သန်းပေးဖို့ ကုမ္ပဏီက အများကြီး သုံးစွဲရလိမ့်မည်။

လင်းခဲ့ရှင်းက ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး လင်းဖန်၏ ရင်ခွင်ထဲ ပစ်ဝင်သွားသည်။ လင်းဖန်၏ လည်ပင်းကို လက်ဖြင့် သိုင်းကာ ပါးကို နမ်းလိုက်၏။ သူမ အလွန်ကြည်နူးသွားပါသည်။

လင်းဖန်ကို ဘယ်လိုကျေးဇူးတင်ရမှန်း မသိတော့ပါ။ လင်းဖန်က သူမ၏ မိသားစုကို ကယ်တင်ခဲ့တာ ဖြစ်သည်။

"ဘော့စ်လင်း ကျေးဇူးတင်ပါတယ်ရှင်။ ဒါပေမယ့် ဘယ်လို ကျေးဇူးတင်ရမှန်း မသိတော့ဘူး။ ကျွန်မအပေါ် ထားတဲ့ စေတနာကို ပြန်ဆပ်ဖို့အတွက် ကျိန်းသေ အလုပ်ကြိုးစားပါ့မယ်" လင်းခဲ့ရှင်းက လင်းဖန်၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ ပြောလိုက်ပါသည်။

ထို့နောက် သူမ ဘာတွေလုပ်မိနေတာလဲ သတိထားမိသွားပြီး လင်းဖန်၏ လည်ပင်းကို လွှတ်လိုက်ပါသည်။

သူမ၏ မင်းသားလေးကို အခွင့်အရေး ယူမိသွားသည်။

လင်းဖန် သူ့ရင်ခွင်ထဲက မွှေးပျံ့နူးညံ့သည့် ရနံ့ကို ခံစားမိပြီး လင်းခဲ့ရှင်းကို တွန်းထုတ်လိုက်ပါသည်။ မှောင်မိုက်နေသော မျက်နှာဖြင့် ပြောလိုက်သည်။ "နောက်ဆိုသတိထားပါ။ နောက်တစ်ခေါက် မဖြစ်စေနဲ့"

လင်းဖန် ဒေါသမထွက်တာကိုမြင်တော့ လင်းခဲ့ရှင်း ပျော်ရွှင်စွာ ပြောလိုက်ပါသည်။ "ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ။ နောက်တစ်ခေါက် မဖြစ်စေရပါဘူး"

All Chapters