← Chapters

လူရွေးမှန်တယ်

Vol. 31 Ch. 452

လူရွေးမှန်တယ်

Vol. 31 Ch. 452

လင်းခဲ့ရှင်း ပြုံးကာ ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ သူမ ပါးပြင်များက နီရဲနေပါသည်။

သူမ၏ မင်းသားလေးကို နမ်းလိုက်ရတာ ဘယ်လို အတွေ့အကြုံမျိုးလဲ။ သူမ ခုနလေးတင် ခံစားခဲ့ရသည်။

ဝင်လာသည့် နောက်တစ်ယောက်က လင်းကျင်းကျင်း ဖြစ်သည်။ လင်းဖန်၏ အသေးစား ပရိတ်သတ်လေးလည်း ဖြစ်၏။

"ဘော့စ်လင်း" လင်းဖန်ရှေ့တွင် လင်းကျင်းကျင်း မတ်တပ်ရပ်လိုက်သည်။ လင်းဖန်ကိုမြင်သောအခါ သူမ၏ မျက်လုံးများက လေးစားအားကျမှုများဖြင့် ပြည့်နှက်နေပါသည်။

"ထိုင်ပါ" လင်းဖန် ပြောလိုက်သည်။

"ကျင်းကျင်း ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးခဲ့ကြတာ ကြာပြီနော်။ နင့်ကို အားမနာတော့ဘူး။ ကျားရှင်းဖျော်ဖြေရေးကို လာတုန်းက နင့်အခြေခံလစာ ဘယ်လောက်လဲ" လင်းဖန် မေးလိုက်သည်။

"ဘော့စ်လင်း ကျွန်မမှာ အခြေခံလစာ မရှိပါဘူး။ တစ်ခါတလေ အသံသရုပ်ဆောင်လုပ်ရတယ်။ ရုပ်ရှင်တစ်ကားကို ယွမ် ၄၀,၀၀၀ လောက် ရပါတယ်။ ကျွန်မ သရုပ်ဆောင်ရရင်လည်း အများကြီး သိပ်မပါရလို့ သိပ်မရပါဘူး" လင်းကျင်းကျင်းက ရိုးရိုးသားသား ပြောလိုက်ပါသည်။

ထိုအခါမှ ကျားရှင်းဖျော်ဖြေရေးကို စတင်တည်ထောင်တုန်းက ဆယ်လီတွေအားလုံးကို အခြေခံလစာ မပေးရသေးမှန်း လင်းဖန် သတိရသွားပါသည်။

သူတို့၏ အခြေခံလစာဆိုတာ စာချုပ်ကြေးပဲ ဖြစ်သည်။

အနုပညာရှင်တစ်ယောက်ကို တခြားတစ်နေရာရာမှ စျေးမြင့်မြင့်ပေးပြီး သိမ်းသွင်းထားတာဆိုလျှင် စာချုပ်ကြေးများစွာ ပေးရလိမ့်မည်။ သို့သော်လည်း ကျားရှင်းဖျော်ဖြေရေး၏ အနုပညာရှင်များကတော့ စာချုပ်ကြေး မရှိကြပါ။

သူတို့လစာတွေကို အနုပညာကြေးပေါ် မူတည်ပြီး တွက်ချက်သည်။ အမှန်ပင်။ ကျားရှင်းဖျော်ဖြေရေးမှ ရိုက်ကူးသည့် ဒရမ်မာများအတွက် အနုပညာရှင်များက အမြတ်အစွန်း ရှယ်ယာ မြင့်မြင့် ရကြသည်။ တခြားကုမ္ပဏီတွေမှ အနုပညာရှင်တွေကတော့ ဒီလောက် မရကြပေ။

လင်းဖန်ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း လစာက သိပ်မမြင့်ဘူး။ ဒီတလော နင် သီချင်းသစ် ထုတ်ထားသေးလား"

လင်းကျင်းကျင်းက ခေါင်းခါလိုက်သည်။ "ဟူး... မထုတ်ရသေးပါဘူး။ သီချင်းတစ်ပုဒ် ထုတ်လုပ်ဖို့က အရမ်းခက်တယ်။ ဘော့စ်လင်း သီချင်းဆိုတာကို ကြားပြီးကတည်းက ကျွန်မ ဖန်တီးတဲ့ သီချင်းတွေကို အားမရတော့ဘူး"

လင်းဖန် ပြောလိုက်သည်။ "ဘာမှ မဖြစ်ပါဘူး။ နောက်ပိုင်း အချိန်ရရင် နင့်အတွက် သီချင်းနည်းနည်း ရေးပေးလိုက်မယ်"

ထိုစကားကိုကြားတော့ လင်းကျင်းကျင်း မျက်လုံးများ အရောင်လက်သွားပါသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်လင်း~ ဘော့စ်လင်က အရမ်းသဘောကောင်းတာပဲ။ ဘော့စ်လင်း ကျွန်မကို သီချင်းကူဖန်တီးပေးမယ်ဆိုရင် ပရိတ်သတ်တွေက အရမ်းကောင်းတဲ့ သီချင်းတွေ နားထောင်ရတော့မှာပဲ"

လင်းဖန် ခေါင်းငြိမ့်ကာ ပြုံးလိုက်၏။ "ကျင်းကျင်း ဒီနေ့ကစပြီး ကျားရှင်းဖျော်ဖြေရေးက နင့်ကို တစ်နှစ် ၅ သန်းနဲ့ စာချုပ်ကြေးပေးမယ်။ အရမ်းကြီး မများဘူး ဆိုပေမယ့် အခြေခံလစာပဲ ရှိသေးတယ်။ နင့်သီချင်းတွေနဲ့ ဝင်ငွေ ၇၀ ရာခိုင်နှုန်းကို ကျားရှင်းဖျော်ဖြေရေးက ကူညီစီမံပေးလိမ့်မယ်။ နင်ရိုက်ကူးတဲ့ ရုပ်သံဒရမ်မာတိုင်းအတွက် အနုပညာကြေးကိုလည်း သက်သက် တွက်ချက်ပေးသွားမယ်။ ဒါပေမယ့် တောင်းဆိုချက် တစ်ခုတော့ ရှိတယ်။ ကျားရှင်းဖျော်ဖြေရေးနဲ့ ၁၀ နှစ် စာချုပ်ချုပ်ရမယ်။ တစ်နည်းအားဖြင့် နင်က ကျားရှင်းဖျော်ဖြေရေးရဲ့ ရေရှည်မန်ဘာတစ်ယောက် ဖြစ်လာရမယ်"

၅ သန်းက မများဘူးဟု လင်းဖန် ထင်သော်လည်း လင်းကျင်းကျင်းကတော့ အသက်ရှူသံများ မြန်ဆန်သွားပါသည်။

"ဘုရားရေ ၅ သန်း... ဘော့စ်လင်း အရမ်းများလွန်းပါတယ်" လင်းဖန် ဒီလောက်မြင့်သည့် လစာမျိုးပေးလိမ့်မည်ဟု လင်းကျင်းကျင်း တစ်ခါမှ မတွေးခဲ့ဖူးပါ။

တကယ်တမ်းမှာတော့ လင်းကျင်းကျင်းက နောက်ခံအသံသွင်းခြင်းလုပ်ငန်းကို မကြာခဏ လုပ်ကိုင်ပြီး တစ်ခါတလေ သရုပ်ဆောင်သည်။ သို့သော်လည်း သူမ၏ အဓိက လုပ်ငန်းက သီချင်းဆိုခြင်းသာ ဖြစ်သည်။ လင်းကျင်းကျင်း၏ အသံက အလွန်ကောင်းမွန်ပြီး သူမသီချင်းဆိုတာကို လင်းဖန်လည်း ကြိုက်ပါသည်။

သူမအသံက အလွန်ကောင်းမွန်သော်လည်း ဒီလောက် ငွေတွေအများကြီးကိုတော့ ရနိုင်မှာမဟုတ်ပေ။ သီချင်း တစ်ပုဒ်တည်းနဲ့ သန်းချီပြီးရဖို့ဆိုတာ အလွန် ခက်ခဲလွန်းပါသည်။

သူမ ဂီတဖျော်ဖြေပွဲတစ်ခုကို ကျင်းပမည် ဆိုရင်တောင် ဒီလောက်တွေအများကြီး ရမှာမဟုတ်ပါ။ သူမ၏ နှစ်စဉ်ဝင်ငွေက အများဆုံး ၁၀ သန်းအထိသာရှိလိမ့်မည်။

ယခုတော့ သူမ၏ အခြေခံလစာ တစ်ခုတည်းနဲ့တင် ၅ သန်း ရှိနေပါပြီ။

အလွန် ပျော်ဖို့ကောင်းလွန်းပါသည်။

သူမ ဘာမှ မလုပ်ရင်တောင် ကျားရှင်းဖျော်ဖြေရေးမှာ နှစ်စဉ်ဝင်ငွေ ၅ သန်း ရနိုင်မည်။

နှစ်စဉ်ဝင်ငွေက ယွမ် ၅ သန်း ဖြစ်သဖြင့် လစာက ၄၀၀,၀၀၀ ကျော်သည့်သဘောပင်။

နေ့တိုင်း အေးအေးဆေးဆေး လှဲနေပြီး ယွမ် ၁၀,၀၀၀ ကျော် ရနိုင်သဖြင့် ဘဝကြီးက သာယာလွန်းသည်ဟု လင်းကျင်းကျင်း ခံစားလိုက်မိပါသည်။

အမှန်ပင်။ တကယ်တမ်းတော့ ဒီတိုင်း ထိုင်စားလို့ ရမှာ မဟုတ်ပါ။ လင်းဖန်က သူမအပေါ် အလွန် သဘောကောင်းသဖြင့် သူမ အလုပ်ကြိုးစားရပါမည်။

လင်းဖန်ပြုံးကာ ပြောလိုက်သည်။ "အဲ့လောက် မများပါဘူး။ အလုပ်သာ ကြိုးစား ငါ့ဝန်ထမ်းတွေကို တခြားကုမ္ပဏီတွေကနေ သိမ်းသွင်းသွားတာမျိုး မဖြစ်စေချင်ဘူး"

လင်းကျင်းကျင်း တခစ်ခစ် ရယ်မောလိုက်လေသည်။ "ကျေးဇူးတင်ပါတယ် ဘော့စ်လင်း။ ကျင်းကျင်း ကျိန်းသေပေါက် အလုပ်ကြိုးစားပြီး ကုမ္ပဏီကို ကျေးဇူးပြန်ဆပ်မှာပါ"

လင်းဖန်ပြုံးလိုက်သည်။ "ဟုတ်ပါပြီ။ ဒါဆို သီချင်း တစ်ပုဒ် အရင်ဆိုပြ။ ငါနားထောင်ချင်တယ်"

လင်းကျင်းကျင်း မျက်တောင်ခတ်လိုက်သည်။ "ဟုတ်ကဲ့ ဟုတ်ကဲ့။ ဒါဆို ဆိုမယ်နော်။ ကျွန်မ သီချင်းဆိုတာ သိပ်မကောင်းလောက်ဘူး"

ထို့နောက် လင်းကျင်းကျင်း သီဆိုလို့ ပြီးသွားပါပြီ။

လင်းဖန်က ထိုင်ခုံတွင်ထိုင်လျက် လင်းကျင်းကျင်း၏ သီဆိုသံကို တိတ်ဆိတ်စွာ နားထောင်နေသည်။

နားထောင်ပြီးနောက် လင်းကျင်းကျင်း၏ အနာဂတ်က အကန့်အသတ် ကင်းမဲ့လှသည်ဟု လင်းဖန် ခံစားလိုက်ရသည်။

သူမကို ကောင်းကောင်းမွန်မွန် ပျိုးထောင်နိုင်ပါက အနာဂတ်တွင် လင်းကျင်းကျင်း နာမည်ကျော် အဆိုတော်ကြီး တစ်ယောက် ဖြစ်လာနိုင်ပါသည်။

ထို့နောက် ရှုယန် ဝင်လာခဲ့သည်။

ပုံမှန်ဆို လင်းဖန်နဲ့ ရှုယန်တို့က ညီအစ်ကိုတွေလို ဖြစ်ကြသည်။ သိုသော်လည်း အလုပ်နဲ့ ပတ်သက်လာရင်တော့ အလွန် ရှင်းရှင်းလင်းလင်း ဖြစ်ရပါမည်။

"ရှုယန် ဘာမှ ထွေထွေထူးထူး ပြောမနေတော့ဘူးကွာာ"

"နှစ်စဉ်ဝင်ငွေ ၁၀ သန်း ရမယ်။ ငါ့လစာနဲ့ အန်ဒိုစာတွေက အရင်တုန်းကအတိုင်းပဲ" လင်းဖန် ရိုးရိုးရှင်းရှင်း ပြောလိုက်ပါသည်။

ရှုယန် မျက်လုံးများ ဝိုင်းစက်သွားသည်။ "လင်းဖန် မင်း ဘယ်လောက်တောင် ချမ်းသာတာလဲ။ ငါ့ကို အလကားသက်သက် ၁၀ သန်းတောင် ပေးမှာလား။ အရင်တုန်း အဲ့လောက် မပေးရင်တောင် ငါတို့ ကျားရှင်းဖျော်ဖြေရေးမှာပဲ ဆက်နေပြီး အလုပ်ကြိုးစားခဲ့ကြတာပဲ"

ရှုယန်က လင်းဖန်အတွက် စိုးရိမ်မိပါသည်။ ခေါင်းဆောင်ကြီးက လင်းဖန်ကို သန်း ၅၀၀ ထောက်ပံ့ထားရင်တောင် ဒီလိုမျိုး မဖြုန်းတီးသင့်ပါ။ နောက်ပိုင်း ရုပ်ရှင်ရိုက်ကူးရေးများအတွက် ငွေတွေ အများကြီး ကုန်ကျပါလိမ့်မည်။

ဝန်ထမ်းများ၏ အကျိုးခံစားခွင့်များကို တိုးမြှင့်ဖို့သက်သက်သာ အကုန်သုံးလိုက်ပါက လင်းဖန် ငွေတွေ ဘယ်က ထပ်ရှာနိုင်တော့မှာလဲ။

လင်းဖန်က ငွေမရှားဘဲ နောက်ကွယ်မှာ ကုမ္ပဏီတွေ များစွာ ရှိသော်လည်း ကျားရှင်းဖျော်ဖြေရေးနဲ့ မသက်ဆိုင်ပါ။

ကျားရှင်းဖျော်ဖြေရေးသာ ငွေတွေ ဆုံးရှုံးရလျှင် ရှုယန် နေလို့ ကောင်းမှာ မဟုတ်တော့ပေ။

ဒီမှာ အလုပ်လုပ်ရတာက ထုတ်မပြောအပ်သည့် ကိစ္စတွေလည်း ဖြစ်ဖူးတာ မရှိပါ။ ကိုယ့်အစွမ်းအစပေါ်မှာသာ မူတည်သည်။ ဒီက လုပ်ငန်းပတ်ဝန်းကျင်ကိုလည်း သဘောကျသည်။

လင်းဖန် ပြောလိုက်သည်။ "အရင်ကအရင် အခုက အခုပဲလေ။ အနာဂတ်မှာ မင်းတို့အကုန်လုံး ကြယ်ပွင့်ကြီးတွေ ဖြစ်လာကြလိမ့်မယ်လို့ ငါအာမခံနိုင်တယ်။ အဲ့တာကြောင့် မင်းတို့တွေကို အရင်ဆုံး စည်းနှောင်ထားရတာပေါ့ကွာ။ နောက်ပိုင်း ငါ့ဆီက ထွက်ပြေးသွားခွင့်မပေးနိုင်ဘူး"

ရှုယန် ရယ်မောလိုက်ပါသည်။ "အေးပါ။ မင်းကို ငါယုံပါတယ်။ ပြေးရဲတဲ့ကောင်ရှိရင် သူတို့ခြေထောက်တွေကို ငါချိုးပေးမယ်"

ထို့နောက် ချူးယောင်ယောင်၊ ဖန်တုံတုံတိုလည်း ရောက်လာကြသည်။

လင်းဖန် တွက်ချက်ကြည့်လိုက်၏။ ကျားရှင်းဖျော်ဖြေရေးကို တိုးချဲ့ဖို့အတွက် ၁၀ သန်းနဲ့ ဆယ်လီများ၏ လစာကို တိုးမြှင့်ပေးဖို့ သန်း ၆၀ သုံးခဲ့သည်။ ထို့ကြောင့် စုစုပေါင်း သန်း ၇၀ သာ သုံးရသေးသည်။

သူ သုံးစွဲတာ မလုံလောက်သေးပါ။ ရှိသမျှငွေတွေ အားလုံးကို ဖြုန်းနိုင်ရင် အကောင်းဆုံး ဖြစ်ပါသည်။ အချိန်တန်လျှင် ရုပ်သံဒရမ်မာသို့မဟုတ် ရုပ်ရှင်များကို ရိုက်ကူးပြီး ကုန်ကျစရိတ်တွေ ပြန်ရနိုင်ပါသည်။

ကုန်ကျစရိတ်များလေလေ ပြန်ရတာပိုများလေလေ ဖြစ်သည်။

ထိုအတွေးဖြင့် ကုမ္ပဏီထဲတွင် လင်းဖန် နောက်ထပ် စည်းမျဉ်းတစ်ခု ထုတ်လိုက်ပါသည်။

ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများ ထိုအကြောင်းကို ကြားသောအခါ မျက်လုံးပြူးသွားကြ၏။

"လခွမ်း"

"ငါတို့ကုမ္ပဏီက ကောင်းလွန်းတယ်ကွာ။ ငိုတောင် ငိုချင်လာပြီ။ ကုမ္ပဏီရဲ့ အလုပ်ချိန်က မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ။ ၆ နာရီကျော်သွားရင် အချိန်ပိုလစာ ၃ ဆ တိုးပေးခံရမယ်။ ပြီးတော့ အထူးအခြေအနေ မရှိရင် ၁၀ နာရီကျော်တဲ့အထိ အလုပ်လုပ်ခွင့်မရှိဘူး"

"ကုမ္ပဏီက ဝန်ထမ်းတွေကို အခမဲ့ကြိုပို့ပေးဖို့အတွက် အထူးဘတ်စ်ကားကြီးတစ်စီးကိုလည်း ပြင်ဆင်ပေးထားသေးတယ်။ လမ်းမကြုံရင် ခေါ်ပေးမယ့် တခြားကားတစ်စီးလည်း ရှိသေးတယ်။ ဝန်ထမ်းတွေက အလုပ် အသွားအပြန် ကိုယ့်ဖာသာကိုယ် ကားမောင်းသွားလို့လည်း ရပါတယ်။ ဝိုး... ဒါ ငါတို့ ကုမ္ပဏီရဲ့ အကျိုးခံစားခွင့်အသစ်လား"

"ဒီကုမ္ပဏီက... အံ့သြဖို့ကောင်းလွန်းပါတယ်ကွာ။ ဒီလို ကုမ္ပဏီမျိုးမှာ အလုပ်လုပ်ခွင့်ရတာ ဝမ်းသာလိုက်တာ"

"လခွမ်း ကုမ္ပဏီက ငါတို့နဲ့ မိသားစုဝင်တွေ အားလုံးကို အသက်အာမခံ ပေးထားတယ်။ မိုက်လိုက်တာ"

ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများ အပျော်လွန်သွားကြပါသည်။

ဒီဆုံးဖြတ်ချက်ကို မြင်တော့ ရှားဝမ်ချွေ့ ပြုံးလိုက်သည်။

အမှန်ပင်။ လင်းဖန်က တကယ်ပဲ သူများတွေနဲ့ ခြားနားပါသည်။

တခြားဖျော်ဖြေရေးကုမ္ပဏီတွေက ဝန်ထမ်းတွေဆီက ဘယ်လိုညှစ်ထုတ်ရမလဲဆိုတာကိုသာ စဉ်းစားနေကြသည်။

ကျားရှင်းဖျော်ဖြေရေးကုမ္ပဏီကတော့ ဝန်ထမ်းတွေအတွက် ဒီလောက်ကောင်းမွန်သည့် အကျိုးခံစားခွင့်များ ပေးထားပါသည်။

ဒီလိုအလုပ်ပတ်ဝန်းကျင်နဲ့ ဒီလိုအကျိုးခံစားခွင့်များကြောင့် နေ့တိုင်း ဝန်ထမ်းတွေက စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်နေတော့မည်။ သူမ လူရွေးမှန်သည်ဟု ရှားဝမ်ချွေ့ ခံစားလိုက်ရပါသည်။

All Chapters