← Chapters

ကြယ်ပွင့်သစ်တွေကို ပျိုးထောင်မယ့် အစီအစဉ်

Vol. 31 Ch. 453

ကြယ်ပွင့်သစ်တွေကို ပျိုးထောင်မယ့် အစီအစဉ်

Vol. 31 Ch. 453

လင်းဖန် ရုံးခန်းထဲတွင်ထိုင်နေကာ ယုတ္တိရှိရှိနဲ့ ငွေဘယ်လိုသုံးနိုင်မလဲ စဉ်းစားနေပါသည်။

ယခုကုမ္ပဏီမှာ ဝန်ထမ်း ၂၀၀ ရှိသည်။ နည်းပညာဌာန၊ ဒါရိုက်တာအဖွဲ့နဲ့ တခြားဝန်ထမ်းတွေ အပါအဝင် ဖြစ်သည်။

လင်းဖန် လုပ်ဖို့ လိုအပ်တာက ငွေများများရနိုင်ဖို့ ငွေတွေပိုဖြုန်းဖို့ နည်းလမ်း ရှာဖွေရမှာ ဖြစ်သည်။

ဘာမှန်း မသိလိုက်ဘဲ အလုပ်ဆင်းချိန်တောင် ရောက်လာခဲ့ပါသည်။

ဝန်ထမ်းတွေအားလုံး အလုပ်ဆင်းကြဖို့ ပြင်လိုက်စဉ် လင်းဖန်ထံမှ သတင်းတစ်ခုကို ကြားလိုက်ရသည်။

"အားလုံး ဒီနေ့ အလုပ်ဆင်းရင် အိမ်မပြန်ကြနဲ့ဦး။ အားလုံးအတွက် Walmart အထူးစျေးဝယ်ခွင့်ကတ် တစ်ကတ် ပေးမယ်။ လတိုင်း ၁,၅၀၀ ယွမ် ရမယ်။ အားလုံး ပင်ပန်းသွားကြပြီ။ ဒီနေ့အလုပ်ဆင်းတာနဲ့ ကျားရှင်းဖျော်ဖြေရေးရဲ့ ဝန်ထမ်းတိုင်းက ဒီစျေးဝယ်ကတ်ကို ယူပြီး Walmart မှာ ရှော့ပင်း သွားထွက်လို့ ရတယ်"

"ပြီးတော့ ဒီကတ်တွေအားလုံးက နာမည်အစစ်ကတ်တွေချည်းပဲနော်။ လကုန်တဲ့အထိ ငွေတွေ သုံးလို့ မကုန်သေးတဲ့ ဝန်ထမ်းရှိရင် နောက်လထဲ ယွမ် ၁,၅၀၀ ပြန်ထည့်မပေးဘူး။ အားလုံးကျန်းမာရေး ကောင်းဖို့အတွက် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ ပိုစားဖို့ လိုအပ်တယ်။ ရလဒ်တွေ ကောင်းရင် အထူးစူပါမားကတ် စျေးဝယ်ကတ်တွေ အများကြီး ပိုရမယ်" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။

လင်းဖန်ပြောတာကိုကြားသောအခါ ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများ အလွန်ပျော်ရွှင်သွားကြသည်။

သူတို့အတွက် စူပါမားကတ်ရှိ ပစ္စည်းများက စျေးကြီးလွန်းပါသည်။

သို့သော်လည်း စူပါမားကတ်အတွင်းရှိ ပစ္စည်းများစွာကို နေ့စဉ်ဘဝအတွက် လိုအပ်သည်။ မိသားစုတိုင်းက လိုအပ်ပါသည်။

ဟင်းချက်ပစ္စည်းတွေဖြစ်ဖြစ် သစ်သီးဝလံတွေဖြစ်ဖြစ် ဝယ်ချင်ပါက စူပါးမားကတ်မှ ဝယ်နိုင်ပါသည်။ Walmart က ပစ္စည်းတွေကလည်း ဘေးကင်းပါသည်။

ကျားရှင်းဖျော်ဖြေရေးဝန်ထမ်းများကို လင်းဖန် ဒီလောက် များပြားသည့် အကျိုးခံစားခွင့်များ ပေးအပ်လိမ့်မည်ဟု ဘယ်သူမှ မထင်ခဲ့ကြပါ။

"အား ဘော့စ်လင်းက သဘောကောင်းလိုက်တာ။ ဝန်ထမ်းတွေအတွက် အများကြီး စဉ်းစားပေးတယ်"

"ကောင်းတယ် ကောင်းတယ်။ နောက်ကို ကုမ္ပဏီမှာ အလုပ်ကြိုးစားရမယ်။ ဝန်ထုပ်ဝန်ပိုး ဖြစ်နေလို့ မရဘူး"

"အမှန်ပဲ။ ဘော့စ်လင်းက ငါတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံထားတာ။ ဒီကုမ္ပဏီက အကောင်းဆုံးကုမ္ပဏီပဲ။ ငါတို့ အလုပ်မကြိုးစားဘဲ အလုပ်ဖြုတ်ခံလိုက်ရရင် ဒီလိုကုမ္ပဏီမျိုးကို ထပ်ရှာနိုင်တော့မှာ မဟုတ်ဘူး"

"ဒီလို လူသားဆန်တဲ့ ကုမ္ပဏီမျိုးက အရမ်းရှားတယ်။ အဓိကအချက်က ဘော့စ်လင်းကလည်း အရမ်း အစွမ်းအစ ရှိတယ်။ ဘော့စ်ကြီးတစ်ယောက်ရဲ့ ရဲရင့်မှုမျိုးပေါ့။ ဘယ်သူမှ သူနဲ့ မယှဉ်နိုင်ဘူး"

ထို့နောက် ကျားရှင်းဖျော်ဖြေရေး၏ ဝန်ထမ်းများစွာ Walmart သို့ စျေးဝယ်ထွက်ခဲ့ကြပါသည်။

လင်းဖန်၏ မူဝါဒပြောင်းလဲမှုများက ကုမ္ပဏီ၏ အကျိုးခံစားခွင့်များကို လုံးဝ တိုးမြင့်သွားစေသည်။

ဝန်ထမ်းတစ်ယောက်ကို တစ်လ ယွမ် ၁,၅၀၀ သုံးနိုင်မည်။ လူ ၁၀ ယောက်ဆို ယွမ် ၁၅,၀၀၀ ဖြစ်သည်။ လူ ၁၀၀ အတွက် ယွမ် ၁၅၀,၀၀၀ ဖြစ်ကာ လူ ၂၀၀ အတွက် ယွမ် ၃၀၀,၀၀၀ ဖြစ်သည်။

လင်းဖန်အတွက်တော့ ရေစက် တစ်စက်မျှသာ ရှိပါသေးသည်။

ယွမ် ၃၀၀,၀၀၀ တဲ့။ ၁၀ ဆ တိုးလိုက်ရင်တောင် ၃ သန်းသာ ရှိဦးမည်။

ကြည့်ရတာ ပိုက်ဆံပိုသုံးဖို့ လိုနေသည့် ပုံစံပင်။

ငွေများများမသုံးပါက စနစ်ထံမှ ငွေတွေ ဘယ်လို ပြန်ရနိုင်တော့မလဲ။

နောက်တစ်နေ့...

လင်းဖန်က နည်းပညာဌာန၊ နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့နဲ့ ကွန်ပျူတာအထူးပြုလုပ်ချက်အဖွဲ့တို့ထံသို့ သွားခဲ့သည်။

ကောင်းကောင်း ရိုက်ကူးထားသည့် ဘယ်ရုပ်သံဒရမ်မာမဆို တည်းဖြတ်ခြင်း၊ နောက်ခံ အသံသွင်းခြင်းနှင့် တခြား ငြီးငွေ့စရာ အလုပ်များစွာ လိုအပ်ပါသည်။

ရွှယ်ခဲ့ရှင်းလည်း ထိုနေရာတွင် အလုပ်လုပ်နေပါသည်။

"မင်္ဂလာပါဘော့စ်လင်း" ရွှယ်ခဲ့ရှင်းက တလေးတစားဖြင့် ပြုံးလိုက်ပါသည်။

"မင်္ဂလာပါ ဘော့စ်လင်း"

"မင်္ဂလာပါ ဘော့စ်လင်း"

ဝန်ထမ်းများစွာ မတ်တပ်ရပ်လိုက်ကြသည်။ လင်းဖန် လာရောက်စစ်ဆေးတာကို မြင်တော့ အားလုံး မျက်နှာများ တည်တံ့သွားကြ၏။

"အဲ့လောက်ကြီး တည်တံ့နေစရာမလိုပါဘူး။ အားလုံးကို ပြောစရာရှိလို့လာခဲ့တာ။ အချိန်ပို လုပ်ရတာ မကြိုက်ပေမယ့် အနာဂတ်မှာ ကျားရှင်းဖျော်ဖြေရေး တကယ်အလုပ်စလုပ်တဲ့အခါ မင်းတို့အလုပ်တာဝန်တွေ ပိုကြီးမားလာတော့မယ်"

"အဲ့ချိန်ကျရင် ကုမ္ပဏီမှာကော အိမ်မှာကော အလုပ်လုပ်ရနိုင်တယ်။ ဘယ်မှာပဲလုပ်လုပ် ကုမ္ပဏီက မင်းတို့ကို အချိန်ပိုလစာ ပေးသွားမှာပါ။ ဟုတ်ပါတယ်။ မင်းတို့ အလုပ်အတွက် လိုအပ်ချက်ကို ပြည့်မှီစေဖို့ နောက်ဆက်တွဲထုတ်လုပ်ရေးအဖွဲ့သားတိုင်းနဲ့ ဘယ်ဌာနပဲဖြစ်ဖြစ် Apple MackBook Pro ၁၆ လက်မ လက်ပ်တော့တစ်လုံး ရမယ်"

"အနာဂတ်မှာလည်း အလုပ်ဆက်ကြိုးစားကြဖို့ ငါမျှော်လင့်ပါတယ်" လင်းဖန် ပြုံးကာ ပြောလိုက်လေသည်။ သူ့လက်ကို ရမ်းလိုက်သောအခါ သူ့နောက်က ဝန်ထမ်းတစ်ယောက်က ပုံးတစ်ပုံးကို ဖွင့်လိုက်သည်။

ထိုပုံးထဲတွင် နောက်ဆုံးပေါ် Apple လက်ပ်တော့များဖြင့် ပြည့်နှက်နေ၏။ အားလုံးက ထိပ်တန်းအရည်အသွေးများ ဖြစ်ကြသည်။ တစ်လုံးကို ယွမ် ၂၀,၀၀၀ ကျော် တန်ပါသည်။

"ဝိုး... ငါ ဒီလို လက်ပ်တော့ကောင်းကောင်း ဝယ်ချင်ခဲ့တာကြာပြီ။ ဒါပေမယ့် မတတ်နိုင်လို့သာ"

"ဘော့စ်လင်းက ငါတို့ကို တကယ်အသုံးဝင်တဲ့ လက်ပ်တော့တစ်လုံး ပေးလိုက်တာပဲ။ ကျေးဇူးပါ ဘော့စ်လင်း။ ကျွန်တော်တို့ ကျိန်းသေပေါက် အလုပ်ကြိုးစားပါ့မယ်"

"အား ကျွန်မက ဘော့စ်လင်းရဲ့ ပရိတ်သတ်ပါ။ ဘော့စ်လင်းက လူတိုင်းအပေါ်မှာ သဘောကောင်းတယ်။ ဒီလိုကုမ္ပဏီမျိုးကို ကိုယ့်အိမ်ကိုယ်ရာလို သဘောထားလို့ ရတယ်"

"ကျွန်တော့် တစ်နေ့တာ ၂၄ နာရီစလုံးကို ကုမ္ပဏီက ပိုင်ဆိုင်ပါတယ် ကျွန်တော့်ဘဝကိုတောင် ကုမ္ပဏီက ပိုင်တယ်"

ကုမ္ပဏီက အကျိုးအမြတ်ဘယ်လောက်ပေးသလဲ ဆိုသည့်အပေါ်မူတည်ပြီး ဝန်ထမ်းတွေ အထောက်အကူ ဘယ်လောက်ပြုသလဲဆိုတာ ပြောင်းလဲသွားနိုင်သည်။

အစက ရေသာခိုသည့် ဝန်ထမ်းတွေတောင် ကုမ္ပဏီ၏ အကျိုးခံစားခွင့်ကောင်းများကို တွေ့လိုက်ရပြီးနောက် ရေသာခိုရဲကြမှာ မဟုတ်တော့ပေ။

တခြားသူတွေအားလုံးက အလုပ်ကြိုးစားနေကြသည်။ သူတို့ကျမှ ရေသာခို မျက်နှာပြောင်တိုက်လို့ဖြစ်ပါ့မလား။ အလုပ်ဖြုတ်ခံရရင် တကယ့် ဆုံးရှုံးမှု ကြီးပါလိမ့်မည်။

လင်းဖန်က ငွေလုံလုံလောက်လောက် ပေးထားသဖြင့် ဒီဝန်ထမ်းတွေက ကုမ္ပဏီအတွက် ကိုယ့်အသက်ကိုယ်တောင် ရင်းနိုင်ကြသည်။

ကျားရှင်းဖျော်ဖြေရေးမှာ ဘဝသစ်တစ်ခု စတင်ခဲ့ပါသည်။

အစီအစဉ်များစွာ ပြုလုပ်ပြီးနောက် ကျားရှင်းဖျော်ဖြေရေးက ဝန်ထမ်းများကို စတင် ခေါ်ယူပြီး ကုမ္ပဏီကို တိုးချဲ့ခဲ့ပါသည်။

လင်းဖန်လည်း တစ်ကိုယ်တည်းသမား ပြန်ဖြစ်သွားသည်။ လဝက်လောက် လင်းဖန် ဇာတ်ညွှန်းတွေရေးခဲ့ပါသည်။

လင်းဖန်က ရုပ်သံဒရမ်မာနဲ့ ရုပ်ရှင်တွေအတွက် ဇာတ်ညွှန်းတွေဖန်တီးဖို့ အကောင်းဆုံး ကြိုးစားနေသည်။

တစ်ချိန်တည်းမှာပင် ဇာတ်ညွှန်းဆရာပေါင်းများစွာ၏ အထင်အမြင်ကိုလည်း လင်းဖန် နားထောင်ခဲ့ပါသည်။ ကုမ္ပဏီမှ ထူးချွန်သည့် ဇာတ်ညွှန်းဆရာတချို့ကလည်း ပြောင်မြောက်သည့် ဇာတ်ညွှန်းများကို ရေးသားနေကြပါသည်။

ဇာတ်ညွှန်းကောင်းနှစ်ခုကို လင်းခဲ့ရှင်းနဲ့ ချူးယောင်ယောင်တို သရုပ်ဆောင်ဖို့အတွက် ပေးလိုက်သည်။ ဖက်တီးတုံနဲ့ ရှုယန်တို့လည်း သရုပ်ဆောင်ခဲ့ကြသည်။

ကျားရှင်းဖျော်ဖြေရေးတစ်ခု အလုပ်စခဲ့ကြသည်။

တကယ်တမ်းမှာတော့ ကျားရှင်းဖျော်ဖြေရေးက လင်းဖန်ကို ဒါရိုက်တာ လုပ်ခိုင်းဖို့ မလိုပေ။ သူတို့ ထုတ်လုပ်ထားသည့် ရုပ်သံဒရမ်မာတိုင်းက ထိပ်တန်း အရည်အသွေးများ ရှိကြသည်။

အမှန်ပင်။ လင်းဖန်ကိုယ်တိုင်သာ ဒါရိုက်တာအဖြစ် ပါဝင်ပါက ဒရမ်မာ ပို၍ပင် ကောင်းနိုင်ပါသည်။

လောလောဆယ် ကျားရှင်းဖျော်ဖြေရေးရှိ ဌာနပေါင်းစုံမှ အဖွဲ့ဝင်များက အတော်လေး သန်မာကြပါသည်။

လဝက်လောက်ကြာသောအခါ လင်းဖန်၏ ဇာတ်ညွှန်းသစ် ပြီးဆုံးခါနီးပါပြီ။

လင်းဖန် ပြဿနာသစ်တစ်ခုကို ထပ်ကြုံရပြန်သည်။

ကျားရှင်းဖျော်ဖြေရေးမှာ အနုပညာရှင် မလုံလောက်သည့် ပြဿနာ ဖြစ်သည်။

ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာအသစ်များက ကုမ္ပဏီကို ရောက်လာကြပြီး ပြောင်မြောက်သည့် ဇာတ်ညွှန်းများစွာ ရှိနေသည်။

ပြောင်မြောက်သည့် ဇာတ်ညွှန်းပေါင်းများစွာကို လင်းဖန်၏ ထိပ်တန်းအရည်အသွေးလက်ရာများအဖြစ် ပြောင်းလဲနိုင်သည်။

သို့သော် ကျားရှင်းဖျော်ဖြေရေးမှာ အနုပညာရှင် နည်းပါးလွန်းပါသည်။

သရုပ်ဆောင်ကောင်း လုံလုံလောက်လောက် မရှိလျှင် ဇာတ်ညွှန်းကောင်း ရထားလည်း အသုံးမဝင်ပေ။

တခြားကုမ္ပဏီတွေမှ ဆယ်လီတွေ ငှားရမ်းလို့ ရသော်လည်း ဝင်ငွေကောင်းတော့မှာ မဟုတ်ပေ။

ထို့ကြောင့် တက်သစ်စတွေကို ပျိုးထောင်ပေးဖို့ အချိန်ကျပြီဟု လင်းဖန် ဆုံးဖြတ်လိုက်ပါသည်။

"စုမူချင်း တက်သစ်စတွေကို ပျိုးထောင်မယ့် အစီအစဉ် ဘယ်လိုရှိလဲ" လင်းဖန် မေးလိုက်သည်။

စုမူချင်းက သူမ၏ မျက်လုံးလှလှလေးများကိုပင့်ကာ ပြောလိုက်သည်။ "ဘော့စ်လင်း ကျားရှင်းဖျော်ဖြေရေးက အမြဲတမ်း လူသစ်တွေ ခေါ်နေပြီး စီမံရေးကုမ္ပဏီ အများကြီးကနေ တက်သစ်စတွေကို ရှာဖွေနေတာပါ။ ဒါပေမယ့် လက်ရှိ အနုပညာလောကထဲမှာ တက်သစ်စတွေ ထင်ပေါ်လာဖို့ဆိုတာ အရမ်း ခက်ခဲတယ်။ အလားအလာရှိတဲ့ တက်သစ်စတွေက အရမ်းနည်းပါးလွန်းတယ်။ တက်သစ်စတွေ အများစုက ပေကျင်းရုပ်ရှင်တက္ကသိုလ်မှာ ပညာ သင်ကြားနေကြပါတယ်"

လင်းဖန်ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီလေ။ ဒါဆို ငါတို့ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကနေ စကြတာပေါ့။ ဒီတစ်ခေါက် ငါကိုယ်တိုင် သွားပြီး သင့်တော်မယ့် တက်သစ်စသရုပ်ဆောင်တွေ ရှိမလား ကြည့်လိုက်မယ်။ ရှိရင် သူတို့ကို ရုပ်ရှင်ကားသစ်တွေ ဒရမ်မာသစ်တွေ ရိုက်ခိုင်းဖို့ ကျားရှင်းဖျော်ဖြေရေးနဲ့ စာချုပ်တန်းချုပ်လို့ရမယ်။ ငါတို့ တက်သစ်စတွေ အများကြီး လိုတယ်နော်။ အဲ့ဒီတက်သစ်စတွေကမှ ကုမ္ပဏီကို အဓွန့်ရှည်စေလိမ့်မယ်"

ထို့နောက် လင်းဖန် ခရီးစဉ်ကို အတည်ပြုလိုက်သည်။

လင်းဖန် ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို လာမည့်အကြောင်း ကြားမိသောအခါ ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ လှလှပပကောင်မလေးများ ရုပ်ချောချော ကောင်လေးများအားလုံး ဗြောင်းဆန်သွားရလေသည်။

လက်ရှိ အနုပညာလောက၏ သမိုင်းဝင်ကြီးဖြစ်ကာ ကျားရှင်းဖျော်ဖြေရေး၏ ဘော့စ်ကြီးလည်းဖြစ်သူ လင်းဖန်ကိုယ်တိုင် ပေကျင်းရုပ်ရှင်တက္ကသိုလ်သို့ ရောက်လာပါတော့မည်။

All Chapters