← Chapters

ပေကျင်းရုပ်ရှင်တက္ကသိုလ်

Vol. 31 Ch. 454

ပေကျင်းရုပ်ရှင်တက္ကသိုလ်

Vol. 31 Ch. 454

ပေကျင်းရုပ်ရှင်တက္ကသိုလ်မှာ တရုတ်နိုင်ငံတွင် နာမည်အကြီးဆုံး ရုပ်ရှင်တက္ကသိုလ်ဖြစ်သည်။

လူပေါင်းများစွာ တက်ရောက်ချင်နေကြသည့် ကျောင်းလည်း ဖြစ်သည်။

ဒီကျောင်းကိုဝင်ခွင့်ရခြင်းက ဂုဏ်သိက္ခာ၊ မျှော်လင့်ချက်၊ အနာဂတ်တို့ကို ကိုယ်စားပြုသည်။

ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ပေါ်ထွက်လာသည့် နာမည်ကျော် ဆယ်လီပေါင်းများစွာလည်း ရှိပါသည်။

ထို့အပြင် ပေကျင်းရုပ်ရှင်တက္ကသိုလ်တွင် ထူးခြားသည့် သင်ကြားရေးနည်းလမ်းများရှိသည်။ ထိုနေရာတွင် ကျောင်းသားတွေက အများကြီး သင်ယူနိုင်ကြပါလိမ့်မည်။

အမှန်ပင်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်မှာဆိုရင်တောင် နာမည်ကြီးလာနိုင်သည့်လူက အနည်းငယ်သာ ရှိသည်။

ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို လင်းဖန် ရောက်လာမည်ဟု သတင်းထွက်တုန်းက ကျောင်းသားတွေ အများကြီး ဗြောင်းဆန်သွားကြသည်။

အထူးသဖြင့် မိန်းကလေးများဖြစ်သည်။ လင်းဖန်၏ နာမည်ကို ကြားလိုက်ရတော့ မျက်လုံးတွေ အရောင်လင်းလက်သွားခဲ့သည်။

လက်ရှိလင်းဖန်က အနုပညာလောကထဲမှာ အမြင်ဆုံး လယ်ဗယ်ကို ကိုယ်စားပြုသည်။

လင်းဖန်၏ ကျားရှင်းဖျော်ဖြေရေးက အရမ်းကြီး ရေပန်းမစားသော်ငှားလည်း ကျားရှင်းဖျော်ဖြေရေးမှ ထုတ်လုပ်သည့် ရုပ်သံဒရမ်မာတိုင်းကတော့ နာမည်ကြီးသည်။

"ဘဝရဲ့ပျော်ရွှင်မှု"နဲ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"တို့က အင်တာနက်ပေါ်မှာ ရေပန်းစားလာခဲ့တာ အတော်ကြာပြီ ဖြစ်သည်။

လင်းဖန်ကို ကျောင်းသားတွေ အလေးစားရဆုံးက လင်းဖန်၏ သရုပ်ဆောင်စွမ်းရည်မှာ ပြိုင်ဘက်မရှိ ထူးချွန်လွန်းသောကြောင့် ဖြစ်သည်။

"ဘုရားရေ ငါတို့ကျောင်းကို လင်းဖန်လာမယ်တဲ့"

"လင်းဖန်လား တကယ်ကြီးလား။ စူပါစတား လင်းဖန်လား။ သူက ကျားရှင်းဖျော်ဖြေရေးရဲ့ ဥက္ကဌလည်း ဟုတ်တယ်နော်။ Alibaba ရဲ့ ဥက္ကဌလည်းဖြစ် LV နဲ့ Chanel တို့ရဲ့ အဓိက ရှယ်ယာဝင်တစ်ယောက်လည်း ဖြစ်တယ်..."

"ဝိုး... လင်းဖန်က ငါ့အိုင်ဒေါပဲ။ လင်းဖန်ကို အပြင်မှာ တစ်ခေါက်လောက် တွေ့ဖူးချင်ပေမယ့် ဘာမှ မတတ်နိုင်ခဲ့ဘူး။ ဒီတစ်ခေါက် ငါတို့ကျောင်းကို လင်းဖန် ဘာဖြစ်လို့ လာတယ်လို့ ထင်လဲ။ ဒီတိုင်း လာလည်တာတော့ မဖြစ်နိုင်ဘူးမလား"

"ငါထင်တာတော့... လင်းဖန်က ငါတို့ကျောင်းမှာ တစ်ယောက်ယောက်ကို လာရှာတာ ဖြစ်မယ်။ ကျားရှင်းဖျော်ဖြေရေးက အခု အနုပညာရှင်သစ်တွေ ခေါ်ယူနေပြီး ကြယ်ပွင့်ဖန်တီးခြင်း အစီအစဉ်ဆိုတာမျိုး ပြင်ဆင် နေကြတယ်လို့ ကြားတယ်။ ငါတော့ ကောင်းတယ် ထင်တာပဲ။ လင်းဖန် ငါတို့ကျောင်းမှာ အလားအလာရှိတဲ့ ကျောင်းသားတွေကို ကိုယ်တိုင် လာရှာတာ ဖြစ်မယ်။”

အတန်းထဲတွင် ရှိနေကြစဉ် ကျောင်းသားများစွာ တီးတိုးဆွေးနွေးနေကြသည်။

ကျောင်းကလည်း ဒီသတင်းကို ဖုံးကွယ်မထားပါ။

ကျောင်းသားတွေပြောတာကိုကြားသောအခါ မျက်မှန်ဖြင့် ကျောင်းဆရာတစ်ဦးက ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ။ မင်းတို့ကို အရင်က ငါမပြောဖူးဘူးလား။ အဲ့ဒီ ဖျော်ဖြေရေးကုမ္ပဏီ အများစုက မင်းတို့လို လူသစ်တွေကို လာလိမ်တာ။ အခုခေတ်မှာ စီမံရေးကုမ္ပဏီတွေအများကြီးက ကြယ်ပွင့်ဖန်တီးခြင်း အစီအစဉ် ဆိုတာတွေကို လုပ်ပြီး မင်းတို့တွေကို စာချုပ်ချုပ်အောင် လှည့်စားသွားမှာ။ မင်းတို့ကို ၅ နှစ်လောက် ချုပ်ကိုင်ထားကြလိမ့်မယ်။ မင်းတို့ ပြန်လာချင်ရင် မတော်မတရား များတဲ့ လျော်ကြေးတွေ ပေးရမယ်။ အဲ့တာ တချို့ ဖျော်ဖြေရေးကုမ္ပဏီတွေ ငွေရှာတဲ့ နည်းလမ်းတစ်ခုပဲ"

ထိုကျောင်းဆရာ၏ အမည်က ရှန်းရွေ့ဖြစ်သည်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ ရာထူးမြင့် ကျောင်းဆရာ တစ်ယောက် ဖြစ်သည်။ ဒီလုပ်ငန်းအကြောင်းကို သူကောင်းကောင်းသိပါသည်။

ချူးယွီဟုအမည်ရသည့် ကောင်မလေးတစ်ယောက်က မေးလိုက်သည်။ "ဆရာ အဲ့ဒီစီမံရေးကုမ္ပဏီတွေမှာ အဲ့လိုနည်းလမ်းတွေ ရှိတယ်ဆိုရင် ဘာလို့ သမီးတို့ကျောင်းကို ဝင်ခွင့်ပေးတာလဲ"

ရှန်းရွေ့က ပြောလိုက်သည်။ "အဲ့ဒီဖျော်ဖြေရေးကုမ္ပဏီတွေက ကျောင်းကို တိုက်ရိုက်ဆက်သွယ်ကြတာ။ ဆရာတွေဖြစ်တဲ့ ငါတို့က တားလို့မရဘူး။ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကလည်း ဖျော်ဖြေရေးကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်မှုကို ငြင်းဆန်လို့ မရဘူး။ ဒီနှစ်ပေါင်းများစွာအတွင်း ငါတို့ ကျောင်းကနေ လက်ရာကောင်းကောင်းရိုက်ကူးနိုင်တဲ့ ဆယ်လီတွေ ရှိခဲ့ဖူးတာကိုး။ မင်းတို့ စီနီယာ လင်းခဲ့ရှင်းလိုမျိုးပေါ့"

ချူးးယွီက ခေါင်းငြိမ့်လိုက်ပါသည်။ "နားလည်ပါပြီ တစ်နည်းအားဖြင့်... အခွင့်အရေးတော့ ရှိသေးတယ်ပေါ့။ လင်းဖန်က အဲ့ဒီဖျော်ဖြေရေးကုမ္ပဏီတွေနဲ့ မတူရင် ဘယ်လို လုပ်မလဲ"

ရှန်းရွေ့က ခေါင်းခါလိုက်ပါသည်။ "ကိုယ်ကြိုက်သလိုသာ လုပ်ကြပါ။ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုက မင်းတို့နဲ့ အလုပ်လုပ်ချင်တယ်ဆိုရင် ငါ့ဆီကို စာချုပ် အရင်ယူလာပြ။ အလှည့်စားမခံရစေနဲ့"

ကျောင်းသားများစွာ ခေါင်းငြိမ့်လိုက်ကြသည်။

နောက်တစ်နေ့....

လင်းဖန်က Bugatti Veyron Ettore Bugatti ကြီးကို မောင်းပြီး ပေကျင်းရုပ်ရှင်တက္ကသိုလ်ဝင်ပေါက်သို့ ရောက်လာခဲ့သည်။

Ettore Bugatti ကြီးက ပေကျင်းရုပ်ရှင်တက္ကသိုလ် ဝင်ပေါက်မှာ ရပ်တန့်သွားပြီး ခပ်မြန်မြန်ပဲ အားလုံးရဲ့ အာရုံစိုက်မှုကို ခံလိုက်ရပါသည်။

ဒီကားသာ လမ်းမပေါ်မှာ မောင်းနေလျှင် လူတွေ သတိမထားမိနိုင်လောက်ပါ။

သို့သော် ပေကျင်းရုပ်ရှင်တက္ကသိုလ်ဝင်ပေါက်သို့ ရောက်လာသောအခါ ဝင်ပေါက်မှ လုံခြုံရေးအစောင့်များက သိကြပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော်... ဒီကားက လင်းဖန်၏ သီးသန့်ကိုယ်ပိုင်ကားကြီး ဖြစ်တာကြောင့်ပင်။

"ဝိုး အဲ့တာ Ettore Bugatti ကြီးမဟုတ်လား။ သန်း ၂၀၀ ကျော်တန်တယ်ကြားဖူးတယ်။ Limited Edition ပြိုင်ကားတစ်စီးပဲ..."

"အေးဟုတ်တယ်။ အဲ့ဒီပြိုင်ကားက အရမ်းမိုက်တာ။ လင်းဖန်ရဲ့ ကား ဖြစ်မယ်။ လင်းဖန် တကယ် ရောက်လာပြီ"

"ကြိုက်တယ် ကြိုက်တယ်။ ကောလဟာလလို့ ထင်ထားတာ။ လင်းဖန်ကို တကယ်ကြီး တွေ့ရလိမ့်မယ် ထင်မထားဘူး။ လင်းဖန် ငါတို့ကျောင်းကို တကယ် ရောက်လာတာပဲ"

"လင်းဖန် လင်းဖန် လင်းဖန်"

လင်းဖန် ကားထဲက ထွက်မလာသေးခင်မှာပင် ကောင်မလေးတွေ အများကြီး အားပေးနေကြပါသည်။

လင်းဖန်၏ လက်ရှိရေပန်းစားမှုနဲ့ဆို ပေကျင်းရုပ်ရှင်တက္ကသိုလ်မှ လူပေါင်းများစွာကို ဆွဲဆောင်နိုင်သည်။

ကောင်မလေးများစွာ၏ မျှော်လင့်စောင့်စားနေသော အကြည့်အောက်တွင် လင်းဖန် ကားထဲမှ ဖြည်းဖြည်းချင်း ထွက်လာပါသည်။

ထိုအချိန်တွင် ကမ္ဘာကြီး ရပ်တန့်သွားသလိုပင်။

အားလုံး လင်းဖန်ကို ကြည့်လိုက်ကြသည်။

မြင်ကွင်းတစ်ခုလုံး အေးခဲသွားသလိုပင်။

လင်းဖန်က ချောမောလွန်းသည်။။

ကောင်မလေးတချို့ ကြက်သေ သေသွားကြ၏။

လင်းဖန်က ရုပ်ချောမှန်းသိသော်လည်း ဒီလောက်ထိ ချောမောလိမ့်မည်ဟု ထင်မထားခဲ့မိပါ။

အမှန်ပင်။ ရုပ်ရှင်တွေထဲကနဲ့ အပြင်မှာ လုံးဝ ခြားနားပါသည်။

တံခါးပေါက်နားက လုံခြုံရေးတွေလည်း လင်းဖန်ရှေ့မှာ လေးလေးစားစားဖြင့် ရပ်လိုက်ကြသည်။

"မစ္စတာလင်း" လုံခြုံရေးအစောင့်က အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်ပါသည်။

"ပေကျင်းရုပ်ရှင်တက္ကသိုလ်ကနေ ကြိုဆိုပါတယ် မစ္စတာလင်း" နောက်ထပ် လုံခြုံရေးအစောင့် တစ်ယောက်က ပြောလိုက်ပါသည်။

"မစ္စတာလင်း စိတ်မပူဘဲ ကားကို ဒီမှာပဲ ပါကင် ထိုးခဲ့ပါ။ ခင်ဗျားကားကို ၂၄ နာရီလုံးလုံး စောင့်ကြည့်ပြီး ကာကွယ်ပေးဖို့ တစ်ယောက်ယောက်ကို တာဝန်ပေးလိုက်ပါ့မယ်" လုံခြုံရေးအစောင့်က ပြုံးလိုက်ပါသည်။

လင်းဖန် ခေါင်းငြိမ့်လိုက်၏။

ထို့နောက် ပေကျင်းရုပ်ရှင်တက္ကသိုလ်ဝင်ပေါက်သို့ လင်းဖန် လျှောက်လာခဲ့သည်။

လုံခြုံရေးအစောင့်တွေ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်ကြပါသည်။ သူတို့ လင်းဖန်ကားကို ၂၄ နာရီ ကာကွယ်ပေးရမည်။ လင်းဖန်ပြိုင်ကားက သန်း၂၀၀ ကျော်တောင် တန်တာကိုး။

တစ်ခုခုသာဖြစ်သွားလျှင် သူတို့ပြန်လျော်နိုင်မှာ မဟုတ်ပါ။

ယခု ပေကျင်းရုပ်ရှင်တက္ကသိုလ်၏ ကျောင်းအုပ်ကြီးကိုယ်တိုင် ရောက်လာခဲ့သည်။

ကျောင်းအုပ်ကြီး ကျန်ချန်းကျမ့်က လင်းဖန်ကို ကြည့်ကာ ခပ်ခွာခွာမှ လက်ကမ်းပေးလိုက်ပါသည်။ "ဘော့စ်လင်း ခင်ဗျားအကြောင်း အများကြီး ကြားဖူးပါတယ်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို ခင်ဗျားလာမယ်လို့ကြားပေမယ့် မကြိုဆိုခဲ့မိဘူး။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့"

လင်းဖန် ပြုံးလိုက်သည်။ "ကျွန်တော့်ကို ကြိုဆိုဖို့ ကြိုပြင်ဆင်စရာ မလိုပါဘူး။ ကျောင်းအုပ်ကြီးကိုယ်တိုင် လာကြိုဆိုတာကိုပဲ ကျွန်တော် ဂုဏ်ယူမိနေပါပြီ"

လင်းဖန် ယဉ်ကျေးမှုအရ စကားတချို့ ပြောလိုက်သည်။ ဒီလိုစကားတွေကို သူအသားကျနေပြီဖြစ်သည်။

ကျန်ချန်းကျမ့်က လင်းဖန်ကိုကြည့်ကာ ပြုံးလိုက်သည်။ "ကျွန်တော့်အထင် ဘော့စ်လင်း လာတာက...."

လင်းဖန် ပြောလိုက်၏။ "ကျောင်းအုပ်ကြီးကျန် ကျွန်တော် အားနာမနေတော့ဘူး။ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကို လာခဲ့တာက မျိုးစေ့ကောင်းတွေ ရှာဖွေဖို့အတွက်ပါ။ ကျားရှင်းဖျော်ဖြေရေးက အနာဂတ်မှာ ရုပ်ရှင်လောကထဲ ခြေလှမ်းသွားဖို့ ရှိတယ်။ တချိန်တည်းမှာပဲ ရုပ်သံဇာတ်လမ်းတွဲတွေကိုလည်း ဆက်လက်တိုးမြှင့်သွားမှဦာပါ။ အဲ့တာကြောင့် ကျားရှင်းဖျော်ဖြေရေးက တက်သစ်စတွေကို လိုအပ်နေပါတယ်"

လင်းဖန် အလွန်တည်တံ့စွာ ပြောလိုက်ခြင်း ဖြစ်သည်။ ထို့အပြင် ကျားရှင်းဖျော်ဖြေရေးမှာလည်း တကယ်ပဲ လူအင်အား လုံလုံလောက်လောက် မရှိတာ ဖြစ်သည်။

တက်သစ်စတွေကို ပျိုးထောင်ပြီး ဆယ်လီကြီးတွေ ဖြစ်လာအောင် မြေတောင်မြောက်ပေးဖို့ လိုနေသည်။

ထိုအခါမှ ကျားရှင်းဖျော်ဖြေရေး တကယ်တမ်း တိုးတက်လာပါလိမ့်မည်။

ထိုစကားကိုကြားတော့ ကျန်ချန်းကျမ့် ပြောလိုက်သည်။ "ကျွန်တော်နားလည်ပါတယ်။ ခေါင်းဆောင်ကြီးတွေကလည်း ခင်ဗျားနဲ့ အပြည့်အဝ ပူးပေါင်းပါဝင်ပေးရမယ်လို့ ကျွန်တော့်ကို ပြောထားတယ်။ ပေကျင်းရုပ်ရှင်တက္ကသိုလ်ကနေ ကြိုက်တဲ့ ကျောင်းသားကို ရွေးချယ်လို့ ရပါတယ်ဗျာ"

"အဲ့ဒီကျောင်းသားတွေ အနာဂတ်မှာ တောက်ပလာဖို့ အခွင့်အရေးရှိမယ်ဆိုရင် ကျွန်တော်ကူညီပေးမှာပါ။ ဒီကျောင်းသားတွေနဲ့ ကျွန်တော်တို့ကျောင်းအတွက် ဂုဏ်ယူစရာတစ်ခုပါပဲ"

All Chapters