စုရှောင်းယွီရဲ့ ချိုမြိန်သော နှုတ်ခမ်းနီ
Vol. 31 Ch. 464
မကြာမီ ဇာတ်လမ်းက လင်းဖန်နဲ့ စုရှောင်းယွီတို့ အကြင်နာပေးရမည့် ဇာတ်ဝင်ခန်းသို့ ရောက်ရှိလာကြသည်။
ယခင်တုန်းက စုရှောင်းယွီ အကြင်နာပေးခန်း တစ်ခန်းမှ မရိုက်ကူးဖူးပါ။
ဒီနေ့ အကြင်နာပေးခန်းကို ရိုက်ကူးမည့်အချိန်တွင် ဆယ်လီတွေအားလုံးနဲ့ ဝန်ထမ်းတွေအားလုံးလည်း ရှိနေပါသည်။
ဒါက... စုရှောင်းယွီ၏ ပထမဆုံးအနမ်းဖြစ်သည်။
ဖန်သားပြင်ပေါ်မှာလည်း ပထမဆုံး နမ်းရှိုက်ခြင်းဖြစ်သည်။
'သိမ်းငှက်သူရဲကောင်း' ရိုက်ကွင်းတွင် လူတွေအများကြီး စုစည်းနေကြပါသည်။
စုရှောင်းယွီက အလွန်ရေပန်းစားလွန်းတာကြောင့်ဖြစ်သည်။
ရှားဝမ်ချွေ့ရဲ့အကြင်နာပေးခန်းပဲဖြစ်ဖြစ်၊ စုရှောင်းယွီရဲ့အကြင်နာပေးခန်းပဲဖြစ်ဖြစ် စောင့်ကြည့်နေသူတွေ များပြားလွန်းပါသည်။
သို့သော်လည်း ဒီနေ့ ရှားဝမ်ချွေ့က စုရှောင်းယွီနဲ့ လင်းဖန်တို့ကို ဖိအားပေးမိမှာ စိုးရိမ်သဖြင့် ရိုက်ကွင်းကို မလာခဲ့ပါ။
ဝန်ထမ်းတွေက နားလည်ပါသည်။ အကြင်နာပေးခန်းဖြစ်ပြီး လင်းဖန်နဲ့ စုရှောင်းယွီတို့က စုံတွဲတွေ မဟုတ်ကြသေးပါ။
လူအုပ်ကြီးကို ကြည့်လျက် စုရှောင်းယွီ ရှက်သွေးဖြာသွားပါသည်။
သို့သော်လည်း ရိုက်ကူးရေးမစရသေးပေ။ ထို့ကြောင့် ပြင်ဆင်ဖို့ အချိန်ရှိပါသေးသည်။
စုရှောင်းယွီက ပုံမှန်ဆို သဘောထားကြီးပြီး လင်းဖန် အခွင့်အရေးယူမှာကို မကြောက်တတ်ပါ။ အခုတော့ တကယ်ပဲ စိတ်လှုပ်ရှားနေပါသည်။
သူမလည်း မတတ်နိုင်ဘဲ စိတ်လှုပ်ရှားနေရခြင်းဖြစ်သည်။ ဒါက သူမ၏ ပထမဆုံးအနမ်း ဖြစ်၏။
အရင်တုန်းက ဘယ်ကောင်လေးကိုမှ မနမ်းရှိုက်ဖူးပါ။
သူမရှေ့က လင်းဖန်မှာ သူမသဘောကျသည့် ကောင်လေး ဖြစ်သည်။
ကိုယ်သဘောကျတဲ့ ကောင်လေးကို နမ်းရတာ ဘယ်လိုခံစားရမလဲ။
ဇာတ်လမ်းကြောင့်သာ မဟုတ်လျှင် လင်းဖန်ကို ဘယ်တော့မှ နမ်းရမှာ မဟုတ်ဘူးဟု စုရှောင်းယွီ ခံစားမိသည်။
ရဲတင်းသည့် ကောင်မလေးများက တကယ်တော့ ဣန္ဒြေရှိတတ်ကြသူများ ဖြစ်သည်။
ဥပမာအားဖြင့် အလွန်ရိုးသားသည့်ပုံစံမျိုးနဲ့ ကောင်လေးတချို့က ကြောင်သူတော်များ ဖြစ်တတ်သည်။
အမှန်ပင်။ ပုံမှန်ဆို ကြမ်းကြမ်းတမ်းတမ်းပုံစံရှိသည့် ကောင်လေးတချို့ကလည်း ပိုကြမ်းကြမ်းတမ်းတမ်း ရှိတတ်ပါသည်။
စုရှောင်းယွီက လင်းဖန်၏ လက်မောင်းကို ဆွဲလိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်ပါသည်။ "ဆရာ ဘာလို့လူတွေအများကြီး ရှိနေကြတာလဲ။ ငါတို့... အကြင်နာပေးခန်းရိုက်ဖို့ကို ရပ်နားလိုက်ရင် ကောင်းမလား"
စုရှောင်းယွီ အနည်းငယ် စိတ်လှုပ်ရှားနေပြီး လင်းဖန်ကို မျက်ရည်ဝဲကာ ကြည့်လိုက်ပါသည်။
သူမ၏ ပထမဆုံးအနမ်းက အလွန်မြင့်မြတ်လိမ့်မည်ဟု ထင်ထားခဲ့သည်။
လူတွေအများကြီး ကြည့်နေကြမှတော့ ဘယ်လိုလုပ်ပြီး ကောင်းကောင်း စွမ်းဆောင်နိုင်မှာလဲ။
လူတွေအများကြီး ရှိနေသဖြင့် သရုပ်ဆောင်တွေက စိတ်ခိုင်မာဖို့လိုအပ်သည်။
လင်းဖန်ပြုံးကာ ပြောလိုက်ပါသည်။ "နင်မရိုက်ချင်ရင် မနက်ဖြန်မှ ရိုက်လို့ရပါတယ်။ ဒါပေမယ့် အကြင်နာပေးခန်းကိုတော့ ပြောင်းလို့ မရဘူး။ ဇာတ်လမ်းထဲမှာ လိုအပ်တယ်။ ငါနင့်ကို အခွင့်အရေးယူနေတယ်လို့ ထင်ချင်စရာတော့ ဖြစ်နေလိမ့်မယ်"
စုရှောင်းယွီက ပို၍ပင် ဝမ်းနည်းသွားခဲ့ပါသည်။ သူမ လင်းဖန်ကို ကြည့်လိုက်သည်။ "ဒါပေမယ့် ငါမှ မနမ်းတတ်သေးတာ။ ငါဘာလုပ်သင့်လဲ"
လင်းဖန်က စုရှောင်းယွီကို ခေါင်းပုတ်ပေးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အဲ့လို မနမ်းတတ်တဲ့ ခံစားချက်မျိုးကိုပဲ လိုအပ်တာ။ ရုပ်သံဒရမ်မာထဲမှာ ခွန်းကျင်းကကော နမ်းတတ်မယ်ထင်လို့လား"
စုရှောင်းယွီ သတ္တိမွေးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။ "ဒါဆို... ရိုက်ကူးရေးစကြရအောင်~"
လင်းဖန်က ဘေးပတ်လည်ရှိ ဝန်ထမ်းများကို လက်ပြလိုက်ပြီး မသက်ဆိုင်သည့်လူတွေကို ထွက်သွားပေးဖို့ အမူအရာ ပြလိုက်ပါသည်။
မဟုတ်ပါက အကြင်နာပေးခန်းကို ကောင်းကောင်းရိုက်ကူးနိုင်မှာမဟုတ်ပါ။
စုရှောင်းယွီက စီးပွားရေးစစ်မြေပြင်မှာ ဘယ်တော့မှ စိတ်မလှုပ်ရှားဖူးသော်လည်း ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံလာရသောအခါ အနည်းငယ် စိုးရိမ်မိပါသည်။
လင်းဖန်ကို နမ်းရမှာလား...။
ရုပ်သံဒရမ်မာက အတုအယောင်မှန်း သူမ သိသော်လည်း အကြင်နာပေးတာကတော့ အစစ် ဖြစ်သည်။
"ဟွန်း စောစောကတည်းက သိရင် ပြန်ကိုမလာပါဘူး။ ဝမ်းနည်းစရာကြီး" စုရှောင်းယွီ ပြောလိုက်သည်။
"ဆရာ နောက်ကို ဘယ်လိုအစားပြန်လျော်ပေးမှာလဲ။ ဒါငါ့ရဲ့ ပထမဆုံးအနမ်းနော်..." စုရှောင်းယွီ လင်းဖန်ကို ကြည့်ကာ မျက်တောင်ခတ်လိုက်ပါသည်။
လင်းဖန်က ပြုံးလျက် ပြောလိုက်သည်။ "ငါနင့်ကို ပြန်လျော်ပေးမယ်လို့ ပြောဖူးလို့လား။ ရှားဝမ်ချွေ့ကို နမ်းတာကလွဲပြီး တခြားကောင်မလေးတွေကို မနမ်းဖူးသေးဘူး။ နင်ကမှ ငါ့ကို အလျော်ပေးရမှာပါနော်။"
စုရှောင်းယွီ - "အား ဆရာငါ့ကို အနိုင်ကျင့်နေတာပဲ"
စုရှောင်းယွီ အချိန်အတော်ကြာ နားပူနားဆာလုပ်ပြီးနောက် ရိုက်ကူးရေး တရားဝင် စတင်ခဲ့ပါသည်။
ဒါရိုက်တာအဖွဲ့နဲ့ ဘေးနားကလူတွေ ဘာစကားမှမပြောကြပေ။
အားလုံး လင်းဖန်ကို မျက်နှာသာပေးရပါမည်။
မသက်ဆိုင်သည့်လူတချို့လည်း ထွက်သွားကြလေပြီ။
ရိုက်ကူးရေးစတင်သောအခါ စုရှောင်းယွီက စိတ်ခံစားချက်များကို ဘေးချထားလိုက်ပြီး လေးလေးနက်နက် သရုပ်ဆောင်ဖို့ ပြင်လိုက်ပါသည်။
ပြောရမည့် စကားများကို ပြောပြီးနောက် လင်းဖန်နဲ့ စုရှောင်းယွီတို့ နမ်းရှိုက်ရပါတော့မည်။
ထိုအချိန်တွင် စုရှောင်းယွီ၏ မျက်လုံးထဲမှာ လင်းဖန်သာ ရှိသည်။
လင်းဖန်ကို စွဲလမ်းစွာ သူမ ကြည့်လိုက်သည်။
လင်းဖန်ကို သဘောကျမှန်း သူမကိုယ်သူမ သိပါသည်။
သူမ၏အကြည့်တွေက ရုပ်သံဒရမ်မာအပြင်ဘက်ကိုပင် ကျော်လွန်သွားခဲ့သည်။
သူမ လင်းဖန်ကို အစောကြီးကတည်းက အလွန်သဘောကျသည်။
လင်းဖန်သာ သူမကောင်လေးဖြစ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်မလလဲ။
ဒါပေမယ့် ဖြစ်နိုင်ရင် ဆိုတာတွေဘာကြောင့် အရမ်းများနေရတာလဲ။
စုရှောင်းယွီမျက်လုံးများကို နူးညံ့စွာမှိတ်လိုက်ပြီး လင်းဖန်ကိုနမ်းလိုက်ပါသည်။
ရိုးရိုးသားသားပြောရလျှင် လင်းဖန်လည်း အနည်းငယ်စိတ်လှုပ်ရှားနေပါသည်။
စုရှောင်းယွီ၏ နှုတ်ခမ်းနီနီလေးများက အေးမြပြီး နူးညံ့လွန်းပါသည်။
ထိုအချိန်တွင် လင်းဖန် စုရှောင်းယွီကိုသာ တစ်သက်လုံး ကာကွယ်ပေးသွားချင်မိသည်။
သို့သော် ဒါက ရိုက်ကူးရေးလုပ်နေတာဖြစ်၏။
ဒါက ရိုက်ကွင်းလည်းဖြစ်သည်။
သူ့ရင်ခွင်ထဲက ကောင်မလေးကို လင်းဖန် ကာကွယ်ပေးချင်သည်။
စုရှောင်းယွီ၏ အနမ်းက ဖြူစင်တာကို ခံစားမိသည်။
စုရှောင်းယွီ၏ နှုတ်ခမ်းနီနီလေးများက လင်းဖန်၏ နှုတ်ခမ်းနဲ့ လုံးဝ ထိကပ်နေခဲ့သည်။
စုရှောင်းယွီက အလွန်လှပပါသည်။
စုရှောင်းယွီလို သဘောကျသည့်လူတိုင်း ရုပ်ပိုင်းဆိုင်ရာတုန့်ပြန်ချက်တချို့ကို ထိန်းသိမ်းဖို့ခက်ခဲလိမ့်မည်။
သူမကို ကာကွယ်ပေးချင်သည့် ခံစားချက်ကြောင့် လင်းဖန်၏ စည်းများကျိုးပဲ့သွားသလို ခံစားလိုက်ရသည်။
ရုတ်တရက် သူ့စိတ်တွေဗလာကျင်းဖြစ်သွားပြီး နောက်ထပ် ဘာဆက်လုပ်ရမလဲ မေ့သွားခဲ့ပါသည်။
စုရှောင်းယွီလည်း ဘာဆက်လုပ်ရမလဲ မေ့သွားခဲ့သည်။
သူတို့ နမ်းသာနမ်းနေကြသည်။
၅ စက္ကန့်
၁၀ စက္ကန့်
၁၅ စက္ကန့်
၂၀ စက္ကန့် ကျော်လွန်သွားခဲ့သည်။
ဇာတ်လမ်းအရဆို လင်းဖန်က စုရှောင်းယွီကို တွန်းလိုက်သင့်ပြီဖြစ်သည်။
ကော်ကျင်းနဲ့ ခွန်းကျင်းတို့က တစ်သက်လုံး နီးစပ်မည့်လူတွေ မဟုတ်ကြပါ။
ခွန်းကျင်းက ကော်ကျင်းကို သူမနားမှာ နေစေချင်သည်။ သို့သော်လည်း ကော်ကျင်းရင်ထဲမှာတော့ ရုံအာသာ ရှိပါသည်။
သို့သော်လည်း စုရှောင်းယွီ၏ ပထမဆုံးအနမ်းနှင့် ရင်ဆိုင်ရသောအခါ လင်းဖန်အားလုံးကို မေ့လျော့သွားခဲဲ့သည်။
အားလုံးက သူတို့ရှေ့က အရာရာတိုင်းကို ရီဝေစွာ ကြည့်နေကြပါသည်။
လုပမ်ခိုင်းနဲ့ လျို့မောင်တို့လည်း မျက်နှာပူသွားကြသည်။
ဘာလို့ နောက်ဇာတ်ဝင်ခန်း ဆက်မရိုက်ကြတာလဲ။
လင်းဖန်နဲ့ စုရှောင်းယွီတို့၏ သရုပ်ဆောင်စွမ်းရည်များက ကောင်းမွန်ပါသည်။ တကယ်တော့ ၃ စက္ကန့်အတွင်း လွှတ်လိုက်ကြရမှာဖြစ်သည်။
အခုတော့ စက္ကန့် ၃၀ လောက်ရှိနေလေပြီ။
လုပမ်ခိုင်းက လျို့မောင်ကို ကြည့်လိုက်သည်။
လျို့မောင်ကလည်း လုပမ်ခိုင်းကို ပြန်ကြည့်လိုက်သည်။
ဒီအချိန်မှာ ဒါရိုက်တာက ရပ်တန့်ခိုင်းရမှာ ဖြစ်သည်။
သို့သော်လည်း ခေါင်းဆောင်ဒါရိုက်တာက လင်းဖန် ဖြစ်သည်။
လုပမ်ခိုင်း ဘာမှ မပြောရဲပါ။ ဘော့စ်လင်း ဒေါသထွက်သွားရင် ဘယ်လိုလုပ်မလဲ။
လျို့မောင်လည်း ဘာမှမပြောရဲပါ။ ဘော့စ်လင်း ဘာတွေတွေးနေတာလဲ။
ဇာတ်ညွှန်းကို ချက်ချင်းပြောင်းလိုက်တာများလား။
စက္ကန့် ၃၀ ကျော်ကြာသောအခါ လင်းဖန် သရုပ်ဆောင်နေတာမှန်း မှတ်မိသွားသည်။ သို့သော်လည်း စုရှောင်းယွီကို တွန်းမထုတ်ရက်ပါ။
တစ်ဖက်မှာတော့ စုရှောင်းယွီ၏ ပါးပြင်များက အနည်းငယ်နီရဲနေပြီး မျက်လုံးတွေက အနည်းငယ် ဝေဝါးနေသည်။ နောက်ဆုံးတော့ လင်းဖန်ကို ဖြည်းဖြည်းချင်း ပြန်လွှတ်လိုက်ပါသည်။
လင်းဖန်လည်း စုရှောင်းယွီကို ပြန်လွှတ်လိုက်သည်။ သူ့ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် အိပ်မက်နဲ့ လက်တွေ့ကို မခွဲခြားနိုင်တော့ပါ။
အိပ်မက်သာ အမှန်ဖြစ်ခဲ့ရင်...
စုရှောင်းယွီက လင်းဖန်ကိုကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမ နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။ "ဆရာ ငါ့ပထမဆုံးအနမ်းက နင့်အတွက် ဖြစ်သွားပြီ။ နောက်ဆို ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရမယ်နော်"
လင်းဖန် ထိုအသံလေးကို မငြင်းဆန်နိုင်ပါ။
ကောင်မလေးတစ်ယောက်က ဒီလိုစကားမျိုးတွေပြောပါက ရက်ရက်စက်စက် တွန်းထုတ်နိုင်ပါ့မလား။
ထို့အပြင် သူမက စုရှောင်းယွီ ဖြစ်သည်။
၃ စက္ကန့်လောက် စဉ်းစားပြီးနောက် လင်းဖန် စုရှောင်းယွီအား ခေါင်းခေါက်လိုက်ပါသည်။ "အဓိပ္ပာယ်မရှိတာတွေ ရိုက်ကူးရေး ပြန်စကြရအောင်။ ခုနက ငါပြောမယ့်စကား မေ့သွားတယ်။"
စုရှောင်းယွီ တခစ်ခစ်ရယ်မောလိုက်ပါသည်။ "ဒါဆိုလည်း ပြန်ရိုက်ကြတာပေါ့။ ငါအရမ်းစိတ်လှုပ်ရှားသွားလို့ပါ။ နင်က လူဆိုးပဲ။ ငါ့ကို အခွင့်အရေးယူဖို့ပဲ သိတယ်"
သူတို့နှစ်ယောက် ဘာမှမဖြစ်ခဲ့သလို ပြန်သရုပ်ဆောင်လိုက်ကြသည်။
ဒါရိုက်တာအဖွဲ့ကလည်း ဘာမှ မမြင်ခဲ့သလိုမျိုး ဟန်ဆောင်နေလိုက်ကြပါသည်။
ဘော့စ်လင်းက တမင်သက်သက် စုရှောင်းယွီကို အခွင့်အရေးယူနေသည်ဟု ဘယ်သူမှ ထပြောရဲကြမှာ မဟုတ်ဘူးမလား။
ဘယ်သူမှ စကားမပြောဘဲ ရိုက်ကူးရေး ဆက်လုပ်လိုက်ကြပါသည်။
ဒုတိယအကြိမ် အနမ်းက အများကြီး ပိုလွယ်ကူသည်။
၃ စက္ကန့်အတွင်း စုရှောင်းယွီကို လင်းဖန် တွန်းထုတ်လိုက်ပြီး နောက်ထပ် ဇာတ်ဝင်ခန်း တစ်ခု စတင်ခဲ့ပါသည်။
ထို့နောက် ရိုက်ကူးရေး ပြီးဆုံးသွားခဲ့သည်။
"ဟုတ်ပြီ" လုပမ်ခိုင်းက အိုကေဟူ၍ သင်္ကေတပြလိုက်သည်။
ရိုက်ကူးရေးပြီးသောအခါ စုရှောင်းယွီ မျက်နှာနီမြန်းစွာဖြင့် ထွက်ပြေးသွားပါတော့သည်။
တစ်ဖက်မှာတော့ လင်းဖန်က ဘာမှမဖြစ်ခဲ့သလိုပင်။ သူ ၂၅ နှစ်လောက် Single အဖြစ် နေခဲ့ရတာဖြစ်ပြီး ရည်းစားထားသည့် အတွေ့အကြုံလည်း မရှိသေးပါ။ ရှားဝမ်ချွေ့ကို နှစ်ဝက်လောက် တွဲပြီးမှ မိန်းကလေး တစ်ယောက်၏ နှုတ်ခမ်းများက နူးညံ့မှန်း သိခဲ့ရတာဖြစ်သည်။
ဒီနေ့တော့ စုရှောင်းယွီ၏ နှုတ်ခမ်းနီက အနည်းငယ် ချိုမြိန်လို့နေပါသည်။