← Chapters

ငါသာ လူယုတ်မာဆိုရင်

Vol. 31 Ch. 462

ငါသာ လူယုတ်မာဆိုရင်

Vol. 31 Ch. 462

ကျားရှင်းဖျော်ဖြေရေးတွင် အစပိုင်းရိုက်ကူးရေးအတွက် ပြင်ဆင်မှုအားလုံးပြီးဆုံးသွားသောအခါ လင်းဖန် ဖိအား ကြီးကြီးမားမားကို ခံစားလိုက်ရပါသည်။

ဒီ ၄ လတာ ကာလက အလုပ်အရှုပ်ဆုံး ၄ လ ဖြစ်လာတော့မည်။

ဇာတ်ညွှန်းကို ဆုံးဖြတ်နေစဉ် 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'ကို သူရိုက်ကူးဖို့ အချိန်သိပ်မရှိမှန်း လင်းဖန် သတိထားမိလိုက်ပါသည်။

ထို့ကြောင့် လင်းဖန်က ခေါင်းဆောင်မင်းသားနေရာကို ရှုယန်အား ပေးလိုက်ပြီး ရှုယန်နှင့် စုမူချင်းတို့ကို အတူတူ သရုပ်ဆောင်ခိုင်းလိုက်ပါသည်။

ရှုယန်၏ သရုပ်ဆောင်စွမ်းရည်များကလည်း အလွန်ကောင်းမွန်ပါသည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့နှစ်ယောက်ကတော့ 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း' ဇာတ်ကောင်စာရင်းမှ နှုတ်ထွက်လိုက်ကြပါသည်။

'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်းထဲတွင်' ကော်ကျင်းနဲ့ ဟွမ်းရုံတို့က 'သိမ်းငှက်သူရဲကောင်း'ထဲက လူတွေနဲ့ ခြားနားပါသည်။

သိမ်းငှက်သူရဲကောင်း၏ ကော်ကျင်းက နိုင်ငံတော်ကို ကာကွယ်ချင်ပြီး ဟွမ်းရုံက ငယ်ဘဝစွမ်းအင်တွေ ပျောက်ဆုံးနေသူ ဖြစ်သည်။

ထို့အပြင် ရုပ်သံဒရမ်မာ ၃ ခုကို လင်းဖန်ကိုယ်တိုင် ဒါရိုက်တာ လုပ်ပေးသွားမှာ ဖြစ်သည်။

သို့သော် အသေးစိတ်တွေကိုတော့ တခြား ဒါရိုက်တာတွေကိုသာ လွှဲပြောင်းပေးထားပါသည်။

လင်းဖန်က တည်တည်ငြိမ်ငြိမ်နေဖို့သာလိုသည်။

ဒီလိုနဲ့ ၃ ရက်ခန့်ကြာပြီးနောက် ရုပ်သံဒရမ်မာ ၂ ခုကို တစ်ပြိုင်တည်း စတင်ရိုက်ကူးခဲ့ပါသည်။

ရုပ်ရှင်ကိုတော့ လင်းဖန်ကိုယ်တိုင် ရိုက်ကူးမှဖြစ်မည်။ သရုပ်ဆောင်တွေက ဇာတ်ညွှန်းတိုက်နေကြဆဲ ဖြစ်ပါသည်။

၃ ရက်လောက်ကြာပြီးနောက် 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'နဲ့ 'သိမ်းငှက်သူရဲကောင်း'တို့ကို တစ်ပြိုင်တည်း စတင်ရိုက်ကူးကြလေသည်။

လင်းခဲ့ရှင်းမှာ ရိုက်ကူးဖို့ ဇာတ်ဝင်ခန်းတွေများပြားသဖြင့် "တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'ထဲမှ ကော်ရှန့်၏ ဇာတ်ဝင်ခန်းများကို စုရှောင်းယွီအား ပေးလိုက်ရပါသည်။

"ဆရာ ဟွန်း နင်ဘာလို့ ယန်ကော်နေရာက သရုပ်မဆောင်တာလဲ။ အဲ့တာဆို ငါနင့်ရဲ့ ဖန်ဂဲလေး ဖြစ်လာမှာလေ" စုရှောင်းယွီတခစ်ခစ် ရယ်မောလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"ငါအလုပ်များနေတယ်။ ရှုယန်ကိုပဲ သရုပ်ဆောင်ခိုင်းလိုက်ပါ" လင်းဖန် ပြောလိုက်သည်။ သူက ကုမ္ပဏီ၏ ဘော့စ်ကြီလည်း ဖြစ်ပါသည်။ လုပ်စရာအလုပ်တွေေ အများကြီးရှိတတ်၏။ ရုပ်သံဒရမ်မာ ၂ ခုနဲ့ ရုပ်ရှင်မှာ တစ်ပြိုင်တည်း ပါဝင်ဖို့ ဆုံးဖြတ်လိုက်ပါက လင်းဖန် အမောဖောက်ပြီး သေသွားနိုင်ပါသည်။

"ဒါပေမယ့် 'တစ်ကျော့ပြန်သိမ်းငှက်သူရဲကောင်း'ထဲမှာ ငါသရုပ်ဆောင်ရင် ရှုယန်ကို ငါဖွင့်ပြောရမှာ။ နင်အဲ့တာကို ကြည့်နိုင်လို့လား" စုရှောင်းယွီက လင်းဖန်၏ လက်မောင်းကိုဆွဲလိုက်ပြီး ဟိုဘက်ဒီဘက် ယိမ်းလိုက်သည်။

"ရုပ်ရှင်ရိုက်တာပဲဥစ္စာ။ ပြီးတော့ ရှုယန်နဲ့ အသားချင်းလည်း အဲ့လောာက် ထိစရာ မလိုပါဘူး။ ရိုက်ကူးရေးပြီးသွားရင် အဆင်ပြေသွားလိမ့်မယ်" လင်းဖန်က ပြောလိုက်ပါသည်။

လင်းဖန်အတွက်တော့ ရှားဝမ်ချွေ့သူများနဲ့ ရိုမန့်တစ်ဇာတ်ဝင်ခန်းတွေ မရိုက်ကူးရင် ရပါပြီ။ ဘာပဲဖြစ်ဖြစ် ရှားဝမ်ချွေ့က သူ့ကောင်မလေးဖြစ်သည်။ လင်းဖန် ဒီလိုလုပ်ခွင့်ပေးမှာ မဟုတ်ပါ။

သူမ ရိုက်ကူးရေးလုပ်နေရင်တောင် ရှားဝမ်ချွေ့ကို တခြားယောက်ျားတွေနဲ့ အများကြီး မထိတွေ့စေချင်ပါ။

စုရှောင်းယွီကိုလည်း လင်းဖန် သိပ်ပြီး မထိတွေ့စေချင်ပေ...။

လင်းခဲ့ရှင်း၊ စုမူချင်းနဲ့ ချူးယောင်ယောင်တို့ကတော့ ကျားရှင်းဖျော်ဖြေရေး၏ အနုပညာရှင်များဖြစ်သည့်အလျောက် ရိုက်ကူးရေးအတွက် လုပ်ရတာဖြစ်သဖြင့် နားလည်ပေးလို့ ရပါသည်။

ဥပမာ ရှုယန်က အချစ်ရေးဇာတ်ဝင်ခန်းများတွင် ၁၀ ယောက်ထပ်ပိုသည့် ကောင်မလေးများကို နမ်းခဲ့ပြီးသား ဖြစ်သည်။ သို့သော်လည်း လင်းကျင်းကျင်းက စိတ်ဆိုးမှာ မဟုတ်ပါ။

စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "အင်းပါ၊ ငါသိပါတယ်~ ဒါပေမယ့် ငါသရုပ်ဆောင်မယ့် ခွန်းကျင်း ဇာတ်ကောင်က ဆရာနဲ့ အချစ်ရေးဇာတ်ဝင်ခန်းတစ်ခု ပါတယ်လေ။ အကြင်နာပေးခန်းလည်း ပါတယ်။ ဆရာ ကြိုလေ့ကျင့်ထားချင်လား"

လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပါသည်။ "လေ့ကျင့်စရာလိုလို့လား။ ရိုက်ကူးရေးလုပ်တာက ရိုက်ကူးရေး လုပ်တာ၊ လက်တွေ့က လက်တွေ့ပဲလေ"

စုရှောင်းယွီက ဝမ်းနည်းစွာ ပြောလိုက်ပါသည်။ "ဒါပေမယ့် ငါ့မှာ အတွေ့အကြုံမှ မရှိတာ"

လင်းဖန် ထွက်သွားတာကိုမြင်ပြီး စုရှောင်းယွီ နှုတ်ခမ်းစူကာ ခြေထောက်ဆောင့်လိုက်ပါသည်။

သူများကို သဘောကျမိတာ အပြစ်လား။

တစ်ဖက်မှာတော့ ရှားဝမ်ချွေ့က ဇာတ်ညွှန်းဖတ်နေပြီး ဟွမ်းရုံ၏ ဇာတ်ဝင်ခန်းများကို လေ့လာနေပါသည်။

ရှားဝမ်ချွေ့အတွက် ဒီ Role က ထိန်းချုပ်ဖို့ အလွန်ခက်ခဲပြီး အလွန်လေးလေးနက်နက် သရုပ်ဆောင်ရမှာ ဖြစ်သည်။

ဟွမ်ဂရုံက တက်ကြွသည်။ ချစ်ဖို့ကောင်းသည်။ ဉာဏ်ထက်မြက်သည်။ သို့သော် ရှားဝမ်ချွေ့၏ သရုပ်ဆောင် စွမ်းရည်များက အလွန်လေးနက်သဖြင့် အမှားအယွင်းတော့ ရှိနိုင်မှာ မဟုတ်ပါ။

"ဘယ်လိုလဲ" လင်းဖန် ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ ပခုံးကို ဖက်လိုက်ပါသည်။

ရှားဝမ်ချွေ့က မျက်လုံးလှလှလေးများဖြင့် မော့ကြည့်လိုက်သည်။ "ကိစ္စမရှိပါဘူး။ အစ်ကိုကျင်း။ ရုံအာကို လှတယ်လို့ထင်လား"

ရှားဝမ်ချွေ့ ချက်ချင်းပဲ ဇာတ်ကောင်နေရာက သရုပ်ဆောင်လိုက်ပါသည်။ "ဒါပေါ့ ငါ့ရုံအာလေးက ကမ္ဘာပေါ်မှာ အလှဆုံးပဲ"

"ဟားဟား..." ရှားဝမ်ချွေ့ ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပါသည်။ သူမ လက်ထဲမှာ ဇာတ်ညွှန်းကို ကိုင်ထားပြီး လင်းဖန် ရင်ခွင်ထဲ လှဲလျောင်းလိုက်ပါသည်။ သူမအတွက် လင်းဖန်နဲ့ အတူတူ ရိုက်ကူးရေးလုပ်ရသည့်အချိန်က အပျော်ဆုံး အချိန် ဖြစ်သည်။

"သြော်ဟုတ်သားပဲ။ နင်နဲ့ ဆွေးနွေးစရာရှိလို့" လင်းဖန် သူ့ရင်ခွင်ထဲက ကောင်မလေးကို ကြည့်ရင်း ပြောလိုက်ပါသည်။

"ဘာလဲ" ရှားဝမ်ချွေ့ မျက်တောင်ခတ်လိုက်သည်။

"အဓိကကတော့ ရိုက်ကူးရေးလုပ်တဲ့အချိန်မှာ ကော်ကျင်းနဲ့ ခွန်းကျင်းတို့က အချစ်ရေးဇာတ်ဝင်ခန်းအတူတူ သရုပ်ဆောင်ရပြီး အကြင်နာပေးခန်းလည်း ပါသေးတယ်။... ခွန်းကျင်းနေရာမှာ ရှောင်းယွီက သရုပ်ဆောင်မှာဆိုတော့..." လင်းဖန် မေးလိုက်ပါသည်။ ရှားဝမ်ချွေ့ကို သူစိတ်မညစ်စေချင်ပါ။

"မြောင်မြောင်?" ရှားဝမ်ချွေ့က ချစ်စရာအမူအယာလေးလုပ်ပြလိုက်ပြီး လင်းဖန်၏ ရင်ခွင်ထဲ တိုးတိတ်စွာ လှဲလျောင်းလိုက်ပါသည်။ "ဘာမှမဖြစ်ပါဘူး။ ဒါက ရုပ်ရှင်ရိုက်တာပဲဥစ္စာ။ အကြင်နာပေးခန်းတွေ ရိုက်တာ ပုံမှန်ပဲလေ။ စူပါစတားတစ်ယောက်က အကြင်နာပေးခန်း မရိုက်ဘဲ တစ်သက်လုံး နေသွားလို့ ရပါ့မလား"

"နင် မကန့်ကွက်ဘူးပေါ့" လင်းဖန် မေးလိုက်သည်။

ရှားဝမ်ချွေ့က ဇာတ်ညွှန်းကို အောက်ချလိုက်ပြီး လင်းဖန်အား ကြည့်လိုက်ပါသည်။ သူမ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။ "မကန့်ကွက်ပါဘူး~။ အပြင်မှာဆိုရင်တောင် နင်သဘောကျရင် ငါမကန့်ကွက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ရှောင်းယွီက ငါ့ညီမလေးလေ။ အစ်မတစ်ယောက်အနေနဲ့ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးရမှာပေါ့"

ရှားဝမ်ချွေ့က ဒီလိုပြောသော်လည်း ဘယ်ကောင်မလေးက ကိုယ့်ကောင်လေးကို ဝေမျှချင်မှာလဲ။

ရှားဝမ်ချွေ့က အလွန်သဘောထားကြီးသည်။ သို့သော် လင်းဖန်က ခေါင်းခါလိုက်ပြီး သူမ၏ လက်ကို ကိုင်ထားလိုက်ပါသည်။ သူဘာမှ မပြောတော့ပေ။

တချို့လူတွေက တစ်သက်လုံး အချစ်ခံသွားရတတ်သည်။

ရှောင်းယွီက အလွန်တော်ပြီး လင်းဖန်ကလည်း တက်ကြွပြီး ချစ်စရာကောင်းသည့် စုရှောင်းယွီကို သဘောကျပါသည်။ သို့သော် သူမ ကောင်မလေးတစ်ယောက် ရှိနေပြီးသားဖြစ်သည်။

သူသာ လူယုတ်မာဖြစ်လာပါက မိန်းကလေး ၂ ယောက်စလုံးကို စိတ်မကောင်းဖြစ်သွားစေပါလိမ့်မည်။

သို့သော်လည်း ရှားဝမ်ချွေ့ သဘောတူပြီးနောက် လင်းဖန် အများကြီး စိတ်အေးသွားရသည်။

ဘာပဲဖြစ်ဖြစ် သူတို့က ရိုက်ကူးရေးလုပ်တာသာဖြစ်သည်။ စုရှောင်းယွီနဲ့ အကြင်နာပေးခန်းရိုက်ကူးရမှာ နားလည်ပေးလို့ရပါသည်။

ယခုချိန်မှာ အရေးအကြီးဆုံးက ရိုက်ကူးရေးလုပ်ဖို့သာဖြစ်သည်။

သူရိုက်ကူးရေးစတာနဲ့ အလွန်အလုပ်များလာပြီး နားဖို့အချိန်တောင် မရှိသလောက် ရှားလာမည်။

ဒီတစ်ခေါက် လင်းဖန် ရိုက်ကူးရေး ကုန်ကျစရိတ်ကိုလည်း အနည်းငယ် တိုးမြှင့်လိုက်ပါသည်။

သူရိုက်ကူးသည့် လက်ရာတိုင်းကို ပရိတ်သတ်သဘောကျမည့် ဂန္တဝင်လက်ရာများဖြစ်လာစေချင်သည်။

ဖြတ်လျှောက်သရုပ်ဆောင်တိုင်းကလည်း သက်ရောက်မှုရှိစေရမည်။

အမှန်ပင်။ သူတို့ကို အနုပညာကြေးလည်း မြင့်မြင့်ပေးထားပါသည်။

ဟန်းသျန်မြို့တွင် ဖြတ်လျှောက်သရုပ်ဆောင်များ စတင် ခေါ်ယူနေပါသည်။

"အားလုံးပဲ ကျားရှင်းဖျော်ဖြေရေးက ဖြတ်လျှောက်သရုပ်ဆောင် အယောက် ၁,၀၀၀ လောက် ခေါ်ယူနေပါတယ်။ ဒီတစ်ခေါက် ဖြတ်လျှောက်သရုပ်ဆောင်တွေအတွက် အနည်းဆုံး အခကြေးက တစ်ရက်ကို ယွမ် ၅၀၀ ဖြစ်ပြီး အများဆုံး ၂,၀၀၀ ယွမ်လို့ ဘော့စ်လင်း ကြေညာထားပါတယ်။ အသေးစိတ်တွေကတော့ ခင်ဗျားတို့ရဲ့ ဇာတ်ဝင်ခန်းတွေကိုကြည့်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ လူရွေးပွဲ ဝင်ပြိုင်ချင်တယ်ဆိုရင် လာခဲ့ပေးကြပါ" ဝန်ထမ်းက ပြောလိုက်သည်။

"ပြီးတော့ အင်တာဗျူးအောင်တာနဲ့ ကျားရှင်းဖျော်ဖြေရေးရဲ့ ဖြတ်လျှောက်သရုပ်ဆောင်အဖွဲ့ထဲ ဝင်ရောက်နိုင်မှပါ။ ၄ လ အတွင်း ဘာဇာတ်ဝင်ခန်းမှ မရိုက်ရရင်တောင် ယွမ် ၃၀၀ စီ ပေးသွားမှာပါ။ အစားအသောက် နေရာထိုင်ခင်းလည်း ပြင်ဆင်ပေးထားပါတယ်။ ဒါပေမယ့် ရိုက်ကူးရေးပတ်ဝန်းကျင်က ပိုခက်ခဲလိမ့်မယ်လို့ ကြိုသတိပေးထားပါရစေ။ ခံနိုင်ရည်မရှိရင် နှုတ်ထွက်လို့ရပါတယ်"

ကျားရှင်းဖျော်ဖြေရေးက ထိုကဲ့သို့ အခြေအနေများကို ထုတ်ပြန်ကြေညာလိုက်သောအခါ ဟန်းသျန်မြို့ရှိ ဖြတ်လျှောက် သရုပ်ဆောင်များစွာ လုံးဝတုန်လှုပ်သွားကြသည်။

ဒီလောက်များပြားသည့် အနုပညာကြေးတွေကို လင်းဖန် ပေးလိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ကြပေ။

ရိုက်ကူးစရာ ဇာတ်ဝင်ခန်းတွေရှိလျှင် တစ်ရက်ကို အနည်းဆုံး ၅၀၀, အများဆုံး ၂,၀၀၀ အထိ ရကြမည်။

ရိုက်ကူးစရာ ဘာမှ မရှိရင်တောင် တစ်ရက်ကို ယွမ် ၃၀၀ လောက် အခန့်သား ရနေကြမှာဖြစ်ပါသည်။

ရိုက်ကူးရေးပတ်ဝန်းကျင်က တကယ်ပဲ ခက်ခဲသော်ငှားလည်း သူတို့ကို လင်းဖန်က ငွေတွေအများကြီး ပေးနေမှာပဲ ဖြစ်သည်။

ဟန်းသျန်မြို့တစ်မြို့လုံး ဆူညံပွက်လောရိုက်သွားခဲ့ပါတော့သည်။

All Chapters