← Chapters

ငါနဲ့တစ်ခေါက်လောက်ပဲ ကစားပါ

Vol. 31 Ch. 461

ငါနဲ့တစ်ခေါက်လောက်ပဲ ကစားပါ

Vol. 31 Ch. 461

စုရှောင်းယွီ ပြန်လာခဲ့ပါပြီ။

ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် မယုံကြည်နိုင်သေးပါ။

သူ မတုံ့ပြန်နိုင်ခင်မှာပင် စုရှောင်းယွီက လင်းဖန်၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပါသည်။

"ဆရာ မတွေ့ရတာ ကြာပြီ~" စုရှောင်းယွီက လင်းဖန်ကို ကြည့်ပြီး အံ့သြတကြီး ပြောလိုက်ပါသည်။

စုရှောင်းယွီ ထွက်သွားတာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း လင်းဖန်ကတော့ အချိန်အကြာကြီးလို ခံစားနေရသည်။

ဒီတစ်ခေါက် စုရှောင်းယွီကို လင်းဖန် မတွန်းထုတ်ခဲ့ပါ။

ဒီကောင်မလေေးကို နာကျင်သွားအောင် မလုပ်ချင်တော့သလိုမျိုး ခံစားနေရပါသည်။

"ငါ့ခရီးဆောင်အိတ်" စုရှောင်းယွီတစ်ယောက် သူမ၏ အိတ်ကို ပြန်လှည့်ကြည့်လိုက်သောအခါ သူ့အလိုလိုလျှောကျသွားတာကို မြင်လိုက်ရပါသည်။

"ငါလုပ်လိုက်မယ်" လင်းဖန် အမြန်ပြေးသွားပြီး ခရီးဆောင်အိတ်ကို အမိအ ရဖမ်းလိုက်ပါသည်။ ခရီးဆောင်အိတ်ကို မဖို့ ပြင်လိုက်စဉ် လုံးဝ မလို့ မရတာကို သတိထားမိလိုက်သည်။

"နင့်ခရီးဆောင်အိတ်က ဘာလို့ ဒီလောက်လေးနေရတာလဲ" လင်းဖန် အပြစ်တင်လိုက်ပါသည်။ ခရီးဆောင်အိတ်ကို ဒီတိုင်းဆွဲပြီးတော့သာ ဗီလာကြီးထဲ ပြန်သယ်လာနိုင်တော့သည်။

"နည်းနည်းလေးပါ~" စုရှောင်းယွီက သနားစရာမျက်နှာလေး လုပ်ပြလိုက်သည်။ သို့သော်လည်း သူမ အလွန်ပျော်ရွှင်နေပါသည်။

"နင်ဘောင်းဘီဝတ်မထားဘူးလား" စုရှောင်းယွီ၏ ခြေတံသွယ်သွယ်များကိုကြည့်လိုက်ပြီး လင်းဖန် ပြောလိုက်ပါသည်။

"ဘယ်သူပြောလဲ။ ဆရာငါ့ကို စွပ်စွဲနေပြန်ပြီ။ ငါဘောင်းဘီဝတ်ထားပါတယ် ဟုတ်ပြီလား။ နည်းနည်းတိုနေတာပါ" စုရှောင်းယွီက သူမ၏ အင်္ကျီကို လှန်ပြလိုက်ရာ ဘောင်းဘီပေါ်လာပါသည်။

"ရာသီဥတုက အေးလာပြီ။ နောက်ဆို အဲ့ဒီ ဘောင်းဘီတွေ ဝတ်ခွင့်မရှိဘူး" လင်းဖန် ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ စုရှောင်းယွီ လင်းဖန်ကို ကြည့်လိုက်ပြီး တခစ်ခစ် ရယ်မောလိုက်ပါသည်။ "နင်က ငါ့ကောင်လေးမှ မဟုတ်တာ~ ဒါလည်း ကောင်းပါတယ်လေ။ နင်သာ ငါ့ကောင်လေးဖြစ်ပေးရင် နောက်ဆို သူများတွေရှေ့မှာ ငါဘောင်းဘီတိုမဝတ်တော့ဘူး"

လင်းဖန်က အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ "အဓိပ္ပာယ်မရှိတာ။ ငါ့ကို နာမည်ပျက်စေချင်လို့လား။ ငါဖောက်ပြန်ရာကျသွားမှာပေါ့"

စုရှောင်းယွီ လင်းဖန်ဘေးမှာ ထိုင်လိုက်ပြီး သူ့လက်ကို ဆွဲလိုက်ပါသည်။ "ဟီးဟီး ငါအဲ့လိုမပြောဘူးနော်။ ဆရာက လူယုတ်မာဖြစ်ကြည့်ပါလား~ တစ်ခေါက်လောက် လူယုတ်မာဖြစ်ခွင့်ပေးမယ်လေ"

လင်းဖန် အနည်းငယ် စိတ်ဆိုးသွားသည်။ "အဲ့လိုစကားထပ်ပြောရင် ငါရိုက်မှာနော်"

စုရှောင်းယွီ နှာခေါင်းရှုတ်လိုက်ပြီး သူမလက်ကို ပြန်ရုတ်သိမ်းလိုက်ပါသည်။ "ဟွန်း ဆရာက သူများကို အနိုင်ကျင့်ပြီး ဆဲလည်းဆဲတယ်"

လင်းဖန်ပြုံးကာ သကြားလုံးတစ်လုံးထုတ်လိုက်သည်။ စုရှောင်းယွီကို ပေးကာ မေးလိုက်ပါသည်။ "နင့်အဖေ ကျန်းမာရေး ဘယ်လိုနေလဲ"

စုရှောင်းယွီ ချိုမြိန်စွာ ပြုံးလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ ငါအဲ့ကို ရောက်သွားတော့ ငါ့အဖေ ငါ့ကို လိမ်ထားတာဆိုတာ သိလိုက်ရတယ်။ ငါနဲ့ စကားသေသေချာချာပြောခဲ့တယ်။ နောက်ဆုံးကျတော့ ငါ အမေရိကမှာ ရက်ပိုင်းလောက်ပဲ နေရပြီး အဖေက ပြန်ခွင့်ပေးလိုက်တာ"

လင်းဖန်ပြုံးလိုက်သည်။ "နင်ပြန်မသွားတော့ဘူးလား"

စုရှောင်းယွီ လျှာထုတ်ပြလိုက်ပါသည်။ "ဆရာငါ့ကို ဗီလာထဲက မောင်းမထုတ်ဘူးမလား"

လင်းဖန် ပြောလိုက်သည်။ "နင့်စွမ်းဆောင်မှုပေါ် မူတည်တာပေါ့"

စုရှောင်းယွီ မျက်တောင်ခတ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်ပါသည်။ သူမ လင်းဖန်နားသို့ ကပ်လာပြီး ပြောလိုက်သည်။ "ဒီတစ်ခေါက် တကယ်မသွားတော့ဘူး။ ငါက နင့်ကို သဘောကျမိတာကိုး။ ဟူး... ငါကြိုက်တဲ့သူက အမြဲတမ်း မလှုပ်မယှက်ပဲ"

လင်းဖန် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ရှောင်းယွီ ငါ့မှာ ကောင်မလေး ရှိတယ်နော်"

စုရှောင်းယွီက လက်ခါပြလိုက်သည်။ "နင့်မှာကောင်မလေးရှိလို့ ငါက ပိုးပန်းလို့ မရဘူးပေါ့။ အစ်မဝမ်ချွေ့မှာလည်း ကောင်လေးရှိတယ်။ ဒါပေမယ့် သူ့ကို ပိုးပန်းတဲ့လူတစ်ယောက်ယောက်ရှိချင်ရှိနေမှာပဲလေ"

လင်းဖန် ခေါင်းခါလိုက်ပါသည်။ "နင်ငါ့ကို ပိုးပန်းလို့ရမှာ မဟုတ်ဘူး"

စုရှောင်းယွီက တခစ်ခစ် ရယ်မောလိုက်၏။ "ကြိုးစားကြည့်ရမှာပေါ့။ ဆရာစိတ်မထိန်းနိုင်တော့တဲ့နေ့ကျရင် ငါ့ကို ပြန်ကြိုက်လိမ့်မယ်"

လင်းဖန် စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပါသည်။ စုရှောင်းယွီ နောက်နေမှန်းသိသဖြင့် သူပြောလိုက်သည်။ "ဆောင်းဦးရာသီရောက်နေပြီ။ ဘောင်းဘီတိုတွေ ဝတ်ခွင့်မရှိိတော့ဘူး။ အိမ်မှာတော့ ဝတ်လို့ရပါတယ်"

စုရှောင်းယွီ ရှက်သွေးဖြာသွားပြီး ပြောလိုက်သည်။ "ဆရာ ခြေတံသွယ်သွယ်လေးတွေကြည့်ချင်တယ်ဆိုလည်း ပွင့်ပွင့်လင်းလင်းပြောပါ။ ကြည့်လို့ရပါတယ်"

သူမ ခြေတံများကို ဆန့်လိုက်ပြီး လင်းဖန်ရှေ့မှာ တင်လိုက်ပါသည်။

လင်းဖန် ဘေးနားမှာ ရှာဖွေလိုက်ပြီး စုရှောင်းယွီကို စောင်ဖြင့် အုပ်လိုက်ပါသည်။

သူ့စိတ်ခွန်အားက ဘယ်လောက်ပဲ အားကောင်းပါစေ အမြဲတမ်းတော့ ခေါင်းမာနိုင်မှာ မဟုတ်ပါ။

လင်းဖန်က လူပျိုတစ်ယောက်ဖြစ်သည်။ ဒီလောက်လှပသည့် ကောင်မလေးနှင့် ကြုံလာရသဖြင့် ဘယ်လောက်ပဲ စိတ်ခွန်အားကောင်းပါစေ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ တစ်ခုခုဖြစ်သွားခဲ့လျှင် အနာဂတ်မှာ ဒုက္ခတွေ့နိုင်ပါသည်။

လင်းဖန် ပြောလိုက်သည်။ "ရှောင်းယွီ ရုပ်သံဒရမ်မာသစ်မှာ Role တစ်ခု လိုသေးတယ်။ အဲ့ဇာတ်ကောင်နာမည်က ခွန်းကျင်းတဲ့။ နင် သရုပ်ဆောင်ချင်လား"

စုရှောင်းယွီ သတိကြီးစွာဖြင့် မေးလိုက်သည်။ "အချစ်ရေးဇာတ်ဝင်ခန်းတွေ ပါမှာလား"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "အေး"

စုရှောင်းယွီ ခေါင်းခါလိုက်သည်။ "မပါတော့ဘူး။ ငါက တခြားသူတွေနဲ့ အချစ်ရေးဇာတ်ဝင်ခန်းတွေ မရိုက်တတ်ဘူး။ ငါက ဆရာ့ကောင်မလေးပဲ။ အပြစ်ကင်းစင်ပြီးသား~"

လင်းဖန်က စုရှောင်းယွီ၏ စကားလုံးများကို အသားကျနေပြီးသားဖြစ်သည်။ ထို့ကြောင့် ခေါင်းသာ ခါလိုက်ပါသည်။ "ငါနဲ့ ရိုက်ရမယ့် အချစ်ရေးဇာတ်ဝင်ခန်းပါ။ ဒါပေမယ့် ဇာတ်နာမယ်။ ဒီ Role ကို ကောင်းကောင်း သရုပ်ဆောင်နိုင်ဖို့ကလည်း ခက်သေးတယ်။ နင်သရုပ်မဆောင်ချင်ဘူးဆိုရင် တခြားတစ်ယောက်ကို ငါရှာလိုက်ပါ့မယ်"

စုရှောင်းယွီမျက်လုံးများ အရောင်လက်သွားသည်။ လင်းဖန်၏ လက်မောင်းကို လက် ၂ ဖက်စလုံးဖြင့် ကိုင်ကာ ခါရမ်းလိုက်ပါသည်။ "မဟုတ်ဘူး မဟုတ်ဘူး ပါချင်တယ်။ နင့်တပည့်ကလည်း ကြယ်ပွင့်တစ်ပွင့်ပါ"

လင်းဖန် ခေါင်းငြိမ့်လိုက်သည်။ "ဟုတ်ပါပြီ"

စုရှောင်းယွီ ချိုမြိန်စွာ ပြုံးပြီး ပြောလိုက်ပါသည်။ "စကားမစပ် ဆရာ။ ကုမ္ပဏီတစ်ခုက ငါ့ကိုဆက်သွယ်လာပြီး ဝှက်ဖဲဆိုတဲ့ Variety Show တစ်ခုမှာ ပါဝင်ဖို့ ကမ်းလှမ်းလာတယ်။ အတော်ကောင်းမယ့်ပုံပဲ။ ငါသွားသင့်တယ်လို့ ထင်လား"

လူအများစု၏ အမြင်တွင် စုရှောင်းယွီက စူပါစတားတစ်ယောက်ဖြစ်သည်။ စီးပွားရေးပါရမီရှင်တစ်ယောက် မဟုတ်ပါ။

စီးပွားရေးပါရမီရှင်တစ်ယောက်အဖြစ် မြင်သည့်လူက အနည်းငယ်သာရှိသည်။

စုရှောင်းယွီကို လင်းဖန် ခေါင်းပုတ်လိုက်ပါသည်။ "ဘာဖြစ်ဖြစ်ရတယ်။ နင်အနိုင်ကျင့်မခံရဘူးဆို လုပ်ချင်တာ လုပ်လို့ရတယ်"

စုရှောင်းယွီ ပြန်လာသည့်သတင်းက ကျားရှင်းဖျော်ဖြေရေးမှာလည် ပွက်လောရိုက်သွားစေခဲ့ပါသည်။

အမှန်ပင်။ အင်တာနက်တစ်ခုလုံးလည်း တုန်လှုပ်သွားခဲ့ရပါသည်။

ကျားရှင်းဖျော်ဖြေရေးမှ ထုတ်လုပ်သည့် ရုပ်သံဒရမ်မာသစ်တွင် ကျားရှင်းဖျော်ဖြေရေေး၏ နာမည်ကျော် သရုပ်ဆောင်များကပဲ ပါဝင်သရုပ်ဆောင်ပေးသွားမှာဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများစွာဖြင့် ကြုံရသောအခါ လင်းဖန် လက်မခံခဲ့ပါ။

သူကိုယ်တိုင်က အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်သည်။

Estee Lauder က လင်းဖန်၏ ကုမ္ပဏီဖြ်စပြီး ရုပ်ရှင်နဲ့ ရုပ်သံဒရမ်မာတွေထဲမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ၁ ဘီလီယံယွမ် ထုတ်ပေးခဲ့သည်။

လင်းဖန် ကိုယ့်ကိုယ်ကို ကြော်ငြာတာနဲ့တူပြီး Estee Lauder အတွက်လည်း ကြော်ငြာပေးနိုင်မည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ ငွေတွေအများကြီး ရနိုင်ပါသည်။

ထို့ကြောင့် ကိုယ်ပိုင်ငွေဖြင့် လင်းဖန် ရုပ်ရှင်နဲ့ ရုပ်သံဒရမ်မာတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ၂ ဘီလီယံယွမ် ထုတ်ပေးနိုင်ပါသည်။

၃ ရက်အတွင်း ဒါရိုက်တာအဖွဲ့၊ နောက်ဆက်တွဲ ထုတ်လုပ်ရေးအဖွဲ့၊ အဖွဲ့ပေါင်းစုံနှင့် သရုပ်ဆောင်များအားလုံး လူစုံသွားကြပါပြီ။

ရိုက်ကူးရေးအဖွဲ့သားများ၏ ရိုက်ကူးရေးနည်းလမ်းများ၊ ပြင်ဆင်မှုများလည်း ပြီးပြည့်စုံသွားပါပြီ။

ဟန်းသျန်တွင် စတင်ငှားရမ်းနေပြီဖြစ်သည့် ဖြတ်လျှောက်သရုပ်ဆောင်ပေါင်းစုံလည်း ရှိပါသည်။

ဒါရိုက်တာလင်းဖန်ရိုက်ကူးမှာဖြစ်ကြောင်း ကြားတော့ ဖြတ်လျှောက်သရုပ်ဆောင်တွေအားလုံး ရောက်လာကြပါသည်။

ကျားရှင်းဖျော်ဖြေရေးက သူတို့အတွက် ငွေတွေအများကြီးပေးထားသည်။

ထိုသတင်းက ထန်းယွမ် နားထဲရောက်လာခဲ့သည်။

"မဖြစ်နိုင်တာ။ လင်းဖန်က ရုပ်သံဒရမ်မာ ၂ ခုမှာ ခေါင်းဆောင်မင်းသားလုပ်ပြီး ဒရမ်မာ ၂ ခုနဲ့ ရုပ်ရှင်ကို တစ်ပြိုင်တည်းပါ ရိုက်ကူးချင်တာလား။ သူ့ကိုယ်သူ ခေါင်း ၃ လုံး လက် ၆ ဘက် ရှိနေတယ်များ ထင်နေလား" ထန်းယွမ် မယုံကြည်နိုင်စွာဖြင့် ပြောလိုက်ပါသည်။

လင်းယင်း ခေါင်းငြိမ့်လိုက်၏။ "ကျွန်တော့်အမြင်မှာတော့ ကျားရှင်းဖျော်ဖြေရေးက အကုန်ပုံအောလိုက်တာ ဖြစ်မယ်။ ဒါပေမယ့် သူတို့ခက်ခက်ခဲခဲကြိုးစားမယ်ဆိုရင်တောင် ၃ ခုစလုံးကို တစ်ပြိုင်တည်း ရိုက်ကူးပြီး ရေပန်းစားလာအောင် လုပ်နိုင်မှာလား"

ထန်းယွမ် ရယ်မောကာ ပြောလိုက်သည်။ "လင်းဖန်က ရူးနေတာာပဲ။ ငါတို့ ကုမ္ပဏီရဲ့ ရုပ်သံဒရမ်မာကိုလည်း ရိုက်ကူးဖို့ အချိန်ကျပြီထင်တယ်နော်။ ဒီတစ်ခေါက် ကျားရှင်းဖျော်ဖြေရေးရဲ့ ရှုံးပွဲမရှိဆိုတဲ့ ရာဇဝင် ပျက်စီးသွားစေရမယ်"

All Chapters