← Chapters

ရှားဝမ်ချွေ့က ငါ့ဇနီးလောင်း

Vol. 31 Ch. 459

ရှားဝမ်ချွေ့က ငါ့ဇနီးလောင်း

Vol. 31 Ch. 459

သိပ်မကြာခင် လင်းဖန်နှင့်ပတ်သက်သည့် သတင်းဆိုးများ အွန်လိုင်းပေါ်တွင် ပေါ်လာခဲ့လေသည်။

အများစုက လင်းဖန်နဲ့ စုမူချင်းတို့အကြားက သာမန်ထက်ပိုသော ဆက်ဆံရေးအကြောင်း ဖြစ်သည်။

ထို့အပြင် ကုမ္ပဏီအတွင်းမှာလည်း အသံတချို့ထွက်နေသေးသည်။ သို့သော် ဘယ်သူမှ ထုတ်မပြောရဲကြပါ။

ဘာပဲဖြစ်ဖြစ် လင်းဖန်နဲ့ စုမူချင်းတို့က တကယ်ပဲ နီးစပ်မှု ရှိသည်။

ရှားဝမ်ချွေ့ ကုမ္ပဏီသို့ရောက်လာပြီးနောက် ကောင်မလေးတစ်ယောက်က ရှားဝမ်ချွေ့ကို ကြည့်ကာ ပြောလိုက်ပါသည်။ "အစ်မဝမ်ချွေ့ ကြည့်ပါဦး။ စီအီးအိုလင်းနဲ့ စုမူချင်းတို့က တော်တော်နီးစပ်ကြတဲ့ပုံပဲနော်။ ရှင် မစိုးရိမ်ဘူးလား။ ယောက်ျားတွေ ချမ်းသာလာရင် သူတို့နားမှာ မိန်းမမရှားတော့ဘူး။ ယောက်ျားတွေက အဲ့လောက် စိတ်မခိုင်ဘူးနော်"

ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ "ကျွန်မက ဘာလို့ စိုးရိမ်ရမှာလဲ"

ကောင်မလေးက စပ်စုစွာမေးလိုက်ပါသည်။ "စုမူချင်းကလည်း အရမ်းလှတယ်လေ... ဘော့စ်လင်းက အင်တာနက်ပေါ်မှာ ပြောသလိုဖြစ်နေမှာ စိုးရိမ်လို့ပါ..."

ရှားဝမ်ချွေ့က မစ်တီးတစ်ခွက်ကိုကိုင်ပြီး ဦးထုပ်ဆောင်းလိုက်သည်။ သူမ နူးညံ့စွာ ပြောလိုက်ပါသည်။ "အွန်လိုင်းပေါ်မှာပြောတာတွေကို ယုံစရာ မလိုပါဘူး~"

ကောင်မလေး ခေါင်းငြိမ့်လိုက်၏။ သူမ နားမလည်သဖြင့် ဘာမှ ဆက်ပြောလို့ မရတော့ပေ။

ရှားဝမ်ချွေ့က မျက်လုံးလှလှလေးများကိုပင့်ကာ လင်းဖန်၏ ရုံးခန်းဘက်သို့ ကြည့်လိုက်သည်။

ရှားဝမ်ချွေ့သည် ခဏလောက် တွန့်ဆုတ်သွားပြီးနောက် လင်းဖန်၏ ရုံးခန်းထဲသို့ မဝင်ခဲ့ပေ။

ကောင်မလေးတစ်ယောက်၏ တာဝန်ကို သူမ သိပါသည်။ လင်းဖန်ကို သူမ ယုံကြည်ရမည်။

သို့သော် လင်းဖန်နဲ့ စုမူချင်းတို့ကို နေ့တိုင်းအတူတူမြင်ရပြီး သူများတွေကပါ ဒီလိုပြောလာသဖြင့် သူမ ကြားသမျှကို နားမထောင်သင့်မှန်းသိသော်လည်း မိန်းကလေးတစ်ယောက်အနေဖြင့် ရင်ထဲမှာတော့ အတွေးတချို့ရှိနေလိမ့်မည်။

ဘာပဲဖြစ်ဖြစ် လင်းဖန်က သူမနဲ့ မထိတွေ့ရသေးဘဲ မိဘတွေကလည်း အပြည့်အဝ သဘောတူထားတာ မဟုတ်သေးပါ။

လင်းဖန် တခြားကောင်မလေးတွေနဲ့သာဆိုရင် စိတ်ထိန်းနိုင်ပါ့မလား။ ရှားဝမ်ချွေ့ အတွေးလွန်နေစဉ် လင်းဖန် ရောက်လာခဲ့လေသည်။

ရှားဝမ်ချွေ့ ပခုံးပေါ်သို့ လင်းဖန် လက်တင်လိုက်သည်။ ဘေးမှာ လုပ်ဖော်ကိုင်ဖက်များစွာ ရှိသော်လည်း လင်းဖန် ဂရုမစိုက်ပေ။

တစ်ဖက်မှာတော့ ရှားဝမ်ချွေ့၏ ပါးပြင်လေးများ အနည်းငယ် နီရဲနေပါသည်။ လူအများရှေ့မှာ လင်းဖန်နဲ့ ဒီလို ထိတွေ့ရတာကို အသားမကျသေးပါ။

သို့သော်လည်း ရှားဝမ်ချွေ့ မခုခံခဲ့ပေ။ လူတိုင်းရှေ့မှာ လင်းဖန်ကို ငြင်းဖို့ဆို ပိုဝေးပါသည်။ လင်းဖန်ကို သူမပခုံးအား ဖက်ထားခွင့်သာ ပေးလိုက်ပါသည်။

တခြား လုပ်ဖော်ကိုင်ဖက်များလည်း အရိပ်အကဲနားလည်စွာဖြင့် ထွက်သွားကြသည်။

လင်းဖန်က ရှားဝမ်ချွေ့ကိုကြည့်ပြီး ပြုံးလိုက်ပါသည်။ "နင်သဝန်တိုနေတာလား"

ရှားဝမ်ချွေ့က ဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။ သူမ အနည်းငယ် စိတ်ဆိုးနေ၏။

ကောင်မလေးတစ်ယောက်ရှိလျှင် မကြာခဏ ချော့မြူတတ်ရမည်။ ကောင်မလေးကို ချော့မြူတာ ကပ်ဖားတာမျိုး မဟုတ်ဘူးမလား။

ရှားဝမ်ချွေ့က ဒီနေ့လည်း အလွန်လှပနေပါသည်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပြီး ထင်ရှားလို့နေပါသည်။

ရှေ့က ကောင်မလေးကိုကြည့်ရင်း လင်းဖန် ဘာမှမပြောတော့ဘဲ ရှားဝမ်ချွေ့၏ နှုတ်ခမ်းပါးလေးများကို အမြန်နမ်းရှိုက်လိုက်ပါသည်။

အင်း...နှုတ်ခမ်းနီလေးက အရသာရှိလိုက်တာ။

"နင်..." ရှားဝမ်ချွေ့ မျက်နှာနီမြန်းသွားပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။

"မိန်းမ ငါတို့အတူတူ ရုပ်ရှင်ရှင်ထပ်ရိုက်လို့ရပြီ။ ဒီတစ်ခေါက်ဇာတ်လမ်းက 'သိမ်းငှက်သူရဲကောင်း'တဲ့။ နင်က ရုံအာ၊ ငါ့ ကော်ကျင်း။ ဒါက စိန်ခေါ်မှု အသစ်စက်စက်ပဲ။ ဇာတ်ညွှန်းထဲက ဇာတ်ကောင်တွေက အရမ်းကို စံနှုန်းမြင့်ကြတယ်" လင်းဖန်က ရှားဝမ်ချွေ့ကို နံရံမှာ ကပ်ထားပြီး နံရံကို လက်ဖြင့်ထောက်ကာ ကြည့်နေပါသည်။

"သြော် ငါရိုက်လို့ရပါတယ်။ ဒါပေမယ့် ငါ့ကို တွန်းအားမပေးလို့မရဘူးလား..." ရှားဝမ်ချွေ့ အနည်းငယ် ကြောင်စီစီ ဖြစ်သွားပြီး လင်းဖန်ကို ကြည့်လိုက်သည်။ သူမ ခဏလောက် မတွေးတတ်တော့ပါ။

"တွန်းအားပေးနေလို့လား" လင်းဖန် ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ ဆံနွယ်ရှည်များကို မတင်လိုက်ပါသည်။

"အင်း ဟုတ်တယ်" ရှားဝမ်ချွေ့ ခေါင်းလေးကို ငုံ့လိုက်သည်။

"ကိုယ့်ကောင်မလေးကို ထောက်ပံ့ပေးတာ ဘာဖြစ်လို့လဲ။ ဘာပဲဖြစ်ဖြစ် ငါတို့အနှေးနဲ့ အမြန် အတူတူအိပ်ရမှာပဲကို" လင်းဖန်ပြုံးကာ ပြောလိုက်ပါသည်။

"အရှက်ကို မရှိဘူး" ရှားဝမ်ချွေ့ ခန္ဓာကိုယ်အနည်းငယ်ကျုံ့သွားပြန်သည်။

"မော့ပါဦး" လင်းဖန် ပြောလိုက်သည်။

ရှားဝမ်ချွေ့က မျက်လုံးလှလှလေးများကို ပင့်ပြီး အပြစ်ကင်းစင်သည့် မျက်လုံး၊ လှပသော မျက်နှာတို့ဖြင့် လင်းဖန်ကို ကြည့်လိုက်ပါသည်။

"လင်းဖန် နောက်ဆို ကြမ်းကြမ်းတမ်းတမ်း မလုပ်လို့မရဘူးလား..." ရှားဝမ်ချွေ့ ပြောလိုက်သည်။ လင်းဖန် သူမကို ခွင့်ပြုချက်မရဘဲ နမ်းခဲ့သည်။

"ဒါဆို နူးနူးညံ့ညံ့လုပ်ရမှာပေါ့။ ရှားဝမ်ချွေ့၊ ငါနင့်ကို နမ်းလို့ရလား" လင်းဖန်ပြုံးလိုက်ပြီး လက်နှစ်ဖက်စလုံးကို နံရံပေါ် ထောက်ကာ ရှားဝမ်ချွေ့ထွက်မပြေးနိုင်အောင် လုပ်လိုက်ပါသည်။

"အင်း..." ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်သည်။

သူမ ဘာမှမတောင်းဆိုချင်ပါ။ လင်းဖန် သူမအတွက် စဉ်းစားပေးဖို့သာလိုပါသည်။

ထို့နောက်... လင်းဖန်၏ လက်များ စတင်လှုပ်ရှားလာသည်။

တစ်ခုခုဆိုးရွားတော့ လုပ်မည်အကြံတွင် တံခါးခေါက်သံထွက်ပေါ်လာခဲ့လေသည်။

ရှားဝမ်ချွေ့ ထွက်ပြေးသွားချင်သော်လည်း လင်းဖန်၏ သူမလက်ကို အတင်းအကြပ် ကိုင်ထားသည်။ ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ရုန်းကန်နေတာကို ရပ်တန့်လိုက်ပါသည်။

"ဘော့စ်လင်း၊ အွန်လိုင်းပေါ်မှာ ဘော့စ်လင်းရိုက်ကူးခဲ့တဲ့ ရုပ်သံဒရမ်မာတွေက ကံကောင်းပြီး နာမည်ကြီးလာတာလို့ ကောလဟာလတွေထွက်နေပါတယ်။ ဘော့စ်လင်းက ရုပ်သံဒရမ်မာ ထပ်ရိုက်ဖို့ ယုံကြည်ချက် မရှိတော့လို့ ရုပ်ရှင် ဇာတ်ညွှန်း ၃ ခုပဲ ရေးတာလို့တောင် ပြောကြတယ်။ တချို့ဆို... ရှားဝမ်ချွေ့က အခု ရုပ်ဆိုးသွားပြီမို့လို့ ခေါင်းဆောင် မင်းသမီးလုပ်လို့မရတော့ဘူးလို့ ပြောနေပါတယ်။ ဘော့စ်လင်းနဲ့ စုမူချင်းတို့ မရိုးသားတဲ့ ဆက်ဆံရေးဖြစ်လာရတာက ရှားဝမ်ချွေ့ ရုပ်ဆိုးလို့လို့ ပြောနေကြပါတယ်" လင်းချမ့်ဝေ ပြောလိုက်ပါသည်။

"???"

လင်းဖန်မျက်လုံးများ အေးစက်သွားသည်။

သူ့ရဲ့ ပရော်ဖက်ရှင်နယ်ကျမှုကို မေးခွန်းထုတ်နေရုံတင်မကဘဲ ပိုဆိုးတာက ရှားဝမ်ချွေ့ကိုပါ စော်ကားနေခြင်း ဖြစ်သည်။

အင်တာနက်ပေါ်မှာ ထိုကဲ့သို့ ကောမန့်တွေ ပေါ်လာပြီးနောက် တချို့ မီဒီယာတွေက အင်တာဗျူးဖို့အတွက် ကျားရှင်းဖျော်ဖြေရေးကုမ္ပဏီ အပေါက်ဝထိပါ ရောက်လာကြသည်။

လင်းဖန်ပြုံးလိုက်သည်။ "ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးတို့ကလွဲပြီး တခြား Role တွေကို ဆုံးဖြတ်တော့မယ်လို့ ဒါရိုက်တာလုတို့ကို ပြောလိုက်။ မနက်ဖြန် Role ရလဒ်တွေကို မြင်ချင်တယ်။ ဒီတစ်ခါ ရုပ်သံဒရမ်မာ ၂ ခုကို တစ်ပြိုင်တည်း ရိုက်ကူးမယ်"

အင်တာနက်ပေါ်မှာ ဒီလို သံသယတွေပေါ်လာသောအခါ လင်းဖန်လုပ်ဖို့လိုတာဆိုလို့ အင်တာနက်ပေါ်မှာ ရုပ်သံဒရမ်မာတစ်ခု ရေပန်းစားခြင်းဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လူတိုင်းသိဖို့ အလုပ်ဖြင့် သက်သေပြရမည်သာ ဖြစ်သည်။

ရှားဝမ်ချွေ့ကိုများ ရုပ်ဆိုးတယ်လို့ပြောရဲတယ်ပေါ့။

လင်းဖန် သူ့ဘေးက ကောင်မလေးကို ကြည့်လိုက်သည်။ လင်းဖန်၏ ရင်ထဲမှာတော့ ရှားဝမ်ချွေ့ထက် ပိုကြည့်ကောင်းသည့် ကောင်မလေးဆိုတာ မရှိနိုင်ပေ။

စုရှောင်းယွီသာ ရှားဝမ်ချွေ့နဲ့ အဆင့်တူနိုင်သည်။

ရှားဝမ်ချွေ့ကို ကျော်နိုင်သည့် လူမျိုး လင်းဖန် တစ်ခါမှ မတွေ့ဖူးပါ။

လင်းဖန်နဲ့ စုမူချင်းတို့၏ မရှင်းလင်းသော ဆက်ဆံရေးနှင့်ပတ်သက်သည့် ဝေဖန်ချက်တွေကလည်း အဓိပ္ပာယ် မရှိပါ။ စုမူချင်းက အလုပ်လုပ်တာ တော်သော်လည်း လင်းဖန်က ဘာစိတ်မှ မရှိပေ။

အလုပ်အတွက် အစီအစဉ်ချပြီးနောက် ရှားဝမ်ချွေ့၏ လက်ကို လင်းဖန် ကိုင်လိုက်ပါသည်။ "သွားကြစို့။ ဒီနေ့ နှစ်ယောက်တည်း အတူတူ အချိန်ဖြုန်းရအောင်။ ရိုက်ကူးရေးမစခင် နောက်ဆုံးနေ့ပဲ"

အွန်လိုင်းပေါ်က မုန်းတီးရေးသမားများကိုလည်း လင်းဖန် တုန့်ပြန်ချင်ပါသေးသည်။

ရှားဝမ်ချွေ့ မျက်တောင်ခတ်လိုက်၏။ "နှစ်ယောက်တည်းလား"

လင်းဖန်ခေါင်းငြိမ့်လိုက်ပါသည်။ "အင်း သွားကြစို့။"

လင်းဖန်ဘာကိုဆိုလိုသလဲ ရှားဝမ်ချွေ့ ချက်ချင်း နားလည်သွားပါသည်။ သူမ နူးညံ့စွာ ပြောလိုက်၏။ "လင်းဖန် အင်တာနက်ပေါ်က ဝေဖန်စကားတွေကို ငါဂရုမစိုက်ပါဘူး"

ရှားဝမ်ချွေ့က ကြယ်ပွင့်တစ်ပွင့်ဖြစ်ပြီး သူမကို သဘောကျသည့်လူများစွာရှိသကဲ့သို့ ဝေဖန်သည့်လူများစွာလည်း ရှိပါသည်။ သို့သော်လည်း သူမ အသားကျနေပြီးသားဖြစ်သည်။ မီဒီယာရှေ့မှာ သူမကို လင်းဖန် စိတ်မပျက်သွားစေချင်ပါ။

လင်းဖန်က ရှားဝမ်ချွေ့၏ နှုတ်ခမ်းကို လက်ညှိုးဖြင့် ကာပြီး ပြုံးလိုက်သည်။ "ငါတော့ ဂရုစိုက်တယ်"

ရှားဝမ်ချွေ့၏ လက်ကိုကိုင်ပြီး ကျားရှင်းဖျော်ဖြေရေးထဲမှ သူထွက်လာခဲ့ပါသည်။

ထိုအချိန်တွင် ကျားရှင်းဖျော်ဖြေရေးပြင်ပမှာ မီဒီယာတွေအများကြီးလည်း ရှိနေသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ မီဒီယာတွေအားလုံး မှင်သက်သွားကြလေသည်။

အင်တာနက်ပေါ်က အမုန်းပွားသည့် ဝေဖန်ချက်များက လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးအထိပါ ရောက်လာကြသည်။

ယခု လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးကတော့ အလွန်သာယာနေဆဲဖြစ်သည်။

လင်းဖန်က ချစ်မြတ်နိုးစွာဖြင့် ရှားဝမ်ချွေ့၏ ဦးထုပ်ကိုကူဆောင်းပေးလိုက်ပါသည်။ သူမ၏ လက်ကိုတွဲကာ ဝင်ပေါက်မှ ထွက်လာခဲ့ပါသည်။

သတင်းသမားတစ်ယောက်က လင်းဖန်ရှေ့ကို လျှောက်လာပြီး ပြောလိုက်သည်။ "ဘော့စ်လင်း အွန်လိုင်းပေါ်မှာ ခင်ဗျားနဲ့ ရှားဝမ်ချွေ့တို့ လမ်းခွဲသွားပြီဆိုတဲ့ သတင်းတွေ ထွက်နေတယ်နော်။ ရှားဝမ်ချွေ့က ရုပ်ဆိုးလို့ဆိုပြီး တချို့က ပြောကြတယ်။ ဘော့စ်လင်း ဘယ်လိုသဘောရလဲ"

လင်းဖန်က ရှားဝမ်ချွေ့၏ နှုတ်ခမ်းနီနီလေးကို နမ်းရှိုက်လိုက်ပြီး ပြောလိုက်ပါသည်။ "ရှားဝမ်ချွေ့က ကျွန်တော့် ဇနီးလောင်းပါ။ သူနဲ့ ကျွန်တော့်ရဲ့ဆက်ဆံရေးက အမြဲတမ်း အဆင်ပြေခဲ့တယ်။ ပြီးတော့ ဒါက ကျွန်တော်နဲ့ ရှားဝမ်ချွေ့တို့ ၂ ယောက်အကြားက ကိုယ်ရေးကိုယ်တာ ပတ်သက်မှုပါ။ ကျွန်တော့် ဇနီးလောင်း လှတယ် မလှဘူးဆိုတာကို အင်တာနက်က ဆုံးဖြတ်ပေးစရာ မလိုဘူး။ ကမ္ဘာပေါ်မှာ သူက အလှဆုံးမိန်းကလေးပဲ"

"ပြီးတော့ ကျားရှင်းဖျော်ဖြေရေးက ရုပ်သံဒရမ်မာသစ်တစ်ခုကိုလည်း ထုတ်လုပ်ဦးမယ်။ ကျွန်တော်က ခေါင်းဆောင်မင်းသား၊ သူက ခေါင်းဆောင်မင်းသမီးပေါ့။ ရှားဝမ်ချွေ့နဲ့ ကျွန်တော်တို့နှစ်ယောက် 'သိမ်းငှက်သူရဲကောင်း'ဆိုတဲ့ ရုပ်သံဒရမ်မာသစ်မှာ သရုပ်ဆောင်မှာပါ။ အချိန်တန်ရင် ပရိတ်သတ်တွေ လာအားပေးလို့ ရပါတယ်"

လင်းဖန် မီဒီယာတွေကို ကြည့်ပင်မကြည့်တော့ပါ။ ရှားဝမ်ချွေ့အတွက် Ettore Bugatti တံခါးကို ဖွင့်ပေးလိုက်သည်။

ထို့နောက် Ettor Bugatti ကားကြီး ရှန်ဟိုင်းမြို့၏ လမ်းမပေါ်တွင် မောင်းထွက်သွားတော့သည်။ မီဒီယာတွေကတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကျန်ခဲ့ကြ၏။

လင်းဖန်၏ တုန့်ပြန်မှုက... အားကောင်းလွန်းသည်။

ပြိုင်ကားထဲတွင် ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။

သူ့ရင်ထဲမှာ ရှားဝမ်ချွေ့က သူ့ဇနီးလောင်းပင် ဖြစ်နေပါပြီ။

All Chapters